ယနေ့လူငယ်နှင့်ဝါဒမှိုင်း

Share

ယနေ့လူငယ်နှင့်ဝါဒမှိုင်း

သစ္စာဝါဒီများ –
တရားဆိုတာ မသေမချင်း လုပ်ရမယ်လို့ ပြောခဲ့ပါတယ် – ဒါဟာ ဆရာမြတ်ကြီးက မိန့်မှာတော် မူခဲ့တဲ့ ဆရာမြတ်ကြီးရဲ့ စကားပါပဲ။
ဆရာမြတ်ကြီးရဲ့ စကားကိုတော့ ကျွန်တော်က ဦးထိပ်မှာ ပန်ဆင်တယ်။ ကျွန်တော့်ဘ၀ဟာ ကြောင့် မြတ်စွာဘုရားအလိုတော်ကျ အဆိုအဆုံးအမတွေ ရတယ်။ ကျွန်တော် ဒီလိုပဲ ယုံကြည်တယ်။ ကျွန်တော် နှလုံးလည်း သွင်းတတ်တယ်။ နုပသနာ လေးမျိုးစလုံး ကျွန်တော် ရှုတတ်တယ် – ရှုတတ်တာတော့ ရှုတတ်တာပဲ။
ဒီခေတ်လူငယ်တွေက ဒီလို ပြောတာလေးတွေကို သူတို့ နားလည်မပေးနိုင်ကြဘူး .. .. သူတို့မှာ Preconceived အိုင်ဒီယာတွေ ရှိနေကြလို့ပေါ့လေ .. .. နားလည်နိုင်လောက်တဲ့ အရည်အချင်းက မရှိတော့ဘူး၊ တဘက်စောင်း နေတယ် – ဒါ ၀ါဒရဲ့ လွှမ်းမိုးမှုတွေပါပဲ။ ၀ါဒက တော်တော်ဆိုးတယ် သစ္စာဝါဒီများ။ ၀ါဒက ဗုဒ္ဓဘာသာကို အတွင်းလိုက်ပြီး ချေဖျက်တာ – တော်တော်ဆိုးတဲ့ ၀ါဒပါပဲ – သူတို့ ချေဖျက်နေတာ၊ လိုက်ချေဖျက်နေတာ .. .. တော်တော်လည်း ထိရောက်တယ် သူတို့မှာ လူတော်လေးတွေ ရှိတာကိုး။ ဒီလူတော်လေးတွေက အဖျက်သမားတွေပဲ လိုက်ဖျက်တာ။ ဗုဒ္ဓဘာသာဆို ဖျက်မှာပဲ – “ဗုဒ္ဓဘာသာမှာ တရားလုပ်ရင် ငုံခံရမယ်”လို့ပဲ ထင်တာ တစ်ခြားစီပဲ – သူတို့က တော်တော်လွဲတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဗုဒ္ဓဘာသာမှာ သစ္စာလိုက်ရင်လေ မှန်တာကိုသိပ်ကြိုက်တာ သိပ်ရဲရင့်တာ – မှန်တာကြိုက်လွန်းလို့ သူ့ရင်ထဲက သူ့ကိုဒုက္ခပေးမယ့် မမှန်တာတွေကို ရှုတာသတ်တာ မဟုတ်လား .. ..
ဒီတော့ တရားသမားလောက် သတ္တိရှိတာ တရားသမားပဲ ရှိတယ်၊ တရားသမားလောက် ရဲရင့်တာ တရားသမားပဲ ရှိတယ်။ တရားသမားဟာ အမှန်ကိုဖော်ဆောင်ပြီးတော့ သူ့ကိုယ်သူပါ ငြင်းဖျက်ရဲဖူးတဲ့ ကျင့်ဖူးတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါကို ကွန်မြူနစ်မှိုင်းဝင်တဲ့ ကလေးတွေကတော့ မသိပါဘူး၊ သူတို့ကို သိလိမ့်မယ်လည်း မမျှော်လင့်ပါဘူး။ သူတို့ဟာ ဘ၀တုံးပါပြီ။ သူတို့ဟာ ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဒီ ဘေးထိုင်၊ ဘောက်ပြော၊ ဘုတီးပြီးတော့ ဘေးထိုင်ရင်းနဲ့ပဲ သေဆုံးရမှာပါ။ သူတို့ရဲ့ လူဖြစ်ရကျိုးက မနပ်ရှာပါဘူး။ ဒါဟာ ဒေ၀ဒတ်က အဇာတသတ်ကို လွှမ်းမိုးသလိုပါပဲ – ကွန်မြူနစ်ဝါဒက လူငယ်အချို့ကို လွှမ်းမိုးထားတော့ ဒီဝါဒရဲ့ မှိုင်းနဲ့အတူတူ ရှင်သန်ကြတာ – သူတို့ထိုက်နဲ့ သူတို့ကံပါ နေပါစေပေါ့။
သစ္စာဝါဒီများ – လောကဓံဆိုတာတော့ ရှိမှာပဲ ဒီလို ရှေ့လျှောက်ဖြတ်သန်းရတာ။ တရားကျင့်ဖို့ အရေးကြီးတာပါ။ မိမိကိုယ်တိုင်ကတော့ တရားကျင့်လို့ တရားနဲ့ချမ်းသာတယ်၊ လုပ်စရာရှိတာ လုပ်တာပဲ .. .. မိမိပြောတာ ဟောတာနဲ့ ပတ်သက်လို့ကတော့ မိမိကတော့ ကွန်မြူနစ်ဝါဒ လွှမ်းမိုးမခံရတော့ ကိုယ့်ကိုစော်ကားရင် ပြန်တုံ့ပြန်တတ်တယ်။ ဒါ မိမိရဲ့ သဘာဝပဲ၊ သစ္စာဝါဒီရဲ့ သဘာဝပဲ၊ အမှန်တရား မြတ်နိုးနှစ်ခြိုက်သူရဲ့ သဘာဝပဲ။ ကိုယ့်ကို မတရား လာစော်ကားလာရင် ပြန်တုံ့ပြန်မှာပဲ။
ကျွန်တော် သိပါတယ် ကျွန်တော့်ကို နှစ်ပေါက် မတရားပြောနေတာ။ ကျွန်တော် တော်တော်လေးတော့ သည်းခံပါတယ်။ အခုလည်း သည်းမခံနိုင်လို့တော့ မဟုတ်ပါဘူး – ဒါပေမယ့် ကျွန်တော် ပြောထိုက်တဲ့ အချိန်ကျပြီဆိုလို့ ကျွန်တော် ပြောတာပါ – ကျွန်တော် ရဲရဲရင့်ရင့် ပြောတယ်။
ဒါနဲ့ – ဒီခေတ်က လူငယ်တွေက ပွင့်လင်းရဲရင့်တယ်ဆိုပြီး – ပွင့်လင်းရဲရင့်တာကျတော့လည်း တန်ဖိုး မထားတတ်ပါလား .. .. သူတို့က ပြစ်မှားစော်ကားချင်တဲ့ သဘောပဲ များနေတယ်။ သူတို့ ဘာမှမသိပါဘူး – မဲမဲမြင်ရင် ချဖို့ပါပဲ၊ ပေါ်ပြူလာဖြစ်မယ် ထင်တဲ့ပုဂ္ဂိုလ်ကို ချဖို့ပဲ၊ ပရိသတ်ရှိမယ် ထင်တဲ့ပုဂ္ဂိုလ်ကို ချဖို့ပဲ – သူတို့က ဘေးထိုင်သမားတွေပါ၊ ဘေးထိုင်ပြီးတော့ ဘောက်တီပြီးတော့၊ ဘုမှုတ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသိုင်းအ၀ိုင်းပဲ။ ဘ၀ဟာ အချည်းအနှီးဖြစ်၊ အချိန်ကုန်ပြီးတော့ အနှစ်သရ ကင်းးမဲ့စွာနဲ့ သေဆုံးရမယ့် ဘ၀တွေပါ။ ဒါပါပဲ အလားအလာ မရှိပါဘူး၊ ကွန်မြူနစ် မှိုင်းမိတာ။
ဒါကြောင့် ၀ါဒတစ်ခုဟာ သိပ်ကြောက်စရာ ကောင်းတယ်။ ဒီဝါဒ လွှမ်းမိုးသွားရင် မလွယ်တော့ဘူး – ဒါကြောင့် သစ္စာဝါဒီများ ကွန်မြုနစ်ကို သတိထားပါ။ သူတို့က ‘ကြောင်ချီးတွေ’ ပျော့စွဲ ပျော့စွဲနဲ့ ဗုဒ္ဓဘာသာလိုလို ဘာလိုလို – ဗုဒ္ဓဘာသာတွေက ဘယ်လိုဖြစ်ရမယ်လိုလို ဘာလိုလိုနဲ့ အတွင်းဝင်ပြီးတော့ စားတာ ဒီကောင်တွေက ဒိဋ္ဌိတွေပါ – ဒါပေမယ့်လည်း ဒိဋ္ဌိတွေက ဘယ်တော့မှ နေရာရမှာလည်း မဟုတ်ဘူး၊ သူတို့က ဒိဋ္ဌိတွေရဲ့ ထုံးစံအတိုင်းပဲ ကျဆုံး ပျက်စီးမှာပါပဲ။ သူတို့မှာ ဘာမှအားကိုးစရာ ထောက်ထားစရာရယ်လို့ တကယ့်အမှန်သစ္စာ မရှိဘဲကိုး။ သူတို့က လောကကြီးကို အီးပေါက်ဖို့ပဲ၊ အဆိုးမြင်ဝါဒနဲ့ အီးထုပ်နဲ့ ပေါက်ဖို့လောက်ပဲ အသက်ရှင်ကြတာဆိုတော့ ခက်သားပဲ။ နှမြောစရာ ကောင်းပါတယ်၊ အခြားတစ်ဖက်မှာ အတတ်ပညာရှင်၊ အနုပညာရှင်တွေလည်း ရှိပါတယ်၊ အားကစား ကျွမ်းကျင်သူတွေ၊ ကွန်ပြူတာ ကျွမ်းကျင်သူတွေ အများကြီး ရှိပါတယ် – ဒီကလေးတွေကတော့ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာအတွက် အလားအလာ သိပ်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ သူတို့တော့ အားထားရမယ်။ ကွန်မြုနစ် မှိုင်းဝင်တဲ့ ပုဂ္ဂိုလ်တွေကတော့ အလကားပဲ .. .. တိုင်းပျက် ပြည်ပျက် ဘာသာပျက် သာသနာပျက် တလောကလုံးကို ဖျက်ဆီးမယ့် အရိပ်အယောင်တွေပါပဲ။ လောကကြီးကို ဖျက်ဆီးဖို့ ကြိုးစားရင်း သူတို့ဘ၀လည်း ပျက်စီးသွား မှာပါပဲ။ ဒါ လမ်းစဉ်ပါပဲ – ရှိပါစေတော့။
မိမိအနေနဲ့ အမှန်သစ္စာကို လိုက်စားရင်း ကြိုးစားပြီးတော့ ရှင်သန်ခဲ့ရတာ – တတ်တယ်။ ကျွန်တော် နိဗ္ဗာန်အကြောင်းလည်း ကျွန်တော် ဦးဆောင်ပြောနေတာ၊ ပြောလွန်းအားကြီးလို့ ဦးဆောင်လွန်း အားကြီးလို့ မကြားဘူးလို့ ထိတ်လန့်ကုန်ကြတာ .. .. ကျွန်တော် တွေ့တဲ့ပုဂ္ဂိုလ်ကိုလည်း ပြောပါတယ်။ နိဗ္ဗာန်အကြောင်းက ပြောရမယ်၊ ကိုယ့်ရည်မှန်းချက်ပန်းတိုင် ဖြစ်တယ်၊ ကိုသိမှ –
ခင်ဗျားတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ကဘာလဲ?
နိဗ္ဗာန်
နိဗ္ဗာန်ကဘာလဲ?
မသိဘူး – ဆိုတော့ ဒါကတော့ မဟုတ်သေးပါဘူး။
ဒီတော့ ကျွန်တော်ပြောပါတယ်။ ကျွန်တော်ကျင့်တဲ့ တရားလည်း ကျွန်တော်ပြောတတ်တယ်။
စိတ္တနုပသနာလည်း ဂဃနဏ ပြောတတ်တယ်၊ “ကိုယ့်စိတ်ကို ဒုက္ခတရားလို့ အပျက်ရှုရတယ်” ဆိုတာကို ကောင်းကောင်း ပြောတတ်တယ်။
ဓမ္မာနုပဿနာလည်း ကျွန်တော် ကောင်းကောင်းပြောတတ်တယ် – “နုနုညံ့ညံ့ သိမ်သိမ်မွေ့မွေ့” နဲ့ ဆင်ခြင်ပုံတွေကို ကျွန်တော်ပြောတတ်တယ်။
ဝေဒနာနုပဿနာဆိုလည်း ကျွန်တော်တို့က အခြေခံအားဖြင့် ထိုင်ခဲ့တာ – “ခန္ဓာကိုယ် တစ်ခုလုံးကို ခေါင်းဆုံးခြေဖျား၊ ခြေဖျားခေါင်းဆုံး” ကျွန်တော်တို့က ရှုသတ်လာတာ။ (နောင် အလျဉ်းသင့်ရင်) သစ္စာဝါဒီများကို ပြောတော့ ပြောပြချင်ပါတယ်၊ လိုက်တော့ မထိုင်ပါနဲ့။ ဝေဒနာနုပဿက ပြီးသွားပြီလေ – စိတ္တနုပဿနာပဲ အားထုတ်တော့နော်။ ဒါ တရားအမြန် ရစေချင်လို့ ပြောတာပါ။ အကြောင်းက ပြောတတ်တယ် – ကိုယ်တိုင်ကို ရှုဖူးတယ်။ ကိုယ့်ကိုယ်ကိုလည်း မြင်ခဲ့ဖူးပါတယ်။ “ခန္ဓာကိုယ် ဟောက်ပက်ကို ဇောက်နက်အောင်” ရှုရမယ်ဆိုတာ – ဒါ ဝေဒနာနုပဿနာလိုင်းပေါ့။ ရှိပါစေတော့
မိမိကတော့ မြတ်စွာဘုရားဟောတဲ့ သတိပဌာန်လေးမျိုးစလုံးကို ပိုင်းဖြတ် ရှုသတ်ပြီးပါပြီ။ ဒါပေမယ့် လုပ်သင့် လုပ်ထိုက်တာကို တုန့်ပြန်သင့် တုန့်ပြန်ထိုက်တာကိုတော့ – ပရမတ္ထသဘောနဲ့ စစ်စစ်မှန်မှန်နဲ့ ရဲရဲရင့်ရင့် တုန့်ပြန်တယ်။ မိမိက တရားသဖြင့် ရင်ဆိုင်ရမယ်ဆိုရင် စင်မြင့်ပေါ်မှာ ရင်ဆိုင်ရဲတယ်။ ကိုယ်ကျင့်ထားတာ၊ ကိုယ်သိတာ၊ ကိုယ်တတ်ထားတာ၊ ကိုယ်နားလည်တာ၊ ကိုယ်သဘောပေါက်တာ၊ ကိုယ်မြင်တာကို ပြောရဲတယ် .. .. နိဗ္ဗာန်အကြောင်းလည်း ပြောလွန်းလို့ပဲ အခုဟာက အပြစ်တင်နေကြတာ၊ မပြောတတ်တာ မဟုတ်ဘူး။ အရိယာ အကြောင်းလည်း ပြောတတ်တယ်။ “အရိယာက ပုထုဇဉ်ထက် အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပိုတယ်”ဆိုတာ ကျွန်တော် စပြောတယ်လို့ ကျွန်တော် နားလည်တယ်။
ဒီလိုပါပဲ နိဗ္ဗာန်ကို စံမြန်းတဲ့အခါ –
ဘလက်ဟိုလ်းထဲကျသလို မဟုတ်ဘူး
အိပ်ဆေးစားပြီး အိပ်တာမျိုးလည်း မဟုတ်ဘူး
မေ့ဆေးပေးသလိုမျိုးလည်း မဟုတ်ဘူး
ဆိုတာ ကျွန်တော်ပဲ ပြောတတ်တယ်။
နိဗ္ဗာန်မှာ ဂုဏ်ရည်တွေရှိတာကိုး – ကျွန်တော် မကြာခဏ ရွတ်တယ်လေ – နုညံ့သိမ်မွေ့၊ အသိခက်၊ နက်ရှိုင်း၊ ချမ်းသာခြင်းမျိုးစုံ စုပုံတယ်ဆိုတာ။ နိဗ္ဗာန်ကို ဖလသမာပါဒ် ၀င်စားတဲ့အခါ ဖိုလ်ဉာဏ်ကသိလို့ပေါ့ .. .. ကျွန်တော် ကောင်းကောင်းမွန်မွန် ပြောတတ်တယ်။ သစ္စာဝါဒီများကို အလျဉ်းသင့်တဲ့အခါ နိဗ္ဗာန်စံဝင်တဲ့အခါ ဘယ်လိုတွေဖြစ်ပြီး၊ ဘယ်လိုလေးတွေဆိုတာ အသေးစိပ်လည်း ပြောပြပေးမယ်။ ဒီအဖျက်တရားတွေနဲ့ အနှောက်အယှက်တွေက ၀င်ဝင်နေလို့ မိမိလည်း ၀င်စားထိုက်တဲ့ ကောင်းမြတ်တာကို ၀င်းစားရင်းနဲ့က ပြန်ပြန်ဖဲ့ဆင်းပြီးတော့ တိုက်ခိုက်နေရတာ၊ ကိုယ်ကတော့ တိုက်မှာပဲ ဒါ မိမိရဲ့ ယုံကြည်ချက်ပဲ။
ကျွန်တော်က မတရားသဖြင့် ကိုယ့်ကိုတိုက်လာလို့ရှိရင် သည်းခံနိုင်သလောက်ပဲ သည်းခံတယ်။ ကျွန်တော်က ကွန်မြူနစ်ဝါဒ လွှမ်းမိုးမှု မရှိဘူး။ ကျွန်တော် တရားလုပ်လို့ပဲ တရားသဖြင့်ပဲ ကြိုက်တယ်၊ တိုက်တယ်။ ဒီခေတ်မှာ ရဲရင့်ပွင့်လင်းပြီး အမှန်တရားကို ဖော်ဆောင်ကြေးဆိုတဲ့ ဒီကိစ္စမှာ လူငယ်တစ်ချို့က ဘာဖြစ်လို့ သွေဖီကြတာလည်းဆိုတာ မသိဘူးနော် – ဒါကတော့ သူတို့က ဒီခေတ် လူငယ်တွေရဲ့ဂုဏ် မပြည့်စုံလို့ တဖက်စောင်းနင်း ဖြစ်တာ။ စောစောကပြောတဲ့ ကွန်မြူနစ်ဝါဒရဲ့ လွှမ်းမိုးခြင်းကို ခံရတဲ့ ကွန်မြူနစ် မှိုင်းမိနေတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ လောကကြီးကို ဖျက်မယ့်ပုဂ္ဂိုလ်တွေပါပဲ။ သူတို့တော့ ရှိပါစေတော့ – ကျွန်တော် သူတို့ကို မျှော်လည်း မမျှော်လင့်ဘူး၊ အားလည်း မကိုးဘူး၊ ထည့်လည်း မတွက်ဘူး။ ကျွန်တော်ကတော့ တကယ်ကြိုးစားလိုတဲ့ မြတ်စွာဘုရား အလိုတော်ကျ ကျင့်ချင်တဲ့ သစ္စာဝါဒီ အသိုင်းအ၀ိုင်းကိုပဲ မျှော်လင့်အားကိုး ယုံကြည်ပြီးတဲ့နောက် မြှောက်စားပြီး ကျွန်တော်တတ်နိုင်တဲ့ အသိပညာ ဗဟုသုတတွေ ပေးမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။
ကျေးဇူးတင်ပါတယ်
ဒေါက်တာချစ်ငယ်(ဒဿန)
မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *