သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. ..၂

Share

သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. ..

အပိုင်း(၂)

ဒီတော့ သိပ္ပံဟာ တော်တော်လေးတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် သိပ္ပံမှာ (Indirect Verifiability) ဆိုတာ ရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ အခု အီလက်ထရွန် ကို ကျွန်တော်တို့ တိုက်ရိုက် မမြင်ရဘူးလေ။ မမြင်ရပေမယ့် အီလက်ထရွန် ရှိကြောင်းကို သွယ်ဝိုက် ပြီးတော့ သိရတယ်။ ဒါ သိပ္ပံမှာပေါ့နော် .. .. သိပ္ပံမှာလက်တွေ့ ဆိုပေမယ့် လက်နဲ့မတွေ့တာတွေ အများကြီးပဲ။ လက်နဲ့တော့ တွေ့လို့မရဘူး၊ သို့သော်လည်း တဆင့်ခံ တဆင့်ခံမှာ သူ့ရဲ့ရှိကြောင်းကို တွေ့ရတဲ့အတွက် သူ့ကို လက်ခံရတာတွေ အများကြီးပဲ။ အီလက်ထရွန် ကိုတောင် အဲဒီလို ဆိုတော့ အီလက်ထရွန် ထဲက ကွာ(ဒ်) သုံးခု ဆိုရင်တော့ ပြောစရာ မလိုတော့ဘူးပေါ့။

အဲဒီလိုပဲ () ဆိုရင်လည်း ကြည့်ပါလား အာကာသမှာ () ကတော့ ဘယ်မြင်ရမှာလဲ သူကိုက (BLACK HOLE) ပါဆိုမှ မဲမှောင်နေတဲ့ အတုံးကြီးကို ဘယ်လိုလုပ် မြင်မလဲ။ သူ့ဆီက အလင်းမှ မထွက်တာကိုး .. .. အလင်းကို သူကပဲ ပြန်စုပ်လိုက်တော့ သူဟာ မဲမှောင်နေတဲ့ အတုံးကြီးပဲ မမြင်ရဘူး။ ဒါပေမယ့် သူရဲ့ () ဆိုတာ ရှိတာပေါ့နော်၊ သူ့ရဲ့ အ၀န်းအ၀ိုင်းပေါ့၊ အဲဒီ အ၀န်းအ၀ိုင်း ထဲမှာ သက်ရောက်တဲ့ အရာရာကို သူက ဆွဲစုပ်ပစ် လိုက်တာကိုး .. .. ဆွဲစုပ်ရင်း ဆွဲစုပ်ရင်းနဲ့ သူရဲ့ပတ်ဝန်းကျင်ကို သူ့ရဲ့ဆွဲအားက သိပ်ပြင်းထန်တဲ့ အခါကျတော့ တဆင့်ခံ (BLACK HOLE) ကို ကျွန်တော်တို့ သိလာရတယ်ပေါ့။ သူရှိတဲ့နေရာမှာ တခြားသော စကြ၀ဠာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေဟာ (BLACK HOLE) တွေကြောင့် နှုန်းတွေဟာ ရွေ့သွားတာပေါ့နော် .. .. ပုံမှန်မဟုတ်တဲ့ အခါကျတော့ (BLACK HOLE) ရှိတန် ကောင်းရဲ့ဆိုပြီး အဲဒီလို အနုမာန မျက်မှန်းဆတဲ့ အဆင့်တွေ ရှိရတာပေါ့။

အဲဒီလိုပဲ သိပ္ပံမှာလည်း လက်တွေ့ဆိုပေမယ့် တဆင့်ခံ သွယ်ဝိုက်ပြီးတဲ့နောက် သက်သေ ယူရတာလည်း ရှိပါတယ်။ ဒါဟာ သိပ္ပံရဲ့ သဘာဝပါ။ ကျွန်တော်ကတော့ နည်းနည်း ပါးပါး လေ့လာခဲ့တော့ နည်းနည်းပါးပါး သိတာပေါ့နော် .. ..

ကျွန်တော် ရှင်းရှင်းပြောပါတယ်၊ (BLACK HOLE) က အဲဒီလို ဆွဲယူလိုက်ခြင်းဟာ နိဗ္ဗာန်ကို ရောက်ခြင်းနဲ့ မတူဘူးဆိုတာ ကျွန်တော် တော်တော် ဖြေရှင်းပေးခဲ့ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ (BLACK HOLE) ထဲကိုရောက်တဲ့အခါကျတော့ (END OF THE TIME) လို့လေ အချိန်ကနေ လွတ်ထွက်ပြီးတော့ နိဂုံးရောက်သွားတယ်လို့ ပြောတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ လည်း ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အခါကျတော့ အချိန်ကနေ လွတ်သွားတာကိုး .. ..

အချိန်က လွတ်သွားတာ ဆိုတော့ အချိန်ကလွတ်တာချင်း တူနေတဲ့အတွက် (BLACK HOLE) ထဲကို ရောက်သွားသလိုလား ဆိုတော့ .. .. မဟုတ်ဘူး (BLACK HOLE) ထဲရောက်တာက အကုန်လုံး စုတ်ပြတ်သတ်ပြီးတော့ တစ်စမကျန် အကုန်လုံးကို ဆွဲစုပ်ပစ်လိုက်တာ။

နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အခါကျတော့ အချိန်ကလွတ်ပေမယ်လို့ ရုပ်နာမ် (၃၁)ဘုံကလွတ်တာ နိဗ္ဗာန်ရဲ့ နူးညံ့သိမ်မွေ့တဲ့၊ ချမ်းသာတဲ့၊ လွတ်မြောက်တဲ့ အရသာကို ဖိုလ်ဉာဏ်က ဖလသမာပတ် ထိုးထွင်းပြီးတော့ သိတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။

ဒါကြောင့် နိဗ္ဗာန်ကို ထိုးထွင်းသိခြင်းဟာ (BLACK HOLE) ထဲကျတာနဲ့ မတူသလို၊ အိပ်ပျော်တာနဲ့ လည်း မတူသလို၊ မေ့ဆေးပေးတာနဲ့လည်း မတူဘူး။ နိဗ္ဗာန်မှာရှိတဲ့ ဂုဏ်ရည်တွေကို ဖိုလ်ဉာဏ်က ထိုးထွင်းပြီးတော့ သိမြင်နိုင်သေးကြောင်း ကျွန်တော် ပြောခဲ့ဘူးပါတယ်။

ဒါဟာတော့ သိပ္ပံက အချိန်ရဲ့နိဂုံးကို သူတို့က တင်ပြတဲ့အခါကျတော့ စကားလုံးချင်းက တူနေလို့ ကျွန်တော်က စကားလုံး တူပေမယ်လို့ ကျန်တဲ့ အရည်အချင်းတွေ မတူကြောင်းကို ဖြေရှင်း ခဲ့ဖူးပါတယ်။ ဒါ ကျွန်တော် အကြောင်းအကျိုး ညီညွှတ် တိုက်ဆိုင်လို့ တင်ပြခြင်းဖြစ်ပါတယ်။ နောက်ပိုင်း လည်း အခါအားလျှော်စွာ ဆက်လက် တင်ပြပေးပါ့မယ်။

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *