သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. ..

Share

သိပ္ပံကိုဘာကြောင့်စိတ်ဝင်စားရတယ် .. ..

သိပ္ပံနဲ့ပတ်သက်လို့တော့ ကျွန်တော်က အနည်းငယ် ဗဟုသုတရှိတာပေါ့နော် .. .. ကျွန်တော်က လေ့လာဖူးတာကိုး။ သိပ္ပံကတော့ ပထမဆုံး အများအားဖြင့် မျက်စိကျ ကြတာက – သိပ္ပံက စနစ်ရှိတယ် (Systematization) နောက် ကြိုတင်ပြော ဟောကိန်းထုတ်တယ်လေ၊ နေကြတ် လကြတ်တွေ (Predictability) ပေါ့နော်၊ နောက် ပုဂ္ဂလိက ဆန္ဒစွဲမှ ကင်းလွတ်အောင် ရုန်းထွက်ဖို့ ကြိုးစားတယ်၊ ဒါကို သူတို့ (Objectivity) လို့ ခေါ်တာပေါ့၊ နောက် သိပ္ပံရဲ့ ထူးခြားတဲ့ဂုဏ်ရည်က လက်တွေ့နဲ့ စစ်တယ် ဘာကိုမဆို လက်တွေ့နဲ့စစ်တယ်၊ (Testability) လို့ သုံးပြီး နောက်ပိုင်းမှာ (Verifiability) လို့ သုံးတာပေါ့နော်။ (Verifiability) ဆိုတာ လက်တွေ့နဲ့ စမ်းသပ် စစ်ဆေးတာပေါ့၊ နောက်သူက (Causality) ကိုလည်း လက်ခံတယ်လေ (Causality) ပေါ့နော် အကြောင်း အကျိုး .. ..

အဲဒီတော့ (Verifiability) မှာက နည်းနည်း (Falsifiability) ဆိုတာလည်း ရှိသေးတယ်။ ဒါကတော့ ဒီတစ်ခုရဲ့ ဆန့်ကျင်ဖက်ဟာ မှားရင် ဒီတစ်ခုဟာ မှန်လို့ ပဲလို့ ပြောတဲ့ (Indirect Verifiability) ပေါ့နော်။ ဒါမျိုးတွေနဲ့ဆိုတော့ သိပ္ပံက စနစ်အရမ်းကျတော့ လောကီမှာတော့ လျှမ်းလျှမ်းတောက်ပေါ့ အားလုံးလည်းသိပါတယ်၊ ကျွန်တော်လည်း လေးစားပါတယ် .. .. ဒီ လောကီ အသိပညာ ရှာဖွေတဲ့နေရာမှာ အရမ်း စနစ်ကျပါတယ်။ ကျွန်တော် နည်းနည်း ပါးပါးတော့ ဟောဖူး ပြောဖူးပါတယ်၊ ထားပါတော့ သူက တော့  အချိန်ပေးရမှာကိုး .. ..

ဒီသိပ္ပံက နောက်ပိုင်းမှာ (The origin of the Universe) ပေါ့နော် စကြ၀ဠာရဲ့ အစကို သူတို့ စိတ်ဝင်စားတယ်ဆိုတော့ – ကျွန်တော်က ဒီက ဗုဒ္ဓဘာသာ အနေနဲ့က သံသရာအစကို မရှာကောင်းဘူးလို့ အောက်မေ့ခဲ့တာကိုး .. .. ပထမ ကျွန်တော် မျက်စိလည်သွားတယ် (ဒါ ၀န်ခံပါတယ်) ကျွန်တော်က သံသရာအစ မရှာကောင်းတာကွာ သိပ္ပံက စကြ၀ဠာအစ ရှာနေတယ် .. ..  နောက်မှ စကြ၀ဠာအစ ရှာတာဟာ သံသရာအစ ရှာတာမှ မဟုတ်တာကိုး .. .. စကြာဝဠာက ဒီစကြ၀ဠာ အစပဲ ရှာတာကိုး။ စကြ၀ဠာ၊ စကြ၀ဠာ … စကြ၀ဠာတွေရဲ့ အစကို ရှာတာမှ မဟုတ်ပဲနဲ့ .. .. သူတို့လည်း မရှာနိုင်ပါဘူး ဒါတော့ .. .. မြတ်စွာဘုရားကတောင်မှ ရှာရင် အချိန်ကုန်မယ်လို့ မိန့်တဲ့ သဘောပါပဲ၊ သွယ်ဝှိက် ပြီးတော့ ပေါ့လေ။

ဒီတော့ သူတို့ (The origin of the Universe) ဆိုတဲ့ ဒီ စကြ၀ဠာရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ကြိုးစားလာတဲ့ အခါကျတော့ ကျွန်တော် နည်းနည်း စိတ်ဝင်စားတယ်။ အဲဒီမှာ (Big Bang) သီအိုရီပေါ့နော် မဟာပေါက်ကွဲမှု သီအိုရီတို့ ဘာတို့က စောစောပိုင်းကပေါ့လေ၊ ကျွန်တော်တို့ ခေတ်က ရေပန်းတော်တော် စားတာပေါ့ ဒါကြောင့် ကျွန်တော်လည်း လက်ခံပါတယ်။ ဒီ စကြ၀ဠာ ဥကြီးကနေ ပေါက်တာပေါ့နော် .. .. သူတို့ ပြောကြတာက ကြက်ဥနဲ့ ကြက်မ ဘယ်သူက အရင်လဲ? ကြက်မကပဲ ဥပေးတာလား ကြက်ဥကပဲ ကြက်ဖြစ်လာတာလား? ပေါ့ .. .. စသည်ဖြင့် ဒီလို ပြောနေကြတဲ့အထဲမှာ ဒီ စကြ၀ဠာနဲ့ ပတ်သက်လို့ ကတော့ ဥကနေ ပေါက်ကွဲလာတယ်လို့ ဒီလိုပဲ ယူရတာပေါ့နော် အဲဒါကို (Universe egg) .. .. အဲဒီ ဥကြီးကနေ ပေါက်ကွဲလိုက်တာ ပေါက်ကွဲတာက ဟိုး .. .. (Singularity) သူ့ရဲ့ သိပ်သည်းတဲ့ သဘောတွေက အနန္တ တန်ဖိုးဆောင်တယ်ဆိုတာ အဆုံးစွန်သော တန်ဖိုးကို ရောက်သွားပြီးတဲ့ နောက်မှာ ဘယ်လိုမှ မဖြစ်တော့မှ (Big Bang) ဆိုပြီးတဲ့နောက် မဟာပေါက်ကွဲမှုကြီး ဖြစ်သွား ပြီးတော့ – ဒီနောက်ပိုင်းမှာ နေလ နက္ခတ်တာယာ အပါအ၀င်ပေါ့ (Milky ways) တို့ ဘာတို့ နဂါးငွေ့တန်းတို့နဲ့ ဒီ စကြ၀ဠာကြီး ဖြစ်လာတဲ့ သဘောပေါ့ (Big Bang) သီအိုရီကို အခုတော့ လက်ခံကြပါတယ်။

သိပ္ပံက အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ ကျွန်တော်လည်း တော်တော်လေးတော့  စိတ်ဝင်စား လာတာ ပေါ့နော်။ နောက် ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလို စိတ်ကူးရမိတယ် .. .. ကျွန်တော် ရိုးရိုးပြောရမယ်ဆိုရင် ကျွန်တော် သိပ္ပံကို နည်းနည်း ခုတုံးလုပ်ချင်တယ်။ ဘာလို့တုန်းဆိုတော့ ဗုဒ္ဓဘာသာက အရမ်းကို နက်ရှိုင်းပြီး လောကုတ္တရာဆိုတာ အရမ်းကို ခက်ခဲနက်နဲတာ ဒါပေမယ့် လူသားတွေဟာ မလိုက်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ နည်းနေလို့ .. ..

ကျွန်တာ် အဲဒါကို သိတဲ့အခါကျတော့ သိပ္ပံရဲ့ လက်တွေ့ပိုင်းတွေကို နည်းနည်း အသုံးချချင်လာ တယ်၊ အားကိုးလာတယ်။ ဒီ (Practical experience) နဲ့ (Verifiability) တို့ ဘာတို့ကို ကျွန်တော်နည်းနည်း စိတ်ဝင်စားလာပေါ့။ စိတ်ဝင်စားလာတော့ ကျွန်တော် သိပ္ပံကိုပြောရင်းနဲ့ လက်တွေ့ ကျင့်ကြံ အားထုတ်မှုဟာ အဖိုးတန်တယ်လို့ သိပ္ပံဘက်ကို ငဲ့ပြီးတဲ့နောက် အသုံးချ စမ်းကြည့်ခဲ့ပါတယ်။

ဒီအခါမှာ ဗုဒ္ဓဘာသာတွေကို ကျင့်ဖို့ အားထုတ်ဖို့ လက်တွေ့ကျင့်ဖို့ – ဒါကို အဲဒီဘက်ကနေ စောင်းပေးပြီးတဲ့နောက် ပဋိပတ္တိနဲ့ ပဋိဝေဒဘက်ကို ကျွန်တော် တော်တော်လေး ဦးစားပေးပြီးတော့ တိုက်တိုက်တွန်းတွန်း ပြောခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည် –

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *