နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၅)

Share

နိဗ္ဗာန်ကြီးတွေ့ပြီ

နိဒါန်းပိုင်း အခန်း(၅)

20160215_153313နိဗ္ဗာန်အကြောင်း သိချင်သော စာဖတ်ပရိသတ်များ သိရမှာပါ၊ ၀မ်းပန်းတသာ သိရမယ် နိဗ္ဗာန်ကတော့ လူပြောနည်းတယ်လေ။ လူပြောနည်းတာက သဘာဝကျပါတယ်။ တစ်ဖက်ကလည်း သိပ်မသိကြဘူးပေါ့။ တစ်ဖက်ကလည်း မှားမှာစိုးတယ်ပေါ့။ တစ်ဖက်ကလည်း ပညတ်ချက်တွေ ရှိနေတော့ မရဲဘူးပေါ့။ ဒါကလည်း သဘာဝကျတယ်လို့ ပြောရမှာပါ။

ဒီအခါမှာ စာဖတ်ပရိသတ်ကြီးက သိချင်တော့ အာသာဆန္ဒရှိတာပေါ့ — စာရေးသူကလည်း ရေးတတ်၊ ပြောတတ်၊ သိတတ်တော့ အဆင်ပြေပါတယ်။ နိဗ္ဗာန်ဆိုတာ အမှန်ကတော့ ၀င်စားစရာ ဓာတ်ကြီးပါပဲ။ ဓာတ်ကို ရှင်းအောင် ပြောရရင်တော့ “အသင်္ခတဓာတ်၊ အနုတ္တရဓာတ်” လို့ ခေါ်တာပေါ့နော်။ မြတ်တဲ့ဓာတ်ကြီး၊ ပြုပြင်စီရင်ခြင်း မရှိဘူး။ (၃၁) ဘုံက ပြုပြင်စီရင်တယ်လေ။ နိဗ္ဗာန်က ပြုပြင်စီရင်တာမရှိဘူး။

ဒီတော့ ပြုပြင်စီရင်ခြင်းမရှိတဲ့ဓာတ်ကို သွားဖို့ဆိုတာကတော့၊ ရုပ်နာမ်နဲ့ သွားလို့မရဘူး။ ရုပ်နာမ်က ပြုပြင် စီရင်နေတယ်လေ။ ဒီတော့ သူကနေပြီးတော့ ရအောင်သွားရမယ်။ ရပြီဆိုရင် နိဗ္ဗာန်ရဲ့ အေးငြိမ်းပုံ၊ ချမ်းသာပုံ၊ လွတ်မြောက်ပုံ၊ ကင်းဆိတ်ပုံ၊ သိမ်မွေ့နူးညံ့ပုံ၊ နှိုင်းခိုင်းစရာဥပမာ ထပ်တူထပ်မျှ (၃၁) ဘုံမှာ မရှိပုံတွေကို ကိုယ်တိုင်ကိုယ်ကျ တဖြည်းဖြည်းနဲ့ သိရတာပေါ့။ နိဗ္ဗာန်ဟာ အရမ်းကောင်းတယ်လို့ပဲ သတင်းကောင်း ပေးထားပါတယ်။ သာသနာအတွင်းမှာ ရနိုင်ဖြစ်နိုင်တယ်လို့လည်း သတင်းကောင်းပေးထားပါတယ်။ ကျွန်တော် ဆက်လက်ပြောပြပေးနေပါတယ်၊ စာဖတ်သူများအတွက် စာဖတ်သူများ သိချင်တဲ့ နိဗ္ဗာန်အကြောင်းကို သိရအောင်ကတော့ တဖြည်းဖြည်းခြင်း ရေးသွားပေးပါမယ့်အကြောင်း သတင်းကောင်း ပေးလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *