ဝိပဿနာနည်းပညာအမေးအဖြေ (၁၉)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၉)

dsc_2228မေး။   ။ဆရာကြီး ကျွန်တော်လာပြီ

ဖြေ။   ။အေး ကောင်းတယ်။

မေး။   ။ကျွန်တော်တော့ တရားတော်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ထင်တယ်ဆရာကြီးရယ် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ စိတ်လက်ပေါ့ပါးပြီးတော့ ပျော်နေတယ်။ ဆရာကြီး ဒါ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပေါ့နော်။

ဖြေ။   ။တရားတော်ရဲ့ ဂုဏ်ကျေးဇူးကတော့ ဒါတင်ဘယ်ကမလဲ။

မေး။   ။ဟာ ဆရာကြီး ကျွန်တော် ပေါ့ပေါ့ပါးပါးနဲ့ ပျော်နေတယ်လေ။

ဖြေ။   ။ဒါက အပရိကပဲ တကယ်တော့ တရားတော်ရဲ့ ဂုဏ်ကျေးဇူးက ရှေ့ဆက်သွားရတယ်။

မေး။   ။ဟာ ဆရာကြီး ဘယ်လိုသွားရတာလဲ —

ဖြေ။   ။ဒီ စိတ်ချမ်းသာ ကိုယ်ချမ်းသာတင် မကဘူး – မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာအထိ သွားရတယ်။

မေး။   ။ဟာ ဆရာကြီး အဲဒါကျတော့ တော်တော်တော့ အဆင့်မြင့်တာပေါ့နော်။

ဖြေ။   ။ဒါ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပဲလေ။ ရုပ်နာမ်ချမ်းသာဆိုတာ -တကယ်တော့ ပြောပလောက်အောင်မှ မဟုတ်ဘဲ။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာကမှ ပြောပလောက်တာ။ ဒီတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက စိတ်ချမ်းသာ ကိုယ်ချမ်းသာဆိုရင် – ဒါဟာ ဖြတ်သန်းရတဲ့ခရီး တစ်ခုပဲ။ ဒီအပေါ်မှာ တစ်နေလို့ မရဘူး။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာအထိ သွားနိုင်မှတကယ့် အနှစ်သာရနဲ့ ပြည့်စုံတာ။

မေး။   ။ဟာ ဆရာကြီး ဟုတ်ပါပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကိုယ်လက်ပေါ့ပါးနေလို့ကို ဟုတ်လှပြီ ထင်နေတာ။

ဖြေ။   ။ဒါတော့ ဟုတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်သွားရဦးမယ်လေ။ ဒီနားတင် တစ်နေလို့ မရဘူး။ သူတော်ကောင်းတွေ ဆိုတာကတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာတာလောက်နဲ့ သိပ်မှုတာမဟုတ်ဘူး။ ဒီအပေါ်မှာ သိပ်အချိန်မပေးဘူး။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ရသွားမှ ကောင်းတာ။

မေး။   ။ဟာ ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော် ဗဟုသုတ အသစ်အဆန်း အနေနဲ့ မှတ်ထားပါမယ်။ ကျွန်တော်ကတော့ တရားတော်ရဲ့ ဂုဏ်ကျေးဇူးဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေရတယ်ဆိုတာကို ပြည့်စုံတယ် ထင်နေတာ။

ဖြေ။   ။မဂ်ချမ်းသာ ဖိုလ်ချမ်းသာက ပိုကောင်းတယ်။ အဲဒီအထိ သွားရတယ်။

မေး။   ။ဟုတ်ကဲ့ပါ ဆရာကြီးရယ် – ကျွန်တော်က သိပ်ပြီးတော့ မခံစားဘူးလို့ မသိတာပါ။ ကျွန်တော် အဲဒီအထိ သွားဖို့အတွက် မှန်းပါ့မယ်။

ဖြေ။   ။မှန်းရမှာပေါ့။ တရားသမား ဖြစ်လာပြီဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာကို သွားရမယ်။ တကယ်တော့ ဒီကြားထဲမှာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဆိုတာ စာတော့ရှိပါတယ် ဒါပေမယ့်လို့ ဒါတွေကလည်း ရုပ်နာမ်နဲ့ ပတ်သက်နေလို့ သိပ်မပြောပလောက်ဘူး။ ဒါကြောင့် ထည့်ပြောမနေဘူး။ လူဟာ လူ့ချမ်းသာ ရပြီးရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ ရဖို့ပဲကြိုးစားရမယ်။

မေး။   ။ကောင်းလိုက်တာ ဆရာကြီးရယ်။ ကျွန်တော် အဲဒီလို သဘောထားပါ့မယ်။ ကျွန်တော်က အမြင်တွေ တော်တော် လိုသေးတာကိုး။

ဖြေ။   ။တရားတော်ရဲ့ ဂုဏ်ကျေးဇူးက ကြီးမားပါတယ်။ အခုချိန်ကစပြီးတော့ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန် ချမ်းသာထိရအောင် ကြိုးစားပေတော့

မေး။   ။ကောင်းပါပြီ ဆရာကြီးရယ် ကျေးဇူးတင်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *