၀ိပႆနာနည္းပညာအေမးအေျဖ (၁၅)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၅)

motto7ေမး ။ဆရာႀကီး မဂၤလာပါ ကၽြန္ေတာ္လာၿပီ။

ေျဖ ။ေအးလာ။

ေမး ။ဆရာႀကီး ကၽြန္ေတာ္ အစစအရာရာ ေျပလည္သြားၿပီ။

ေျဖ ။ေကာင္းတာေပါ့။

ေမး ။ဆရာႀကီးရယ္ တစ္ခ်ိန္က်ေတာ့လည္း ေျပလည္တာပဲ။

ေျဖ ။ေအးေပါ့ – အတည္အၿမဲေတာ့လည္း ဘယ္ဟုတ္ပါ့မလဲ။

ေမး ။ဆရာႀကီး ကၽြန္ေတာ္တရား႐ႈတာ တရားက ေတာ္ေတာ္ေလးကို အဆင္ေျပေနတယ္။

ေျဖ ။ေကာင္းတာေပါ့ တရားက အေကာင္းဆံုးပဲ။

ေမး ။အေကာင္းဆံုးပဲေနာ္ ဆရာႀကီး၊ ဒါေပမယ့္ တစ္ခ်ဳိ႕က ေကာင္းတယ္ဆိုတာကို မေျပာရဲၾကဘူး။ တရားေကာင္းတာကို မေျပာရဲၾကဘူး။

ေျဖ ။အဲဒါ မွားတာေပါ့ တရားဟာ ေကာင္းတာက ေကာင္းတာပဲေပါ့။ အရသာအားလံုးမွာ တရားအရသာဟာ အေကာင္းဆံုးလို႔ အဆိုရွိတယ္။ ေအာ္ – အရသာဆိုလို႔ တစ္ခ်ဳိ႕က အထင္လြဲဦးမယ္။ လူေတြက အထင္ပဲ လြဲေနၾကတာပဲ။ အရသာဆိုတာ ႏွစ္မ်ဳိးရွိတယ္၊ ေလာကီအရသာ၊ ေလာကုတၱရာ အရသာ။

ေလာကီကေတာ့ မ်က္စိ၊ နား၊ ႏွာ၊ လွ်ာ၊ ကိုယ္၊ မေနာကေနၿပီးေတာ့ ကိုယ္ႀကိဳက္တာေလးေတြ ျဖစ္တာ အဲဒါ ေလာကီအရသာပဲ။ တရားရဲ႕အရသာက “နိဗၺာနံ ပရမံ သုခံ” ဆိုတာရွိတယ္။ အင္မတန္ခ်မ္းသာတာ။

ေမး ။ဟုတ္ကဲ့ပါ ဆရာႀကီး တရားအရသာကိုေျပာရတာ တစ္ခ်ဳိ႕ကေလ အလြယ္တကူ မေထာက္ခံခ်င္ဘူး။

ေျဖ ။သူတို႔က သေဘာမေပါက္လို႔ပါ။ ေလာကုတၱရာမွာေတာ့ အရသာရွိတယ္။ အဲဒါကို မသိၾကဘူး။ မသိၾကလို႔၊ ေလာကီအရသာကိုစြန္႔ရင္ ေလာကုတၱရာအရသာ ရတယ္။ ပိုေကာင္းတာရတယ္။ တစ္ခုစြန္႔ရင္ တစ္ခုက ပိုေကာင္းတာရတယ္ဆိုတာ ဒီေလာကီန႔ဲ ေလာကုတၱရာကို သူတို႔ မသိၾကလို႔။

ေမး ။ဟုတ္ကဲ့ပါဆရာႀကီး ကၽြန္ေတာ္ကေတာ့ သေဘာေပါက္ပါၿပီ။ ေကာင္းေကာင္းကို သေဘာေပါက္ပါၿပီ။ တစ္ခ်ဳိ႕ကသာ နားမလည္ၾကတာ။

ေျဖ ။ဒီ “သဗၺရတၱိ ံ ဓမၼရတိ ံ ဇိနာတိ” ဆိုတာ ေပ်ာ္ေမြ႕စရာထဲမွာ တရားနဲ႔ ေပ်ာ္ေမြ႕တာ အေကာင္းဆံုး။ သူေတာ္ေကာင္းေတြ ဒါ့ေႀကာင့္ တရားမွာ ေပ်ာ္ေမြ႕ေတာ္မူၾကတာေပါ့။ ခက္တယ္ သူတို႔က နားမလည္ၾကလို႔။

ေမး ။ဟုတ္ကဲ့ပါဆရာႀကီး သူတို႔က ေတာ္ေတာ္ကို နားမလည္ၾကဘူး၊ ခက္တာပဲ။ နားမလည္ၾကတဲ့ထဲမွာ ခု ဆရာဟာ နာသံုးနာနဲ႔ နစ္နာတယ္ ဆို အဲဒါဟာ သူမ်ားေျပာတာနဲ႔ ေရာေယာင္ၿပီး ေျပာေနၾကတာ ဆရာက ဘယ္လိုနစ္နာတာလဲဆိုတာ ဆရာႀကီး ေျပာျပပါဦး။

ေျဖ ။ဆရာေကာင္း ဆရာျမတ္ဆိုတာ ဘယ္ေတာ့မွ နစ္နာတယ္ဆိုတာ မရွိဘူး။ သူတို႔က ေပးတတ္လာတယ္၊ ဂ႐ုဏာ ထားတတ္လာတယ္၊ တပည့္သားသမီးေတြကို သင္တတ္လာတယ္။ ဒါ့ေၾကာင့္ ဆရာေကာင္းဟာ ဘယ္ေတာ့မွ မနစ္နာဘူး။ နစ္နာတယ္ဆိုတာ သူတို႔က အဓိပၸာယ္ဖြင့္မွားေနၾကတာ မနစ္နာပါဘူး။

ေမး ။ဆရာႀကီးရယ္ တစ္ေလာကလံုးလိုလိုပဲ ေျပာေနၾကတာ ဆရာဆိုတာ နစ္နာတယ္ဆိုၿပီး ေျပာေနၾကတာ။

ေျဖ ။မဟုတ္ဘူး – အဲဒါမွားေနၾကတာ။ ဆရာေကာင္းဆရာျမတ္ဟာ ဘယ္ေတာ့မွ မနစ္နာဘူး။ သူတို႔မွာ ေပးတတ္တဲ့ အရည္အခ်င္းေတြ တိုးတယ္၊ တပည့္ေတြကို ေအာင္ျမင္ေအာင္ လုပ္တတ္တဲ့ အရည္အခ်င္းေတြ တိုးတယ္။ ဒီေတာ့ ဆရာဟာ နစ္နာစေကာင္းတယ္ဆိုတာ ရွိကို မရွိဘူး။ သူတို႔ မွားေနလို႔ ဆရာက လုပ္သင့္တယ္ ဘာလို႔တုန္းဆိုေတာ့ ဆရာဆိုတာ အင္မတန္မွကို ဂ႐ုဏာႀကီးၿပီးတဲ့ေနာက္ အေျမာ္အျမင္ႀကီးၿပီး ကိုယ့္ကိုယ္ကို တပည့္ေတြကို သင္တတ္ေအာင္ က်င့္တဲ့ အေလ့အက်င့္မွာ သိပ္ေကာင္းတာ။ ဒါကိုမသိေတာ့ သူတို႔ အယူအဆမွားၾကတာ သူတို႔မွားတိုင္း လိုက္မမွားနဲ႔။

ေမး ။ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ မမွားပါဘူး။

ေျဖ ။လူေတြကလည္း အလြယ္တကူ သိပ္မွားၾကတာပဲ။ လူေတြမွားတာ အမ်ားႀကီးပဲ။ အဲဒီေတာ့ ဆရာဟာ ဘယ္ေတာ့မွ မနစ္နာဘူးဆိုတာကိုေတာ့ မွတ္ထား ယံုထားပါ။

ေမး ။ေကာင္းပါၿပီ ဆရာႀကီး။ ကၽြန္ေတာ္ ယံုပါမယ္။

ေျဖ ။သာဓုပါ သာဓုပါ သာဓု —-

 

ဗုဒၶစာေပဆုရ      

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၅)
မေး ။ဆရာကြီး မင်္ဂလာပါ ကျွန်တော်လာပြီ။
ဖြေ ။အေးလာ။
မေး ။ဆရာကြီး ကျွန်တော် အစစအရာရာ ပြေလည်သွားပြီ။
ဖြေ ။ကောင်းတာပေါ့။
မေး ။ဆရာကြီးရယ် တစ်ချိန်ကျတော့လည်း ပြေလည်တာပဲ။
ဖြေ ။အေးပေါ့ – အတည်အမြဲတော့လည်း ဘယ်ဟုတ်ပါ့မလဲ။
မေး ။ဆရာကြီး ကျွန်တော်တရားရှုတာ တရားက တော်တော်လေးကို အဆင်ပြေနေတယ်။
ဖြေ ။ကောင်းတာပေါ့ တရားက အကောင်းဆုံးပဲ။
မေး ။အကောင်းဆုံးပဲနော် ဆရာကြီး၊ ဒါပေမယ့် တစ်ချို့က ကောင်းတယ်ဆိုတာကို မပြောရဲကြဘူး။ တရားကောင်းတာကို မပြောရဲကြဘူး။
ဖြေ ။အဲဒါ မှားတာပေါ့ တရားဟာ ကောင်းတာက ကောင်းတာပဲပေါ့။ အရသာအားလုံးမှာ တရားအရသာဟာ အကောင်းဆုံးလို့ အဆိုရှိတယ်။ အော် – အရသာဆိုလို့ တစ်ချို့က အထင်လွဲဦးမယ်။ လူတွေက အထင်ပဲ လွဲနေကြတာပဲ။ အရသာဆိုတာ နှစ်မျိုးရှိတယ်၊ လောကီအရသာ၊ လောကုတ္တရာ အရသာ။
လောကီကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနောကနေပြီးတော့ ကိုယ်ကြိုက်တာလေးတွေ ဖြစ်တာ အဲဒါ လောကီအရသာပဲ။ တရားရဲ့အရသာက “နိဗ္ဗာနံ ပရမံ သုခံ” ဆိုတာရှိတယ်။ အင်မတန်ချမ်းသာတာ။
မေး ။ဟုတ်ကဲ့ပါ ဆရာကြီး တရားအရသာကိုပြောရတာ တစ်ချို့ကလေ အလွယ်တကူ မထောက်ခံချင်ဘူး။
ဖြေ ။သူတို့က သဘောမပေါက်လို့ပါ။ လောကုတ္တရာမှာတော့ အရသာရှိတယ်။ အဲဒါကို မသိကြဘူး။ မသိကြလို့၊ လောကီအရသာကိုစွန့်ရင် လောကုတ္တရာအရသာ ရတယ်။ ပိုကောင်းတာရတယ်။ တစ်ခုစွန့်ရင် တစ်ခုက ပိုကောင်းတာရတယ်ဆိုတာ ဒီလောကီနဲ့ လောကုတ္တရာကို သူတို့ မသိကြလို့။
မေး ။ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်ကတော့ သဘောပေါက်ပါပြီ။ ကောင်းကောင်းကို သဘောပေါက်ပါပြီ။ တစ်ချို့ကသာ နားမလည်ကြတာ။
ဖြေ ။ဒီ “သဗ္ဗရတ္တိ ံ ဓမ္မရတိ ံ ဇိနာတိ” ဆိုတာ ပျော်မွေ့စရာထဲမှာ တရားနဲ့ ပျော်မွေ့တာ အကောင်းဆုံး။ သူတော်ကောင်းတွေ ဒါ့ကြောင့် တရားမှာ ပျော်မွေ့တော်မူကြတာပေါ့။ ခက်တယ် သူတို့က နားမလည်ကြလို့။
မေး ။ဟုတ်ကဲ့ပါဆရာကြီး သူတို့က တော်တော်ကို နားမလည်ကြဘူး၊ ခက်တာပဲ။ နားမလည်ကြတဲ့ထဲမှာ ခု ဆရာဟာ နာသုံးနာနဲ့ နစ်နာတယ် ဆို အဲဒါဟာ သူများပြောတာနဲ့ ရောယောင်ပြီး ပြောနေကြတာ ဆရာက ဘယ်လိုနစ်နာတာလဲဆိုတာ ဆရာကြီး ပြောပြပါဦး။
ဖြေ ။ဆရာကောင်း ဆရာမြတ်ဆိုတာ ဘယ်တော့မှ နစ်နာတယ်ဆိုတာ မရှိဘူး။ သူတို့က ပေးတတ်လာတယ်၊ ဂရုဏာ ထားတတ်လာတယ်၊ တပည့်သားသမီးတွေကို သင်တတ်လာတယ်။ ဒါ့ကြောင့် ဆရာကောင်းဟာ ဘယ်တော့မှ မနစ်နာဘူး။ နစ်နာတယ်ဆိုတာ သူတို့က အဓိပ္ပာယ်ဖွင့်မှားနေကြတာ မနစ်နာပါဘူး။
မေး ။ဆရာကြီးရယ် တစ်လောကလုံးလိုလိုပဲ ပြောနေကြတာ ဆရာဆိုတာ နစ်နာတယ်ဆိုပြီး ပြောနေကြတာ။
ဖြေ ။မဟုတ်ဘူး – အဲဒါမှားနေကြတာ။ ဆရာကောင်းဆရာမြတ်ဟာ ဘယ်တော့မှ မနစ်နာဘူး။ သူတို့မှာ ပေးတတ်တဲ့ အရည်အချင်းတွေ တိုးတယ်၊ တပည့်တွေကို အောင်မြင်အောင် လုပ်တတ်တဲ့ အရည်အချင်းတွေ တိုးတယ်။ ဒီတော့ ဆရာဟာ နစ်နာစကောင်းတယ်ဆိုတာ ရှိကို မရှိဘူး။ သူတို့ မှားနေလို့ ဆရာက လုပ်သင့်တယ် ဘာလို့တုန်းဆိုတော့ ဆရာဆိုတာ အင်မတန်မှကို ဂရုဏာကြီးပြီးတဲ့နောက် အမြော်အမြင်ကြီးပြီး ကိုယ့်ကိုယ်ကို တပည့်တွေကို သင်တတ်အောင် ကျင့်တဲ့ အလေ့အကျင့်မှာ သိပ်ကောင်းတာ။ ဒါကိုမသိတော့ သူတို့ အယူအဆမှားကြတာ သူတို့မှားတိုင်း လိုက်မမှားနဲ့။
မေး ။ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် မမှားပါဘူး။
ဖြေ ။လူတွေကလည်း အလွယ်တကူ သိပ်မှားကြတာပဲ။ လူတွေမှားတာ အများကြီးပဲ။ အဲဒီတော့ ဆရာဟာ ဘယ်တော့မှ မနစ်နာဘူးဆိုတာကိုတော့ မှတ်ထား ယုံထားပါ။
မေး ။ကောင်းပါပြီ ဆရာကြီး။ ကျွန်တော် ယုံပါမယ်။
ဖြေ ။သာဓုပါ သာဓုပါ သာဓု —-

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *