၀ိပႆနာနည္းပညာအေမးအေျဖ (၁၄)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၄)

DSC_7128copyေမး ။ မဂၤလာပါ ဆရာႀကီး။

ေျဖ ။ မဂၤလာပါ။

ေမး ။ ကၽြန္ေတာ့္ ေလာကဓံက အရွိန္ေသသြားၿပီ။

ေျဖ ။ ေအး အရွိန္ေသသြားလည္း ေကာင္းတယ္၊ ၿပီးတယ္။ ေလာကဓံဆိုတာ အရွိန္တက္လာလိုက္၊ အရွိန္ေသသြားလိုက္ ဒီလိုပါပဲ။ ဒီအေပၚမွာ မမွီခိုနဲ႔။

ေမး ။ ဟုတ္ကဲ့ ဆရာႀကီး ကၽြန္ေတာ္ မမွီခိုဘူး၊ ဥပကၡာျပဳပါမယ္။ ကၽြန္ေတာ္ ႀကိဳးစားပါတယ္ ဆရာႀကီး။ ႀကိဳးစားတဲ့အခါ ကၽြန္ေတာ့္ဉာဏ္ဟာ ခႏၶာထဲ စူး၀င္သြားသလိုပဲ။

ေျဖ ။ စူး၀င္႐ံုနဲ႔မရဘူး ဟိုဘက္ကို ေပါက္ထြက္မွ ရတယ္။

ေမး ။ ေပါက္ထြက္ရဦးမွာလား ???

ေျဖ ။ ေပါက္ထြက္ရမွာေပါ့။ တစ္ခုတစ္ခုနဲ႔ တစ္ေနရင္ – ဒါ အထြတ္အထိပ္နဲ႔ ေအာင္ျမင္တယ္လို႔ ဘယ္ေခၚမွာလည္း။ ေပါက္ရမယ္။

ေမး ။ ဟာ ဆရာႀကီး – ကၽြန္ေတာ္ ဆက္ေတာ့ ႀကိဳးစားဦးမယ္။ အခုေတာ့ စူးတာေတာ့ နည္းနည္းသိၿပီ။

ေျဖ ။ ေအး နည္းနည္းသိတာ မ်ားမ်ားသိေအာင္လုပ္။ ေပါက္ထြက္ေအာင္လုပ္၊ ဘာမွ အဖုအထစ္ မရွိေစနဲ႔။ အခုအခံ မရွိေစနဲ႔။ စင္းလံုးေခ်ာ ေပါက္သြားမွ – အထိလည္း ေရာက္ႏိုင္တယ္ – ႀကိဳးစား။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ႀကိဳးစားပါ့မယ္။ ကၽြန္ေတာ္ကေတာ့ ခႏၶာဉာဏ္ေရာက္ ေနပါၿပီ။

ေျဖ ။ ေကာင္းတာေပါ့။ ဉာဏ္ေရာက္ၿပီး ခႏၶာကို ဉာဏ္က ႏိုင္ရမယ္။ ႏိုင္ရင္ လက္ခေမာင္း ခတ္ေတာ့ —

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ လက္ခေမာင္း ခတ္ခ်င္လွပါၿပီ။

ေျဖ ။ လက္ခေမာင္း ခတ္ခ်င္ရင္ႀကိဳးစား၊ အကုန္ႏိုင္ေအာင္ ႀကိဳးစား႐ႈ၊ ႀကိဳးစား။ ဘာမွ သိပ္အေၾကာင္း မျပဳနဲ႔ေတာ့။ ဒါေတြက ဒီလိုပဲ တ၀ဲလည္လည္ ျဖစ္ေနမွာ။ ႐ုပ္နာမ္ရွိသမွ် ျဖစ္ေနမွာဆိုေတာ့ – ႐ုပ္နာမ္ခ်ဳပ္ရာ နိဗၺာန္ကိုသာ ဦးတည္ၿပီးေတာ့ သြားေတာ့။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီးရယ္။ နိဗၺာန္ၾက ခ်မ္းသာမွာေပါ့ေနာ္ —

ေျဖ ။ ဟာ ခ်မ္းသာတာေပါ့။ နိဗၺာနံ ပရမံသုခံဆိုတာ ခ်မ္းသာျခင္း အစစ္က နိဗၺာန္မွာရွိတာ။ ဒီမွာ မရွိဘူး။ ဒီမွာသြား မွီခိုေန တစ္ေနရင္ အစစ္ကို မေရာက္ဘဲ ေနလိမ့္မယ္။ အတုနဲ႔ပဲ ၿပီးေနလိမ့္မယ္။ အစစ္ေရာက္ေအာင္ ထိုးေဖာက္ေပေတာ့။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီး။

ေျဖ ။ ေအာင္ျမင္ေအာင္ ေဖာက္ေနာ္ —

ေမး ။ ေအာင္ျမင္ေအာင္ကို ေဖာက္ပါ့မယ္ ဆရာႀကီး။ အျပတ္အသတ္ လုပ္ပါ့မယ္ ဆရာႀကီး။

ေျဖ ။ ေအး အျပတ္အသတ္ ေအာင္ပြဲခံခ်င္ရင္ အျပတ္အသတ္ လုပ္ရတာေပါ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

 (Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၄)
မေး ။ မင်္ဂလာပါ ဆရာကြီး။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ကျွန်တော့် လောကဓံက အရှိန်သေသွားပြီ။
ဖြေ ။ အေး အရှိန်သေသွားလည်း ကောင်းတယ်၊ ပြီးတယ်။ လောကဓံဆိုတာ အရှိန်တက်လာလိုက်၊ အရှိန်သေသွားလိုက် ဒီလိုပါပဲ။ ဒီအပေါ်မှာ မမှီခိုနဲ့။
မေး ။ ဟုတ်ကဲ့ ဆရာကြီး ကျွန်တော် မမှီခိုဘူး၊ ဥပက္ခာပြုပါမယ်။ ကျွန်တော် ကြိုးစားပါတယ် ဆရာကြီး။ ကြိုးစားတဲ့အခါ ကျွန်တော့်ဉာဏ်ဟာ ခန္ဓာထဲ စူးဝင်သွားသလိုပဲ။
ဖြေ ။ စူးဝင်ရုံနဲ့မရဘူး ဟိုဘက်ကို ပေါက်ထွက်မှ ရတယ်။
မေး ။ ပေါက်ထွက်ရဦးမှာလား ???
ဖြေ ။ ပေါက်ထွက်ရမှာပေါ့။ တစ်ခုတစ်ခုနဲ့ တစ်နေရင် – ဒါ အထွတ်အထိပ်နဲ့ အောင်မြင်တယ်လို့ ဘယ်ခေါ်မှာလည်း။ ပေါက်ရမယ်။
မေး ။ ဟာ ဆရာကြီး – ကျွန်တော် ဆက်တော့ ကြိုးစားဦးမယ်။ အခုတော့ စူးတာတော့ နည်းနည်းသိပြီ။
ဖြေ ။ အေး နည်းနည်းသိတာ များများသိအောင်လုပ်။ ပေါက်ထွက်အောင်လုပ်၊ ဘာမှ အဖုအထစ် မရှိစေနဲ့။ အခုအခံ မရှိစေနဲ့။ စင်းလုံးချော ပေါက်သွားမှ – ဓမ္မာနုပဿနာ အထိလည်း ရောက်နိုင်တယ် – ကြိုးစား။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကြိုးစားပါ့မယ်။ ကျွန်တော်ကတော့ ခန္ဓာဉာဏ်ရောက် နေပါပြီ။
ဖြေ ။ ကောင်းတာပေါ့။ ဉာဏ်ရောက်ပြီး ခန္ဓာကို ဉာဏ်က နိုင်ရမယ်။ နိုင်ရင် လက်ခမောင်း ခတ်တော့ —
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် လက်ခမောင်း ခတ်ချင်လှပါပြီ။
ဖြေ ။ လက်ခမောင်း ခတ်ချင်ရင်ကြိုးစား၊ အကုန်နိုင်အောင် ကြိုးစားရှု၊ ကြိုးစား။ ဘာမှ သိပ်အကြောင်း မပြုနဲ့တော့။ ဒါတွေက ဒီလိုပဲ တဝဲလည်လည် ဖြစ်နေမှာ။ ရုပ်နာမ်ရှိသမျှ ဖြစ်နေမှာဆိုတော့ – ရုပ်နာမ်ချုပ်ရာ နိဗ္ဗာန်ကိုသာ ဦးတည်ပြီးတော့ သွားတော့။
မေး ။ ကောင်းပါပြီ ဆရာကြီးရယ်။ နိဗ္ဗာန်ကြ ချမ်းသာမှာပေါ့နော် —
ဖြေ ။ ဟာ ချမ်းသာတာပေါ့။ နိဗ္ဗာနံ ပရမံသုခံဆိုတာ ချမ်းသာခြင်း အစစ်က နိဗ္ဗာန်မှာရှိတာ။ ဒီမှာ မရှိဘူး။ ဒီမှာသွား မှီခိုနေ တစ်နေရင် အစစ်ကို မရောက်ဘဲ နေလိမ့်မယ်။ အတုနဲ့ပဲ ပြီးနေလိမ့်မယ်။ အစစ်ရောက်အောင် ထိုးဖောက်ပေတော့။
မေး ။ ကောင်းပါပြီ ဆရာကြီး။
ဖြေ ။ အောင်မြင်အောင် ဖောက်နော် —
မေး ။ အောင်မြင်အောင်ကို ဖောက်ပါ့မယ် ဆရာကြီး။ အပြတ်အသတ် လုပ်ပါ့မယ် ဆရာကြီး။
ဖြေ ။ အေး အပြတ်အသတ် အောင်ပွဲခံချင်ရင် အပြတ်အသတ် လုပ်ရတာပေါ့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *