၀ိပႆနာနည္းပညာအေမးအေျဖ (၁၃)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၃)

DSC_7077ေမး ။ ဆရာႀကီး မဂၤလာပါ။

ေျဖ ။ မဂၤလာပါ။

ေမး ။ ကၽြန္ေတာ္ ေလာကဓံေတြ ေတြ႕ေနလို႔ ဆရာႀကီးရယ္ နည္းနည္းၾကန္႕ၾကာ သြားတယ္။

ေျဖ ။ ႐ုပ္နာမ္ရွိရင္ ေလာကဓံ ရွိမွာေပါ့။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ တရားအားထုတ္ ေနရဲ႕သားနဲ႔ကို ေလာကဓံရွိတယ္။

ေျဖ။ ဟာ တရားအားထုတ္တာက တရားရဖို႔ပဲေလ။ ႐ုပ္နာမ္ရွိတာကေတာ့ ေလာကဓံကို ျဖစ္ေစမွာပဲ။ တရားရွိေတာ့ ခံသာတာေပါ့။ ႐ုပ္နာမ္ရွိေနသမွ် ေလာကဓံရွိမယ္လို႔ တရားေသ တြက္ထား။ ေလာကဓံအေၾကာင္းကေတာ့ စာဖြဲ႕ေျပာမေနနဲ႔ေတာ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ကၽြန္ေတာ္တရားကိုေတာ့ ထိုင္ျဖစ္ေအာင္ ထိုင္ပါတယ္။

ေျဖ ။ အဲဒါ အဓိကပဲ။

ေမး ။ ဆရာႀကီး ေလာကဓံက တစ္ခါ တစ္ခါက်ေတာ့ မွန္တာလုပ္လည္း ေတြ႕ရင္ ေတြ႕တာပဲေနာ္။

ေျဖ ။ ဟာ မွန္တာလုပ္လုပ္ မွားတာလုပ္လုပ္ ႐ုပ္နာမ္ရွိရင္ ေတြ႕မွာလို႔ေျပာေနတာ။ ဒါေပမယ့္ ကိုယ္ကေတာ့ မမွားေစနဲ႔ေပါ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္က တရားလုပ္ရင္ ေလာကဓံက မလာရဘူးလားလို႔ —

ေျဖ ။ ေအာ္ အနည္းနဲ႔ အမ်ားေတာ့ လာတတ္တာေပါ့။ တရားလုပ္ေတာ့ အလာနည္းတာေပါ့။ တရားမလုပ္ေတာ့ ဒုန္းႀကီးဆိုေတာ့ ပိုမ်ားတာေပါ့။ မီးခဲကို ဖြဖြေလးကိုင္တာနဲ႔ ဆုပ္ကိုင္သလိုပဲ ျဖစ္မွာပဲ။ ႐ုပ္နာမ္ရွိသမွ်ေတာ့ ေလာကဓံဆိုတာ ရွိတာပါပဲ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ကၽြန္ေတာ္ သေဘာေပါက္ပါၿပီ။ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္မွကို ေလာကဓံက ေတြ႕သလားလို႔ တစ္ခါတစ္ခါလည္း အဲဒီလို ခံစားမိတယ္။

ေျဖ ။ ဒါေတြ ခံစားမေနနဲ႔ တရား႐ႈဖို႔ အေရးႀကီးတယ္။ ဒါေၾကာင့္ ေစာေစာက တရားပိုင္ဖို႔ ႀကိဳးစားထားလို႔ေျပာတာ ဒါေတြေပါ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး အခုေတာ့ သေဘာေပါက္ပါၿပီ။ ေနာက္လာမယ့္ ေလာကဓံေတြကို ကၽြန္ေတာ္ မွန္မွန္ကန္ကန္ ရင္ဆိုင္ပါ့မယ္။

ေျဖ။ ေလာကဓံေၾကာက္လို႔ေတာ့ အလုပ္မျဖစ္ဘူး။ လူဟာ ႐ုပ္နာမ္ရွိတဲ့အတြက္ ေလာကဓံကေတာ့ လာမွာပဲ။ ႐ုပ္နာမ္ႀကီးကိုက ေလာကဓံပဲ – အဲဒါ တရားေသ မွတ္ထားေတာ့။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီး ကၽြန္ေတာ္ ဒီေလာကဓံေတြ အားလံုးကို ေက်ာ္ႏိုင္ေအာင္ တရားႀကိဳးစားပါ့မယ္လို႔ ကတိေပးပါတယ္။

ေျဖ ။ ေအး ကိုယ္ႀကိဳးစား ကိုယ္ရမွာပဲ။ သာဓု သာဓု သာဓု။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

 (Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၃)
မေး ။ ဆရာကြီး မင်္ဂလာပါ။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ကျွန်တော် လောကဓံတွေ တွေ့နေလို့ ဆရာကြီးရယ် နည်းနည်းကြန့်ကြာ သွားတယ်။
ဖြေ ။ ရုပ်နာမ်ရှိရင် လောကဓံ ရှိမှာပေါ့။
မေး ။ ဆရာကြီး ကျွန်တော် တရားအားထုတ် နေရဲ့သားနဲ့ကို လောကဓံရှိတယ်။
ဖြေ။ ဟာ တရားအားထုတ်တာက တရားရဖို့ပဲလေ။ ရုပ်နာမ်ရှိတာကတော့ လောကဓံကို ဖြစ်စေမှာပဲ။ တရားရှိတော့ ခံသာတာပေါ့။ ရုပ်နာမ်ရှိနေသမျှ လောကဓံရှိမယ်လို့ တရားသေ တွက်ထား။ လောကဓံအကြောင်းကတော့ စာဖွဲ့ပြောမနေနဲ့တော့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော်တရားကိုတော့ ထိုင်ဖြစ်အောင် ထိုင်ပါတယ်။
ဖြေ ။ အဲဒါ အဓိကပဲ။
မေး ။ ဆရာကြီး လောကဓံက တစ်ခါ တစ်ခါကျတော့ မှန်တာလုပ်လည်း တွေ့ရင် တွေ့တာပဲနော်။
ဖြေ ။ ဟာ မှန်တာလုပ်လုပ် မှားတာလုပ်လုပ် ရုပ်နာမ်ရှိရင် တွေ့မှာလို့ပြောနေတာ။ ဒါပေမယ့် ကိုယ်ကတော့ မမှားစေနဲ့ပေါ့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော်က တရားလုပ်ရင် လောကဓံက မလာရဘူးလားလို့ —
ဖြေ ။ အော် အနည်းနဲ့ အများတော့ လာတတ်တာပေါ့။ တရားလုပ်တော့ အလာနည်းတာပေါ့။ တရားမလုပ်တော့ ဒုန်းကြီးဆိုတော့ ပိုများတာပေါ့။ မီးခဲကို ဖွဖွလေးကိုင်တာနဲ့ ဆုပ်ကိုင်သလိုပဲ ဖြစ်မှာပဲ။ ရုပ်နာမ်ရှိသမျှတော့ လောကဓံဆိုတာ ရှိတာပါပဲ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော်လည်း ကျွန်တော့်မှကို လောကဓံက တွေ့သလားလို့ တစ်ခါတစ်ခါလည်း အဲဒီလို ခံစားမိတယ်။
ဖြေ ။ ဒါတွေ ခံစားမနေနဲ့ တရားရှုဖို့ အရေးကြီးတယ်။ ဒါကြောင့် စောစောက တရားပိုင်ဖို့ ကြိုးစားထားလို့ပြောတာ ဒါတွေပေါ့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး အခုတော့ သဘောပေါက်ပါပြီ။ နောက်လာမယ့် လောကဓံတွေကို ကျွန်တော် မှန်မှန်ကန်ကန် ရင်ဆိုင်ပါ့မယ်။
ဖြေ။ လောကဓံကြောက်လို့တော့ အလုပ်မဖြစ်ဘူး။ လူဟာ ရုပ်နာမ်ရှိတဲ့အတွက် လောကဓံကတော့ လာမှာပဲ။ ရုပ်နာမ်ကြီးကိုက လောကဓံပဲ – အဲဒါ တရားသေ မှတ်ထားတော့။
မေး ။ ကောင်းပါပြီ ဆရာကြီး ကျွန်တော် ဒီလောကဓံတွေ အားလုံးကို ကျော်နိုင်အောင် တရားကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။
ဖြေ ။ အေး ကိုယ်ကြိုးစား ကိုယ်ရမှာပဲ။ သာဓု သာဓု သာဓု။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *