၀ိပႆနာနည္းပညာအေမးအေျဖ (၁၂)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၂)

motto6ေမး ။ ဆရာႀကီး မဂၤလာပါ။

ေျဖ ။ မဂၤလာပါ။

ေမး ။ ဆရာႀကီး အခု ကၽြန္ေတာ္ တရားထိုင္တာ ေတာ္ေတာ္ၾကာၾကာ ထိုင္ႏိုင္လာတယ္ ဆရာႀကီး။ ကၽြန္ေတာ့ကို ကၽြန္ေတာ္ ေက်နပ္ေနတယ္။

ေျဖ ။ ေကာင္းပါတယ္။

ေမး ။ ဒါနဲ႔ ဆရာႀကီး ကၽြန္ေတာ္ တစ္ခုေမးပါရေစ တရားထိုင္တာ ဘယ္ေလာက္ၾကာၾကာ ထိုင္ရမွာလဲ၊ ဘယ္ႏွစ္နာရီ ထိုင္ရမွာလဲ ဆိုတဲ့သေဘာေပါ့ ဆရာႀကီးရယ္ တစ္နာရီလား၊ ႏွစ္နာရီလား။

ေျဖ ။ ေအာ္ တရားထိုင္တာ နာရီနဲ႔ မသတ္မွတ္ရဘူး။ ရင္ထဲ ရွင္းတာနဲ႔ သတ္မွတ္ရတယ္။ ရင္ထဲရွင္းရင္ ၿပီးတာပဲ။ တစ္နာရီ မျပည့္လည္း ရွင္းရင္ထလို႔ရတယ္။ တစ္နာရီတိတိ ထိုင္ၿပီး ရင္ထဲမွာ ႐ႈပ္ယွက္ခတ္ၿပီး ေလးပင္ေနရင္လည္း မကိုက္ဘူး ဒီေတာ့ ရင္ထဲရွင္းတာနဲ႔ တိုင္းပါ – နာရီနဲ႔ မတိုင္းပါနဲ႔။ ေတာ္ေတာ္မ်ားမ်ား နာရီနဲ႔ တိုင္းတာကေတာ့ အမ်ားညီညီ ညႊတ္ညႊတ္နဲ႔ ထိုင္ျဖစ္ေအာင္ လုပ္ၾကရတာေပါ့။ တကယ္ တစ္ေယာက္ခ်င္း ထိုင္တဲ့အခါက်ေတာ့ ရင္ထဲ  တစ္ရွင္းက အေရးႀကီးတယ္။

ေမး ။ ဟာ ဟုတ္ပါၿပီဆရာႀကီး ကၽြန္ေတာ္က သိခ်င္လို႔ပါ။ ၾကာၾကာထိုင္မွ ေကာင္းမယ္လို႔လည္း နည္းနည္းထင္လို႔ပါ။

ေျဖ ။ အခ်ိန္ၾကာျခင္း မၾကာျခင္းကေတာ့ အဆံုးအျဖတ္ မဟုတ္ပါဘူး၊ ရင္ထဲမွာ ရွင္းဖို႔ မရွင္းဖို႔ပါပဲ။

ေမး ။ ဟုတ္ၿပီ ဆရာႀကီး ကၽြန္ေတာ္ေနာက္ ရင္ထဲရွင္းေအာင္ ထိုင္မယ္။

ေျဖ ။ ေအး ရင္ထဲကိုရွင္းေအာင္ထိုင္ – ႐ႈပ္တာ ရွင္းရမယ္၊ ေလးတာ ေပါ့ရမယ္၊ ပူတာ ေအးရမယ္၊ လႈပ္လႈပ္ရွားရွား ျဖစ္ေနတာ ၿငိမ္ရမယ္၊ ေနလို႔ မေကာင္းတာ ေကာင္းရမယ္ — ဒါေတြဟာ တရားထိုင္ျခင္းရဲ႕ အက်ိဳးအျမတ္ေတြပဲ။ ဒါကို နည္းနည္းခြဲျခား စိပ္ျဖာႏိုင္ရမယ္။ သေဘာေပါက္လား ျမန္မာလိုေျပာတာ သေဘာေပါက္လား၊ အဂၤလိပ္လို ေျပာရမွာလား “You must have the ability to differentiate between before and after, Right!”

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ျမန္မာလိုပဲေျပာပါ ကၽြန္ေတာ္ မသိတဲ့စကားလံုးေတြ ေက်ာ္သြားမွာ စိုးလို႔။ အခုေျပာတာေတာ့ သိပါတယ္။

ေျဖ ။ ေအး အဲဒီလိုဆိုရင္ ရင္ထဲမွာ ရွင္းေအာင္ထိုင္ (Clear up your heart…that is the main point, you know.)

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ေက်းဇူးတင္ပါတယ္။ သေဘာေပါက္ပါတယ္။ ကၽြန္ေတာ္ ေနာက္ကို ရင္ထဲမွာ ရွင္းေအာင္ ထိုင္ပါ့မယ္။ ကၽြန္ေတာ္လည္း ေလာကထဲ ၀င္ေတာ့ တစ္ခါတစ္ခါက် ပူတာေတြ လႈပ္တာေတြလည္း ရွိတယ္ ဆရာႀကီးရယ္။ အျပင္လူနဲ႔လည္း အခုေတာ့ သိပ္စကားမေျပာေတာ့ပါဘူး ဆရာႀကီးရယ္။

ေျဖ ။ မေျပာနဲ႔ တရား အဟုတ္ထိုင္ၿပီဆိုရင္ အျပင္လူနဲ႔လည္း မေျပာနဲ႔၊ အျပင္စကားလည္း မေျပာနဲ႔၊ တရားစကားေတာင္ လိုရင္တိုရွင္းေျပာၿပီး အလုပ္သာ လုပ္ေပေတာ့။ တာ၀န္ေပးလိုက္တယ္ ထိုင္ေပေတာ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ေက်းဇူးတင္ပါတယ္။

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

 (Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၂)
မေး ။ ဆရာကြီး မင်္ဂလာပါ။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ဆရာကြီး အခု ကျွန်တော် တရားထိုင်တာ တော်တော်ကြာကြာ ထိုင်နိုင်လာတယ် ဆရာကြီး။ ကျွန်တော့ကို ကျွန်တော် ကျေနပ်နေတယ်။
ဖြေ ။ ကောင်းပါတယ်။
မေး ။ ဒါနဲ့ ဆရာကြီး ကျွန်တော် တစ်ခုမေးပါရစေ တရားထိုင်တာ ဘယ်လောက်ကြာကြာ ထိုင်ရမှာလဲ၊ ဘယ်နှစ်နာရီ ထိုင်ရမှာလဲ ဆိုတဲ့သဘောပေါ့ ဆရာကြီးရယ် တစ်နာရီလား၊ နှစ်နာရီလား။
ဖြေ ။ အော် တရားထိုင်တာ နာရီနဲ့ မသတ်မှတ်ရဘူး။ ရင်ထဲ ရှင်းတာနဲ့ သတ်မှတ်ရတယ်။ ရင်ထဲရှင်းရင် ပြီးတာပဲ။ တစ်နာရီ မပြည့်လည်း ရှင်းရင်ထလို့ရတယ်။ တစ်နာရီတိတိ ထိုင်ပြီး ရင်ထဲမှာ ရှုပ်ယှက်ခတ်ပြီး လေးပင်နေရင်လည်း မကိုက်ဘူး ဒီတော့ ရင်ထဲရှင်းတာနဲ့ တိုင်းပါ – နာရီနဲ့ မတိုင်းပါနဲ့။ တော်တော်များများ နာရီနဲ့ တိုင်းတာကတော့ အများညီညီ ညွှတ်ညွှတ်နဲ့ ထိုင်ဖြစ်အောင် လုပ်ကြရတာပေါ့။ တကယ် တစ်ယောက်ချင်း ထိုင်တဲ့အခါကျတော့ ရင်ထဲ  တစ်ရှင်းက အရေးကြီးတယ်။
မေး ။ ဟာ ဟုတ်ပါပြီဆရာကြီး ကျွန်တော်က သိချင်လို့ပါ။ ကြာကြာထိုင်မှ ကောင်းမယ်လို့လည်း နည်းနည်းထင်လို့ပါ။
ဖြေ ။ အချိန်ကြာခြင်း မကြာခြင်းကတော့ အဆုံးအဖြတ် မဟုတ်ပါဘူး၊ ရင်ထဲမှာ ရှင်းဖို့ မရှင်းဖို့ပါပဲ။
မေး ။ ဟုတ်ပြီ ဆရာကြီး ကျွန်တော်နောက် ရင်ထဲရှင်းအောင် ထိုင်မယ်။
ဖြေ ။ အေး ရင်ထဲကိုရှင်းအောင်ထိုင် – ရှုပ်တာ ရှင်းရမယ်၊ လေးတာ ပေါ့ရမယ်၊ ပူတာ အေးရမယ်၊ လှုပ်လှုပ်ရှားရှား ဖြစ်နေတာ ငြိမ်ရမယ်၊ နေလို့ မကောင်းတာ ကောင်းရမယ် — ဒါတွေဟာ တရားထိုင်ခြင်းရဲ့ အကျိုးအမြတ်တွေပဲ။ ဒါကို နည်းနည်းခွဲခြား စိပ်ဖြာနိုင်ရမယ်။ သဘောပေါက်လား မြန်မာလိုပြောတာ သဘောပေါက်လား၊ အင်္ဂလိပ်လို ပြောရမှာလား “You must have the ability to differentiate between before and after, Right!”
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ မြန်မာလိုပဲပြောပါ ကျွန်တော် မသိတဲ့စကားလုံးတွေ ကျော်သွားမှာ စိုးလို့။ အခုပြောတာတော့ သိပါတယ်။
ဖြေ ။ အေး အဲဒီလိုဆိုရင် ရင်ထဲမှာ ရှင်းအောင်ထိုင် (Clear up your heart…that is the main point, you know.)
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျေးဇူးတင်ပါတယ်။ သဘောပေါက်ပါတယ်။ ကျွန်တော် နောက်ကို ရင်ထဲမှာ ရှင်းအောင် ထိုင်ပါ့မယ်။ ကျွန်တော်လည်း လောကထဲ ဝင်တော့ တစ်ခါတစ်ခါကျ ပူတာတွေ လှုပ်တာတွေလည်း ရှိတယ် ဆရာကြီးရယ်။ အပြင်လူနဲ့လည်း အခုတော့ သိပ်စကားမပြောတော့ပါဘူး ဆရာကြီးရယ်။
ဖြေ ။ မပြောနဲ့ တရား အဟုတ်ထိုင်ပြီဆိုရင် အပြင်လူနဲ့လည်း မပြောနဲ့၊ အပြင်စကားလည်း မပြောနဲ့၊ တရားစကားတောင် လိုရင်တိုရှင်းပြောပြီး အလုပ်သာ လုပ်ပေတော့။ တာဝန်ပေးလိုက်တယ် ထိုင်ပေတော့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျေးဇူးတင်ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *