၀ိပႆနာနည္းပညာအေမးအေျဖ (၁၁)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၁)

motto5ေမး ။ ဆရာႀကီး မဂၤလာပါ။

ေျဖ ။ မဂၤလာပါ။

ေမး ။ ဟိုေန႔က ကၽြန္ေတာ္ ေမးခြန္းတစ္ခု ဆက္ေမးမလို႔ ဆရာႀကီးရယ္ – က်န္ခဲ့လို႔ပါ။

ေျဖ ။ ဘာက်န္ခဲ့တာလည္း။

ေမး ။ ေအာ္ နိဗၺာန္က လြတ္ေျမာက္ျခင္း အရသာရွိတယ္၊ နိဗၺာန္ရဲ႕ လြတ္ေျမာက္ျခင္းကို ဖိုလ္ဉာဏ္က ထိုးထြင္းသိတယ္ဆိုေတာ့ နိဗၺာန္ကို စိတ္ကူးၾကည့္လို႔ေတာ့ မရဘူးေပါ့ေနာ္။

ေျဖ ။ စိတ္ကူးနဲ႔ၾကည့္ရင္ စိတ္ကူးပဲ ျဖစ္မွာေပါ့။ ဒါေပမယ့္လို႔ အႏုမာန မ်က္မွန္းဆ ဆိုတာရွိပါတယ္ (Hypothetical Assumption) ေပါ့ေနာ္ – အဲဒီလို မွန္းဆၿပီးေတာ့ နိဗၺာန္ကို ႏွစ္ၿခိဳက္လို႔ ရပါတယ္၊ ပူေဇာ္လို႔လည္း ရပါတယ္။ ဒါကေတာ့ မွန္းဆတာေပါ့၊ တကယ္ေရာက္တာ မဟုတ္ဘူး။ တကယ္ေရာက္တဲ့ အခါက် မဂ္ဉာဏ္ ဖိုလ္ဉာဏ္နဲ႔ ထိုးထြင္းၿပီး နိဗၺာန္ရဲ႕ ဂုဏ္ရည္ေတြကို ၀င္စားတာေပါ့။ ဒီေတာ့ မေရာက္ခင္လည္း မွန္းဆေကာင္းပါတယ္။ ေရာက္ေတာ့လည္း ထိုးထြင္းဆင္ျခင္ရင္းနဲ႔ ၀င္စားရတာေပါ့။ (၃၁) ဘံုကို ၾကာၾကာစြန္႔ႏိုင္ရင္ ၾကာၾကာေနႏိုင္တယ္ေလ – ဒါေၾကာင့္ (တဒဂၤပဟာန္္၊ ဝိကၡမၻနပဟာန္၊ သမုေစၦဒပဟာန္) ဆိုၿပီးရွိတယ္။ ခဏေလးေနတယ္၊ နည္းနည္းၾကာတယ္၊ ေတာ္ေတာ္ေလးကို ၾကာတယ္ ဆိုတာပါ။ နိဗၺာန္မွာ ၾကာၾကာေနခ်င္ရင္ေတာ့ ႐ုပ္နာမ္နဲ႔ (၃၁) ဘံုကို ေတာ္ေတာ္ေလး ျပတ္ျပတ္သားသား စြန္႔ပယ္ႏိုင္ရတာေပါ့

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ကၽြန္ေတာ္လည္း တစ္အံ့တစ္ၾသ ျဖစ္ေနမိပါတယ္ ဆရာႀကီး။

ေျဖ ။ နိဗၺာန္ရဲ႕ ဂုဏ္ရည္ထဲမွာ အံ့ၾသတယ္ဆိုတာပါတယ္။ ဒီ (၃၁) ဘံု ထဲက သခၤတဓာတ္ေတြနဲ႔ ႏိႈင္းခိုင္းလို႔ မရဘူး။ ႏိႈင္းခိုင္းစရာ ဥပမာ ထပ္တူထပ္မွ် (၃၁) ဘံုမွာ မရွိဘူး – နိဗၺာန္က အဲဒီလာက္ျမတ္တဲ့ အျမတ္ဆံုး အႏုတၱရဓာတ္၊ အသခၤတဓာတ္လို႔ ေခၚပါတယ္။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ တစ္ေန႔ ဒီဓာတ္ႀကီးကို ကိုယ္တိုင္ကိုယ္က် မ်က္ေမွာက္ျပဳ ၀င္စားႏိုင္ေအာင္ ႀကိဳးစားပါ့မယ္။

ေျဖ ။ ဒါေတာ့ ႀကိဳးစားရမွာေပါ့။ နိဗၺာန္ကို ၀င္စားႏိုင္မွ ကိုယ္က တရားက်င့္ရက်ိဳးနပ္မွာ။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီးရယ္။ ကၽြန္ေတာ္ ဆရာႀကီး ဆိုဆံုးမတာေတြ၊ သြန္သင္တာေတြကို ကၽြန္ေတာ္ နားလည္ေအာင္ ႀကိဳးစားၿပီးတဲ့ေနာက္ တရားကိုဆက္ အလုပ္လုပ္ပါ့မယ္။

ေျဖ ။ ေကာင္းပါတယ္။ အလုပ္လုပ္ပါ။ အလုပ္လုပ္မွ ရမွာပဲ။ မလုပ္ရင္ေတာ့ မရဘူး။ မလုပ္ဘဲနဲ႔ ရတယ္ဆိုရင္ အကရိယဒိ႒ိ ျဖစ္မယ္လို႔ ေျပာဖူးသားပဲ။ လုပ္မွရမယ္။ လုပ္မွရမယ္ကို – “အတၱကာရကႆ ပစၥကၡ ဒႆနေတာ”  ေတာ လို႔ ေခၚတယ္။ ကိုယ္တိုင္လုပ္လိုက္မွ ကိုယ္တိုင္ရတာပါ။ ဒီေတာ့ ကိုယ္တိုင္ႀကိဳးစားပါ။ တရားႀကိဳးစားျခင္းအားျဖင့္ ရရွိအပ္တဲ့ အျမတ္ခ်မ္းသာ ၿငိမ္းေအးမႈ အျဖာျဖာကို ကိုယ္တိုင္ကိုယ္က် ၀င္စားစံစားပါ။ သာဓုေခၚလ်က္ပါ။

ေမး ။ ေက်းဇူးတင္ပါတယ္ ဆရာႀကီး။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၁)
မေး ။ ဆရာကြီး မင်္ဂလာပါ။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ဟိုနေ့က ကျွန်တော် မေးခွန်းတစ်ခု ဆက်မေးမလို့ ဆရာကြီးရယ် – ကျန်ခဲ့လို့ပါ။
ဖြေ ။ ဘာကျန်ခဲ့တာလည်း။
မေး ။ အော် နိဗ္ဗာန်က လွတ်မြောက်ခြင်း အရသာရှိတယ်၊ နိဗ္ဗာန်ရဲ့ လွတ်မြောက်ခြင်းကို ဖိုလ်ဉာဏ်က ထိုးထွင်းသိတယ်ဆိုတော့ နိဗ္ဗာန်ကို စိတ်ကူးကြည့်လို့တော့ မရဘူးပေါ့နော်။
ဖြေ ။ စိတ်ကူးနဲ့ကြည့်ရင် စိတ်ကူးပဲ ဖြစ်မှာပေါ့။ ဒါပေမယ့်လို့ အနုမာန မျက်မှန်းဆ ဆိုတာရှိပါတယ် (Hypothetical Assumption) ပေါ့နော် – အဲဒီလို မှန်းဆပြီးတော့ နိဗ္ဗာန်ကို နှစ်ခြိုက်လို့ ရပါတယ်၊ ပူဇော်လို့လည်း ရပါတယ်။ ဒါကတော့ မှန်းဆတာပေါ့၊ တကယ်ရောက်တာ မဟုတ်ဘူး။ တကယ်ရောက်တဲ့ အခါကျ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ထိုးထွင်းပြီး နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေကို ဝင်စားတာပေါ့။ ဒီတော့ မရောက်ခင်လည်း မှန်းဆကောင်းပါတယ်။ ရောက်တော့လည်း ထိုးထွင်းဆင်ခြင်ရင်းနဲ့ ဝင်စားရတာပေါ့။ (၃၁) ဘုံကို ကြာကြာစွန့်နိုင်ရင် ကြာကြာနေနိုင်တယ်လေ – ဒါကြောင့် (တဒင်္ဂပဟာန််၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်) ဆိုပြီးရှိတယ်။ ခဏလေးနေတယ်၊ နည်းနည်းကြာတယ်၊ တော်တော်လေးကို ကြာတယ် ဆိုတာပါ။ နိဗ္ဗာန်မှာ ကြာကြာနေချင်ရင်တော့ ရုပ်နာမ်နဲ့ (၃၁) ဘုံကို တော်တော်လေး ပြတ်ပြတ်သားသား စွန့်ပယ်နိုင်ရတာပေါ့
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော်လည်း တစ်အံ့တစ်သြ ဖြစ်နေမိပါတယ် ဆရာကြီး။
ဖြေ ။ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်ထဲမှာ အံ့သြတယ်ဆိုတာပါတယ်။ ဒီ (၃၁) ဘုံ ထဲက သင်္ခတဓာတ်တွေနဲ့ နှိုင်းခိုင်းလို့ မရဘူး။ နှိုင်းခိုင်းစရာ ဥပမာ ထပ်တူထပ်မျှ (၃၁) ဘုံမှာ မရှိဘူး – နိဗ္ဗာန်က အဲဒီလာက်မြတ်တဲ့ အမြတ်ဆုံး အနုတ္တရဓာတ်၊ အသင်္ခတဓာတ်လို့ ခေါ်ပါတယ်။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် တစ်နေ့ ဒီဓာတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြု ဝင်စားနိုင်အောင် ကြိုးစားပါ့မယ်။
ဖြေ ။ ဒါတော့ ကြိုးစားရမှာပေါ့။ နိဗ္ဗာန်ကို ဝင်စားနိုင်မှ ကိုယ်က တရားကျင့်ရကျိုးနပ်မှာ။
မေး ။ ကောင်းပါပြီ ဆရာကြီးရယ်။ ကျွန်တော် ဆရာကြီး ဆိုဆုံးမတာတွေ၊ သွန်သင်တာတွေကို ကျွန်တော် နားလည်အောင် ကြိုးစားပြီးတဲ့နောက် တရားကိုဆက် အလုပ်လုပ်ပါ့မယ်။
ဖြေ ။ ကောင်းပါတယ်။ အလုပ်လုပ်ပါ။ အလုပ်လုပ်မှ ရမှာပဲ။ မလုပ်ရင်တော့ မရဘူး။ မလုပ်ဘဲနဲ့ ရတယ်ဆိုရင် အကရိယဒိဋ္ဌိ ဖြစ်မယ်လို့ ပြောဖူးသားပဲ။ လုပ်မှရမယ်။ လုပ်မှရမယ်ကို – “အတ္တကာရကဿ ပစ္စက္ခ ဒဿနတော”  တော လို့ ခေါ်တယ်။ ကိုယ်တိုင်လုပ်လိုက်မှ ကိုယ်တိုင်ရတာပါ။ ဒီတော့ ကိုယ်တိုင်ကြိုးစားပါ။ တရားကြိုးစားခြင်းအားဖြင့် ရရှိအပ်တဲ့ အမြတ်ချမ်းသာ ငြိမ်းအေးမှု အဖြာဖြာကို ကိုယ်တိုင်ကိုယ်ကျ ဝင်စားစံစားပါ။ သာဓုခေါ်လျက်ပါ။
မေး ။ ကျေးဇူးတင်ပါတယ် ဆရာကြီး။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *