၀ိပႆနာနည္းပညာအေမးအေျဖ (၁၀)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၀)

DSC_0431copyေမး ။ ဆရာႀကီး ကၽြန္ေတာ္လာၿပီ။

ေျဖ ။ လာ —

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ ျပႆနာ နည္းနည္းတက္ေနတယ္။

ေျဖ ။ ဘာျပႆနာလည္း။

ေမး ။ ပုဂၢိဳလ္တစ္ဦး လိုက္စားမလားလို႔ အက်ိဳးအေၾကာင္း မဲဆြယ္ၾကည့္တာ သူက က႑ေကာစ လုပ္ေနတယ္။

ေျဖ ။ ေအာ္ ေလာကြတ္ကလည္း ေခ်ာ္လိုက္တာ။ ကိုယ့္လုပ္ငန္း ကိုယ္လုပ္စမ္းပါ။

ေမး ။ ဟုတ္ပါတယ္ ဆရာႀကီး၊ ကၽြန္ေတာ္ သူစိမ္းေတြနဲ႔ စကားေျပာရတာ အာ႐ံုေနာက္ပါတယ္ ဆရာႀကီး။

ေျဖ ။ အာ႐ံုေနာက္ရင္ မေျပာနဲ႔ ေနာက္ကို။ သက္ေတာ္ထင္ရွား ရွိစဥ္တုန္းက သူစိမ္းေတြနဲ႔၊ တရားမလုပ္တဲ့သူနဲ႔ စကားေတာင္ မေျပာရဘူး။

ေမး ။ ေအာ္ ဟုတ္ကဲ့ ဆရာႀကီး။

ေျဖ ။ တရားလုပ္တဲ့သူနဲ႔ ေျပာရင္ေတာင္ လိုရင္းတိုရွင္းလည္း ေျပာရတယ္၊ ေနာက္ၿပီးေတာ့ ဘာအေၾကာင္း ညာအေၾကာင္းေတြ မေျပာရဘူး။ တရားအေၾကာင္းပဲ ေျပာရတယ္။ အဲဒါ ဆရာျမတ္ႀကီးက ပညတ္ေတာ္မူတယ္။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး- ကၽြန္ေတာ္ေနာက္ လူစိမ္းေတြကို အျပင္က ေပါက္တတ္ကရ စကားေတြ မေျပာေတာ့ပါဘူး။

ေျဖ ။ ေအး ေျပာေတာ့ ကိုယ္ပဲၿငိတာေပါ့။ ကိုယ့္အလုပ္ ကိုယ္လုပ္တာ အေကာင္းဆံုးပဲ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ မ၀င္စားေတာ့ပါဘူး —

ေျဖ ။ ေအး မ၀င္စားနဲ႔။ ဟိုတုန္းက ဆရာျမတ္ႀကီး လက္ေအာက္မွာဆိုရင္ မ်က္လံုးဖြင့္ရင္ေတာင္ သတိထားရတယ္။ ျပင္ပေလာကရဲ႕ ဂယက္ကို ျမင္ေတြ႕မွာစိုးလို႔။ ဒါေၾကာင့္ ဟဒရေတာင္ ပိတ္ထားရတာ။ အဲဒီေတာ့ အပိုေတြလည္း မေျပာနဲ႔။ တရားမလုပ္တဲ့သူေတြနဲ႔ အခ်ိန္ကုန္ မခံနဲ႔။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီး ကၽြန္ေတာ္ေနာက္ သတိထားပါ့မယ္။ ကၽြန္ေတာ္ ေမးခ်င္ေသးတယ္ ဆရာႀကီး။

ေျဖ ။ ဘာမ်ားလဲ —

ေမး ။ ဆရာႀကီး နိဗၺာန္က လြတ္ေျမာက္တဲ့ အရသာရွိတယ္လို႔ ကၽြန္ေတာ္၀င္စားေနတာ။ ဒါေပမယ့္ အဲဒီ လြတ္ေျမာက္တဲ့ အရသာကို ဘယ္သူက ခံစားတာလည္း ဆရာႀကီး။

ေျဖ ။ ေအာ္ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ကေပါ့။ ဖိုလ္ဉာဏ္က ထိုးထြင္းသိျမင္တာေပါ့။ ဘာျဖစ္လို႔လည္း။

ေမး ။ မဟုတ္ဘူး ကၽြန္ေတာ္က ငါ၊ သူတစ္ပါး၊ ေယာကၤ်ား၊ မိန္းမ မရွိေတာ့ နိဗၺာန္ကလည္း ဂုဏ္ရည္ေတြ ရွိတယ္ နိဗၺာန္ကလည္း တကယ္ရွိတယ္ဆိုေတာ့ နိဗၺာန္ရဲ႕ ဂုဏ္ရည္ကို ထိုးထြင္းသိျမင္တဲ့ သေဘာသဘာ၀ေလး သိခ်င္တာပါ။

ေျဖ ။ အဲဒါ ဖိုလ္ဉာဏ္ေပါ့။ မဂ္ဉာဏ္ ဖိုလ္ဉာဏ္က သိတာေပါ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး၊ ကၽြန္ေတာ္ သေဘာေပါက္ပါၿပီ။ ႐ုပ္နာမ္ကို ထားခဲ့ရတာေပါ့ေနာ္ —

ေျဖ ။ ႐ုပ္နာမ္လည္း ထားခဲ့ရတယ္၊ (၃၁) ဘံုလည္း ထားခဲ့ရတယ္။ အကုန္လံုး ထားခဲ့ၿပီးေတာ့ (ပရိ`ံဉာတဗၺကိစၥ) ပိုင္းျခားၿပီးေတာ့မွ (သစၥိကတဗၺကိစၥ) ဆိုတာ မ်က္ေမွာက္ျပဳရတာ။ အဲဒါ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ရဲ႕ အလုပ္ပဲ။ ဒါေၾကာင့္ ရေအာင္၊ အားႀကီးေအာင္လုပ္လို႔ ေျပာရတာ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ သေဘာေပါက္သြားပါၿပီ။ ကၽြန္ေတာ္ ဒီကိစၥကို အေလးအနက္ထားၿပီးေတာ့ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ရေအာင္နဲ႔ မဂ္ဉာဏ္ ဖိုလ္ဉာဏ္ေတြ ရၿပီးရင္လည္း မဂ္ဉာဏ္ ဖိုလ္ဉာဏ္ေတြ အားႀကီးေအာင္ ႀကိဳးစားဖို႔လည္း ကတိေပးပါတယ္ ဆရာႀကီး။

ေျဖ ။ သာဓု သာဓု သာဓု —

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၀)
မေး ။ ဆရာကြီး ကျွန်တော်လာပြီ။
ဖြေ ။ လာ —
မေး ။ ဆရာကြီး ကျွန်တော် ပြဿနာ နည်းနည်းတက်နေတယ်။
ဖြေ ။ ဘာပြဿနာလည်း။
မေး ။ ပုဂ္ဂိုလ်တစ်ဦး လိုက်စားမလားလို့ အကျိုးအကြောင်း မဲဆွယ်ကြည့်တာ သူက ကဏ္ဍကောစ လုပ်နေတယ်။
ဖြေ ။ အော် လောကွတ်ကလည်း ချော်လိုက်တာ။ ကိုယ့်လုပ်ငန်း ကိုယ်လုပ်စမ်းပါ။
မေး ။ ဟုတ်ပါတယ် ဆရာကြီး၊ ကျွန်တော် သူစိမ်းတွေနဲ့ စကားပြောရတာ အာရုံနောက်ပါတယ် ဆရာကြီး။
ဖြေ ။ အာရုံနောက်ရင် မပြောနဲ့ နောက်ကို။ ဆရာမြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်တုန်းက သူစိမ်းတွေနဲ့၊ တရားမလုပ်တဲ့သူနဲ့ စကားတောင် မပြောရဘူး။
မေး ။ အော် ဟုတ်ကဲ့ ဆရာကြီး။
ဖြေ ။ တရားလုပ်တဲ့သူနဲ့ ပြောရင်တောင် လိုရင်းတိုရှင်းလည်း ပြောရတယ်၊ နောက်ပြီးတော့ ဘာအကြောင်း ညာအကြောင်းတွေ မပြောရဘူး။ တရားအကြောင်းပဲ ပြောရတယ်။ အဲဒါ ဆရာမြတ်ကြီးက ပညတ်တော်မူတယ်။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး- ကျွန်တော်နောက် လူစိမ်းတွေကို အပြင်က ပေါက်တတ်ကရ စကားတွေ မပြောတော့ပါဘူး။
ဖြေ ။ အေး ပြောတော့ ကိုယ်ပဲငြိတာပေါ့။ ကိုယ့်အလုပ် ကိုယ်လုပ်တာ အကောင်းဆုံးပဲ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် မဝင်စားတော့ပါဘူး —
ဖြေ ။ အေး မဝင်စားနဲ့။ ဟိုတုန်းက ဆရာမြတ်ကြီး လက်အောက်မှာဆိုရင် မျက်လုံးဖွင့်ရင်တောင် သတိထားရတယ်။ ပြင်ပလောကရဲ့ ဂယက်ကို မြင်တွေ့မှာစိုးလို့။ ဒါကြောင့် ဟဒရတောင် ပိတ်ထားရတာ။ အဲဒီတော့ အပိုတွေလည်း မပြောနဲ့။ တရားမလုပ်တဲ့သူတွေနဲ့ အချိန်ကုန် မခံနဲ့။
မေး ။ ကောင်းပါပြီ ဆရာကြီး ကျွန်တော်နောက် သတိထားပါ့မယ်။ ကျွန်တော် မေးချင်သေးတယ် ဆရာကြီး။
ဖြေ ။ ဘာများလဲ —
မေး ။ ဆရာကြီး နိဗ္ဗာန်က လွတ်မြောက်တဲ့ အရသာရှိတယ်လို့ ကျွန်တော်ဝင်စားနေတာ။ ဒါပေမယ့် အဲဒီ လွတ်မြောက်တဲ့ အရသာကို ဘယ်သူက ခံစားတာလည်း ဆရာကြီး။
ဖြေ ။ အော် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကပေါ့။ ဖိုလ်ဉာဏ်က ထိုးထွင်းသိမြင်တာပေါ့။ ဘာဖြစ်လို့လည်း။
မေး ။ မဟုတ်ဘူး ကျွန်တော်က ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ မရှိတော့ နိဗ္ဗာန်ကလည်း ဂုဏ်ရည်တွေ ရှိတယ် နိဗ္ဗာန်ကလည်း တကယ်ရှိတယ်ဆိုတော့ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်ကို ထိုးထွင်းသိမြင်တဲ့ သဘောသဘာဝလေး သိချင်တာပါ။
ဖြေ ။ အဲဒါ ဖိုလ်ဉာဏ်ပေါ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ်က သိတာပေါ့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်တော် သဘောပေါက်ပါပြီ။ ရုပ်နာမ်ကို ထားခဲ့ရတာပေါ့နော် —
ဖြေ ။ ရုပ်နာမ်လည်း ထားခဲ့ရတယ်၊ (၃၁) ဘုံလည်း ထားခဲ့ရတယ်။ အကုန်လုံး ထားခဲ့ပြီးတော့ (ပရိ`ံဉာတဗ္ဗကိစ္စ) ပိုင်းခြားပြီးတော့မှ (သစ္စိကတဗ္ဗကိစ္စ) ဆိုတာ မျက်မှောက်ပြုရတာ။ အဲဒါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဲ့ အလုပ်ပဲ။ ဒါကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရအောင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် အားကြီးအောင်လုပ်လို့ ပြောရတာ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် သဘောပေါက်သွားပါပြီ။ ကျွန်တော် ဒီကိစ္စကို အလေးအနက်ထားပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ရပြီးရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ အားကြီးအောင် ကြိုးစားဖို့လည်း ကတိပေးပါတယ် ဆရာကြီး။
ဖြေ ။ သာဓု သာဓု သာဓု —
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *