၀ိပႆနာနည္းပညာအေမးအေျဖ (၉)

၀ိပႆနာနည္းပညာအေမးအေျဖ (၉)

motto4ေမး ။ ဆရာႀကီး မဂၤလာပါ ခင္ဗ်ာ။

ေျဖ ။ မဂၤလာပါ။

ေမး ။ ဆရာႀကီးကၽြန္ေတာ္ နိဗၺာန္ရဲ႕ ဂုဏ္ရည္ေတြ သိခ်င္တယ္ ဆရာႀကီး။

ေျဖ ။ နိဗၺာန္ရဲ႕ ဂုဏ္ရည္ေတြကေတာ့ အမ်ားႀကီးေပါ့ – အဓိက ဂုဏ္ရည္ကေတာ့ လြတ္ေျမာက္ျခင္းလို႔ ေျပာရမွာပဲ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ “သမုဒၵရာေရဟာ ငန္ေသာ အရသာရွိသကဲ့သို႔ နိဗၺာန္ရဲ႕ အရသာဟာ လြတ္ေျမာက္ျခင္း ရွိတယ္” လို႔ ဓမၼဒိႏၵာက အဲဒီလို ေဟာခဲ့ဖူးတယ္။ ဒီေတာ့ နိဗၺာန္ရဲ႕ ဂုဏ္ရည္ဟာ လြတ္ေျမာက္ျခင္းေပါ့။ တစ္ျခားဟာေတြက အမ်ားႀကီးေပါ့ နိဗၺာန္က ေကာင္းတယ္မို႔လား နိဗၺာန္က သိမ္ေမြ႕တယ္၊ အသိခက္တယ္၊ နက္႐ိႈင္းတယ္၊ ႏိႈင္းခိုင္းစရာ မရွိဘူး တို႔ဟာ နိဗၺာန္ရဲ႕ ဂုဏ္ရည္ေတြပါပဲ။

ေမး ။ ဆရာႀကီးရယ္ ဂုဏ္ရည္ေတြ ရွိတယ္ဆိုေတာ့ ကၽြန္ေတာ္ နိဗၺာန္ႀကီးကို အံၾသမိတယ္။

ေျဖ ။ အဲဒီ အံၾသတာလည္း နိဗၺာန္ရဲ႕ ဂုဏ္ရည္တစ္ခုပဲ။ နိဗၺာန္ဂုဏ္က အဲၾသစရာ ေကာင္းတယ္။ သူက အသခၤတကိုး – ဒီဘက္က (၃၁) ဘံုက သခၤတ၊ နိဗၺာန္က အသခၤတဆိုေတာ့ ျပဳျပင္စီရင္ျခင္းငွါ မအပ္ဘူးဆိုေတာ့ အံၾသစရာ ေကာင္းတာေပါ့။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ တရားဘက္ကို ေတာ္ေတာ္လုသြားၿပီေနာ္ –

ေျဖ ။ ေကာင္းတာေပါ့။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ တရားေပါက္သြားရင္ ဘယ္ႏွယ့္ေနမလဲ —

ေျဖ ။ ဟာ တရားေပါက္သြားေတာ့ သာဓုေခၚစရာ ေကာင္းတာေပါ့။

ေမး ။ အိမ္က မိသားစုရွိေသးတယ္ ဆရာႀကီးရဲ႕။

ေျဖ ။ ဟာ မိသားစုလည္း ေျပာခဲ့သားပဲ၊ သူတို႔လည္း (Reflective Glory) ဆိုတာရွိတယ္ေလ၊ သူတို႔လည္း ပူးတြဲၿပီးေတာ့ ကုသိုလ္ရတာေပါ့။ ဒါ ေကာင္းတာလုပ္တာပဲ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး၊ ကၽြန္ေတာ္ သိပ္ေပါက္သြားရင္ မိသားစုကို ေစာင့္ေရွာက္မယ့္သူ မရွိမွာစိုးလုိ႔။

ေျဖ ။ ဟာ ဒါကေတာ့ သူ႔ တရားက ေစာင့္ေရွာက္မွာေပါ့။ တရားပဲအရင္ ႀကိဳးစားစမ္းပါဦး။ လာဘ္ေတြ တအားေမွ်ာ္ေနေတာ့ ဒါေတြက အလုပ္မျဖစ္ပါဘူး။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး၊ ကၽြန္ေတာ္ စိတ္ကူးမိတာကို ေျပာတာပါ ဆရာႀကီး။ ကၽြန္ေတာ္ စြန္႔စြန္႔စားစား ႀကိဳစားပါ့မယ္။

ေျဖ ။ ႀကိဳးစားပါ ေအာင္ျမင္ျခင္းဟာ လက္တစ္ကမ္းပဲေလ။ ဒီေတာ့ သာသနာအတြင္းမွာ ႀကိဳးစား။ ေကာင္းတဲ့ဘက္က စံနမူနာျပတာ သိပ္ကုသိုလ္ရတာပဲ။ ႀကိဳစားေနာ္ သာဓုေခၚတယ္။ တရားႀကိဳးစားတယ္ဆိုေတာ့ သူေတာ္ေကာင္းေတြက သာဓုေခၚမွာေပါ့ –ဒါ ႀကိဳးစားသင့္တယ္ဆိုတဲ့သေဘာ။ သူေတာ္ေကာင္းေတြက ဟုတ္တာ မွန္တာ အက်ိဳးရွိတာ လုပ္ေကာင္းတယ္တဲ့။ ဒီေတာ့ တရားက်င့္တာဟာ လုပ္ေကာင္းတယ္။ ဒီေတာ့ ႀကိဳးစားပါ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ကၽြန္ေတာ္ ႀကိဳးစားပါ့မယ္။ နိဗၺာန္ရဲ႕ ဂုဏ္ရည္ေတြကိုလည္း ကၽြန္ေတာ္ မၾကာခဏ မွန္းဆ ၾကည္ညိဳပါ့မယ္ ဆရာႀကီး။

ေျဖ ။ ေကာင္းပါတယ္။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၉)
မေး ။ ဆရာကြီး မင်္ဂလာပါ ခင်ဗျာ။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ဆရာကြီးကျွန်တော် နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေ သိချင်တယ် ဆရာကြီး။
ဖြေ ။ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေကတော့ အများကြီးပေါ့ – အဓိက ဂုဏ်ရည်ကတော့ လွတ်မြောက်ခြင်းလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ “သမုဒ္ဒရာရေဟာ ငန်သော အရသာရှိသကဲ့သို့ နိဗ္ဗာန်ရဲ့ အရသာဟာ လွတ်မြောက်ခြင်း ရှိတယ်” လို့ ဓမ္မဒိန္ဒာက အဲဒီလို ဟောခဲ့ဖူးတယ်။ ဒီတော့ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်ဟာ လွတ်မြောက်ခြင်းပေါ့။ တစ်ခြားဟာတွေက အများကြီးပေါ့ နိဗ္ဗာန်က ကောင်းတယ်မို့လား နိဗ္ဗာန်က သိမ်မွေ့တယ်၊ အသိခက်တယ်၊ နက်ရှိုင်းတယ်၊ နှိုင်းခိုင်းစရာ မရှိဘူး တို့ဟာ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေပါပဲ။
မေး ။ ဆရာကြီးရယ် ဂုဏ်ရည်တွေ ရှိတယ်ဆိုတော့ ကျွန်တော် နိဗ္ဗာန်ကြီးကို အံသြမိတယ်။
ဖြေ ။ အဲဒီ အံသြတာလည်း နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တစ်ခုပဲ။ နိဗ္ဗာန်ဂုဏ်က အဲသြစရာ ကောင်းတယ်။ သူက အသင်္ခတကိုး – ဒီဘက်က (၃၁) ဘုံက သင်္ခတ၊ နိဗ္ဗာန်က အသင်္ခတဆိုတော့ ပြုပြင်စီရင်ခြင်းငှါ မအပ်ဘူးဆိုတော့ အံသြစရာ ကောင်းတာပေါ့။
မေး ။ ဆရာကြီး ကျွန်တော် တရားဘက်ကို တော်တော်လုသွားပြီနော် –
ဖြေ ။ ကောင်းတာပေါ့။
မေး ။ ဆရာကြီး ကျွန်တော် တရားပေါက်သွားရင် ဘယ်နှယ့်နေမလဲ —
ဖြေ ။ ဟာ တရားပေါက်သွားတော့ သာဓုခေါ်စရာ ကောင်းတာပေါ့။
မေး ။ အိမ်က မိသားစုရှိသေးတယ် ဆရာကြီးရဲ့။
ဖြေ ။ ဟာ မိသားစုလည်း ပြောခဲ့သားပဲ၊ သူတို့လည်း (Reflective Glory) ဆိုတာရှိတယ်လေ၊ သူတို့လည်း ပူးတွဲပြီးတော့ ကုသိုလ်ရတာပေါ့။ ဒါ ကောင်းတာလုပ်တာပဲ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်တော် သိပ်ပေါက်သွားရင် မိသားစုကို စောင့်ရှောက်မယ့်သူ မရှိမှာစိုးလို့။
ဖြေ ။ ဟာ ဒါကတော့ သူ့ တရားက စောင့်ရှောက်မှာပေါ့။ တရားပဲအရင် ကြိုးစားစမ်းပါဦး။ လာဘ်တွေ တအားမျှော်နေတော့ ဒါတွေက အလုပ်မဖြစ်ပါဘူး။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်တော် စိတ်ကူးမိတာကို ပြောတာပါ ဆရာကြီး။ ကျွန်တော် စွန့်စွန့်စားစား ကြိုစားပါ့မယ်။
ဖြေ ။ ကြိုးစားပါ အောင်မြင်ခြင်းဟာ လက်တစ်ကမ်းပဲလေ။ ဒီတော့ သာသနာအတွင်းမှာ ကြိုးစား။ ကောင်းတဲ့ဘက်က စံနမူနာပြတာ သိပ်ကုသိုလ်ရတာပဲ။ ကြိုစားနော် သာဓုခေါ်တယ်။ တရားကြိုးစားတယ်ဆိုတော့ သူတော်ကောင်းတွေက သာဓုခေါ်မှာပေါ့ –ဒါ ကြိုးစားသင့်တယ်ဆိုတဲ့သဘော။ သူတော်ကောင်းတွေက ဟုတ်တာ မှန်တာ အကျိုးရှိတာ လုပ်ကောင်းတယ်တဲ့။ ဒီတော့ တရားကျင့်တာဟာ လုပ်ကောင်းတယ်။ ဒီတော့ ကြိုးစားပါ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော် ကြိုးစားပါ့မယ်။ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေကိုလည်း ကျွန်တော် မကြာခဏ မှန်းဆ ကြည်ညိုပါ့မယ် ဆရာကြီး။
ဖြေ ။ ကောင်းပါတယ်။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *