၀ိပႆနာနည္းပညာအေမးအေျဖ (၈)

၀ိပႆနာနည္းပညာအေမးအေျဖ (၈)

motto3ေမး ။ ဆရာႀကီး မဂၤလာပါ။

ေျဖ ။ မဂၤလာပါ။

ေမး ။ ကၽြန္ေတာ္ ဒီေန႔ အတန္းတက္ခ်င္တယ္ ဆရာႀကီး။

ေျဖ ။ ဘာအတန္းေတြ တက္ခ်င္တာလဲ။

ေမး ။ အဆင့္ျမင့္ အတန္းကို တက္ခ်င္တယ္ ဆရာႀကီးရယ္။ ကၽြန္ေတာ္ တရားမွာ အဆင့္ျမင့္ခ်င္တယ္။ အဲဒီေတာ့ အဆင့္ျမင့္တဲ့ နည္းပညာေပးပါ။

ေျဖ ။ အဆင့္ျမင့္တဲ့ နည္းပညာလား —

ေမး ။ ဟုတ္ပါတယ္ ဆရာႀကီး။

ေျဖ ။ အဆင့္ျမင့္တဲ့ နည္းပညာဆိုရင္ ပယ္၊ သတ္၊ စြန္႔၊ ျဖတ္ က်င့္စဥ္ က်င့္ေပါ့။

ေမး ။ ဆရာႀကီး ဘယ္လို ပယ္သတ္ရမွာလည္း ဆရာႀကီး။

ေျဖ ။ ပယ္စရာရွိတာ ပယ္ရမယ္ေလ၊ မပယ္ရင္ ကိုယ္က တက္မွာ မဟုတ္ဘူး။ ဒီေတာ့ ပယ္စရာရွိတာ ပယ္ရမယ္။ သတ္စရာရွိတာ သတ္ရမယ္၊ သတ္စရာ မသတ္ဘဲ ရွင္သန္ေနရင္ ကိုယ့္ကို ၀ါးစားသြားလိမ့္မယ္။ စြန္႔စရာရွိတာ စြန္႔ရမယ္၊ စြန္႔စရာရွိတာကို မစြန္႔လို႔ရွိရင္ ကိုယ္က ဘယ္ေတာ့မွ အထက္မေရာက္ႏိုင္ဘူး။ ျဖတ္စရာရွိတာ  ျဖတ္ရမယ္၊ မျဖတ္ဘဲ ဆက္ေနလို႔ရွိရင္ ကိုယ္က ႏြံထဲကိို နစ္သြားမွာ တျဖည္းျဖည္း။ ဒီေတာ့ ပယ္၊ သတ္၊ စြန္႔၊ ျဖတ္ က်င့္စဥ္ကို တျဖည္းျဖည္း က်င့္ေပေတာ့။

ေမး ။ ဟာ ဆရာႀကီး ေကာင္းလွခ်ည္လား။

ေျဖ ။ ဒါ လက္ေတြ႕ သမားေတြ က်င့္တဲ့ က်င့္စဥ္ပဲ။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္လည္း လက္ေတြ႕သမား ျဖစ္ၿပီလား။

ေျဖ ။ ကိုယ္တိုင္ အသိဆံုးေပါ့ – ကိုယ္အခုလုပ္ေနတာ၊ လက္ေတြ႕လုပ္ေနတာပဲ။ ဒါဟာ လက္ေတြ႕က်င့္စဥ္ေပါ့ သို႔ေသာ္လည္း ဒီထက္ဒီ ထိေရာက္ဖို႔ေတာ့ လိုေသးတယ္။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး ကၽြန္ေတာ္ ထိေရာက္ေအာင္ က်င့္ပါ့မယ္။ ကၽြန္ေတာ္ကေတာ့ အားရွိတယ္ ဆရာႀကီး။

ေျဖ ။ အားရွိရမွာေပါ့။ မွန္တာ ဟုတ္တာ လုပ္တဲ့ပုဂၢိဳလ္ဟာ အား ရွိကိုရွိရမယ္။ ဒါဟာ သဘာ၀ပဲ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။

ေျဖ ။ ဟုတ္ရာ၊ မွန္ရာ အက်ိဳးရွိရာကို လုပ္ဖို႔ သူေတာ္ေကာင္းေတြကလည္း မိန္႔တယ္။ ဘာမွ ေၾကာက္စရာ မလိုဘူး။ ဟုတ္ရင္ ၿပီးတာပဲ၊ မွန္ရင္ ၿပီးတာပဲ၊ အက်ိဳးရွိရင္ ၿပီးတာပဲ – ဒါပဲ။ ဒါကို တစ္ေသြမတိမ္း နာခံလိုက္နာၿပီးေတာ့ က်င့္ေပေတာ့။

ေမး ။ ဟာ က်င့္ပါ့မယ္ ဆရာႀကီး။ ကၽြန္ေတာ္က အခု အက်င့္သမား ျဖစ္ရတာလည္း ဂုဏ္ယူေနတဲ့ ပုဂၢိဳလ္ပါ။ ကၽြန္ေတာ္ လက္ေတြ႕ လုပ္ၿပီးေတာ့ ထိထိေရာက္ေရာက္ ေအာင္ျမင္ခ်င္တာပဲ ေဟးေလး၀ါးေလးနဲ႔လည္း ေတာလိုက္ ေတာင္လိုက္ ပကာသန လူအထင္ႀကီးေအာင္လည္း မလုပ္လိုပါဘူး ဆရာႀကီးရယ္ – ဒီေတာ့ ဆရာႀကီး တပည့္ ပီသေအာင္ ႀကိဳးစားပါ့မယ္။

ေျဖ ။ ႀကိဳးစားပါ ေလာကႀကီးမွာေတာ့ ႀကိဳးစားရမွာပဲ။ ႀကိဳးစားမွ ေအာင္ျမင္မွာပဲ။ ေအာင္ျမင္ျခင္းအတြက္ ႀကိဳးစားရမွာပဲ။ ေအာင္ျမင္သူေတြဟာ ႀကိဳးစားခဲ့ၿပီးေတာ့ ႀကိဳးစားခဲ့တဲ့ ပုဂၢိဳလ္ေတြဟာ ေအာင္ျမင္ၾကတဲ့အေၾကာင္း သတင္းေကာင္း ေပးပါတယ္။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီး သာဓုပါ၊ ကၽြန္ေတာ္ နာခံၿပီးေတာ့ ဆက္က်င့္ႀကံပါ့မယ္ ဆရာႀကီး။

ေျဖ ။ သာဓု သာဓု သာဓု။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

 

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၈)
မေး ။ ဆရာကြီး မင်္ဂလာပါ။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ကျွန်တော် ဒီနေ့ အတန်းတက်ချင်တယ် ဆရာကြီး။
ဖြေ ။ ဘာအတန်းတွေ တက်ချင်တာလဲ။
မေး ။ အဆင့်မြင့် အတန်းကို တက်ချင်တယ် ဆရာကြီးရယ်။ ကျွန်တော် တရားမှာ အဆင့်မြင့်ချင်တယ်။ အဲဒီတော့ အဆင့်မြင့်တဲ့ နည်းပညာပေးပါ။
ဖြေ ။ အဆင့်မြင့်တဲ့ နည်းပညာလား —
မေး ။ ဟုတ်ပါတယ် ဆရာကြီး။
ဖြေ ။ အဆင့်မြင့်တဲ့ နည်းပညာဆိုရင် ပယ်၊ သတ်၊ စွန့်၊ ဖြတ် ကျင့်စဉ် ကျင့်ပေါ့။
မေး ။ ဆရာကြီး ဘယ်လို ပယ်သတ်ရမှာလည်း ဆရာကြီး။
ဖြေ ။ ပယ်စရာရှိတာ ပယ်ရမယ်လေ၊ မပယ်ရင် ကိုယ်က တက်မှာ မဟုတ်ဘူး။ ဒီတော့ ပယ်စရာရှိတာ ပယ်ရမယ်။ သတ်စရာရှိတာ သတ်ရမယ်၊ သတ်စရာ မသတ်ဘဲ ရှင်သန်နေရင် ကိုယ့်ကို ၀ါးစားသွားလိမ့်မယ်။ စွန့်စရာရှိတာ စွန့်ရမယ်၊ စွန့်စရာရှိတာကို မစွန့်လို့ရှိရင် ကိုယ်က ဘယ်တော့မှ အထက်မရောက်နိုင်ဘူး။ ဖြတ်စရာရှိတာ  ဖြတ်ရမယ်၊ မဖြတ်ဘဲ ဆက်နေလို့ရှိရင် ကိုယ်က နွံထဲကိို နစ်သွားမှာ တဖြည်းဖြည်း။ ဒီတော့ ပယ်၊ သတ်၊ စွန့်၊ ဖြတ် ကျင့်စဉ်ကို တဖြည်းဖြည်း ကျင့်ပေတော့။
မေး ။ ဟာ ဆရာကြီး ကောင်းလှချည်လား။
ဖြေ ။ ဒါ လက်တွေ့ သမားတွေ ကျင့်တဲ့ ကျင့်စဉ်ပဲ။
မေး ။ ဆရာကြီး ကျွန်တော်လည်း လက်တွေ့သမား ဖြစ်ပြီလား။
ဖြေ ။ ကိုယ်တိုင် အသိဆုံးပေါ့ – ကိုယ်အခုလုပ်နေတာ၊ လက်တွေ့လုပ်နေတာပဲ။ ဒါဟာ လက်တွေ့ကျင့်စဉ်ပေါ့ သို့သော်လည်း ဒီထက်ဒီ ထိရောက်ဖို့တော့ လိုသေးတယ်။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော် ထိရောက်အောင် ကျင့်ပါ့မယ်။ ကျွန်တော်ကတော့ အားရှိတယ် ဆရာကြီး။
ဖြေ ။ အားရှိရမှာပေါ့။ မှန်တာ ဟုတ်တာ လုပ်တဲ့ပုဂ္ဂိုလ်ဟာ အား ရှိကိုရှိရမယ်။ ဒါဟာ သဘာဝပဲ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။
ဖြေ ။ ဟုတ်ရာ၊ မှန်ရာ အကျိုးရှိရာကို လုပ်ဖို့ သူတော်ကောင်းတွေကလည်း မိန့်တယ်။ ဘာမှ ကြောက်စရာ မလိုဘူး။ ဟုတ်ရင် ပြီးတာပဲ၊ မှန်ရင် ပြီးတာပဲ၊ အကျိုးရှိရင် ပြီးတာပဲ – ဒါပဲ။ ဒါကို တစ်သွေမတိမ်း နာခံလိုက်နာပြီးတော့ ကျင့်ပေတော့။
မေး ။ ဟာ ကျင့်ပါ့မယ် ဆရာကြီး။ ကျွန်တော်က အခု အကျင့်သမား ဖြစ်ရတာလည်း ဂုဏ်ယူနေတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် လက်တွေ့ လုပ်ပြီးတော့ ထိထိရောက်ရောက် အောင်မြင်ချင်တာပဲ ဟေးလေးဝါးလေးနဲ့လည်း တောလိုက် တောင်လိုက် ပကာသန လူအထင်ကြီးအောင်လည်း မလုပ်လိုပါဘူး ဆရာကြီးရယ် – ဒီတော့ ဆရာကြီး တပည့် ပီသအောင် ကြိုးစားပါ့မယ်။
ဖြေ ။ ကြိုးစားပါ လောကကြီးမှာတော့ ကြိုးစားရမှာပဲ။ ကြိုးစားမှ အောင်မြင်မှာပဲ။ အောင်မြင်ခြင်းအတွက် ကြိုးစားရမှာပဲ။ အောင်မြင်သူတွေဟာ ကြိုးစားခဲ့ပြီးတော့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အောင်မြင်ကြတဲ့အကြောင်း သတင်းကောင်း ပေးပါတယ်။
မေး ။ ကောင်းပါပြီ ဆရာကြီး သာဓုပါ၊ ကျွန်တော် နာခံပြီးတော့ ဆက်ကျင့်ကြံပါ့မယ် ဆရာကြီး။
ဖြေ ။ သာဓု သာဓု သာဓု။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *