၀ိပႆနာနည္းပညာအေမးအေျဖ (၇)

၀ိပႆနာနည္းပညာအေမးအေျဖ (၇)

DSC_7645copyေမး ။ ဆရာႀကီးခင္ဗ်ာ ကၽြန္ေတာ္ ႐ိုေသစြာ ဂါ၀ရျပဳပါတယ္။

ေျဖ ။ ဆိုစမ္းပါဦး ဒီေန႔ဘာေတြ ေမးမွာလဲ၊ ေျပာမွာလဲ —

ေမး ။ ကၽြန္ေတာ္ ေမးရမွာေတြက မ်ားလာတယ္ ဆရာႀကီးရယ္၊ ဒါ တိုးတက္တာပဲ ေနမွာေပါ့ေနာ္။

ေျဖ ။ ဘာေတြ ေမးခ်င္တာလဲ။

ေမး ။ ဆရာႀကီး မဂ္တို႔ ဖိုလ္တို႔ ဆိုတာ ဘယ္လိုဟာေတြလဲ –

ေျဖ ။ မဂ္ဆိုတာ အၾကည္ဓာတ္ေပါ့ – ဖိုလ္ဆိုတာ ထိုးထြင္းတယ္ေလ။ ထိုးထြင္းတယ္ဆိုတဲ့ အဓိပၸာယ္က နည္းနည္းခက္တယ္။

ေမး ။ ဟာ ေျပာျပပါဦး ဆရာႀကီး၊ ကၽြန္ေတာ္ သိပ္ခက္တာေတြ က်ေတာ့လည္း မလိုက္ႏိုင္လို႔ပါ။

ေျဖ ။ ထိုးထြင္းတယ္ဆိုတာ မဂ္ကေန ဖိုလ္ကိုကူးေတာ့၊ ဖိုလ္က ထိုးထြင္းသြားတာေပါ့။ တကယ္လို႔ မဂ္မရေသးဘူး ဖိုလ္လည္း ကူးလို႔မရဘူးဆိုရင္ – လူက ႀကံစည္တာေပါ့ေနာ္။ တရား႐ႈလိုက္လို႔ အပ်က္ကို မလိုခ်င္ေတာ့ဘူး ျဖစ္လာတဲ့အခါ တျဖည္းျဖည္းနဲ႔ မဂ္ကေန ဖိုလ္ကူးေတာ့ – အဲဒီလို ဖိုလ္က်ေတာ့ ထိုးထြင္းတယ္လို႔ ေခၚတယ္။ မဂ္မရခင္က ကိုယ့္ဖာသာကိုယ္က စိတ္ကူးတယ္ ႀကံဆတယ္ေပါ့ေနာ္ — အဲဒီလို ကြာဟတာေပါ့။

ေမး ။ မဂ္က အေရးႀကီးတာေပါ့ေနာ္ ဆရာႀကီး။

ေျဖ ။ ဟာ အေရးႀကီးတာေပါ့ – မဂ္အား ဖိုလ္အား ေကာင္းဖို႔က လိုတယ္ေလ။  ဒါမွ မဂ္က ျဖတ္တယ္ေလ၊ အျဖတ္အေတာက္ေတြ ပိုင္တာေပါ့။ ဖိုလ္က်ေတာ့ ေအးျမသြားတာေပါ့ေနာ္ တရားရဲ႕အတြင္း ၀င္သြားတာေပါ့။ ဒါ ေအးျမတယ္လို႔ ေခၚပါတယ္။

ေမး ။ ဆရာႀကီး ေ၀ါဟာရေတြက သူ႔အဓိပၸာယ္နဲ႔သူ အတိအက် ရွိတယ္ေနာ္ –

ေျဖ ။ ဟာ ရွိတာေပါ့၊ ေ၀ါဟာရ မတိက်ရင္ ၿဖီးျဖန္းေနတာပဲေလ။ ေ၀ါဟာရ အတိအက် ရွိတယ္။ မဂ္ဆိုတာ ျဖတ္ေတာက္တတ္တယ္၊ ၾကည္တယ္။ ဖိုလ္ဆိုတာ  ထိုးထြင္းတတ္တယ္၊ ေအးတယ္။ ကိုယ္က ေအးသြားလို႔ရွိရင္ အဲဒါ ေသာကေတြ ဘာေတြကို ဖိုလ္နဲ႔ ညႇိမ္းလိုက္လို႔ ေအးသြားလို႔ရွိရင္ တစ္ခါတည္း ၿငိမ္းသြားတာေပါ့၊ သိပ္စြမ္းတာေပါ့။

ေမး ။ အဲဒီမဂ္က ေမြးကတည္းက ပါလာတာေတာ့ မဟုတ္ဘူးေနာ္ ဆရာႀကီး –

ေျဖ ။ ဘယ္ဟုတ္မလဲ၊ မဂ္ဆိုတာက လုပ္ယူမွ ရတာေလ။ အလိုလို ပါလာတယ္ ရွိေနတယ္ဆိုရင္ ဒါ အကရိယဒိ႒ိပဲ။ မဂ္ကို တည္ေဆာက္ရတယ္ဆိုမွ “အတၱကာရကႆ ပစၥကၡ ဒႆနေတာ”  ကိုယ္ကိုယ္တို္င္ တည္ေဆာက္ၿပီးရတာ။ မတည္ေဆာက္ဘဲနဲ႔လည္း မရဘူး။ မႀကိဳးစားဘဲနဲ႔လည္း မရဘူး၊ အေၾကာင္းမခံဘဲနဲ႔လည္း မရဘူး၊ အေၾကာင္းခံမွရတာ။ အေၾကာင္းမခံဘဲနဲ႔ ရတယ္ဆိုရင္ အကရိယဒိ႒ိ ျဖစ္သြားမွာေပါ့။ သူ႔ဘာသာသူကြာ ရခ်င္တဲ့ေန႔ ရလိမ့္မယ္ – ဒီလိုမဟုတ္ဘူး တရားက ကိုယ္ႀကိဳးစားရတယ္။ ႀကိဳးစားလို႔ ရလိုက္ရင္ ဘာေၾကာင့္ရလည္း လက္ေတြ႕ႀကိဳးစားလို႔ ရတယ္ဆိုတဲ့အေျဖ ထုတ္ရတယ္။ ပါဠိလိုေတာ့ “အတၱကာရကႆ ပစၥကၡ ဒႆနေတာ” လို႔ ေခၚပါတယ္။

ေမး ။ ဆရာႀကီးရယ္ ကၽြန္ေတာ္ ဗဟုသုတေတြက တျဖည္းျဖည္းနဲ႔ မိုးသီးမိုးေပါက္ပမာ က်လာေတာ့ ကၽြန္ေတာ္လည္း ေတာ္ေတာ့္ကို ႏိုင္ေအာင္လုပ္ရပါတယ္။

ေျဖ ။ ဒါေၾကာင့္မို႔ လိုရင္းကို က်င့္ခိုင္းတာေပါ့။ က်င့္သာက်င့္ပါ က်င့္တဲ့အခါက် ရင့္က်က္လာတာေပါ့။

ေမး ။ က်င့္ပါတယ္ ဆရာႀကီးရယ္ – ကၽြန္ေတာ္အခု အဓိ႒ာန္နဲ႔ကို သတ္သတ္မွတ္မွတ္ က်င့္တယ္။ ကၽြန္ေတာ္ အျပတ္က်င့္ေနတာ – ေနာက္ တရားကိုလည္း ႀကိဳက္ပါတယ္။ တရားကလည္း အရသာရွိတယ္လို႔ အဆိုရွိဖူးတယ္ေလ။

ေျဖ ။ ဟုတ္တယ္၊ တရားမွာ အရသာ ရွိတာေပါ့။ တရားက ၿငိမ္းေအးတဲ့ အရသာ၊ တည္ၿငိမ္တဲ့ အရသာ၊ တရားမွာအရသာ ရွိတယ္။ အဓိက တရားရဲ႕ အရသာကေတာ့ လြတ္ေျမာက္ျခင္း ပါပဲ။

ေမး ။ လြတ္ေျမာက္ျခင္းဆိုတာ ႐ုပ္နာမ္က လြတ္ေျမာက္တာေပါ့ေနာ္ ဆရာႀကီး

ေျဖ ။ ဟုတ္တယ္ ႐ုပ္နာမ္က လြတ္ေျမာက္တာ၊ ႐ုပ္နာမ္မွအပ သီးျခားကြင္လြတ္စြာ လြတ္ေျမာက္ေနတာ။ အဲဒါ နိဗၺာနဓာတ္ ျမတ္ေသာတရား ၀င္စားတဲ့အခါမွာ ထူးျခားတာေပါ့။

ေမး ။ ေအာ္ လိုက္စားေတာ့လည္း ေတာ္ေတာ္ေလးေတာ့ ဗဟုသုတေတြ တိုးတယ္ေနာ္ ဆရာႀကီး –

ေျဖ ။ ပညာရပ္ပဲ သူေတာ္ေကာင္းႀကီးေတြ ခ်မွတ္ထားတဲ့ လမ္းစဥ္ပဲ။ သူေတာ္ေကာင္းႀကီးေတြဆိုတာ သိပ္ၾကည္ညိဳစရာ ေကာင္းတာ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။

ေျဖ ။ သူေတာ္ေကာင္းေတြဆိုတာ သိပ္ေက်းဇူးတင္စရာေကာင္းတာ၊ ဒါကို ကုိယ္က သိတတ္ရမယ္။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ နာခံပါ့မယ္။

ေျဖ ။ ေအး ေအး — က်င့္ျခင္းနဲ႔ တန္ဆာဆင္ေပါ့ေနာ္ —

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး

ေျဖ ။ ေအး ေအး ေကာင္းၿပီ ေကာင္းၿပီ။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၇)
မေး ။ ဆရာကြီးခင်ဗျာ ကျွန်တော် ရိုသေစွာ ဂါဝရပြုပါတယ်။
ဖြေ ။ ဆိုစမ်းပါဦး ဒီနေ့ဘာတွေ မေးမှာလဲ၊ ပြောမှာလဲ —
မေး ။ ကျွန်တော် မေးရမှာတွေက များလာတယ် ဆရာကြီးရယ်၊ ဒါ တိုးတက်တာပဲ နေမှာပေါ့နော်။
ဖြေ ။ ဘာတွေ မေးချင်တာလဲ။
မေး ။ ဆရာကြီး မဂ်တို့ ဖိုလ်တို့ ဆိုတာ ဘယ်လိုဟာတွေလဲ –
ဖြေ ။ မဂ်ဆိုတာ အကြည်ဓာတ်ပေါ့ – ဖိုလ်ဆိုတာ ထိုးထွင်းတယ်လေ။ ထိုးထွင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က နည်းနည်းခက်တယ်။
မေး ။ ဟာ ပြောပြပါဦး ဆရာကြီး၊ ကျွန်တော် သိပ်ခက်တာတွေ ကျတော့လည်း မလိုက်နိုင်လို့ပါ။
ဖြေ ။ ထိုးထွင်းတယ်ဆိုတာ မဂ်ကနေ ဖိုလ်ကိုကူးတော့၊ ဖိုလ်က ထိုးထွင်းသွားတာပေါ့။ တကယ်လို့ မဂ်မရသေးဘူး ဖိုလ်လည်း ကူးလို့မရဘူးဆိုရင် – လူက ကြံစည်တာပေါ့နော်။ တရားရှုလိုက်လို့ အပျက်ကို မလိုချင်တော့ဘူး ဖြစ်လာတဲ့အခါ တဖြည်းဖြည်းနဲ့ မဂ်ကနေ ဖိုလ်ကူးတော့ – အဲဒီလို ဖိုလ်ကျတော့ ထိုးထွင်းတယ်လို့ ခေါ်တယ်။ မဂ်မရခင်က ကိုယ့်ဖာသာကိုယ်က စိတ်ကူးတယ် ကြံဆတယ်ပေါ့နော် — အဲဒီလို ကွာဟတာပေါ့။
မေး ။ မဂ်က အရေးကြီးတာပေါ့နော် ဆရာကြီး။
ဖြေ ။ ဟာ အရေးကြီးတာပေါ့ – မဂ်အား ဖိုလ်အား ကောင်းဖို့က လိုတယ်လေ။  ဒါမှ မဂ်က ဖြတ်တယ်လေ၊ အဖြတ်အတောက်တွေ ပိုင်တာပေါ့။ ဖိုလ်ကျတော့ အေးမြသွားတာပေါ့နော် တရားရဲ့အတွင်း ဝင်သွားတာပေါ့။ ဒါ အေးမြတယ်လို့ ခေါ်ပါတယ်။
မေး ။ ဆရာကြီး ဝေါဟာရတွေက သူ့အဓိပ္ပာယ်နဲ့သူ အတိအကျ ရှိတယ်နော် –
ဖြေ ။ ဟာ ရှိတာပေါ့၊ ဝေါဟာရ မတိကျရင် ဖြီးဖြန်းနေတာပဲလေ။ ဝေါဟာရ အတိအကျ ရှိတယ်။ မဂ်ဆိုတာ ဖြတ်တောက်တတ်တယ်၊ ကြည်တယ်။ ဖိုလ်ဆိုတာ  ထိုးထွင်းတတ်တယ်၊ အေးတယ်။ ကိုယ်က အေးသွားလို့ရှိရင် အဲဒါ သောကတွေ ဘာတွေကို ဖိုလ်နဲ့ ညှိမ်းလိုက်လို့ အေးသွားလို့ရှိရင် တစ်ခါတည်း ငြိမ်းသွားတာပေါ့၊ သိပ်စွမ်းတာပေါ့။
မေး ။ အဲဒီမဂ်က မွေးကတည်းက ပါလာတာတော့ မဟုတ်ဘူးနော် ဆရာကြီး –
ဖြေ ။ ဘယ်ဟုတ်မလဲ၊ မဂ်ဆိုတာက လုပ်ယူမှ ရတာလေ။ အလိုလို ပါလာတယ် ရှိနေတယ်ဆိုရင် ဒါ အကရိယဒိဋ္ဌိပဲ။ မဂ်ကို တည်ဆောက်ရတယ်ဆိုမှ “အတ္တကာရကဿ ပစ္စက္ခ ဒဿနတော”  ကိုယ်ကိုယ်တို်င် တည်ဆောက်ပြီးရတာ။ မတည်ဆောက်ဘဲနဲ့လည်း မရဘူး။ မကြိုးစားဘဲနဲ့လည်း မရဘူး၊ အကြောင်းမခံဘဲနဲ့လည်း မရဘူး၊ အကြောင်းခံမှရတာ။ အကြောင်းမခံဘဲနဲ့ ရတယ်ဆိုရင် အကရိယဒိဋ္ဌိ ဖြစ်သွားမှာပေါ့။ သူ့ဘာသာသူကွာ ရချင်တဲ့နေ့ ရလိမ့်မယ် – ဒီလိုမဟုတ်ဘူး တရားက ကိုယ်ကြိုးစားရတယ်။ ကြိုးစားလို့ ရလိုက်ရင် ဘာကြောင့်ရလည်း လက်တွေ့ကြိုးစားလို့ ရတယ်ဆိုတဲ့အဖြေ ထုတ်ရတယ်။ ပါဠိလိုတော့ “အတ္တကာရကဿ ပစ္စက္ခ ဒဿနတော” လို့ ခေါ်ပါတယ်။
မေး ။ ဆရာကြီးရယ် ကျွန်တော် ဗဟုသုတတွေက တဖြည်းဖြည်းနဲ့ မိုးသီးမိုးပေါက်ပမာ ကျလာတော့ ကျွန်တော်လည်း တော်တော့်ကို နိုင်အောင်လုပ်ရပါတယ်။
ဖြေ ။ ဒါကြောင့်မို့ လိုရင်းကို ကျင့်ခိုင်းတာပေါ့။ ကျင့်သာကျင့်ပါ ကျင့်တဲ့အခါကျ ရင့်ကျက်လာတာပေါ့။
မေး ။ ကျင့်ပါတယ် ဆရာကြီးရယ် – ကျွန်တော်အခု အဓိဋ္ဌာန်နဲ့ကို သတ်သတ်မှတ်မှတ် ကျင့်တယ်။ ကျွန်တော် အပြတ်ကျင့်နေတာ – နောက် တရားကိုလည်း ကြိုက်ပါတယ်။ တရားကလည်း အရသာရှိတယ်လို့ အဆိုရှိဖူးတယ်လေ။
ဖြေ ။ ဟုတ်တယ်၊ တရားမှာ အရသာ ရှိတာပေါ့။ တရားက ငြိမ်းအေးတဲ့ အရသာ၊ တည်ငြိမ်တဲ့ အရသာ၊ တရားမှာအရသာ ရှိတယ်။ အဓိက တရားရဲ့ အရသာကတော့ လွတ်မြောက်ခြင်း ပါပဲ။
မေး ။ လွတ်မြောက်ခြင်းဆိုတာ ရုပ်နာမ်က လွတ်မြောက်တာပေါ့နော် ဆရာကြီး
ဖြေ ။ ဟုတ်တယ် ရုပ်နာမ်က လွတ်မြောက်တာ၊ ရုပ်နာမ်မှအပ သီးခြားကွင်လွတ်စွာ လွတ်မြောက်နေတာ။ အဲဒါ နိဗ္ဗာနဓာတ် မြတ်သောတရား ဝင်စားတဲ့အခါမှာ ထူးခြားတာပေါ့။
မေး ။ အော် ၀ိပဿနာ လိုက်စားတော့လည်း တော်တော်လေးတော့ ဗဟုသုတတွေ တိုးတယ်နော် ဆရာကြီး –
ဖြေ ။ လောကုတ္တရာ ပညာရပ်ပဲ သူတော်ကောင်းကြီးတွေ ချမှတ်ထားတဲ့ လမ်းစဉ်ပဲ။ သူတော်ကောင်းကြီးတွေဆိုတာ သိပ်ကြည်ညိုစရာ ကောင်းတာ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။
ဖြေ ။ သူတော်ကောင်းတွေဆိုတာ သိပ်ကျေးဇူးတင်စရာကောင်းတာ၊ ဒါကို ကိုယ်က သိတတ်ရမယ်။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် နာခံပါ့မယ်။
ဖြေ ။ အေး အေး — ကျင့်ခြင်းနဲ့ တန်ဆာဆင်ပေါ့နော် —
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး
ဖြေ ။ အေး အေး ကောင်းပြီ ကောင်းပြီ။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *