၀ိပႆနာနည္းပညာအေမးအေျဖ (၆)

၀ိပႆနာနည္းပညာအေမးအေျဖ (၆)

DSC_9428ေမး ။ ဆရာႀကီး မဂၤလာပါ။

ေျဖ ။ မဂၤလာပါ။

ေမး ။ ကၽြန္ေတာ္ေတာ့ Camp ၀င္ေနၿပီ ဆရာႀကီး။

ေျဖ။ ဘာအတြက္လည္း။

ေမး။ သစၥာသိဖို႔ အတြက္ေပါ့ ဆရာႀကီးရယ္။

ေျဖ ။ ေကာင္းတာေပါ့။

ေမး ။ ကၽြန္ေတာ္ ေလာကႀကီးကို ခဏ ေခါက္ထားၾကည့္တယ္ ဆရာႀကီး။

ေျဖ ။ ေလာကဆိုတာေတာ့ ေခါက္ရမွာပဲ။

ေမး ။ကၽြန္ေတာ္အခု ရင္ထဲမွာ လြတ္တြတ္ လြတ္တြတ္နဲ႔ ေတာ္ေတာ္ေလးေတာ့ ေနလို႔ေကာင္းတယ္။

ေျဖ။ ေနလို႔ေကာင္းေပမယ့္ သူ႕ကိုလည္း လက္ခံလို႔ မျဖစ္ဘူး၊ အပ်က္႐ႈတဲ့လိုင္း သြားရမွာပဲ။

ေမး ။ ဟုတ္ကဲ့ပါဆရာႀကီး ကၽြန္ေတာ္ နာခံပါ့မယ္၊ ႐ႈပါ့မယ္ ဆရာႀကီး။

ေျဖ ။ မ႐ႈခင္ကထက္ စာရင္ေတာ့ အခုဟာ ေကာင္းေနတယ္လို႔ ေျပာလို႔ရေပမယ့္ ဒါ လမ္းဆံုးတာမွ မဟုတ္တာ။ ဒီေတာ့ ႐ႈရမွာပဲ။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီး၊ နာခံပါ့မယ္။ ကၽြန္ေတာ္ နည္းနည္း ၾကည္လင္ ေပါ့ပါးမႈေလးေတြ ဘာေလးေတြ ရွင္းသန္႔မႈေလးေတြလည္း ခံစားရပါတယ္။

ေျဖ။ ဒါ တရားေတာ္ရဲ႕ ဂုဏ္ေက်းဇူးပဲေလ။ ဒီထက္ဒီ ေတြ႕ဦးမွာေလ။ ဒါက လမ္းခုလတ္ေပါ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး- ကၽြန္ေတာ္ ဆရာႀကီး ဆံုးမတာေတြကို အေလးအနက္ ထားၿပီးေတာ့ ႀကိဳးစားပါတယ္ ဆရာႀကီး။ ဒါေပမယ့္ ကၽြန္ေတာ္ ေမးခြန္းေလး တစ္ခုေမးပါရေစ။

ေျဖ ။ ဘာေမးမွာလဲ —

ေမး ။ နိဗၺာန္ဆိုတာ ဘယ္ေနရာမွာလဲ ဆရာႀကီး။

ေျဖ။ ေအာ္ နိဗၺာန္က ေနရာမရွိဘူးေလ။ ႒ာနမရွိဘူး။ ဒါေပမယ့္ လူ႔ျပည္ နတ္ျပည္ ျဗဟၼာ့ျပည္ သြားေတာ့ တျဖည္းျဖည္းနဲ႔ ေန၀သညာ နာသညာ — ဟိုဘက္မွာ နိဗၺာန္ပဲလို႔ ေျပာရင္လည္း (၃၁) ဘံုရဲ႕ လြတ္ရာေပါ့။ နိဗၺာန္ဆိုတာ ဒီဘက္က ႒ာနအဆံုးမွာ ရွိတာပဲေလ။

ေမး ။ ဟုတ္ကဲ့ ကၽြန္ေတာ္ နိဗၺာန္ကိုလည္း စိတ္၀င္စားေနပါတယ္ ဆရာႀကီး။

ေျဖ ။ ေကာင္းတာေပါ့ နိဗၺာန္ကို စိတ္၀င္စားတာ။ နိဗၺာန္ဆိုတာ နိ ၀ါန။ နိဆိုတာ မရွိျခင္း၊ ၀ါနဆိုတာ အေစး။ တဏွာအေစး မရွိျခင္းပါပဲ။ ဒီေတာ့ ကိုယ္က တဏွာ မာန ဒိ႒ိကို အေစးမကပ္ဖို႔ ႀကိဳးစားေနတဲ့ ေယာဂီ ပုဂိၢိဳလ္ဆိုေတာ့လည္း နိဗၺာန္နဲ႔ တျဖည္းျဖည္း နီးရမွာေပါ့။

ေမး ။ ဟုတ္ကဲ့ပါဆရာႀကီး ကၽြန္ေတာ္ နီးလည္း နီးခ်င္ပါတယ္။ အထဲအထိ ၀င္ခ်င္ပါတယ္ – သိခ်င္လို႔ပါ။

ေျဖ။ ေကာင္းတာေပါ့ နိဗၺာန္ အထဲထိ၀င္ၿပီး သိခ်င္ေတာ့ သိခ်င္တာေတြ သိရမွာေပါ့။ နိဗၺာန္ဆိုတာ ေအးခ်မ္းတဲ့ သေဘာပဲ။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ တစ္ခ်ိန္က အဘိဓမၼာသမား တစ္ေယာက္နဲ႔ ရန္ျဖစ္ဖူးတယ္။

ေျဖ ။ ဟာ ဘာျဖစ္လို႔တုန္း။

ေမး ။ သူတို႔က နိဗၺာန္ကို စိတ္နဲ႔ သြားမယ္လို႔ ေျပာေတာ့ – ကၽြန္ေတာ္က မျဖစ္ႏိုင္ဘူးလို႔ ေျပာလိုက္ေတာ့ ရန္ျဖစ္ၾကတာေပါ့ ဆရာႀကီးရယ္။

ေျဖ။ တကၠသိုလ္မွာ ယုတၱိေဗဒပညာ ဆိုတာရွိတယ္၊ အဲဒီ ယုတၱိေဗဒပညာေလးလည္း ဆည္းပူးဦးလို႔ အႀကံဉာဏ္ ေပးလိုက္ေပါ့။

ေမး ။ဟုတ္ကဲ့ပါ ဆရာႀကီး ဒါေပမယ့္ ယုတၱိေဗဒဆိုတာ ကၽြန္ေတာ္က မတတ္ဘူး ဆရာႀကီးရယ္။

ေျဖ ။ ယုတၱိေဗဒဆိုတာက မပ်က္တဲ့ ဓာတ္ထဲကို ပ်က္ေနတဲ့ဓာတ္က ၀င္လို႔မရဘူးေပါ့၊ မရေကာင္းဘူး၊ မရစေကာင္းဘူး။ (It cannot be both true at the same time.) ပ်က္ေနတာကလည္းရွိတယ္၊ မပ်က္တာကလည္းရွိတယ္ အတူတူတြဲမယ္ဆို မရဘူး။ (Logic) မွာ (Disjunction) ေခၚတယ္။ ဒီေတာ့ ဒါေလး ဘာေလးလည္း အႀကံဉာဏ္ ေပးလိုက္ေပါ့။

ေမး ။ ဟုတ္ကဲ့ပါ၊ ဆရာႀကီးကေတာ့ (Logic) တတ္တာကိုး ကၽြန္ေတာ္ကေတာ့ မတတ္ဘူး။ သို႔ေသာ္လည္း ဒါက သဘာ၀က်ပါတယ္ ဆရာႀကီးရယ္ – ဆန္႔က်င့္ဘက္ ေလာကီနဲ႔ ေလာကုတၱရာမွာ ေလာကုတၱရာထဲ ေလာကီက ၀င္မယ္ဆိုေတာ့ ဘယ္လက္ခံမလဲ။ ကၽြန္ေတာ္ ၾကားဖူးတယ္ဆရာႀကီး – ေခြးေသေကာင္ပုပ္ေတြ ဘာေတြကို ပင္လယ္ သမုဒၵရာက လက္မခံဘူးဆိုတာ။

ေျဖ ။ အဲဒီအတိုင္းပဲေပါ့။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး။ ကၽြန္ေတာ္ ပိုဘ၀င္က်သြားပါၿပီ။ ဒီတစ္ခါ ေတြ႕ရင္ ဒီထက္ဒီ ပိုင္ပိုင္ႏိုင္ ေဆြးေႏြးလိုက္ပါဦးမယ္။

ေျဖ ။ ေဆြးေႏြးပါ။ ေတြ႕တဲ့အခါ ေဆြးေႏြးေပါ့။ ဒါေပမယ့္ ကိုယ့္အလုပ္က ကိုယ့္ဖာသာကိုယ္ ျဖစ္ပ်က္ဆံုးဖို႔ အေရးႀကီးတယ္ေနာ္ ဒါကိုလည္း မေမ့နဲ႔။

ေမး ။ ေကာင္းပါၿပီ ဆရာႀကီး – ျဖစ္ပ်က္ဆံုးေအာင္ ကၽြန္ေတာ္ ႀကိဳးစားပါ့မယ္။ ေက်းဇူးတင္ပါတယ္ ဆရာႀကီး။

 

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၆)
မေး ။ ဆရာကြီး မင်္ဂလာပါ။
ဖြေ ။ မင်္ဂလာပါ။
မေး ။ ကျွန်တော်တော့ Camp ဝင်နေပြီ ဆရာကြီး။
ဖြေ။ ဘာအတွက်လည်း။
မေး။ သစ္စာသိဖို့ အတွက်ပေါ့ ဆရာကြီးရယ်။
ဖြေ ။ ကောင်းတာပေါ့။
မေး ။ ကျွန်တော် လောကကြီးကို ခဏ ခေါက်ထားကြည့်တယ် ဆရာကြီး။
ဖြေ ။ လောကဆိုတာတော့ ခေါက်ရမှာပဲ။
မေး ။ကျွန်တော်အခု ရင်ထဲမှာ လွတ်တွတ် လွတ်တွတ်နဲ့ တော်တော်လေးတော့ နေလို့ကောင်းတယ်။
ဖြေ။ နေလို့ကောင်းပေမယ့် သူ့ကိုလည်း လက်ခံလို့ မဖြစ်ဘူး၊ အပျက်ရှုတဲ့လိုင်း သွားရမှာပဲ။
မေး ။     ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော် နာခံပါ့မယ်၊ ရှုပါ့မယ် ဆရာကြီး။
ဖြေ ။ မရှုခင်ကထက် စာရင်တော့ အခုဟာ ကောင်းနေတယ်လို့ ပြောလို့ရပေမယ့် ဒါ လမ်းဆုံးတာမှ မဟုတ်တာ။ ဒီတော့ ရှုရမှာပဲ။
မေး ။ ကောင်းပါပြီ ဆရာကြီး၊ နာခံပါ့မယ်။ ကျွန်တော် နည်းနည်း ကြည်လင် ပေါ့ပါးမှုလေးတွေ ဘာလေးတွေ ရှင်းသန့်မှုလေးတွေလည်း ခံစားရပါတယ်။
ဖြေ။ ဒါ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပဲလေ။ ဒီထက်ဒီ တွေ့ဦးမှာလေ။ ဒါက လမ်းခုလတ်ပေါ့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး- ကျွန်တော် ဆရာကြီး ဆုံးမတာတွေကို အလေးအနက် ထားပြီးတော့ ကြိုးစားပါတယ် ဆရာကြီး။ ဒါပေမယ့် ကျွန်တော် မေးခွန်းလေး တစ်ခုမေးပါရစေ။
ဖြေ ။ ဘာမေးမှာလဲ —
မေး ။ နိဗ္ဗာန်ဆိုတာ ဘယ်နေရာမှာလဲ ဆရာကြီး။
ဖြေ။ အော် နိဗ္ဗာန်က နေရာမရှိဘူးလေ။ ဋ္ဌာနမရှိဘူး။ ဒါပေမယ့် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် သွားတော့ တဖြည်းဖြည်းနဲ့ နေဝသညာ နာသညာ — ဟိုဘက်မှာ နိဗ္ဗာန်ပဲလို့ ပြောရင်လည်း (၃၁) ဘုံရဲ့ လွတ်ရာပေါ့။ နိဗ္ဗာန်ဆိုတာ ဒီဘက်က ဋ္ဌာနအဆုံးမှာ ရှိတာပဲလေ။
မေး ။ ဟုတ်ကဲ့ ကျွန်တော် နိဗ္ဗာန်ကိုလည်း စိတ်ဝင်စားနေပါတယ် ဆရာကြီး။
ဖြေ ။ ကောင်းတာပေါ့ နိဗ္ဗာန်ကို စိတ်ဝင်စားတာ။ နိဗ္ဗာန်ဆိုတာ နိ ၀ါန။ နိဆိုတာ မရှိခြင်း၊ ၀ါနဆိုတာ အစေး။ တဏှာအစေး မရှိခြင်းပါပဲ။ ဒီတော့ ကိုယ်က တဏှာ မာန ဒိဋ္ဌိကို အစေးမကပ်ဖို့ ကြိုးစားနေတဲ့ ယောဂီ ပုဂ္ဂိိုလ်ဆိုတော့လည်း နိဗ္ဗာန်နဲ့ တဖြည်းဖြည်း နီးရမှာပေါ့။
မေး ။ ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော် နီးလည်း နီးချင်ပါတယ်။ နိဗ္ဗာန် အထဲအထိ ဝင်ချင်ပါတယ် – သိချင်လို့ပါ။
ဖြေ။ ကောင်းတာပေါ့ နိဗ္ဗာန် အထဲထိဝင်ပြီး သိချင်တော့ သိချင်တာတွေ သိရမှာပေါ့။ နိဗ္ဗာန်ဆိုတာ အေးချမ်းတဲ့ သဘောပဲ။
မေး ။ ဆရာကြီး ကျွန်တော် တစ်ချိန်က အဘိဓမ္မာသမား တစ်ယောက်နဲ့ ရန်ဖြစ်ဖူးတယ်။
ဖြေ ။ ဟာ ဘာဖြစ်လို့တုန်း။
မေး ။ သူတို့က နိဗ္ဗာန်ကို စိတ်နဲ့ သွားမယ်လို့ ပြောတော့ – ကျွန်တော်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တော့ ရန်ဖြစ်ကြတာပေါ့ ဆရာကြီးရယ်။
ဖြေ။ တက္ကသိုလ်မှာ ယုတ္တိဗေဒပညာ ဆိုတာရှိတယ်၊ အဲဒီ ယုတ္တိဗေဒပညာလေးလည်း ဆည်းပူးဦးလို့ အကြံဉာဏ် ပေးလိုက်ပေါ့။
မေး ။ဟုတ်ကဲ့ပါ ဆရာကြီး ဒါပေမယ့် ယုတ္တိဗေဒဆိုတာ ကျွန်တော်က မတတ်ဘူး ဆရာကြီးရယ်။
ဖြေ ။ ယုတ္တိဗေဒဆိုတာက မပျက်တဲ့ ဓာတ်ထဲကို ပျက်နေတဲ့ဓာတ်က ဝင်လို့မရဘူးပေါ့၊ မရကောင်းဘူး၊ မရစကောင်းဘူး။ (It cannot be both true at the same time.) ပျက်နေတာကလည်းရှိတယ်၊ မပျက်တာကလည်းရှိတယ် အတူတူတွဲမယ်ဆို မရဘူး။ (Logic) မှာ (Disjunction) ခေါ်တယ်။ ဒီတော့ ဒါလေး ဘာလေးလည်း အကြံဉာဏ် ပေးလိုက်ပေါ့။
မေး ။ ဟုတ်ကဲ့ပါ၊ ဆရာကြီးကတော့ (Logic) တတ်တာကိုး ကျွန်တော်ကတော့ မတတ်ဘူး။ သို့သော်လည်း ဒါက သဘာဝကျပါတယ် ဆရာကြီးရယ် – ဆန့်ကျင့်ဘက် လောကီနဲ့ လောကုတ္တရာမှာ လောကုတ္တရာထဲ လောကီက ဝင်မယ်ဆိုတော့ ဘယ်လက်ခံမလဲ။ ကျွန်တော် ကြားဖူးတယ်ဆရာကြီး – ခွေးသေကောင်ပုပ်တွေ ဘာတွေကို ပင်လယ် သမုဒ္ဒရာက လက်မခံဘူးဆိုတာ။
ဖြေ ။ အဲဒီအတိုင်းပဲပေါ့။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် ပိုဘဝင်ကျသွားပါပြီ။ ဒီတစ်ခါ တွေ့ရင် ဒီထက်ဒီ ပိုင်ပိုင်နိုင် ဆွေးနွေးလိုက်ပါဦးမယ်။
ဖြေ ။ ဆွေးနွေးပါ။ တွေ့တဲ့အခါ ဆွေးနွေးပေါ့။ ဒါပေမယ့် ကိုယ့်အလုပ်က ကိုယ့်ဖာသာကိုယ် ဖြစ်ပျက်ဆုံးဖို့ အရေးကြီးတယ်နော် ဒါကိုလည်း မမေ့နဲ့။
မေး ။ ကောင်းပါပြီ ဆရာကြီး – ဖြစ်ပျက်ဆုံးအောင် ကျွန်တော် ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ် ဆရာကြီး။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *