၀ိပႆနာနည္းပညာအေမးအေျဖ (၁)

 

၀ိပႆနာနည္းပညာအေမးအေျဖ (၁)

DSC_2546ေမး ။ အမ်ားလည္း သိပါတယ္ ဆရာႀကီးက ဝိပႆနာ နည္းပညာေတြ ေျပာေဟာေနတာ။ ဒီေတာ့ ကၽြန္ေတာ္ ေမးခြန္းတစ္ခု ေမးခ်င္ပါတယ္။

ေျဖ ။ ေမးပါ။

ေမး ။ ဝိပႆနာနည္းဆိုေတာ့ ကၽြန္ေတာ္ တရားအားထုတ္နည္းကို သိခ်င္ပါတယ္ ဆရာႀကီး – အဲဒါေလး ေျပာျပေပးပါ။

ေျဖ ။ တရားအားထုတ္နည္းဆိုတာ ရုပ္နာမ္ကို အပ်က္႐ႈတာပါပဲ။ အပ်က္႐ႈလို႔ ရုပ္နာမ္ မလိုခ်င္ရင္ တရားရတာပါပဲ၊ ဒါပါပဲ။

ေမး ။ ဟာ… ဆရာႀကီး ျမန္လွခ်ည့္လား။

ေျဖ ။ ျမန္တာေႏွးတာ မဟုတ္ဘူးေလ၊ နည္းကေတာ့ ဒါပဲ။

ေမး။ ဆရာႀကီးက ရုပ္နာမ္ကို အပ်က္ရႈၿပီးေတာ့ မလိုခ်င္ရင္ တရားရတာပဲဆိုေတာ့ ျမန္လြန္းေတာ့ တစ္ခုေတာင္ သတိရတယ္။ ဟုိ အရင္က စေလဦးပုည ဆြမ္းေတာ္ တင္တာေလ –

“ေရႊပလႅင္ဇာခ်ဲ႕တယ္”

ေျပာလို႔ ဇာမခ်ဲ႕ပါနဲ႔ ဆရာႀကီးရယ္။ တိုတိုတုတ္တုတ္ လုပ္ပါဆိုေတာ့ ဦးပုညက တိုတိုတုတ္တုတ္ လုပ္ေပးလိုက္တယ္၊

“ေရႊပလႅင္ ဇာမခ်ဲ႕န႔ဲ လာဟဲ့ က်ီးကန္း”

ဆိုသလို။ အဲဒီလိုဆိုေတာ့ ဆြမ္းေတာ္တင္ရံု မကဘူး ဆြမ္းေတာ္ပါစြန္႔လို႔ က်ီးကန္းပါ ေခၚေနၿပီ။ အဲလို ျဖစ္ေနသလားလို႔ပါ ဆရာႀကီးရယ္။

ေျဖ ။ ဦးပုညနဲ႔ ႏႈိင္းတာေတာ့ ၀မ္းသာပါတယ္။ ေက်းဇူးလည္း တင္ပါတယ္။ ဂုဏ္လည္းယူပါတယ္။ စာေပေတြလည္း ဗဟုသုတ ရွိတာနဲ႔တူတယ္။ ဒါေပမယ့္ တရားထိုင္နည္းကေတာ့ ဒါပဲ။ ရုပ္နာမ္ကို အပ်က္႐ႈ ၊ မလိုခ်င္ဘူးဆုိ အဲဒါ ေအာင္ျမင္တာပဲ။

ေမး ။ ဆရာႀကီး ၊ ကၽြန္ေတာ္ထင္တာေတာ့ တရားက ေတာ္ေတာ္ေလး က်ားကုတ္က်ားခဲ က်င့္ရဦးမယ္လိို႔ ထင္ေနလို႔။ ခု ဆရာႀကီးဟာ ျမန္လြန္းေနေတာ့ တမ်ိဳးႀကီးပဲ။ ဟို ဦးပုညနဲ႔ပဲ  ႏိႈင္းရမယ္ဆိုရင္ ေရစက္ခ် တိုတိုဆိုပါေတာ့ ဦးပုညက

“ျမင့္ရာမွ နိမ့္ရာ စီးေရာလဟယ္”

ဆိုၿပီးေတာ့ လုပ္လိုက္သလို ျဖစ္ေနသလားလို႔ပါ ဆရာႀကီးရယ္။ ကၽြန္ေတာ္ စဥ္းစားမိတာ ေျပာတာပါ။

ေျဖ။ စဥ္းစားမိတာေတြဘာေတြ ထည့္မေနနဲ႔ ။ နည္းသိခ်င္တယ္ဆိုရင္ နည္းကေတာ့ ဒါပဲ။ က်င့္ခ်င္လည္း က်င့္။ က်င့္လို႔လည္း ေအာင္ျမင္ေတာ့ သာဓုေခၚမွာေပါ့။ မက်င့္ရင္လည္း သာဓုေခၚစရာ ေပၚမွာ မဟုတ္ဘူး ။ ဒါပဲ။

ေမး ။ ဟုတ္ပါၿပီ ဆရာႀကီးရယ္။ နဂိုကေတာ့ေလ ေမးခြန္းဆိုတာ အမ်ိဳးမ်ိဳး ရွိတယ္။ မသိလို႔ ေမးတာရယ္၊ ကုိယ္ သိထားတာနဲ႔တူမလား လို႔ ေမးတာရယ္၊ အဲလို ေမးခြန္းမ်ိဳးထဲမွာ ကၽြန္ေတာ္ထင္တာက ဒီ့ထက္မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ၾကားရမလားလို႔ေတာ့ ေမွ်ာ္လင့္မိတာ အမွန္ပဲ။ ကၽြန္ေတာ္ ေမွ်ာ္လင့္ထားတာေတြ မွားေနသလုိပဲ။

ေျဖ ။ ေအးေလ။ မွားတာကို မွားမွန္းသိလည္း ၿပီးတာပဲ။ တရားက်င့္နည္းက ဒါပဲ။ က်င့္ခ်င္လည္း က်င့္။ သာဓုေခၚမယ္ ေျပာၿပီးၿပီ။ မက်င့္ရင္လည္း မက်င့္နဲ႔ေပါ့။ တရားက်င့္တယ္ဆိုတာ မွန္ကန္ဖို႔ပဲ လိုတယ္။ အဲဒါေလးတစ္ခုေတာ့ ေျပာလိုက္ပါတယ္။

ေမး ။ ေက်းဇူးတင္ပါတယ္ ဆရာႀကီးရယ္ ။ ဝေတာ့ မဝေသးဘူး ။ ဒါေပမယ့္လို႔ ကၽြန္ေတာ္ ဘာဆက္ေျပာရမလည္းလို႔ နည္းနည္း  စဥ္းစားေနရတာပါ။ ဒါနဲ႔ ေနပါဦး ဆရာႀကီးေရာ က်င့္လား။

ေျဖ ။ ဟာ.. က်င့္တာေပါ့။ ဘယ့္ႏွယ္။ ကိုယ္က်င့္လို႔ ကိုယ္သိလို႔ ကုိယ္ေျပာရတာေပ့ါ။ မက်င့္ဘဲနဲ႔ ဘယ္ေျပာႏိုင္မလဲ။

ေမး ။ ဆရာႀကီး က်င့္ေတာ့ ဘယ္အေျခအေန ေရာက္ၿပီလဲ။

ေျဖ။ ဟာ … အေျခအေန ေရာက္တယ္ မေရာက္ဘူးဆိုတာက – ပရိသတ္က အကဲခတ္ရတာ ။ ကာယကံရွင္က ေျပာေတာ့လည္း တမ်ိဳးႀကီးေပ့ါ။ ဒါေပမယ့္ ေရာက္ပါ တယ္။

ေမး ။ ဟာ ဟုတ္ပါတယ္ ဆရာႀကီးကိုေတာ့ အားေတာ့ကိုးပါတယ္။  သို႔ေသာ္လည္း ဒီ့ထက္ဒီ ေရေရလည္လည္ သိရေအာင္လို႔ ဆက္ၿပီးေတာ့ ေမးခြင့္ျပဳဖို႔အတြက္ ႀကိဳေျပာ ထားခ်င္ပါတယ္။

ေျဖ။ ႀကိဳေျပာတာ မေျပာတာေတြ မလိုခ်င္ဘူး ။ တရားထိုင္နည္းက ဒါပဲ။ က်င့္ခ်င္လည္း က်င့္လိုက္ ။ မက်င့္ခ်င္လည္း  မက်င့္နဲ႔ ။ စာေပ ဗဟုသုတေတြလည္း ေတာ္ေတာ္ေလး ႏွံစပ္ေနၿပီ။ လက္ေတြ႔ က်င့္ဖို႔ပဲ လိုသလား။ လိုရင္လည္း က်င့္ေပေတာ့။ သာဓုေခၚၾကစို႔။

သာဓု သာဓု သာဓု

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁)
မေး ။ အများလည်း သိပါတယ် ဆရာကြီးက ဝိပဿနာ နည်းပညာတွေ ပြောဟောနေတာ။ ဒီတော့ ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်။

ဖြေ ။ မေးပါ။

မေး ။ ဝိပဿနာနည်းဆိုတော့ ကျွန်တော် တရားအားထုတ်နည်းကို သိချင်ပါတယ် ဆရာကြီး – အဲဒါလေး ပြောပြပေးပါ။

ဖြေ ။ တရားအားထုတ်နည်းဆိုတာ ရုပ်နာမ်ကို အပျက်ရှုတာပါပဲ။ အပျက်ရှုလို့ ရုပ်နာမ် မလိုချင်ရင် တရားရတာပါပဲ၊ ဒါပါပဲ။

မေး ။ ဟာ… ဆရာကြီး မြန်လှချည့်လား။

ဖြေ ။ မြန်တာနှေးတာ မဟုတ်ဘူးလေ၊ နည်းကတော့ ဒါပဲ။

မေး။ ဆရာကြီးက ရုပ်နာမ်ကို အပျက်ရှုပြီးတော့ မလိုချင်ရင် တရားရတာပဲဆိုတော့ မြန်လွန်းတော့ တစ်ခုတောင် သတိရတယ်။ ဟို အရင်က စလေဦးပုည ဆွမ်းတော် တင်တာလေ –

“ရွှေပလ္လင်ဇာချဲ့တယ်”

ပြောလို့ ဇာမချဲ့ပါနဲ့ ဆရာကြီးရယ်။ တိုတိုတုတ်တုတ် လုပ်ပါဆိုတော့ ဦးပုညက တိုတိုတုတ်တုတ် လုပ်ပေးလိုက်တယ်၊

“ရွှေပလ္လင် ဇာမချဲ့နဲ့ လာဟဲ့ ကျီးကန်း”

ဆိုသလို။ အဲဒီလိုဆိုတော့ ဆွမ်းတော်တင်ရုံ မကဘူး ဆွမ်းတော်ပါစွန့်လို့ ကျီးကန်းပါ ခေါ်နေပြီ။ အဲလို ဖြစ်နေသလားလို့ပါ ဆရာကြီးရယ်။

ဖြေ ။ ဦးပုညနဲ့ နှိုင်းတာတော့ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ စာပေတွေလည်း ဗဟုသုတ ရှိတာနဲ့တူတယ်။ ဒါပေမယ့် တရားထိုင်နည်းကတော့ ဒါပဲ။ ရုပ်နာမ်ကို အပျက်ရှု ၊ မလိုချင်ဘူးဆို အဲဒါ အောင်မြင်တာပဲ။

မေး ။ ဆရာကြီး ၊ ကျွန်တော်ထင်တာတော့ တရားက တော်တော်လေး ကျားကုတ်ကျားခဲ ကျင့်ရဦးမယ်လိို့ ထင်နေလို့။ ခု ဆရာကြီးဟာ မြန်လွန်းနေတော့ တမျိုးကြီးပဲ။ ဟို ဦးပုညနဲ့ပဲ  နှိုင်းရမယ်ဆိုရင် ရေစက်ချ တိုတိုဆိုပါတော့ ဦးပုညက

“မြင့်ရာမှ နိမ့်ရာ စီးရောလဟယ်”

ဆိုပြီးတော့ လုပ်လိုက်သလို ဖြစ်နေသလားလို့ပါ ဆရာကြီးရယ်။ ကျွန်တော် စဉ်းစားမိတာ ပြောတာပါ။

ဖြေ။ စဉ်းစားမိတာတွေဘာတွေ ထည့်မနေနဲ့ ။ နည်းသိချင်တယ်ဆိုရင် နည်းကတော့ ဒါပဲ။ ကျင့်ချင်လည်း ကျင့်။ ကျင့်လို့လည်း အောင်မြင်တော့ သာဓုခေါ်မှာပေါ့။ မကျင့်ရင်လည်း သာဓုခေါ်စရာ ပေါ်မှာ မဟုတ်ဘူး ။ ဒါပဲ။

မေး ။ ဟုတ်ပါပြီ ဆရာကြီးရယ်။ နဂိုကတော့လေ မေးခွန်းဆိုတာ အမျိုးမျိုး ရှိတယ်။ မသိလို့ မေးတာရယ်၊ ကိုယ် သိထားတာနဲ့တူမလား လို့ မေးတာရယ်၊ အဲလို မေးခွန်းမျိုးထဲမှာ ကျွန်တော်ထင်တာက ဒီ့ထက်များ ကျယ်ကျယ်ပြန့်ပြန့် ကြားရမလားလို့တော့ မျှော်လင့်မိတာ အမှန်ပဲ။ ကျွန်တော် မျှော်လင့်ထားတာတွေ မှားနေသလိုပဲ။

ဖြေ ။ အေးလေ။ မှားတာကို မှားမှန်းသိလည်း ပြီးတာပဲ။ တရားကျင့်နည်းက ဒါပဲ။ ကျင့်ချင်လည်း ကျင့်။ သာဓုခေါ်မယ် ပြောပြီးပြီ။ မကျင့်ရင်လည်း မကျင့်နဲ့ပေါ့။ တရားကျင့်တယ်ဆိုတာ မှန်ကန်ဖို့ပဲ လိုတယ်။ အဲဒါလေးတစ်ခုတော့ ပြောလိုက်ပါတယ်။

မေး ။ ကျေးဇူးတင်ပါတယ် ဆရာကြီးရယ် ။ ဝတော့ မဝသေးဘူး ။ ဒါပေမယ့်လို့ ကျွန်တော် ဘာဆက်ပြောရမလည်းလို့ နည်းနည်း  စဉ်းစားနေရတာပါ။ ဒါနဲ့ နေပါဦး ဆရာကြီးရော ကျင့်လား။

ဖြေ ။ ဟာ.. ကျင့်တာပေါ့။ ဘယ့်နှယ်။ ကိုယ်ကျင့်လို့ ကိုယ်သိလို့ ကိုယ်ပြောရတာပေ့ါ။ မကျင့်ဘဲနဲ့ ဘယ်ပြောနိုင်မလဲ။

မေး ။ ဆရာကြီး ကျင့်တော့ ဘယ်အခြေအနေ ရောက်ပြီလဲ။

ဖြေ။ ဟာ … အခြေအနေ ရောက်တယ် မရောက်ဘူးဆိုတာက – ပရိသတ်က အကဲခတ်ရတာ ။ ကာယကံရှင်က ပြောတော့လည်း တမျိုးကြီးပေ့ါ။ ဒါပေမယ့် ရောက်ပါ တယ်။

မေး ။ ဟာ ဟုတ်ပါတယ် ဆရာကြီးကိုတော့ အားတော့ကိုးပါတယ်။  သို့သော်လည်း ဒီ့ထက်ဒီ ရေရေလည်လည် သိရအောင်လို့ ဆက်ပြီးတော့ မေးခွင့်ပြုဖို့အတွက် ကြိုပြော ထားချင်ပါတယ်။

ဖြေ။ ကြိုပြောတာ မပြောတာတွေ မလိုချင်ဘူး ။ တရားထိုင်နည်းက ဒါပဲ။ ကျင့်ချင်လည်း ကျင့်လိုက် ။ မကျင့်ချင်လည်း  မကျင့်နဲ့ ။ စာပေ ဗဟုသုတတွေလည်း တော်တော်လေး နှံစပ်နေပြီ။ လက်တွေ့ ကျင့်ဖို့ပဲ လိုသလား။ လိုရင်လည်း ကျင့်ပေတော့။ သာဓုခေါ်ကြစို့။

သာဓု သာဓု သာဓု

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *