တရားအားထုတ်ခြင်းနဲ့ပတ်သက်၍ –

Share

တရားအားထုတ်ခြင်းနဲ့ပတ်သက်၍

ယောဂီများ အမှန်အကန် သိနားလည်ရမယ်

bism1ယောဂီများ တရားအားထုတ်တယ်ဆိုတာ အရေးကြီးပါတယ်။ ဆယ်ယောက်တစ်ယောက်၊ တစ်ရာတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် တရားအားထုတ်ဖို့ဆိုတာ မလွယ်ပါဘူး မလွယ်တဲ့ ကိစ္စတွေကို အလုပ်လုပ်ပြန်တော့လည်း တန်ဖိုးကတော့ ကြီးပါတယ်။ ယောဂီများကတော့ တရားဝင်စားနေတော့ တန်ဖိုး အင်မတန်ကြီးပါတယ်။

ဒီနေရာမှာ အမှန်အကန်သိစေချင်လို့ စာရေးသူ သိတဲ့လိုင်းကနေ ပြောပြပါမယ်။ ဥပမာ တရားအားထုတ်ခြင်းရဲ့ အဓိပ္ပာယ် ဆိုပါစို့ တရားအားထုတ်ခြင်းရဲ့ အဓိပ္ပာယ်ကို ဟိုတလောက ပါမောက္ခချုပ်ဆိုတဲ့ ပုဂ္ဂိုလ်က လွဲမှားစွာ အဓိပ္ပာယ်ဖွင့်တယ်။ အတော်လေးလည်း နစ်နာတယ်။ စာဖတ်သူတွေ တော်တော်များများလည်း မှားယွင်းတဲ့ အဓိပ္ပာယ်တွေကို ယူကုန်ကြပြီ။

သူက ဘယ်လိုပြောလဲဆိုတော့

“တရားအားထုတ်တယ်ဆိုတာ မကောင်းတဲ့စိတ်ပေါ်ရင် အဲဒီအစား ကောင်းတဲ့စိတ်ကလေး အစားထိုးတာ ဒါ တရာအားထုတ်တာပဲ”

တဲ့ ဒါ လုံးလုံးမှာနေပါတယ်။ တက်တက်စင် မှားနေပါတယ်။

တရားအားထုတ်တယ်ဆိုတာ အဲဒီလို ပေါ့ပေါ့ဆဆ လျှောက်ပြောလို့ မရပါဘူး။ ကိုယ်နားမလည်တဲ့ ကဏ္ဍတွေမှာ ၀င်ပြီးတော့ ဒီလို စွက်ဖက်ပြီး ဗိုလ်ကျတာကတော့ မသင့်တော်ပါဘူး။ တရားအားထုတ်တယ်ဆိုတာက လက္ခဏာရေးသုံးပါး ပါရပါတယ်။ ဒါကို တော်တော်များများ သိပါတယ်။

ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မနုပဿနာ တရားအားထုတ်နည်း လေးမျိုးရှိတယ်။ ဘယ်တရားအားထုတ်နည်းပဲ အားထုတ်အားထုတ် လက္ခဏာရေးသုံးပါး ပါရပါတယ်။ ကာယကိုအားထုတ်ရင် ကာယရဲ့ ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို ဆင်ခြင်ရသလို၊ ဝေဒနာဆိုရင်လည်း ဝေဒနာရဲ့ ၊ ဒုက္ခ၊ အနတ္တကို ဆင်ခြင်ရတာပါပဲ။ စိတ်ဆိုရင်တော့လည်း အထူးပြောစရာ မလိုပါဘူး။ စိတ်ရဲ့ မမြဲတဲ့သဘောတွေကို ဆင်ခြင်ရ သလို ဓမ္မသဘာဝဆိုရင်လည်း ဓမ္မကို ပျက်ကြောင်း ဆင်ခြင်ရတာပါ။ ဒါပေမယ့် ဓမ္မသဘာဝကတော့ အကျင့်နည်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွန်စွာမှ နူးညံ့သိမ်မွေ့တာ ဖြစ်ပါတယ်။

ယောဂီများကို အမှန်သိစေချင်လို့ပါ။ မှားယွင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ရာထူးရှိထားတဲ့ ပုဂ္ဂိုလ်တွေက ဂုဏ်နဲ့၊ ဟိတ်နဲ့၊ နာမည်ကြီးခြင်းနဲ့၊ ၀ိတ်ကြီးနဲ့ ဖိပြီးတော့ လျှောက်ပြေတဲ့အခါကြတော့ ဗုဒ္ဓဘာသာ အင်မတန်နစ်နာပါတယ်။

ကိုယ်နားမလည်ရင်တော့ မပြောသင့်ပါဘူး။ ပုဂ္ဂိုလ်အသီးသီးလည်း ကိုယ်နားလည်တဲ့ ကဏ္ဍပဲ ကိုယ် ပြောသင့်ပါတယ်။ ကိုယ်နားမလည်ပဲနဲ့ ဥပမာ တရားကို ပေါက်ပေါက်မြောက်မြောက် အားမထုတ်ဘဲနဲ့ ဆရာကောင်းလည်း မရှိဘဲနဲ့ တရားအားထုတ်ခြင်းဆိုပြီး ကိုယ်ထင်ရာစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး လျှောက်ပြီးပြောတော့ မသင့်တော်ပါဘူး။

ဒီတော့ ဘယ်သူတွေက အားပေးမြှောက်စားပြီးတော့ ဇွတ်ကြီး ကြောင်းကျိုးဆင်ခြင်ကင်းမဲ့စွာနဲ့ နေရာယူနေတာ ကတော့ မကောင်းပါဘူး။ တရားအားထုတ်တယ်ဆိုတာ ပေါက်ပေါက်မြောက်မြောက် တရားအားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိုနှိုင်းတိုင်ပင်တဲ့ အဓိပ္ပါယ်မျိုးပဲ ဖြစ်သင့်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

ယောဂီများ တရားအားထုတ်တယ် ဆိုရင် လက္ခဏာရေးသုံးပါးကို ဆင်ခြင်ဖို့ မမေ့သင့်ကြောင်းကိုလည်း အကြံဥာဏ်ပြုပါတယ်။ စာရေးသူကိုယ်တိုင် အနှစ်(၅၀) ကျင့်ကြံခဲ့တော့ တရားအားထုတ်ခြင်း ဆိုတာကိုတော့ တိတိကျကျ သိလို့ အမှားအယွင်း မခံနိုင်လို့ စာရေးသူက စာဖတ်သူတွေဖက်က ရပ်တည်ပြီးတော့ ခိုင်ခိုင်မာမာ ဖော်ပြလိုက်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *