၀ိပႆနာနည္းပညာအေမးအေျဖ (၁၆)

၀ိပႆနာနည္းပညာအေမးအေျဖ (၁၆)

motto9ေမး    ။ဆရာႀကီးမဂၤလာပါ။

ေျဖ    ။မဂၤလာပါ။

ေမး    ။ဆရာႀကီး ကၽြန္ေတာ္ တရားအားထုတ္လို႔ေကာင္းတယ္။

ေျဖ    ။ေကာင္းပါတယ္။

ေမး    ။တစ္ခ်ဳိ႕ေလာကဓံေတြလည္း ေျပသြားပါၿပီ။

ေျဖ    ။ေကာင္းပါတယ္။

ေမး    ။ဒါေပမယ့္ ကၽြန္ေတာ့္ကို ေမးၾကတယ္ ဆရာႀကီးရယ္ ကၽြန္ေတာ္က ၀ိပႆနာက်င့္တာ ဉာဏ္နဲ႔႐ႈတယ္ဆိုေတာ့ ဉာဏ္ဆိုတာ ဘယ္လိုဟာမ်ဳိးလည္းလို႔ ေမးတယ္။

ေျဖ    ။ဉာဏ္ဆိုတာ စိတ္ကိုေအာင္ႏုိင္ခဲ့တဲ့ ျဒပ္မဲ့အသိပညာေပါ့။

ေမး    ။ေအာ္ – စိတ္ကိုေအာင္ႏုိင္ခဲ့တဲ့ ျဒပ္မဲ့အသိပညာ – ဟုတ္ပါၿပီဆရာႀကီး ဉာဏ္ကို သူတို႔က မလိုက္ႏုိင္ၾကဘူး။

ေျဖ    ။ဒါကေတာ့ လိုက္ႏုိင္ခဲဘိျခင္းပဲေလ။ ဉာဏ္ဆိုတာ ျဒပ္မဲ့ပဲ၊ ေလာကုတၱရာလိုင္းမွာပဲ ရွိတာကိုး။

ေမး    ။ဆရာႀကီး ဉာဏ္မွာ အေသးအႀကီးေတြ ရွိလား။

ေျဖ    ရွိတာေပါ့ – အေသးအႀကီးရွိတာေပါ့။ ျမတ္စြာဘုရားရဲ႕ ဉာဏ္ေတာ္ႀကီးက အႀကီးဆံုးပဲ။ ေနာက္ ပေစၥကဗုဒၶါ၊ အဂၢသာ၀က၊ မဟာသာ၀က ဉာဏ္ေတာ္ႀကီးေတြက အဆင့္ဆင့္ေတြ အဆင့္ဆင့္ေတြေပါ့။ ေနာက္ဆံုးမွ ပကတိသာ၀ကေပါ့။

ဒီေတာ့ ကိုယ္သာနာအတြက္ စြမ္းေဆာင္ႏုိင္တဲ့ စြမ္းရည္ေပၚမွာ မူတည္ၿပီး ဉာဏ္ကလည္း အႀကီးအေသး ရွိတာေပါ့။

ေမး    ။ကၽြန္ေတာ္လည္း ဉာဏ္ႀကီးတဲ့ထဲေတာ့ ပါခ်င္တယ္ ဆရာႀကီးရယ္။

ေျဖ    ။ဉာဏ္ႀကီးတဲ့အထဲ ပါခ်င္ရင္ ဉာဏ္ႀကီးေအာင္လုပ္ေပါ့၊ သာသနာအတြက္ အတၱကို စြန္႔ေပါ့။ ဒါက က်င့္ရင္ရတာပဲ သာသနာအတြင္းပဲ။ က်င့္ရင္ရတာပဲ၊ အခ်ိန္မျဖဳန္းရင္ ၿပီးတာပဲ။

ေမး    ။ဟုတ္ကဲ့ပါဆရာႀကီး ကၽြန္ေတာ္နာခံပါ့မယ္။ အခ်ိန္မျဖဳန္းဖို႔ကိုလည္း ဂ႐ုစိုက္ပါ့မယ္ ဆရာႀကီး။ ေက်းဇူးတင္ပါတယ္။

ေျဖ    ။ေအးေအး သာဓု သာဓု သာဓု —

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

၀ိပဿနာနည်းပညာအမေးအဖြေ (၁၆)
မေး    ။ဆရာကြီးမင်္ဂလာပါ။
ဖြေ    ။မင်္ဂလာပါ။
မေး    ။ဆရာကြီး ကျွန်တော် တရားအားထုတ်လို့ကောင်းတယ်။
ဖြေ    ။ကောင်းပါတယ်။
မေး    ။တစ်ချို့လောကဓံတွေလည်း ပြေသွားပါပြီ။
ဖြေ    ။ကောင်းပါတယ်။
မေး    ။ဒါပေမယ့် ကျွန်တော့်ကို မေးကြတယ် ဆရာကြီးရယ် ကျွန်တော်က ၀ိပဿနာကျင့်တာ ဉာဏ်နဲ့ရှုတယ်ဆိုတော့ ဉာဏ်ဆိုတာ ဘယ်လိုဟာမျိုးလည်းလို့ မေးတယ်။
ဖြေ    ။ဉာဏ်ဆိုတာ စိတ်ကိုအောင်နိုင်ခဲ့တဲ့ ဒြပ်မဲ့အသိပညာပေါ့။
မေး    ။အော် – စိတ်ကိုအောင်နိုင်ခဲ့တဲ့ ဒြပ်မဲ့အသိပညာ – ဟုတ်ပါပြီဆရာကြီး ဉာဏ်ကို သူတို့က မလိုက်နိုင်ကြဘူး။
ဖြေ    ။ဒါကတော့ လိုက်နိုင်ခဲဘိခြင်းပဲလေ။ ဉာဏ်ဆိုတာ ဒြပ်မဲ့ပဲ၊ လောကုတ္တရာလိုင်းမှာပဲ ရှိတာကိုး။
မေး    ။ဆရာကြီး ဉာဏ်မှာ အသေးအကြီးတွေ ရှိလား။
ဖြေ    ရှိတာပေါ့ – အသေးအကြီးရှိတာပေါ့။ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးက အကြီးဆုံးပဲ။ နောက် ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက ဉာဏ်တော်ကြီးတွေက အဆင့်ဆင့်တွေ အဆင့်ဆင့်တွေပေါ့။ နောက်ဆုံးမှ ပကတိသာဝကပေါ့။
ဒီတော့ ကိုယ်သာနာအတွက် စွမ်းဆောင်နိုင်တဲ့ စွမ်းရည်ပေါ်မှာ မူတည်ပြီး ဉာဏ်ကလည်း အကြီးအသေး ရှိတာပေါ့။
မေး    ။ကျွန်တော်လည်း ဉာဏ်ကြီးတဲ့ထဲတော့ ပါချင်တယ် ဆရာကြီးရယ်။
ဖြေ    ။ဉာဏ်ကြီးတဲ့အထဲ ပါချင်ရင် ဉာဏ်ကြီးအောင်လုပ်ပေါ့၊ သာသနာအတွက် အတ္တကို စွန့်ပေါ့။ ဒါက ကျင့်ရင်ရတာပဲ သာသနာအတွင်းပဲ။ ကျင့်ရင်ရတာပဲ၊ အချိန်မဖြုန်းရင် ပြီးတာပဲ။
မေး    ။ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်နာခံပါ့မယ်။ အချိန်မဖြုန်းဖို့ကိုလည်း ဂရုစိုက်ပါ့မယ် ဆရာကြီး။ ကျေးဇူးတင်ပါတယ်။
ဖြေ    ။အေးအေး သာဓု သာဓု သာဓု —
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *