မင်္ဂလာရှိသောစကားများ(၃)

Share

မင်္ဂလာရှိသောစကားများ(၃)

သစ္စာဝါဒီများ –

အခါကြီးရက်ကြီးပေါ့နော် .. .. တရားနဲ့ ပတ်သက်လို့ ကဲ “Deal” တစ်ခု လုပ်မလား?

သစ္စာဝါဒီများကလည်း တရားကျင့်ရမယ် –

မိမိကလည်း တရား ကျင့်ပုံကျင့်နည်း ပြောပြပေးမယ် –

တစ်ချို့ကလည်း အရိယာ ဖြစ်ချင်ကြတယ်။ ဖြစ်နိုင်ပါတယ် .. .. ယုံရင်ဖြစ်တာပဲ။ ဒီလိုပြောတော့ လွယ်လိုက်တာလို့ အောက်မေ့ရင် အောက်မေ့မယ်။ “သဒ္ဓါရ သုတတီသြဂံ” ဆိုတဲ့ စကားရှိတယ်နော်၊ “ယုံကြည်ချက်နဲ့ ၀ဲသြဃက လွတ်တာ” တဲ့။့  ၀ဲသြဃက လွတ်တယ်ဆိုတာ (၃၁)ဘုံက လွတ်တာပေါ့၊ (၃၁) ဘုံက တကယ်တော့ ၀ဲကြီးပဲဟာ။ ဒီတော့ ယုံကြည်ချက်နဲ့ လွတ်ပါတယ်။

မြတ်စွာဘုရားကို ယုံရမယ်

မြတ်စွာဘုရားဟောတဲ့ တရားကို ယုံရမယ်

မြတ်စွာဘုရားဟောတဲ့ တရားကိုကျင့်တဲ့ သံဃာတော်တွေကို ယုံရမယ် ပေါ့နော် .. ..

မိမိအနေနဲ့က ပြောနိုင်ပါတယ်၊ ၀ိပဿနာလည်း ပြောနိုင်တယ်၊ ရောက်ကြောင်းလည်း ပြောနိုင်တယ်၊ နိဗ္ဗာန်အကြောင်းလည်း ပြောနိုင်တယ်၊ အရိယာအကြောင်းလည်း ပြောနိုင်တယ်၊ ဒီထက်လည်း ပိုပြောနိုင်ပါသေးတယ်၊ ဒါပေမယ့် ယောဂီများ ကျင့်ဖို့တော့ လိုတာပေါ့နော် .. . အားထုတ်ပေါ့။

ဒီတော့ အခါကြီးရက်ကြီးမှာ ကျင့်ပေါ့၊ အသေးစိတ် မကျင့်နိုင်ရင်လည်းလေ – တရားဆင်ခြင်လို့ ရတယ် –

“သြော် – ရုပ်တွေနာမ်တွေဆိုတာ မမြဲဘူး” ဒါပဲ။ “သြော် – ရုပ်တွေနာမ်တွေဆိုတာ မမြဲဘူး” နော်၊ ဒါပေမယ့် လူဆိုတာကတော့ ရုပ်ခန္ဓာအပေါ်မှာ နာမ်ခန္ဓာ တည်တဲ့အတွက် – “စိတ်ကလေးတွေ မမြဲဘူး” လို့ ရှုလည်းရပါတယ်။ ပေါ့နော်။

“စိတ်ကလေးတွေ မမြဲဘူး” လို့ ရှုလိုက်

“သြော် – ပေါ်တဲ့စိတ်ဟာ မမြဲပါလား”

ဘာဖြစ်ဖြစ် လောကဓံတွေ့လည်း “ဒါလေးဟာ မမြဲပါလား”

လောကဓံတွေ့ရင်တော့ ရှုရတာ အရသာရှိတာပေါ့။

ပျော်စရာတွေ တွေ့ရင်တော့ ရှုပစ်မလား ဘာမလား မပြောတတ်ပါဘူး၊ သို့သော်လည်း စိတ္တသင်္ခါရဆိုတာ ဉာဏ်လောက်တော့ မကောင်းဘူးပေါ့။ စိတ်ပျော်နေတယ် ဆိုတာ – ဉာဏ်လောက်တော့ မကောင်းဘူးပေါ့။ ဉာဏ်ကမှ ကြည်ပြီး ချမ်းသာတာ .. .. ဒါကတော့ အကောင်းဆုံးပေါ့လေ။

ဒီတော့ အခါကြီးရက်ကြီးမှာ သစ္စာဝါဒီများ ကလည်း “တရားဝင်စားမယ်” ဆိုပြီး ဆုံးဖြတ်ချက် ချလိုက် – ဒုံး ဒုံး။ မိမိကလည်း ပြောပြပေးမယ် –

တရား ဘယ်လိုကျင့်၊ ဘယ်လိုကြံ

ဘယ်လိုအားထုတ်၊ ဘယ်လိုနှလုံးသွင်း

ဘယ်သူတွေဘာကြောင့်မရတာ၊ ဘယ်သူတွေ ဘာကြောင့်ရတယ်ဆိုတာ

ခွဲခြမ်းစိတ်ဖြာပေးမယ်နော်။

ကဲ – ကြိုးစားကြရအောင် .. .. ..

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

 

 

This entry was posted in Buddhism, Frontpage and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *