အမှန်တရားဟာ အမှန်တရားပါ

Share

အမှန်တရားဟာ အမှန်တရားပါ

ကျွန်တော့မှာ ပြောစရာတွေကတော့ တော်တော်များများ ရှိတယ်။

ဥပမာ —- ဗုဒ္ဓဘာသာအကြောင်း ပေါ့ .. .. ဗုဒ္ဓဘာသာအကြောင်းကတော့ ကျွန်တော့ဆရာက တကယ် ကျင့်တော်မူခဲ့တာဆိုတော့ ကျွန်တော်က လူညံ့တော့ မဟုတ်ဘူးပေါ့နော် .. .. ဒီလိုပဲ ပြောရမှာပေါ့။ ကျွန်တော့ဆရာက တကယ်ကျင့်ခဲ့တော့ တကယ်ကျင့်တဲ့ ဆရာက သွန်သင်ခြင်းကို ခံရတဲ့ ကျွန်တော်က မညံ့တော့ မညံ့တဲ့ သဘောပါတယ်။ ကိုယ်တိုင်ကလည်း ကျင့်တယ်ဆိုတော့ ကျွန်တော့ဘက်က ပြောစရာကို မရှိဘူး။ မလိုက်နိုင်မှာ စိုးလို့သာ ချိုနေရတဲ့ သဘောပဲ .. ..

ကျွန်တော် ဘယ်လောက်အထိ ပြောနိုင်သလဲဆိုတော့ အပိုင်းအထိကို ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မပြောသေးပါဘူး၊ နိရောဓသမာပါဒ် အကြောင်းတောင် ကျွန်တော် ပြောမှမပြောသေးတာ .. .. အကြောင်းကိုပဲ ကျွန်တော်နည်းနည်း ပြောတယ်၊ အရိယာအကြောင်းလည်း ပြောတယ်။

အရိယာကတော့ ဖြစ်ပျက်ဆုံးရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်က “ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္စတီတိ မဂ္ဂေါ” ဆိုတာ ကျွန်တော် မကြာခဏ ပြောပြနေတာပဲ။ “မဂ္ဂဖလာဏ မာရမ္မဏ ဘူတော အသင်္ခတ ဓမ္မော” မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရင် နိဗ္ဗာန်ပဲ။

အဘိဓမ္မာသမားတွေက အဘိဓမ္မာသာ သင်နေတာ ခက်တာက နိဗ္ဗာန်မှာ ချမ်းသာတဲ့ စိတ်ကလေး ဆိုတော့ .. .. စိတ်ကလေး နိဗ္ဗာန်မှာရှိတယ် ဆိုတော့ ဗုဒ္ဓဘာသာက ရှေ့နောက် မညီသလို ဖြစ်နေတာ .. .. အဲဒါ အဘိဓမ္မာ ဆရာတစ်ယောက်ရဲ့ စာအုပ်ကို ကျွန်တော်ကိုယ်တိုင် ဖတ်ရတာ မြန်မာနိုင်ငံမှာ စာမျက်နှာနဲ့ကို ထောက်ပြောဖူးတယ်။ တိတိကျကျပဲ ဒီစာအုပ်ကို ကျွန်တော် သိမ်းလည်း သိမ်းထားတယ် ဘာလို့လဲဆိုတော့ အရေးရယ် အကြောင်းရယ်ဆိုရင် စာအုပ် ထောက်ပြချင်လို့ ကိုးကားချက်အနေနဲ့ကို သိမ်းထားတယ်။

အဘိဓမ္မာကို လေ့လာတယ်ဆိုပြီးတော့ ဘာတွေ လေ့လာနေမှန်းလည်း မသိဘူး။ နာမည်ကတော့ အဘိဓမ္မာ လေ့လာပါတယ် ဆိုပြီးတော့ – လောကအကြောင်းတောင် မသိဘူး၊ ရုပ်နာမ်လည်း မသိဘူး၊ စိတ်လည်း မသိဘူး၊ အသင်္ခတလည်း မသိဘူး၊ အနုတ္တရဓာတ်လည်း မသိဘူး ဆိုတော့ သွားပြီပေါ့ ဘာလုပ်မှာလဲ .. ..

ကျွန်တော်တို့ ဆရာကျတော့ ကိုယ်တိုင် ကျင့်ကြံထားတယ် ဆိုတော့ ကျင့်ကြံမှု နဲ့ ယှဉ်ပြီးတော့ သွန်သင်တဲ့ အခါကျတော့ ကျွန်တော်တို့က တတ်သိလိမ္မာ ကျွမ်းကျင်တာပဲ .. .. အဲဒီဘက်ကတော့ ကျွန်တော်ပိုင်တဲ့ Field ပဲ .. .. ဒါပေမယ့် ပရိတ်သတ်ကို ငဲ့သောအားဖြင့် ဖြည်းဖြည်းချင်းပဲ ကျွန်တော် တင်ပြပါတယ်။ ကျွန်တော် Shock ရိုက်ပြီးတော့ သိပ်မလုပ်ပါဘူး .. .. ဒါပေမယ့် ကျွန်တော် တတ်တာတွေက အများကြီး ကျန်နေသေးတယ်ပေါ့ .. ..

ဒါကြောင့် ပြောစရာတွေများတဲ့ အထဲမှာ ဗုဒ္ဓဘာသာအကြောင်းလည်း ပါတယ်၊ သိပ္ပံအကြောင်းလည်း ပါတယ်။ သိပ္ပံကိုလည်း ကျွန်တော်ဖတ်တာကိုး .. .. ဖတ်တော့လည်း သိပ္ပံအကြောင်း သိတာပေါ့နော် .. .. သိပ္ပံအကြောင်းကို ခုပဲ ဟော့ကင်းအကြောင်းကို သေသေချာချာ ရေးပေးနေပါတယ်။ ဟော့ကင်းရဲ့ Black Holes ကို အခြေခံပြီးတော့ ကျန်တဲ့စာအုပ်တွေနဲ့ နှိုင်းယှဉ်ပြီး ရေးပေးပါတယ် .. .. ဒါ ကျွန်တော့် သဘောထားလေးလည်း တင်ပြတာပေါ့။

နောက် အမှန်တရားအကြောင်းလည်း ကျွန်တော် ရေးပေးနေပါတယ်။ ကျွန်တော်တို့ဆီမှာ အမှန်တရား မဟုတ်ဘဲနဲ့ လာပြီး ၀ါဒဖြန့်တာတွေရှိတော့ .. .. (ကျွန်တော်ကိုယ်တိုင်တွေ့ရတာ) မိုးပြာဂိုဏ်း ဆိုတာရှိတယ် .. .. မိုးပြာဂုဏ်းကို တလောကလုံးက မကြိုက်ကြဘူးပေါ့ .. .. အဲဒီအထဲမှာ ကျွန်တော့်ကို ထည့်လိုက်တယ်လေ။ ဒီတော့ ကျွန်တော့ကိုလည်း တလောကလုံးက မကြိုက်အောင် လုပ်တယ် .. .. ဒါဘာ သဘောလည်း .. ..

ကျွန်တော်နဲ့ မိုးပြာနဲ့က ဘာမှမဆိုင်ဘူး၊ ကျွန်တော်က တကိုယ်တော်ပဲ။ ကျွန်တော်က မိုးကုတ်က လက်တက်ပွားပဲ အမှန်ကတော့ ဘာမိုးပြာနဲ့မှ ကျွန်တော်နဲ့ မပတ်သက်ဘူး။ ဒါကို ကျွန်တော့်ကို မိုးပြာထဲ ဆွဲထည့်တယ်၊ ဘယ်လောက်ထိ ညစ်ပတ်လည်း .. .. အဲဒါဟာ မေတ္တာတံခွန် အဖွဲ့ပဲ။ မေတ္တာတံခွန် အဖွဲ့ဟာ တရားမ၀င်တဲ့ စကားတွေကို တော်တော်ပြောတယ်။

ဒီတော့ မြန်မာကို ဘာဖြစ်လို့ မြန်မာတွေက မုန်းတာလည်း .. .. အဲဒါကို ကျွန်တော် စဉ်းစားလို့ မရဘူး။ မြန်မာ မြန်မာချင်းဟာ ချစ်ဖို့ပဲရှိတယ် .. .. တော်ရင် ဦးစားပေးဖို့ပဲ မြှောက်စားဖို့ပဲရှိတယ် .. .. မြန်မာမြန်မာချင်းဟာ ဘာဖြစ်လို့ ချိုးနှိမ်ချင်ရတာလဲ။

ကျွန်တော် နည်းနည်းတော်တာကို ကျွန်တော့်ဖာသာ ကျွန်တော်လည်း သိပါတယ်။ တော်တာကို မေတ္တာတံခွန်က ကျွန်တော့ကို ချိုးနှိမ်တယ်။ ကျွန်တော့်ကို မကောင်းတဲ့ သတင်းတွေနဲ့ ရောရောပြီးတော့ ထည့်တယ်။ ဒီအဖွဲ့အစည်းဟာ တော်တော်ကို လုပ်ရပ်မှားတဲ့ အဖွဲအစည်းပဲ ဒီ အဖွဲ့အစည်းတွေကို ခိုင်းတဲ့လူနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေလည်း – ဒါ စည်းရုံးရေးကျမှာ သေချာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအဖွဲ့အစည်းတွေကို သွားပြီး ယုံကြည် ကိုးစားမိတဲ့ အခါကျတော့ ဒီအဖွဲအစည်းက အိုးနင်းခွက်နင်း လုပ်တော့ ပြည်သူလူထုက ယုံကြည်မှု ကင်းတာပေါ့။

အခု ကျွန်တော်နဲ့ပတ်သက်လို့ ဆိုလို့ရှိရင် မြန်မာနိုင်ငံက တရားဝင်လည်း ထုတ်ပြန် ကြေငြာတယ်။ အဲဒီ အဓမ္မ၀ါဒထဲမှာ ကျွန်တော် မပါဘူး။ (ကျွန်တော့်မှာ တရားဝင် မှတ်တမ်းတွေ ရှိပါတယ်) ဒါပေမယ့် သူတို့က ကျွန်တော့ကို တရားမ၀င်ပဲနဲ့ အဓမ္မ၀ါဒထဲ ပါသလိုလို ဘာလိုလိုနဲ့ သူတို့က စာစောင်တွေကို တစ်ပြည်လုံး အနှံ့အပြန့် လုပ်တယ်။ ဒါကတော့ တော်တော်ကို အသုံးမကျတဲ့ လုပ်ရပ်ပဲ၊ အမြော်အမြင် တော်တော်ကျဉ်းတဲ့ လုပ်ရပ်ပဲ၊ တော်တော်ကို သေးသိမ်တဲ့ လုပ်ရပ်ပဲ၊ တော်တော်သိက္ခာကျတဲ့ လုပ်ရပ်ပဲ၊ တော်တော်ကို ဒီလူ့လောကမှာ မတိုးချင်စရာ မျက်နှာမပြရဲ လောက်အောင်ကို လုပ်တဲ့ လုပ်ရပ်မျိုးပါပဲ။

ဒါမျိုးတွေဟာ ဘာလုပ်မှာလည်း ဒီခေတ် ဒီအခါ ဒီသာသနာမှာ မှန်တာတွေ လုပ်နေကြပြီး မှန်တာ သတင်းပေးနေကြပြီး ကောင်းကျိုးဆောင်နေကြတဲ့ အချိန်အခါမှာ ဘာဖြစ်လို့ ယုတ်မာစွာနဲ့ ဒီ မကောင်းတာ မမှန်တာကို လုပ်ရတာလဲ .. .. ကျွန်တော် ဘယ်ငုံ့ခံမလည်း ကျွန်တော် လူညံ့မှ မဟုတ်ပဲ .. .. ကျွန်တော့ကို ဒါမျိုး ချိန်းခြောက်လို့လည်း ဘယ်ရမလည်း။ သူတို့ ဦးနှောက် မရှိတာ – ကျွန်တော်လိုလူမျိုးက မမှန်တာကို ပြောဆိုလို့က ဘယ်လိုလုပ် ကြောက်ရမှာလဲ မှန်တာကို ပြောပေါ့ .. .. မမှန်ပဲနဲ့ လျှောက်ပြောနေတာ ဒါတွေက လူ့လောက သမိုင်းမှာ အပုပ်တွေချနေတာ ပဲ .. ..

ရှိသေးတယ် ဘုန်းကြီးတစ်ပါးကလည်း ပလ္လင်ပေါ်ကနေပြီး ကျွန်တော့် အပုပ်ချနေတာ .. .. ဒါက ဘုန်းကြီးမဆန်တဲ့ လုပ်ငန်းတွေ လုပ်တာပဲ .. .. ဓမ္မကထိကဆိုရင် တရားဟောပေါ့ .. .. ဘာဖြစ်လို ပလ္လင်ပေါ်က ကျွန်တော့် အတင်းပြောနေရတာလဲ ??? သူတို့ ဘာမှလည်းတတ်တာ မဟုတ်ဘူး၊ အဲဒီဘုန်းကြီးကို မေးချင်တယ်၊

ဆိုတာ နားလည်လား ? လို့ မေးချင်တယ် .. .. နားလည် မှာလည်း မဟုတ်ပါဘူး၊

ဆိုတာလည်း နားလည်လား? လို့ မေးချင်တယ် .. .. ဒါလည်း နားလည်မှာ မဟုတ်ပါဘူး၊ နားမလည်လို့ ပြောနေတာပေါ့။

မြတ်စွာဘုရားက ဆိုင်ကယ်မစီးရဘူးလို့ မမိန့်ခဲ့ဘူး ဆိုတာမျိုးလိုလို သူတို့က ပြောချင်နေကြတာ။ အဲဒီတော့ ဒီလိုပုဂ္ဂိုလ်တွေက ပြောရေးဆိုခွင့်တွေ သိပ်ပိုလာတဲ့ အခါကျတော့ ရွာနာတယ် .. .. ရွာ တော်တော် နာတယ်။ ဒါကြောင့် ကျွန်တော်လည်း ပြောရတာ ဖြစ်ပါတယ်။ ယောဂီများကိုလည်း စိတ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အခြေအနေ လေးတွေကို ကျွန်တော် တင်ပြတာ ဖြစ်ပါတယ်။

အမှန်တရားဟာ အမှန်တရားပါပဲ .. .. ကျွန်တော် ဒီ့ပြင်ဟာတော့ နားမလည်ဘူး၊ ကျွန်တော် သစ္စာတော့ နားလည်တယ်၊ နိဗ္ဗာန်အကြောင်း နားလည်တယ်၊ အရိယာအကြောင်း နားလည်တယ်၊ ကျွန်တော် နားလည် သလောက်ကတော့ ကျွန်တော့် ယောဂီတွေကို ကျွန်တော် ပြောပြမှာပါ။ စိတ်ရှည် လက်ရှည်လည်း ပြောပြပေးပါမယ်၊ တကယ်လည်း ဂဃဏန ပြောပြပေးပါမယ်။ ကျွန်တော်ကိုယ်တိုင်က ခုထက်ထိ တရားကျင့်သုံး ဆောက်တည်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောကြားလိုပါတယ် .. ..

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

 

 

This entry was posted in Buddhism, Frontpage and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *