ကမ္ဘာသို့တိုက်ရိုက်အိတ်ဖွင့်ပေးစာ

ကမ္ဘာသို့တိုက်ရိုက်အိတ်ဖွင့်ပေးစာ

 

          ကမ္ဘာကြီးတိုးတက်နေတာ ကိုယ့်ဖာသာကိုယ် တိုးတက်အောင် လုပ်နေတာ ကောင်းလိမ့်မယ်။ DrChitNge6ဗုဒ္ဓဘာသာကို စော်ကားဖို့ မကြိုးစား မပြင်ဆင်ပါနဲ့။ ဗုဒ္ဓဘာသာကို စော်ကားရင် ကံကြီးထိုက်လိမ့်မယ်၊ ကံကြီးထိုက်ရင် မိုးမီးလောင်သွားမယ်။ ဒါကို သတိထားပါ။

  တကယ်တမ်းကျ အသိပညာနယ်ပယ်မှာ ကမ္ဘာသိတဲ့ အသိပညာဆိုတာ သာမညပဲ ရှိသေးတယ်။ ဒို့ မြန်မာ ဗုဒ္ဓဘာသာတွေသိတဲ့ အသိပညာက အင်မတန် နက်ရှိုင်းတယ်၊ ဥပမာ – နိဗ္ဗာန်ရှိကြောင်း သိတယ်။ တကယ်တော့ မင်းတို့ နိဗ္ဗာန်ရှိကြောင်းလည်း မသိသေးပါဘူး။ ဒို့က နိဗ္ဗာန်ရှိကြောင်း သိတဲ့အပြင်၊ သူတော်ကောင်းတွေဟာ နိဗ္ဗာန်ရှိခြင်းကိုတောင် တွေ့ပြီးကြပြီ။ တွေ့ပြီးတဲ့ သူတော်ကောင်းတွေ အများအပြားလည်း ရှိခဲ့တယ်၊ တွေ့တော်မူခဲ့ကြတယ်၊ တွေ့လည်းတွေ့နေဆဲပဲ — ဒီတော့ မင်းတို့ရဲ့ လောကီအသိပညာဟာ သာမညပဲ၊ သာမညနဲ့ ယစ်မူးပြီးတော့၊ အောက်ခြေလွတ် ဘဝင်မြင်ပြီင်္း ဒို့ရဲ့ အမှန်တရားသစ္စာ ဗုဒ္ဓဘာသာကြီးကို လာပြီးစော်ကားမယ် မကြံနဲ့ မင်းတို့ ကံကြီးထိုက်သွားမယ်၊ မင်းတို့ မိုးမီးလောင်သွားမယ်။ ဒါဟာ ဗုဒ္ဓဘာသာဘက်က သတိပေးလိုက်တဲ့ အမှန်အကန် ကြွေးကြော်ချက် စကားပဲ။

တကယ်တော့ မင်းတို့သိတဲ့ အသိပညာဆိုတာ အသေးအဖွဲပါ၊ လောက ကိစ္စလောက်ပဲ သိတာပါ။ မင်းတို့ဟာ တကယ်တော့ ဘာမှ မသိသေးဘူးလို့တောင် ပြောလို့ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မင်းတို့က ရှိကြောင်းမှ မသိတာကိုး။ နိဗ္ဗာန်ဟာ အင်မတန် မြင့်မြတ်တယ်။ မင်းတို့ မသိပါဘူး၊ မင်းတို့က ဒုံးဝေးသမားတွေပါ။ ဒို့က မပြောချင်လို့၊ မနှိမ်ချင်လို့နေတာ – မင်းတို့က  ဗုဒ္ဓဘာသာကို ပြန်ပြီးတော့ နှိမ်လာတဲ့ အခါကျ ဒို့ကလည်း ပြန်ပြောရပေလိမ့်မယ် —

 

“မင်းတို့ဘာသိလို့လည်း၊ မင်းတို့သိတာ ဘာမှ မဟုတ်သေးဘူး။ ဒို့ ဗုဒ္ဓဘာသာရဲ့ ရဟန္တာ ကိုယ်တော်မြတ်ကြီးတွေ သိတာကမှ နိဗ္ဗာန်ကိုလည်း သိတယ်၊ (၃၁)ဘုံကိုလည်း သိတယ်”

 

“မင်းတို့ (၃၁)ဘုံလည်း မသိဘူး၊ လောကကြီးတစ်ခုပဲ မင်းတို့သိဖို့ ကြိုးစားနေတာ – ဒါတောင် မသေချာဘူးဆိုတာ မင်းတို့လည်း ဝန်ခံပြီးသားပဲ”

 

ဒီတော့ မင်းတို့အသိပညာကို မသေချာဘူးလို့ ဝန်ခံနေရတဲ့ အဆင့်မျိုးနဲ့၊ ငါတို့ နိဗ္ဗာန်ရှိကြောင်းကို ဂဃနဏသိတဲ့ အသိမျိုးကို လာပြီးတော့ သွေးတိုးမစမ်းနဲ့ မင်းတို့ ဒုက္ခရောက်ကုန်မယ်၊ မင်းတို့ ကံကြီးထိုက်နေမယ်။ ဒါဟာ ပထမဦးဆုံး (warning) သတိပေးလိုက်ခြင်းပဲ။ ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ မင်းတို့ဖာသာ လွတ်အောင်နေ — မင်းတို့အကြောင်းနဲ့ မင်းတို့အကျိုး အောင်မြင်တာ လောက အောင်မြင်ချင်တာ အောင်မြင်မယ်၊ မအောင်ချင်တာ မအောင်မြင်ဘူး – ဒါမင်းတို့ ဖာသိဖာသာ နေပေါ့။ ဘာမှ ဗုဒ္ဓဘာသာကို လာပြီးစော်ကားတာ၊ ပစ်မှားတာ၊ ရန်စတာ၊ ရန်လိုတာ အထင်လွဲအောင် လုပ်တာမျိုးက မလိုပါဘူး —

ဒီတော့ မင်းတို့ကမ္ဘာကို (warning) သတိပေးလိုက်တယ်၊ မီးမလောင်ချင်လို့ရှိရင် ဗုဒ္ဓဘာသာကို မစော်ကားပါနဲ့ ——-

ဒါဟာ အကြီးအကျယ်နဲ့ အပြင်းအထန် ပေးလိုက်တဲ့ (warning) သတိပေးစကားလို့သာ မှတ်လိုက်ပါ။ တကယ်တမ်းကျ ထပ်ပြောမယ် –

 

မင်းတို့အသိပညာဟာ ဘာမှ မဟုတ်သေးဘူး။

နိဗ္ဗာန်ကိုသိမှ ဟုတ်တာကွ !!!

ဒို့ မြန်မာနိုင်ငံမှာ နိဗ္ဗာန်ကို သိတဲ့ ရဟန္တာ ကိုယ်တော်မြတ်ကြီးတွေ အဆူဆူပေါ်တော် မူခဲ့ပြီးပြီ။

 

ဒီတော့ မင်းတို့က ဘာမှ အလိုက်ကန်းဆိုး သိတာတွေလည်း မဟုတ်ဘူး။ မပြောချင်လို့နေတာ

 

မင်းတို့ “ဘာ လူ့အခွင့်အရေးလည်း —”

ငါတို့ ဗုဒ္ဓဘာသာတွေရဲ့ အသိပညာ အထွတ်အထိပ်ကို မင်းတို့ အသိအမှတ် ပြုပါလား —

မင်းတို့ ဒါကျ အသိအမှတ်မပြုဘူး —

မင်းတို့ ပြုချင်တာတွေ လျှောက်ပြုနေတာ —

 

မင်းတို့ကို အထင်မကြီးဘူး၊ ဗုဒ္ဓဘာသာကို စော်ကားတဲ့နောက် မင်းတို့ကို အထင်မကြီးဘဲနဲ့၊ ငါတို့ အနေနဲ့က ပညာသားပါပါ တိုက်ခိုက်ရမယ့်အကြောင်း ကြွေးကြော်တယ်ကွာ !!!

ဒါဟာ တိုက်ရိုက်ပေးစာပဲ။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *