သစၥာရွင္

သစၥာရွင္

DSC_0417copy12ကၽြန္ေတာ္က “တရားအားထုတ္ျခင္းနဲ႔    သာသနာ့ကိစၥ၀ိစၥ ေဆာင္ရြက္ျခင္းမွာ (၇၅) ရာခိုင္ႏႈန္းပဲ ဒီထက္ မပိုဘူး” လို႔ေျပာေတာ့ ပိုတဲ့ဟာကေတာ့ ရွိပါတယ္။ အဲဒါဘာလည္း ဆိုေတာ့ ေမတၱာ ဘာ၀နာပါ။

ကၽြန္ေတာ္ မႏၱေလးရွိတဲ့ သခ်ၤဳိင္းကုန္းေတြ အကုန္လံုးမွာ ေမတၱာပို႔ခဲ့ဖူးပါတယ္။ အဲဒီတုန္းက အသွ်င္နႏၵ၀ံသ ဘ၀ပါ။ ထူးျခားတာက ကၽြန္ေတာ္က အုပ္စုလိုက္ ေမတၱာပို႔ႏိုင္ေတာ့ ကၽြန္ေတာ္က အေရအတြက္အားျဖင့္ ေတာ္ေတာ္မ်ားတာေပ့ါ။ ႏွစ္ပရိေစၦဒကလည္း ႏွစ္ေပါင္း (၄၀) ေက်ာ္ဆိုေတာ့ ကၽြန္ေတာ့္ကို မီဖို႔ဆိုတာ အေရအတြက္အားျဖင့္ေတာ့ သိပ္မလြယ္ပါဘူး။ အရည္အခ်င္းေတြေတာ့ ရွိၾကမွာပါ။ အရည္အတြက္ အားျဖင့္ကေတာ့ ကၽြန္ေတာ္က ထိပ္ဆံုးမွာ ရွိတယ္လို႔ပဲ – ၀န္ခံရမွာ ျဖစ္ပါတယ္။

ကၽြန္ေတာ္ကေတာ့ သစၥာတရား လိုက္စားခဲ့တဲ့ပုဂၢိဳလ္ပါ – တစ္ခ်ိဳ႕ကလည္း သစၥာရွင္လို႔ နားလည္ၾကတယ္။ ကၽြန္ေတာ္ သစၥာတရားကို ပိုင္ႏိုင္ေအာင္ က်င့္ႀကံအားထုတ္ ခဲ့ပါတယ္။ ဒါေတြက ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာ တစ္ဦးရဲ႕ ေအာင္ျမင္တဲ့ဘ၀ကို ေဖာ္က်ဴးခ်င္လို႔ ၀န္ခံျခင္းျဖစ္ပါတယ္။

ကၽြန္ေတာ့္လို ဘ၀မ်ိဳးကေတာ့ ရွားပါတယ္။ ကၽြန္ေတာ့္ထက္ သာတဲ့ပုဂၢိဳလ္ေတြလည္း ရွိတာေပ့ါေနာ္ — ဒါေပမယ့္ အမ်ားအားျဖင့္ေတာ့ ကၽြန္ေတာ္လို ဘ၀မ်ိဳးက ရွားပါတယ္။ ကၽြန္ေတာ္ သာသနာအတြက္ လုပ္ခဲ့ဖူးတယ္။ တရားလုပ္ခဲ့ဖူးတယ္ အႏွစ္ငါးဆယ္၀န္းက်င္ ေဆာင္ရြက္ခဲ့ေတာ့ ကၽြန္ေတာ္လိုပုဂၢိဳလ္က ရွားတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါဟာလည္း လက္ေတြ႕က်င့္ျခင္းေၾကာင့္ပါ။

ဗုဒၶဘာသာေတြ မေအာင္ျမင္ဘူးလို႔ ဘယ္သူေျပာရဲလဲ — ကၽြန္ေတာ္ ဆန္႔က်င္မွာပဲ။

ျမန္မာႏိုင္ငံမွာ တရားသစၥာ မေအာင္ျမင္ဘူးလို႔ ဘယ္သူေျပာရဲလဲ ကၽြန္ေတာ္က ဆန္႔က်င့္မွာပဲ။

ကၽြန္ေတာ္က ဆန္႔က်င္ဘက္ကေန သက္ေသျပႏိုင္တဲ့ အေျခအေန ရွိပါတယ္။

ကၽြန္ေတာ္ တရားအားထုတ္ခဲ့တယ္၊ တရားလည္း သိျမင္ခဲ့တယ္။ သိျမင္သလိုလည္း ကၽြန္ေတာ္ ျပန္လည္ၿပီးေတာ့ ေဖာက္သည္ခ်ပါတယ္။ ဒါေတြဟာ ကၽြန္ေတာ့္ ဘ၀ရဲ႕ မွန္ကန္တဲ့ သတင္းေတြ ျဖစ္ေၾကာင္း ၀န္ခံလိုပါတယ္။ ေက်းဇူးတင္ပါတယ္။

ဗုဒၶစာေပဆုရ

ေဒါက္တာခ်စ္ငယ္(ဒႆန)

(Unicode)

သစ္စာရှင်
ကျွန်တော်က “တရားအားထုတ်ခြင်းနဲ့      သာသနာ့ကိစ္စဝိစ္စ ဆောင်ရွက်ခြင်းမှာ (၇၅) ရာခိုင်နှုန်းပဲ ဒီထက် မပိုဘူး” လို့ပြောတော့ ပိုတဲ့ဟာကတော့ ရှိပါတယ်။ အဲဒါဘာလည်း ဆိုတော့ မေတ္တာ ဘာဝနာပါ။
ကျွန်တော် မန္တလေးရှိတဲ့ သချင်္ုိင်းကုန်းတွေ အကုန်လုံးမှာ မေတ္တာပို့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အသျှင်နန္ဒဝံသ ဘဝပါ။ ထူးခြားတာက ကျွန်တော်က အုပ်စုလိုက် မေတ္တာပို့နိုင်တော့ ကျွန်တော်က အရေအတွက်အားဖြင့် တော်တော်များတာပေ့ါ။ နှစ်ပရိစ္ဆေဒကလည်း နှစ်ပေါင်း (၄၀) ကျော်ဆိုတော့ ကျွန်တော့်ကို မီဖို့ဆိုတာ အရေအတွက်အားဖြင့်တော့ သိပ်မလွယ်ပါဘူး။ အရည်အချင်းတွေတော့ ရှိကြမှာပါ။ အရည်အတွက် အားဖြင့်ကတော့ ကျွန်တော်က ထိပ်ဆုံးမှာ ရှိတယ်လို့ပဲ – ဝန်ခံရမှာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ သစ္စာတရား လိုက်စားခဲ့တဲ့ပုဂ္ဂိုလ်ပါ – တစ်ချို့ကလည်း သစ္စာရှင်လို့ နားလည်ကြတယ်။ ကျွန်တော် သစ္စာတရားကို ပိုင်နိုင်အောင် ကျင့်ကြံအားထုတ် ခဲ့ပါတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ တစ်ဦးရဲ့ အောင်မြင်တဲ့ဘဝကို ဖော်ကျူးချင်လို့ ဝန်ခံခြင်းဖြစ်ပါတယ်။
ကျွန်တော့်လို ဘဝမျိုးကတော့ ရှားပါတယ်။ ကျွန်တော့်ထက် သာတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတာပေ့ါနော် — ဒါပေမယ့် အများအားဖြင့်တော့ ကျွန်တော်လို ဘဝမျိုးက ရှားပါတယ်။ ကျွန်တော် သာသနာအတွက် လုပ်ခဲ့ဖူးတယ်။ တရားလုပ်ခဲ့ဖူးတယ် အနှစ်ငါးဆယ်ဝန်းကျင် ဆောင်ရွက်ခဲ့တော့ ကျွန်တော်လိုပုဂ္ဂိုလ်က ရှားတယ်လို့ ပြောလို့ရပါတယ်။ ဒါဟာလည်း လက်တွေ့ကျင့်ခြင်းကြောင့်ပါ။
ဗုဒ္ဓဘာသာတွေ မအောင်မြင်ဘူးလို့ ဘယ်သူပြောရဲလဲ — ကျွန်တော် ဆန့်ကျင်မှာပဲ။
မြန်မာနိုင်ငံမှာ တရားသစ္စာ မအောင်မြင်ဘူးလို့ ဘယ်သူပြောရဲလဲ ကျွန်တော်က ဆန့်ကျင့်မှာပဲ။
ကျွန်တော်က ဆန့်ကျင်ဘက်ကနေ သက်သေပြနိုင်တဲ့ အခြေအနေ ရှိပါတယ်။
ကျွန်တော် တရားအားထုတ်ခဲ့တယ်၊ တရားလည်း သိမြင်ခဲ့တယ်။ သိမြင်သလိုလည်း ကျွန်တော် ပြန်လည်ပြီးတော့ ဖောက်သည်ချပါတယ်။ ဒါတွေဟာ ကျွန်တော့် ဘဝရဲ့ မှန်ကန်တဲ့ သတင်းတွေ ဖြစ်ကြောင်း ဝန်ခံလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *