Tag Archives: ဆရာကောင်း

နိဗ္ဗာန်ဖက်ဆီသို့ချဉ်းနင်းဝင်ရောက်ထိုးဖောက်ရန်ကြိုးစားခြင်း 02

Share

နိဗ္ဗာန်ဖက်ဆီသို့ချဉ်းနင်းဝင်ရောက်ထိုးဖောက်ရန်ကြိုးစားခြင်း (02) နိဗ္ဗာန်အကြောင်း ဆိုတာကတော့ သတိထားပြောရမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မပြောရဘူး ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ အထူးသဖြင့် ဆရာကောင်း သမားကောင်း ရှိခဲ့ဖူးတဲ့ တပည့်ကောင်းတွေကတော့ ပြောတတ်ပါတယ်။ စာရေးသူဆိုရင် ဆရာကပြောပြတော့ နိဗ္ဗာန်အကြောင်းကို ကောင်းကောင်းသိတော့ ကိုယ်တိုင်ကလည်း ကျင့်ကြံထားတော့ ကောင်းကောင်းပြောတတ်ပါတယ်။ နိဗ္ဗာန်အကြောင်းကတော့ ပြောတတ်ရင် ပြောဖို့ပါပဲ။ မပြောတတ်ရင်လည်း မပြောနဲ့ပေါ့။ မပြောရဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒီလိုပိတ်ပြောတာကတော့ ဓမ္မန္တရာယ်ပါပဲ။ ကိုယ်မပြောနိုင်တာနဲ့ မပြောရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ စိတ်ရင်းယုတ်ညံ့တာဖြစ်တယ်။ ဗုဒ္ဓဘာသာပဲ နိဗ္ဗာန်အကြောင်း ပြောရမှာပေါ့။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

လိပ်နှင့်ဖား ဥပမာ

Share

အများသူငှာ ဖတ်ရှုကြားသိဖူးကြနိုင်ပါတယ်။ လိပ်ဆိုတဲ့သတ္တ၀ါရဲ့ သဘာဝကို သရုပ်ဖော်ရာမှာ သူတို့ကို တို့လိုက်ရင် သူတို့က လက်တွေ၊ ခြေတွေ၊ ခေါင်းတွေ တိုဝင်သွားတဲ့သဘောပေါ့။ ကျွန်တော့်ကို ယူပြီး လွယ်အိတ်ထဲထည့် ဖမ်းသွားပါဆိုတဲ့သဘော။ ငုံ့စုံပစ်ခံတယ်ဆိုတဲ့သဘောလို့ ဖော်ဆောင်ကြတယ်။ ဖားကျတော့ တို့လိုက်တာနဲ့ခုန်ထွက်သွားတယ်။ လွတ်ရာကို ခုန်ထွက်သွားတဲ့သဘောပေါ့။ Tags: ၀ိပဿနာ, ဆရာကောင်း, လောကုတ္တရာ

Posted in Buddhism | Tagged , , | Leave a comment

လောကုတ္တရာနှင့်ပတ်သက်၍

Share

လောကုတ္တရာနှင့်ပတ်သက်၍ လောကုတ္တရာနှင့် ပတ်သက်၍မူ မြတ်စွာဘုရား အမှူးပြုပြီး၊ အရိယာ ကိုယ်တော်မြတ်ကြီးတွေက တစ်ဆင့် အသိပညာ ဖွင့်ပေးမှသာလျှင် ရလေ့ရှိသော အတတ်ပညာဖြစ်သည်။ မြတ်စွာဘုရား အလောင်းတော်သာလျှင် မိမိကိုယ်တိုင်ကျင့်၍ အောင်မြင်တော် မူခဲ့ခြင်းဖြစ်သည်။ ရိုးရိုးပုဂ္ဂိုလ်များသည် မိမိဖာသာကျင့်၍ အောင်မြင်နိုင်ရန်မူ လွန်စွာခက်ခဲသည်။ မည်မျှ ခက်ခဲသနည်းဟူမူ ဥပမာတင်စားရသော် (၁၃) မိုင်ပတ်လည် သံမဏိတုံးကြီးအား လက်သည်းနှင့်ခြစ်၍ ဖောက်သကဲ့သို့ ခက်ခဲနက်နဲလှလေသည်။ ထို့ကြောင့် လောကုတ္တရာ အသိပညာကို ဆရာကောင်း သမားကောင်းများက အသိပညာဉာဏ် အရိယာဉာဏ်၊ သွန်သင်ဆုံးမ ဖွင့်လှစ်ပေးမှသာလျှင် လောကုတ္တရာဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဆရာကောင်း ဆရာမြတ် လိုအပ်ခြင်း

Share

 ဆရာကောင်း ဆရာမြတ် လိုအပ်ခြင်း             ဤသာသနာ၌ အကန်းသည် အကန်းကို တုတ်ဆွဲ၍ မဖြစ်နိုင်ချေ။ ချောက်ကမ္ဘား များပြားလှစွာသော ဤသံသရာ လမ်းခရီးတွင် မျက်မမြင် တစ်ဦးက အခြားသော မျက်မမြင်များကို လမ်းပြ၍ မရစကောင်း။ သစ္စာ မသိသေးသူက အခြားသော အ၀ိဇ္ဇာ တဏှာသမားများကို ရှေ့သွား ခေါင်းဆောင်ပြု၍ နိဗ္ဗာန်သောင်ကမ်း တဘက်စခန်းသို့ တက်လှမ်းရန် ကြိုးစားနေကြသည် ဆိုသည်မှာ သဘာဝမကျပေ။ ကိုယ့်ကိုယ်ကိုမှ မကယ်နိုင်သော အာစရိယ ကမ္မဋ္ဌာနစရိယက အခြားသော ယောဂီများကို တရားပြနေသည်ဆိုသည်မှာ ရယ်ဖွယ်ရာ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဆင်ဖြူရှင်ကျောင်းတိုက်၌တရားအားထုတ်ခြင်း

Share

ဆင်ဖြူရှင်ကျောင်းတိုက်၌တရားအားထုတ်ခြင်း စာရေးသူတို့သည် ပုဂံမှာနေသဖြင့် ပုဂံရှိဘုရားများ၊ ကျောင်းတိုက်များသို့ အေးအေးဆေးဆေး သွားရောက် ဖူးမြော်ခွင့်ကြုံသည်။ ဤကားထူးခြားသော အခွင့်အရေးဟု ခံယူမိသည်။ စာရေးသူသည် အမရပူရ၌ လည်းကောင်း၊ မန္တလေး၌ လည်းကောင်း၊ ရန်ကုန်၌ လည်းကောင်း နေခဲ့ဖူးသည် ဖြစ်ရာ ယခုအခါ ပုဂံမှာ နေရကျိုးနပ်ပေသည်။ ဘုရားများလည်း တော်တော်တော့ စုံပြီ၊ သို့သော် မပြည့်စုံသေးချေ။ ယခုအခါ ဆင်ဖြူရှင် ကျောင်းတိုက်ကြီးဝင်း၌ တရားထိုင်ခဲ့သည်။ တရားထိုင်ရင်းပင် အော်- ပုဂံခေတ်က မြန်မာတို့၏ ဘုရား တရား သာသနာကြည်ညိုပုံကို တန်ဖိုးထားလေးစား … Continue reading

Posted in Buddhism | Tagged , , | Leave a comment

မဂ်ရခြင်းမရခြင်း…(၁)

Share

မဂ်ရခြင်းမရခြင်း…(၁) နိဗ္ဗာန်အကြောင်းကို ကျွန်တော် အနည်းငယ်တော့ ပြောပြ ရေးပြခဲ့ပါတယ်။ နိဗ္ဗာန်အကြောင်းကတော့ အများသူငါ သိတဲ့အတိုင်းပါပဲ အင်မတန် ကျယ်ပြော နက်ရှိုင်းတော့ ဘယ်လောက်ရေးရေးလည်း ကုန်ပြီ ၀ပြီလို့တော့ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆရာကောင်းသမားကောင်းရဲ့ အဆိုအဆုံးမလည်း တည်တယ် ကိုယ်တိုင်ကလည်း ကျင့်ကြံအားထုတ်ဖူးတော့ ကောင်းကောင်းမွန်မွန် ရေးနိုင်တဲ့ သဘောပါပဲ။ ကျွန်တော်ကတော့ ခြေခြေမြစ်မြစ် လေ့လာခဲ့တော့ ခြေခြေမြစ်မြစ် ရေးတတ်ပါတယ်၊ အပေါ်ယံမျိုး ကျွန်တော် မရေးဘူး။ ဥပမာ – ဟိုတစ်လောက ဓမ္မကထိကတစ်ပါး အသင်္ခတဓာတ်ကို အတ္တအနှစ်သာရ ရှိတယ်လို့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဆရာကောင်းဆရာမြတ်လိုအပ်သည် . . .

Share

ဆရာကောင်းဆရာမြတ်လိုအပ်သည် . . . စာရေးသူသည် ဆရာကောင်း ဆရာမြတ်ရခဲ့သည်။ ထိုကြောင့် ခိုင်မာသော အသိပညာကို တည်ဆောက်နိုင်ခြင်းဖြစ်သည်။ ယခု အချိန်ခါသည် ပညာရဲရင့် ပွဲလည်တင့်သကဲ့သို့ ရှိသည်။ ယင်းအချက်မှာ ဆရာကောင်းဆရာမြတ်ကို ဖူးတွေ့ခွင့်ရသောကြောင့် ဖြစ်သည်။ အချို့မှာ လမ်းခုလတ်၌ အမှားမှား အယွင်းယွင်းများ ဖြစ်သွားကြသည်။ ဥပမာ — ဟိုတစ်လောက တရားဟော ဓမ္မကထိကတစ်ဦး အဓမ္မဝါဒ စွန့်လွှတ်ကြောင်း ဖတ်လိုက်ရသည်။ ယင်းကိစ္စကို သုံးသပ်ကြည့်လျှင် ဆရာကောင်းဆရာမြတ် ကင်းမဲ့နေသောကြောင့် ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် “အသင်္ခတဓာတ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

နိဗ္ဗာန်စံလိုလျှင် .. ..

Share

နိဗ္ဗာန်စံလိုလျှင် .. .. ဗုဒ္ဓဘာသာဝင်များက နိဗ္ဗာန်ကို စိတ်ဝင်စားကြတယ်။ စိတ်ဝင်စားမယ်ဆိုလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့တရားပဲ။ နိဗ္ဗာန်ကတော့ အမြတ်ဆုံးဓာတ်လို့ အဆိုရှိတယ်။ ပါဠိလို   အနုတ္တရဓာတ်ပေါ့နော်… ‘အသင်္ခတ’ လို့လည်း သရုပ်ဖော်တယ် – ပြုပြင်စီရင်မှု ကင်းတယ်ပေါ့။ နိဗ္ဗာန်ရဲ့သဘာဝဟာ ပြုပြင်စီရင်မှု မရှိဘူး။ ဒီ (၃၁)ဘုံ ကတော့ ပြုပြင်စီရင်မှုတွေနဲ့ ပြွန်းနေတာပေါ့နော်။ တချို့ကလည်း ကျွန်တော့်ကို – နိဗ္ဗာန်တွေ့ဖူးသလား? တွေ့ဖူးရင် ဘယ်လိုနေလဲ? ပေါ့… ပြောစေချင်ကြတယ်။ ဒါကတော့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA – 10

Share

နိဗ္ဗာန် အပိုင်း(၁၀) နန်း    လူရဲ့မျှော်မှန်းချက်ဟာ သေခြင်းတရားကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ဖို့ဘဲပေါ့နော်။ ငယ်     သေသည်၏ အခြားမဲ့မှာလည်း ကောင်းမွန်မြင့်မြတ်နိုင်ဖို့ပေါ့။ နိဗ္ဗာန်မစံရမချင်း ရုပ်နာမ်နဲ့ ရင်ဆိုင်ရမှာ ဆိုတော့ ရုပ်နာမ်အပြီးအပိုင် မချုပ်ငြိမ်းသေးလည်း ကောင်းကောင်းမွန်မွန် ရင်ဆိုင်တတ်ဖို့ပေါ့။ လောကုတ္တရာ အမြင်ဉာဏ်က ပိုမိုနက်ရှိုင်း ကျယ်ပြန့်တာပေါ့။ နန်း    ဒီလို ကျယ်ပြန့်နက်ရှိုင်းတဲ့ ပညာရပ်က မြန်မာနိုင်ငံမှာဘဲ ထွန်းကားတာလား။ ငယ်     ဟုတ်တယ်။ မြန်မာနိုင်ငံမှာဘဲရှိတယ်။ အခြား ဘယ်မှာမှ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

NIBBANA – 6

Share

နိဗ္ဗာန် အပိုင်း(၆) နန်း     ကောင်းပါပြီ။ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ခင်ဗျားတို့အဓိကက ဘာလုပ်ရတာလဲ။ ငယ်     တရားအားထုတ်ရတယ်လေ။ တရားရမှုနဲ့ ဆန့်ကျင်ဘက်တွေကို ရှောင်ရရှားရတိုက်ထုတ်ပစ် ရတယ်ပေါ့။ ဒါ အဓိကပါဘဲ။ နန်း     နုပဿနာလေးမျိုးထဲက ခင်ဗျားတို့က ဘယ်နည်းနဲ့ အားထုတ်တာလဲ။ ငယ်     လေးနည်းစလုံးဘဲ။ နောက်တော့ တဖြေးဖြေး နှစ်နည်းဘဲ အဓိကအားထုတ်တယ်။ အားထုတ်နည်း အတိ အကျကိုတော့ ခင်ဗျားလိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဆင်ခြင်နည်းဘဲ ဆွေးနွေးချင်တယ်။ အားထုတ် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 34

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၅) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ဓမ္မအောင်လံ ပညာဆိုတာ ဉာဏ်ကထွက်တာဘဲ။ ဉာဏ်ဆိုတာ ခန္ဓာကိုမြင်ရတယ်။ ခန္ဓာက ပညာကို မထုတ်နိုင်ဘူး။ (သို့မဟုတ်) တိုက်ရိုက်မထုတ်နိုင်ဘူး။ မြတ်စွာဘုရားက စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ ဟောပြီးမှ ပညာဥဒပါဒိလို့ ဟောတော်မူတယ်။ လူတော်တော်များများက ပညာနဲ့ သညာ၊ ပညာနဲ့ ၀ိဉာဏ် မကွဲကြရှာဘူး။ လွယ်တဲ့ ကိစ္စ တော့လည်း မဟုတ်ဘူး။ ပညာက အလင်းရှိတယ်။ Light, Bright, … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -32

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၃) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာတော်မြတ်ကို အားကိုးနိုင်သည် မိမိမှာ ကံထူးသူဖြစ်လေသည်။ ဆရာကောင်း ဆရာမြတ်ထံ ချဉ်းကပ်ခွင့် ရခဲ့သည်။ ဘ၀ကို အပ်နှံပုံပြခဲ့သည်။ ဤစွန့်စားမှုသည် မိမိအတွက်သာ ဖြစ်သည်။ တဖြည်းဖြည်း အသိပညာရင့်ကျက်ခဲ့ သည်။ မြတ်စွာဘုရား ပါရမီဖြည့်ဆည်းတော်မူခဲ့ရသည်ကို မိမိ တစ်စတစ်စ သိရှိနားလည်လာသည်။ မြတ်စွာဘုရား၏ ပါရမီတော်ကို ပူဇော်မိခြင်းသည် `ရွှေ´ ပင်ဖြစ်သည်။ ရုပ်နာမ်ကို ငါထင်သမျှ `အချည်းနှီး´ နှင့်တိုးရမည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , , | Leave a comment

NIBBANA-2

Share

နိဗ္ဗာန် အပိုင်း(၂) နန်း     နောက်ကျလိုက်တာဗျာ။ ငယ်    ဘာနောက်ကျတာတုံး။ နန်း     ကျွန်တော် တော်မှန်းအခုမှ သိတယ်ဆိုလျှင် ပြောတာပါ။ ငယ်    ဒီအချက်မှာ တော်တယ်ပြောတာ။ နန်း     ကျေးဇူးတင်ပါတယ်ဗျာ။ ငယ်    ကျွန်တော်ပြောပြချင်တာတွေ အများကြီးရှိတယ်နော်။ နန်း     ပြောပြလေဗျာ။ ငယ်    နိဗ္ဗာန်က ဆန်းတယ်ဗျ။ နန်း     ဘာသာပြန် တော်သားဘဲ။ ငယ်    ဘာ – ဘာသာပြန်တော်တာလဲ။ နန်း     အော် – နိဗ္ဗာန်က အံ့သြဘွယ်ကောင်းတယ်လို့ လာထားတာရှိလို့ပါ။ ငယ်    ကျွန်တော်ပြောတတ်သလို ပြောမယ်ဗျာ။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 31

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာကို ဤသို့ မြတ်နိုးသည် ဤစာစောင်ကို ပြုစုရာတွင် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မဟာဂရုဏာတော်ရှင် ဗုဒ္ဓမြတ်စွာ ကိုလည်းကောင်း (သို့မဟုတ်) လူသုံးပါးတို့၏ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း၊ ဤစာရေးသူ၏ ဆရာသခင် ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း ဦးထိပ်ပန်ဆင်လျက် ရေးသားပြုစု ပါသည်။ သာသနာတော်မြတ်ကြီးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုထမ်းဆောင်လိုသော စေတနာ ဖြင့်လည်းကောင်း ရေးသားပြုစုပါသည်။ ငါသိ၊ ငါတတ်သဘော ဖယ်ရှားလျက် ရေးသားပြုစုပါသည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

NIBBANA -1

Share

နိဗ္ဗာန် အပိုင်း(၁) သူသူကိုယ်ကိုယ် တရားအားထုတ်သောအခါ အတွေ့ထူး၊ အမြင်ထူးများ တွေ့ကြုံခံစားကြဘူးပေ လိမ့်မည်။ စာရေးသူလည်း တွေ့ကြုံမြင်ဘူး အသိထူးများ ရရှိခံစားဘူးလေသည်။ ခံစားရပုံမှာ အံ့သြဘွယ် ရာအတိပြီးလေသည်။ စာဖတ်သူကို အပြည့်အ၀ ပြန်လည်ဖော်ပြရန်ပင် အတော်ကြိုးစားရပေလိမ့်မည်။ မတွေ့ဘူးသော အတွေ့ထူးများဖြစ်၍ ဆန်းသစ်လွန်းနေသည်။ ရင်သပ်ရှုမော လှိုက်ဖိုဇောကြွလောက်စရာပင်ဟု မှတ်ချက်ချနိုင်ပေလိမ့်မည်။ ဤအကြောင်းအရာများကို ကိုနန်းအောင်နှင့် ယခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့မိကြလေသည်။ နန်း     ကိုယ့်လူကြီး၊ ငြိမ်ချက်သား ကောင်းလှချည့်လားဗျ။ ငယ်    ငြိမ်ခြင်းဟာ လှုပ်ခြင်းအတွက် အားယူနေတာဗျ။ နန်း     … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment