Tag Archives: မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်

ချစ်ခြင်းမုန်းခြင်းဟူသည် .. ..

Share

ချစ်ခြင်းမုန်းခြင်းဟူသည် .. .. “မုန်းချစ်နှစ်တန် လူတို့ထံ အမှန်သဘော မရှိသောကြောင့်” ဓမ္မမိတ်ဆွေကြီး ဦးကျော်နှင့် အပေါင်းအပါများ .. .. မဂ်ဥာဏ် တည်ဆောက်တယ် ဆိုတာက စိတ်ကိုချေဖို့ပါပဲ။ စိတ်ကို ချေလို့ ကျေသွားရင် ကျေတာက နိဗ္ဗာန်တော့ မဟုတ်ဘူးနော် .. .. ဒါတော့ သတိထားရမယ်။ တချို့က စိတ်ကျေတာ နိဗ္ဗာန်ထင်နေတာ .. .. စိတ်ကျေသွားတဲ့ အခါကျတော့ ကျေအောင်ချေနိုင်တဲ့ မဂ်ကနေ ဖိုလ်ကူးပြီး ဖိုလ်ကနေမှ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါ။ ဒါလေးအရေးကြီးတယ် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၅)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၅) ယောဂီများက တရားလိုက်တော့ သာသနာအကြောင်း နည်းနည်းလေး ပြောပြမယ် . . . မိမိသိသလောက်ပေါ့ – သာသနာက မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်တုန်းကတော့ သျှမ်းသျှမ်းတောက်ပေါ့ … ယောဂီများရယ် သာသနာတော်က သျှမ်းသျှမ်းတောက်ပေါ့၊ ဒိတ်ဒိတ်ကြဲပေါ့။ သာသနာ့ အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒိတ်ဒိတ်ကြဲပေါ့ – ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာမောဂ္ဂလန်တို့၊ ညီတော် အာနန္ဒာတို့၊ ရှင်မဟာ ကဿပတို့၊ ရှင်အနုရုဒ္ဓါတို့ . . . အကုန် ဒိတ်ဒိတ်ကြဲတွေပဲ။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၄)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၄) ယောဂီတွေကို စိတ်ဝင်စားဖွယ်ရာ အထူးအဆန်း အမှန်အကန်တစ်ခု ပြောရဦးမယ် .. .. တရားအားထုတ်ပြီးလို့ အဆင့်တော်တော်မြင့်ရင်၊ ကြောင်းအကျိုး တိုက်ဆိုင်ညီညွှတ်ရင် ရောင်ခြည်တော်တွေကို ဖူးရတယ်။ (အံသြစရာ ကောင်းတယ်နော်-) ကျင့်တဲ့ ပုဂ္ဂိုလ်တွေက သိပ်နည်းလာတဲ့အခါ- ဒီစကားက သိပ်ကျယ်ကျယ်လောင်လောင် မပြောကြလို့ မပြောဖြစ်တာ ပါ။ တကယ်တော့ ရောင်ခြည်တော်တွေ ဖူးရတယ် – မြတ်စွာဘုရား ရောင်ခြည်တော်၊ ရဟန္တာများရဲ့ ရောင်ခြည်တော် အခါအားလျော်စွာ အကြောင်းအကျိုး ညီညွတ်တဲ့အခါ ဖူးရပါတယ်။ ဒီထက် တိတိကျကျ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၃)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၃) အရိယာဖြစ်စေရန် အချို့သော သော့ချက်များ . . . ယောဂီများ အချို့သော သော့ချက်များကို အရိယာဖြစ်စေဖို့အတွက် ပြောပြ ထုတ်ဖော်ပေးမှာ ဖြစ်ပါတယ် . . . (၁) အချို့က ၀ိပဿနာရှုတာကို အပျက်ရှုတယ် – ဒီတော့ ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်း ဂုဏ်ဒြပ်တွေ ပျက်သွားမယ်လို့ စိုးရိမ်ကြတယ်။ ဒါဟာ မှားနေပါတယ်။ ၀ိပဿနာ ရှုတယ်ဆိုတာ – စိန်တွေရွှေတွေကို ရှုတာမဟုတ်ပါဘူး- စိန်တွေရွှေတွေအပေါ်မှာ ထားတဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၂)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၂) အရိယာဖြစ်စေဖို့အတွက် အခြားသော သော့ချက်များ . . . ယခုအခါ ယောဂီများ တရားကျင့်ပြီဆိုတော့ အရိယာဖြစ်ဖို့ ရည်ရွယ်မှန်းထားရပါတယ်။ အရိယာဖြစ်မှ နိဗ္ဗာန်ကို တွေ့မှာ – ဒီတော့ အခြားသော သော့ချက်များကိုလည်း ဖော်ပြချင်ပါတယ် . . . အခြားသော သော့ချက်များ (၁) ယောဂီများ နိဗ္ဗာန်မှာ ဘာမှမရှိဘူးဆိုတာ မှားပါတယ်။ အချို့ကလည်း ဘာမှ မရှိဘူးဆိုရင် ဘာလို့ သွားမှာလည်း ဆိုတာမျိုး ဒါဏ်ပြန်မေးခွန်း လာတာပေါ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၁)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၃၁) အရိယာဖြစ်စေဖို့အတွက် သော့ချက်များ . . . ယခုအခါ ယောဂီများကို အရိယာဖြစ်စေဖို့အတွက် သော့ချက်အချို့ကို ဖွင့်ပြောပါမယ် – သော့ချက်(၁) အရိယာဖြစ်ဖို့ဆိုတာ ကူညီနိုင်တဲ့ တစ်စုံတစ်ဦးက အကူအညီ ပေးရပါတယ် – မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်သာလျှင် ဆရာ မကူဘဲ သဗ္ဗေညုတ ရွှေဥာဏ်တော်ကို ရရှိခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရား ရပြီးတဲ့နောက် ကျန်တာ မြတ်စွာဘုရားအမှူးပြုပြီး မြတ်စွာဘုရား၊ အဂ္ဂသာဝက၊ မဟာသာဝကနဲ့ သာသနာတော်မြတ်ကြီးက ကူညီမှ ကျန်တဲ့ပုဂ္ဂိုလ်များ အရိယာ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၅)

Share

ယောဂီများတရားရဖို့လိုအပ်ချက်များ(၅) ဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ဆိုရအောင်… တရားအလုပ်လုပ်တဲ့အခါ ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုရတယ်။ သိပ္ပံပညာရှင်ကြီး ဟိုင်ဇင်ဘတ် က “ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ကြောင်း အဓိပ္ပာယ်မဖွင့်ရင် အသိပညာအရာမှာ စာရင်းမ၀င်ကြောင်း” အထူးအရေးပေး ဖော်ပြခဲ့ဖူးပါတယ်။ ဝေါဟာရတွေဆိုတာ အဓိပ္ပာယ်ဖွင့်ရတယ်။ ကျွန်တော်ဆိုရင်လည်း ဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ပေးနေတာပဲ။ “၀ိပဿနာဆိုတာ ဥာဏ်နဲ့ ခန္ဓာကို အနိစ္စရှုတာတို့၊ နိဗ္ဗာန်ဆိုတာ ရုပ်နာမ် ခန္ဓာချုပ်တာတို့၊ အရိယာမဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုတာ ရုပ်နာမ်ကို ပိုင်းခြားနိုင်တာတို့” စတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ကျွန်တော်လည်း … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၉ )

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၉ ) တရားကျင့်တယ်ဆိုတာ ခေတ်မီပါတယ် . . . ဒီခေတ်မှာ တရားကျင့်တယ်ဆိုတာ ခေတ်မီပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တရားကျင့်တော့ ကိုယ့်သီလ၊ သမာဓိ၊ ပညာ တိုးတက်တာပေါ့။ ကိုယ်တိုးတက်အောင် ကိုယ်လုပ်တာဟာ ခေတ်မီတာပါပဲ။ ဒီခေတ်က လက်တွေ့လုပ်တဲ့ ခေတ်ပဲ အားလုံးသိပါတယ်။ သိပ္ပံဟာ လုပ်တွေ့လုပ်လို့ ကမ္ဘာက လေးစားရတာ။ လက်တွေ့ကျင့်တဲ့ခေတ် – ဒီခေတ်ဟာ စာအုပ်ထဲတို့ သဘောတရားရေးရာတို့ဟာ တခြမ်းပဲ့ဖြစ်နေတော့ မကိုက်ဘူး။ လက်တွေ့ကျင့်ကြံ အားထုတ်ပြီး အလုပ် လုပ်မှ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၃)

Share

ယောဂီများတရားရဖို့လိုအပ်ချက်များ(၃) ယောဂီများ အားရှိစရာ  . . . ယောဂီများ အားရှိကြပါ။ ဘာကြောင့်လည်းဆိုတော့ အများသူငါတွေက ခန္ဓာဥာဏ် မရောက်ကြဘူး။ ဒီကိစ္စကို ယောဂီများလည်း ရိပ်မိမှာပါ။ တစ်ခွန်းစ၊ နှစ်ခွန်းစ ဆွေးနွေးကြည့်ရင် သူတို့ ခန္ဓာဥာဏ် မရောက်ဘူးဆိုတာ သိသာမှာပါ။ ခန္ဓာဥာဏ်ရောက်ပုံကို သူတို့ နားမလည်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ ဆရာကောင်းမရှိလို့။ ယောဂီများ ကတော့ ခန္ဓာဥာဏ်ရောက်နေပြီ (သို့မဟုတ်) ရောက်တော့မယ်။ ကိုယ်တိုင်က ဥာဏ်ကို တည်ပေးနေတာပဲ။ သူတို့က ခန္ဓာဥာဏ် မရောက်ဘူး။ ကိုယ်က … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၅ )

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၅ ) ဗုဒ္ဓဘာသာများ ၀မ်းသာစိမ့်သောငှာ ပြောပြလိုပါသည် — ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သည် အမှန်ရှိပါသည်။ မြတ်စွာဘုရားလည်း ဟောတော်မူခဲ့ပါသည်။ (ကျွန်တော် ပါဠိများစွာကို မရွတ်လိုပါ။) သို့သော် “အတ္ထိဘိက္ခဝေ အဇာတံ အဘူတံ အဂတံ အသင်္ဂတံ …. နိဗ္ဗာနန္တိ” ဟူ၍လာပါသည်။ နိဗ္ဗာန်သည် ရှိပါသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုသောအခါ ချမ်းသာသည်၊ လွတ်မြောက်သည်၊ ဒုက္ခမှကင်းသည်၊ ရုပ်နာမ်ချုပ်သည်၊ နူးညံ့သည်၊ သိမ်မွှေ့သည်၊ အသိခက်သည်၊ ရိုးရိုးမျက်လုံးနှင့် မြင်၍မရ၊ ရုပ်နာမ်နှင့် … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ – အပိုင်း(၂၁)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၁) အဆင့်ဆင့် ပြောင်းလဲတိုးတက်ခြင်း Evolution ကို အများသူငါ နားလည်ပြီးသားပါပဲ . . . တော်တော်လွယ်တဲ့ ဥပမာတစ်ခုက – ရေနွေးကို အပူပေးတဲ့အခါကျ အပူဒီဂရီတွေ တက်တာပေါ့၊ အပူဒီဂရီ တက်ခြင်းကို အရေအတွက် တိုးတက်ခြင်းလို့ သတ်မှတ်ကြတယ် Quantitative Change ပေါ့နော်။ နောက် ရေဆူမှတ်ရောက်လို့ ရေကဆူသွားတော့ ရေကအငွေ့ ဖြစ်သွားတယ်၊ ဒီအခါမှာ Evolution ကနေ Revolution လို့ အဆင့်တက်သွားတယ် ဒါကို Qualitative … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ – အပိုင်း(၂၀)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၂၀) ရတနာမြတ် သုံးပါးရဲ့ ဂုဏ်ကျေးဇူးကတော့ အထူးပြောဖွယ်ရာ မလိုပါဘူး။ အင်မတန်မှ ကျေးဇူးရှိစေတဲ့ တရားတွေ၊ ဂုဏ်တော်တွေပါ။ ဒါပေမယ့် ကိုယ်က ရုပ်နာမ်ရထားတော့ ရုပ်နာမ်ရဲ့ ဒုက္ခလေးတွေလည်း ဖြတ်သန်းရသေးတယ်။ ရတနာမြတ် သုံးပါးကိုးကွယ်တာက တစ်ကဏ္ဍ၊ ရုပ်နာမ်ဒုက္ခက တစ်ကဏ္ဍပဲ။ ရတနာမြတ်သုံးပါးကို ဦးထိပ်ထားတော့ ရုပ်နာမ်ဒုက္ခနဲ့ပတ်သက်လို့ ဥပမာ —- တစ်ပိဿာဖြစ်မယ့်ဟာက ငါးဆယ်သား သုံးဆယ်သား နှစ်ဆယ်သား တစ်ဆယ်သားလောက်ပဲ အဲဒီလို ဖြစ်တာပေါ့။ ဒုက္ခခံစရာ ငါးဆယ်သား နှစ်ဆယ်သားလောက် ရမယ့်ဟာဆိုရင် ရတနာမြတ်သုံးပါး … Continue reading

Posted in Buddhism, Frontpage | Tagged , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၉)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၉) အရိယာတွေကတော့ ရုပ်နာမ်ရှိတဲ့ (၃၁)ဘုံ ခရီးသွားသမားတွေ လောကဓံဆိုတာ တွေ့နိုင်လိမ့်မယ်လို့ပဲ နှလုံးသွင်းတော် မူကြပုံရတယ်။ အစစအရာရာ ပန်းခင်းတဲ့လမ်းကြီး ဖြစ်ရမယ်လို့တော့ ဒီလိုတော့လည်း သတ်မှတ်ထားဖို့ရာ အခက်အခဲရှိတယ်။ ဒါပေမယ့် တွေ့ကြုံရတဲ့ လောကဓံတွေကို အရိယာတို့ရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့ ဦးစီးပြီးတော့ ရင်ဆိုင်တဲ့ အခါကြတော့ ပရမ်းပဒါဖြစ်မယ့် ကိစ္စတွေမှာ အထိန်းအသိမ်းတွေ ရနိုင်တယ်လို့ ဒီလိုတော့လည်း တွက်လို့ရပါတယ်။ နောက် အခါအားလျော်စွာ နိဗ္ဗာန်ကို မျက်မှောက်ပြုတော့ နိဗ္ဗာန်ထဲမှာ ဥာဏ်နဲ့ဝင်ပြီးနေလိုက်တဲ့ အခါကျရင်တော့ ချမ်းသာခြင်း လွတ်မြောက်ခြင်းတွေကို … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၈)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၈) လူသားတွေဟာ ကိုယ်ကြိုးစား ရှာဖွေတာကို ကိုယ်တွေ့လေ့ရှိကြတာပဲ။ သိပ္ပံပညာရှင်တွေက အက်တွမ်တွေ့ခဲ့တယ်၊ နျူးကလိယပ်(စ)တွေ့ခဲ့တယ်၊ အီလက်ထရွန်တွေ့ခဲ့တယ် နောက် ကွာ့(ဒ်)တွေ့ခဲ့တယ် – တကယ်တမ်းကျတော့ သူတို့ခေါ်တဲ့ The Most Fundamental Element ဆိုတဲ့ Substantial Element အခြေခံ အကျဆုံးဒြပ်ကို ရှာကြတာပဲ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ နိဗ္ဗာန်ရှာတဲ့ သဘောပါပဲ။ မြတ်စွာဘုရားက နိဗ္ဗာန်တွေ့တော့ ကျွန်တော်တို့ကို နိဗ္ဗာန်သွားတဲ့လမ်းတွေ သင်ခဲ့တာ။ ဒီတော့ ကျွန်တော်တို့က ရှာစရာမလိုဘူး၊ မြတ်စွာဘုရား သင်တဲ့အတိုင်း … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , , , | Leave a comment

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၇)

Share

ဝိပဿနာတရားအားထုတ်ရန် အခြေခံအချက်အလက်များ အပိုင်း(၁၇) အရိယာတွေ အမြင်မှာတော့ ရုပ်နာမ်ဆိုတာ မကောင်းသေးဘူးလို့ မြင်တော်မူကြတယ် . . . ရုပ်နာမ်ထက်ကောင်းတဲ့ နိဗ္ဗာန်ကိုလည်း အရိယာတွေက မြင်ဖူးတွေ့ဖူးတာကိုး . . . ဒီတော့ ရုပ်နာမ်မှအပ သီးခြားတည်ရှိနေတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်နဲ့သာ မျက်မှောက်ပြုနိုင်တဲ့ နိဗ္ဗာန်ကိုတွေ့ထားတော့ ဒီဘက် ရုပ်နာမ်တွေနဲ့ ပတ်သက်လို့က မကောင်းသေးဘူး မဟုတ်သေးဘူးလို့ နားလည်တော် မူကြတယ်။ ပုထုဇဉ်တွေနဲ့ကွဲတာ အဲဒါပါပဲ။ ပုထုဇဉ်တွေကတော့ ဒီဘက်ရုပ်နာမ်နဲ့ပဲ ကိစ္စပြတ်နေတာ ပြီးနေတာဆိုတော့ အရိယာတွေနဲ့ ဒီနေရာမှာ … Continue reading

Posted in Articles, Buddhism, Frontpage | Tagged , , , , , | Leave a comment