Tag Archives: အတ္တ

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၈)

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၈) သစ္စာဝါဒီများရဲ့ ဗဟုသုတဟာ တဖြည်းဖြည်းနဲ့ မသေးတော့ပါဘူး။ ရှင်ဟာရိပုတ္တရာ မိန့်တော်မူဖူးတယ် — “ကိုယ့်ဗဟုသုတ ကြီးရင်လည်း ကြီးတယ်လို့သိရမယ်၊ သေးရင်လည်း သေးတယ်လို့သိရမယ်” အခု သစ္စာဝါဒီများရဲ့ ဗဟုသုတဟာ တော်တော့ကို များပြားနေပါပြီ။ အထူးသဖြင့်တော့ လက်တွေ့နှလုံးသွင်းဖြစ်တာက အမြတ်အစွန်းပါပဲ။ တစ်ချို့က ဗျာများပြီး ဘာကျင့်လို့ ကျင့်ရမှန်းမသိဘူး ဖြစ်နေကြတာက သစ္စာဝါဒီတို့လောက် တန်ဖိုးမရှိဘူး။ သစ္စာဝါဒီတို့ကတော့ အနိစ္စနှလုံးသွင်းရမယ်ဆိုတာကို အပီအပြတ် ခံယူထားတော့ – ဒါ မြတ်တာပဲ။ တကယ်တမ်းကျတော့ မကျင့်ဖြစ်ကြတဲ့သူတွေထက်စာရင် သစ္စာဝါဒီတို့က အရမ်းကို … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အသင်္ခတဓာတ်ဆိုသည်မှာ

အသင်္ခတဓာတ်ဆိုသည်မှာ အသင်္ခတဓာတ်ဆိုသည်မှာ မပြုပြင် မစီရင်အပ်သော တရားပင် ဖြစ်သည်။ တကယ်တော့မူ (၃၁)ဘုံသည် သင်္ခတဓာတ်များဖြစ်သည်။ (၃၁)ဘုံမှ လွန်ရာ နိဗ္ဗာန်သည် အသင်္ခတဓာတ် ဖြစ်သည်၊ အနုတ္တရဓာတ်လည်း ဖြစ်သည်။ (၃၁)ဘုံသည် ပြုပြင်စီရင် အပ်သော သဘောရှိသည်။ နိဗ္ဗာန်သည် မပြုပြင် မစီရင်အပ်ချေ။ ထို့ကြောင့် နိဗ္ဗာန်နှင့် တူသောအရာ လောက၌  နှိုင်းခိုင်းဖို့ ထပ်တူထပ်မျှ မရှိဟု ဆိုရခြင်း ဖြစ်သည်။ ထပ်တူ ထပ်မျှလည်း မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် လောကသည်၊ (၃၁)ဘုံသည် Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -37

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၁၀) သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ (ဈ) အနတ္တဉာဏ် အမြင်ကြောင့် ရုပ်နာမ်ဒုက္ခ သက်သာရာရပုံ ရုပ်နာမ်တစ်ခု ဆင်းရဲခြင်း ချမ်းသာခြင်း ဆိုသည်မှာ ရုပ်နာမ်၏ကိလေသာ ထုထည်ပမာဏ အနည်းအများ ပေါ်တွင် မူတည်သည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာထုထည် ကြီးမားသိပ်သည်း နေလေလေ ထိုရုပ်နာမ်သည် ဆင်းရဲခြင်း အပူမီးကို ပြင်းပြင်းထန်ထန် ခံစားရ လေလေဖြစ်သည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာအား ခေါင်းပါးလျော့နည်းလေလေ ချမ်းသာမှုကို နှစ်နှစ်ကာကာ ခံစားရလေလေဖြစ်သည်။ ထို့ကြောင့် ရုပ်နာမ်တစ်ခု ချမ်းသာခြင်း ဆင်းရဲခြင်းသည် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 7

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၂) ဆရာမြတ်၏ အဆုံးအမများ   (က) သံသရာဘေး၏ ကြောက်မက်ဖွယ်ကောင်းပုံ။ (ခ) အကုသိုလ်မီးများသိပ်သည်းကျစ်လစ်ပုံ။ (ဂ) သေခြင်းတရား၏ ဆိုးဝါပုံ။ (ဃ) လောကဓံ လှိုင်းဂယက်များ။ (င) တရားရှင်ဖြစ်ရန် ကြိုးစားနေသူတို့၏အမြင်။ (စ) အသေစိတ်ချရသူနှင့် အသေစိတ်မချရသူ။   ဆရာမြတ်ထံ တပည့်ခံ၍ ၀ိပဿနာတရား ကျင့်ကြံအားထုတ်ရာ၌ ဦးတည်ချက် ရည်ရွယ်ချက်များ ထားရှိရန်လိုအပ်ကြောင်း ဆုံးမတော်မူသည်။ သံသရာမှ ထွက်မြောက်ရန် ဆန္ဒရှိကြသော စာရေးသူတို့အတွက် သံသရာ လွတ်ကြောင်းမှတပါး အခြားသို့ အာရုံမပြုရပါ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 4

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း ( ၁ ) ဘ၀အတွေ့အကြုံ ဘ၀၏ အလယ်။    ။ သုံးလူ့ထွဋ်ထား သဗ္ဗညုတ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသော်မှ ရုပ်နာမ်ရှိသဖြင့် မရဏလက်တွင်းသို့ အပ်နှင်းတော်မူခဲ့ရသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ ညီတော်အာနန္ဒာ အရှင်သူမြတ်သည် ပူဆွေးသောကရောက်လျှက် သဲအူပြတ်မျှ ငရဲမီးထက် လောင်ကျွမ်းပူပြင်းသော ခံစားချက်များကို ခံစားတော်မူခဲ့ရသည်။ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်က တရားဒေသနာတော်အတိုင်း တသွေမတိမ်း လိုက်နာကျင့်ကြံပါက နိဗ္ဗာန်နန်းသို့ အတူစံဝင်နိုင်မည်ဖြစ်ကြောင်းကို ဆုံးမတော်မူခဲ့သည်။ သို့သော ယူကြုံးမရဖြစ်လွန်းသဖြင့် ခန္ဓာထဲ၌ တရားဉာဏ် မ၀င်နိုင်အောင် … Continue reading

Posted in Buddhism | Tagged , , , , , , , , , , , , | Leave a comment

NIBBANA – 13

နိဗ္ဗာန် အပိုင်း(၁၃) နောက်ဆုံးအပိုင်း ငယ်    ဘုရားအကြိုက်ကို ခင်ဗျားသိလား။ နန်း     ပြောပြလေဗျာ။ ငယ်    သတ္တ၀ါတွေ ချမ်းသာစစ် ချမ်းသာမှန်ရဖို့ လမ်းဖွင့်ပေးရတာပေါ့ဗျာ။ နန်း     ချမ်းသာတု ချမ်းသာယောင်ကတော့ အလကားဘဲပေါ့ ဟုတ်လား။ ငယ်    ချမ်းသာစစ် ချမ်းသာမှန်က ကောင်းတာပေါ့ဗျာ။ နန်း     အချမ်းသာဆုံးဟာ ဘာလဲဟင်။ ငယ်    နိဗ္ဗာန်ပေါ့ဗျာ။ နန်း     နိဗ္ဗာန်က ဘယ်လိုချမ်းသာတာလဲဗျ။ ဘာကြောင့် ချမ်းသာရတာလဲ။ ငယ်    နိဗ္ဗာန်က ဘာကြောင့်ချမ်းသာရသလဲဆိုလျှင် ချမ်းသာစရာတွေရှိလို့ ချမ်းသာတာပေါ့လို့ ဖြေရမှာဘဲ။ ဆင်းရဲခပ်သိမ်း ကင်းပြတ်ငြိမ်းဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA -12

နိဗ္ဗာန် အပိုင်း(၁၂) နန်း     ပညာသားပါပါ ပြောချင်တယ်ဆိုတာ အဲ့ဒါလား။ ငယ်    ဟုတ်တယ်။ နန်း     ပြောဗျာ။ ငယ်    အရိယာဆိုတာ နိဗ္ဗာန်ကို မြင်ဘူးတယ်ဗျ။ နန်း     နိဗ္ဗာန်ဆိုတာ အရိယာတွေ အတွက်ဘဲလား။ ကျွန်တော်တို့အတွက် မပါဘူးလား။ ငယ်    နိဗ္ဗာန်ဆိုတာကတော့ အမြဲရှိနေတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့က အရိယာဉာဏ် မရှိလျှင် နိဗ္ဗာန်ကို တိုက်ရို က် ဘယ်မြင်နိုင်ပါ့မလဲ။ အဲ ကျွန်တော်တို့ အရိယာဖြစ်ပြီဆိုလျှင် နိဗ္ဗာန်ဟာ ကျွန်တော်တို့ အတွက်လည်း ဖြစ်မှာပေါ့။ နန်း     နိဗ္ဗာန်က … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

NIBBANA – 10

နိဗ္ဗာန် အပိုင်း(၁၀) နန်း    လူရဲ့မျှော်မှန်းချက်ဟာ သေခြင်းတရားကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ဖို့ဘဲပေါ့နော်။ ငယ်     သေသည်၏ အခြားမဲ့မှာလည်း ကောင်းမွန်မြင့်မြတ်နိုင်ဖို့ပေါ့။ နိဗ္ဗာန်မစံရမချင်း ရုပ်နာမ်နဲ့ ရင်ဆိုင်ရမှာ ဆိုတော့ ရုပ်နာမ်အပြီးအပိုင် မချုပ်ငြိမ်းသေးလည်း ကောင်းကောင်းမွန်မွန် ရင်ဆိုင်တတ်ဖို့ပေါ့။ လောကုတ္တရာ အမြင်ဉာဏ်က ပိုမိုနက်ရှိုင်း ကျယ်ပြန့်တာပေါ့။ နန်း    ဒီလို ကျယ်ပြန့်နက်ရှိုင်းတဲ့ ပညာရပ်က မြန်မာနိုင်ငံမှာဘဲ ထွန်းကားတာလား။ ငယ်     ဟုတ်တယ်။ မြန်မာနိုင်ငံမှာဘဲရှိတယ်။ အခြား ဘယ်မှာမှ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

NIBBANA – 7

နိဗ္ဗာန် အပိုင်း(၇) ငယ်     ခင်ဗျားက ဘာကိုစိတ်ကူးယဉ်ချင်နေရတာလဲ။ နန်း     အော် – တရားတော်ကများ မျက်နှာလိုက်မလားလို့။ ငယ်     မျက်နှာတော့ လိုက်တာမဟုတ်ဘူးဗျ။ ဒါပေမယ့် မျက်နှာလိုက်တာ။ နန်း     ဘယ်လိုလဲဗျာ။ ခင်ဗျားဟာက နားလည်လွယ်အောင် လုပ်စမ်းပါ။ ငယ်     ပုဂ္ဂိုလ်စွဲနဲ့တော့ မျက်နှာမလိုက်ဘူးဗျ။ ဒါပေမယ့် ဓမ္မစွဲနဲ့တော့ ဦးစားပေးတယ်။ နန်း     ဓမ္မလမ်းစဉ်အတိုင်း ဓမ္မအားကောင်းရာဘက်ကို ဦးစားပေးတဲ့သဘောပေါ့။ ငယ်     ဟုတ်တယ်။ အဲဒီအတိုင်းဘဲ။ နန်း     ခင်ဗျားက ဓမ္မဓိဌာန်ကျတဲ့ အသိအမြင်တွေကို တော်တော်ခံယူတတ်နေပြီနဲ့တူတယ်။ ငယ်     ဟုတ်တယ်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 35

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၆) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) နိဗ္ဗာန်အကြောင်း သိကောင်းစရာ   နိဗ္ဗာန်သည် ဗုဒ္ဓဘာသာသူတော်စင်တို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။ ထို နိဗ္ဗာန်သို့ ၀ိပဿနာ ကျင့်စဉ်ဖြင့် သွားရလေသည်။ ၀ိပဿနာကျင့်ရာ၌ ဉာဏ်ပညာသည် အရေးကြီးလေသည်။ ဉာဏ်ပညာကို တည်ဆောက်ရာ၌ … (၁) ဘုရားတရားအပေါ် ယုံကြည်ခြင်း၊ (၂) တရားတော်ကို လေ့လာနာယူခြင်း၊ (၃) ထိုသို့လေ့လာထားသော တရားတော်တို့ကို မမေ့မလျော့ခြင်း နှင့် (၄) … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

NIBBANA -3

နိဗ္ဗာန် အပိုင်း(၃) ငယ်    မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်အကြောင်း အနည်းငယ် ပြောကြည့်ချင်တယ်ဗျာ။ နန်း     ပြောကြည့်ဗျာ။ ငယ်    တကယ့်မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာ လောကုတ္တရာနဲ့ ယှဉ်တယ်။ နန်း     ဒီတော့ ! ငယ်    လောကုတ္တရာနဲ့ ယှဉ်တယ်ဆိုတော့ လောကီမှလွန်ရာဖြစ်တယ်။ ကျွန်တော် ခဏခဏ ပြောနေတယ်။ အပျက်မှ လွန်ရာဖြစ်တယ်။ နန်း     ဒါသိတယ်လေ။ ငယ်    အပျက်မှလွန်ရာဆိုတော့ ခန္ဓာမှ လွန်ရာဖြစ်တယ်။ စိတ်မှ လွန်ရာဖြစ်တယ်။ နန်း     ဒါ့ကြောင့် ! ငယ်    ဒါ့ကြောင့် ဖိုလ်ဉာဏ်နဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -32

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၃) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာတော်မြတ်ကို အားကိုးနိုင်သည် မိမိမှာ ကံထူးသူဖြစ်လေသည်။ ဆရာကောင်း ဆရာမြတ်ထံ ချဉ်းကပ်ခွင့် ရခဲ့သည်။ ဘ၀ကို အပ်နှံပုံပြခဲ့သည်။ ဤစွန့်စားမှုသည် မိမိအတွက်သာ ဖြစ်သည်။ တဖြည်းဖြည်း အသိပညာရင့်ကျက်ခဲ့ သည်။ မြတ်စွာဘုရား ပါရမီဖြည့်ဆည်းတော်မူခဲ့ရသည်ကို မိမိ တစ်စတစ်စ သိရှိနားလည်လာသည်။ မြတ်စွာဘုရား၏ ပါရမီတော်ကို ပူဇော်မိခြင်းသည် `ရွှေ´ ပင်ဖြစ်သည်။ ရုပ်နာမ်ကို ငါထင်သမျှ `အချည်းနှီး´ နှင့်တိုးရမည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 25

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၈) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ဗုဒ္ဓဂါယာ ဗောဓိပင်အောက် ရောက်ခဲ့စဉ်က အပိုင်း(၂) မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးကို ပန်ဆင်ပြီးတဲ့ အခါမှာ အတ္တိဘိက္ခဝေ .. အဇတံ၊ အဘူတံ၊ အကတံ၊ အသင်္ခတံ။ ချစ်သားတို့ နိဗ္ဗာန်ဆိုတာရှိတယ်။ နိစ္စဓုဝ၊ နိပုဏ။ သုဒုဒ္ဒသ၊ အနိဒဿန၊ အနုတ္တရ၊ အစ္ဆရိယ၊ အဗ္ဘုတ၊ ၀ိဝေက၊ အသင်္ခတ၊ သုညတ၊ အနိမိတ္တ၊ အပနိဟိတ၊ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -18

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၃) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အရာရာ၏ သော့ချက်   အရာရာ၌ သော့ချက်ရှိသည်။ သော့ချက်ကို သိလျှင် လွယ်သည်။ သော့ချက်ကို မသိလျှင် ခက်သည်။ သော့ချက်မှာ အကြောင်းအကျိုးတရားပင် ဖြစ်သည်။ လူတိုင်းသည် အဖိုးတန်လိုကြပေမည်။ တန်ဖိုးရှိသူ ဖြစ်ချင်ကြပေလိမ့်မည်။ ယင်းဆန္ဒသည် ကောင်းမွန်လှပါသည်။ သို့သော် တန်ဖိုးရှိသူ ဖြစ်အောင် အကြောင်းခံရပေမည်။ တန်ဖိုးရှိသူတစ်ဦး ဖြစ်ချင်ရုံမျှဖြင့် မလုံလောက်ပေ။ တန်ဖိုးရှိသူ တစ်ဦးဖြစ်နိုင်ရန် လုံလောက်သော … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -17

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ဘ၀ ဒဿန ပညာ   အတွေ့အကြုံသည် အသိဉာဏ်ပညာကို တိုးတက်စေသည်။ ကိုယ်ဘာလုပ်နေတယ်ဆိုတာ သိမှ၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိလာမယ်။ တတ်နိုင်သမျှ ၀န်းကျင် ဆက်ဆံမှုကို ရိုးရှင်းပွင့်လင်းစွာ ညှိရမယ်။ ယုံကြည်ချက်ဆိုတာတော့ ရှိရမယ်။ အလုပ်မလုပ်လို့တော့ မဖြစ်နိုင်ဘူး။ သတ္တိမွေးရမယ်။ ရင်ဆိုင်ညှိနှိုင်းရမယ်။ ရိုးသားခြင်းဟာ ဂုဏ်ရှိတယ်။ ကြီးပွားချမ်းသာခြင်းရဲ့ သော့ချက်တစ်ခုပဲ။ ကြိုးစား မှုနဲ့ တွဲရမယ်။ ရိုးရိုးသားသား … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment