မြတ်ပန်းမွှေးလှိုင်ကြူ
ရွှေစက်တော် ကိုခွဲခွာခြင်း
သုံးလူ့ထွတ်ထား သဗ္ဗေညု မြတ်စွာဘုရားကို ဦးထိပ်မှာ ထားပါ၏။ ရွှေစက်တော်မှ ခွဲခွာရပေတော့မည်။ မိမိ၏ တသက်တာ၌ ရွှေစက်တော်ဘုရားကို မေ့နိုင်စွမ်းရှိတော်မည် မဟုတ်ပါ။ ချောင်းရေနှင့် တန်ဆောင်းတွေကို မိမိသည် ကြားရောင်၊ မြင်ရောင် နေလိမ့်ဦးမည်သာ။ ရတနာမြတ်သုံးပါအား ဦးထိပ်မှာထားလျက် သာသနာတော်အတွက် အသက်ပေးလှူထားသော မိမိအဘို့ အလုပ်ပြီးလျှင် ခရီးနှင်ရမည် မဟုတ်ပါလော။ ရွှေစက်တော်မှ အပြန်တွင် ကျောင်းတော်ရာ ၀င်ရမည်ဖြစ်သည်။ ထို့ကြောင့် ငဖဲမြို့မှ တကာ တကာမများကို လူကြုံပါးနှင့် နှုတ်ခွန်းဆက်သလိုက်ရပါသည်။ ငဖဲမြို့သုံးစကားနှင့် ရေးရပါမူ တက်တက်ခွခွ ဆရာမတွေ့သေး သဖြင့် `ထိထိရောက်ရောက်လက်တွေ့ပြသနိုင်သော ဆရာကို ဆိုလိုသည်´ တရားမထိုင်သေးသော မောင်ခိုလျံ `ငဖဲမြို့က´ မှ ရေနံချောင်းအထိ လိုက်ပို့မည်ဖြစ်သည်။
မောင်ခိုလျံနှင့် တပည့်ကျော်တို့သည် နံနက် (၃) နာရီ လှည်းထွက်မည်ဖြစ်၍ ညဥ့်ဦးပိုင်ကတည်းက Continue reading
Tags: Buddhism, Myanmar Posts, မြတ်စွာဘုရား, မြတ်ပန်းမွှေးလှိုင်ကြူ



