မဂ်ရခြင်းမရခြင်း…(၁)

မဂ်ရခြင်းမရခြင်း…(၁)

နိဗ္ဗာန်အကြောင်းကို ကျွန်တော် အနည်းငယ်တော့ ပြောပြ ရေးပြခဲ့ပါတယ်။ နိဗ္ဗာန်အကြောင်းကတော့ အများသူငါ သိတဲ့အတိုင်းပါပဲ အင်မတန် ကျယ်ပြော နက်ရှိုင်းတော့ ဘယ်လောက်ရေးရေးလည်း ကုန်ပြီ ၀ပြီလို့တော့ ရှိမှာမဟုတ်ပါဘူး။

ကျွန်တော်ကတော့ ဆရာကောင်းသမားကောင်းရဲ့ အဆိုအဆုံးမလည်း တည်တယ် ကိုယ်တိုင်ကလည်း ကျင့်ကြံအားထုတ်ဖူးတော့ ကောင်းကောင်းမွန်မွန် ရေးနိုင်တဲ့ သဘောပါပဲ။ ကျွန်တော်ကတော့ ခြေခြေမြစ်မြစ် လေ့လာခဲ့တော့ ခြေခြေမြစ်မြစ် ရေးတတ်ပါတယ်၊ အပေါ်ယံမျိုး ကျွန်တော် မရေးဘူး။

ဥပမာ – ဟိုတစ်လောက ဓမ္မကထိကတစ်ပါး အသင်္ခတဓာတ်ကို အတ္တအနှစ်သာရ ရှိတယ်လို့ Continue reading

Tags: , , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -38

မြတ်ပန်းမွှေးလှိုင်ကြူ

မကွေး မြသလွန်ရင်ပြင်တော်ပေါ်ဝယ်

မြသလွန် ဘုရားခြေတော်ရင်းသို့ ၀ပ်စင်းခညောင်း နိုင်ပေပြီ။ မြတ်ဘုရား၏ သလွန်တော်တည်ရာဌာနမို့ သာတောင့်သာယာ ရှိလှပါပေသည်။ ဧရာဝတီ မြစ်ကမ်းနဖူးဝယ် တည်ငြိမ်တင့်မောဖွယ် ရပ်တည်တော်မူနေသော စေတီမြတ်၏ သပ္ပါယ်ပုံမှာ ဖူးမြင်သူအပေါင်းကို ကြည်နူးနှစ်သိမ့်စေနိုင်သည်။

န၀ဒေးကြီးက ဆိုခဲ့သည်။ `လူနတ်တံခွန်၊ စောဘုန်းရှင်လျှင်၊ ပုဂ္ဂန္တပ္ပ၊ တိုင်းသို့ကြွ၍၊ ဌာနတည်ဝယ်၊ ရက်ကိုးဆယ်လျှင်၊ စံပယ်ပျံ့ပျူး၊ ပျော်ခဲ့ဘူးသား၊ ကျေးဇူးများမြောင်၊ နှစ်ငါးထောင်လျှင်၊ မြဲနှောင်မြင့်ရှည်၊ တည်စိမ့်သည်ဟု၊ သုံးမည်လူ့ထိပ်၊ မြွက်ခဲ့ရိပ်က၊ ပတ်ချိပ်နီးဝေး၊ ထွန်းလျှံပြေးသည်၊ မကွေးမြသလွန်တကား´

စာဖွဲ့ရသည့် စေတီမြတ်ပါပေ။ အနောက်သို့ လှည့်လိုက်လျှင်မူ မြစ်ရေကျချိန်တွင်မှ မြစ်တွင်းရှိ သောင်ပြင်ပေါ်၌ ထွန်ယက်စိုက်ပျိုးထားသည့် ကိုင်းကျွန်းတို့မှာ ပဆစ်ကွက်ဖေါ် သကဲ့သို့ရှိ၏။ ဘုရားခြေရင်း ရေစပ်တွင်မူ ဟင်္သာမောင်နှံများ အစာရှာနေကြသည့် ရှုခင်းမှာ အခြားတပါး အရပ်တို့တွင် တွေ့ရခဲလှ ပါတော့သည်။ မြသလွန် ကုန်းတော်မှ Continue reading

Tags: , , , ,

နာမ်ချုပ်သော် .. ..

နာမ်ချုပ်သော် .. ..

 

သစ္စာဝါဒီများ —

နာမ်ဆိုတာ အကြောင်းမဲ့ ချုပ်တာတော့ မဟုတ်ဘူး၊ နာမ်ကို သတ်ရတာပေါ့နော် – နာမ်ကို ချုပ်အောင်သတ်နိုင်ရင် ဉာဏ်ပေါ်တယ် – အဲဒီဟာ လောကုတ္တရာဉာဏ်၊ လောကီဉာဏ် မဟုတ်ဘူး။ လောကုတ္တရာဉာဏ် ဆိုတော့ ပေါ့၊ အရိယာရဲ့ဉာဏ်။ အဲဒီ အရိယာဉာဏ်ရရင် မဂ်ဉာဏ်က ဖိုလ်ဉာဏ်ကူးပြီး၊ ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို ထိုးထွင်းသိလိုက်တယ်။

အဲဒီတော့ ဖိုလ်ဉာဏ်က သိလိုက်တာက အသင်္ခတဓာတ်၊ အနုတ္တရဓာတ် ဆိုတော့ ပေါ့ .. .. ဒီတော့ နာမ်ကို ချုပ်အောင်ရှုနိုင်ရင်၊ ချုပ်အောင်ရှုနိုင်တဲ့ Continue reading

Tags: , , , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -29

မြတ်ပန်းမွှေးလှိုင်ကြူ

သဘာဝ တရားကို သိနားလည်ခြင်းသည်

အဘိုး အနဂ္ဃ ထိုက်တန်လှချေ၏တကား

ရုပ်နာမ်ဓမ္မ သဘာဝကိုလည်း အတ္တမဘက် ဓမ္မသက်သက်ဖြင့် ဉာဏ်ကွန်ယက် ဖြန့်ကျက်နိုင်ရန် ကြိုးစားကြရဦးမည် မဟုတ်ပါလော။

သိက္ခာသြဇာနှင့် ၎င်း၊ ဂုဏ်သတင်း ကြီးခြင်းဖြင့်၎င်း၊ ဓနငွေကြေး ကြွယ်ဝဌေးသဖြင့် ၎င်း၊ စည်းစိမ် ဂုဏ်သိမ် ရွှေငွေ ရတနာတို့ကို၎င်း၊ မိမိရုပ်နာမ်၏ တကယ့် တရားကို ဟန့်တာနိုင်ရိုး ထုံးစံမရှိချေ။

အစမူလကတည်းက ကိုယ်ပိုင်သည်လည်း မဟုတ်ခဲ့ချေ။ အကြောင်း အမျိုးမျိုးအပေါ် မူတည်၍ ခေတ္တ ယာယီ မှီခို ထိန်းသိမ်းစောင့်ရှောက် နေရသော်လည်း တကယ်တော့မူ ကိုယ်ပိုင် ဥစ္စာမဟုတ်နိုင်၊ ကိုယ်ပိုင် ဖြစ်ချင်၍လည်း မဖြစ်နိုင်။ ဤသို့ ဆိုရာ၌ ကိုယ်ပိုင် ဘာတစ်ခုမျှ မဖြစ်နိုင်ဟု ယူဆရမည်လော။

ကိုယ်ပိုင်ဖြစ်နိုင်သည့်အရာ ရှိပါသည်။ ထိုဖြစ်နိုင်သော ကိုယ်ပိုင်ပစ္စည်း တစ်ခုမှာ -

ရုပ်နာမ်အပျက်ကို ဉာဏ်ရှုချက်ဖြင့် လက္ခဏာတင် နေခြင်းဖြစ်သည်။ ထိုဉာဏ်သည် . . .

(၁) ရုပ်နာမ်အပျက်ကို မြင်ခြင်း (သို့မဟုတ်)

(၂) ရုပ်နာမ်ပျက်စရာ မရှိတော့၍ ရုပ်နာမ်ဖြစ်ပျက်ဆုံးရာ ချုပ်ငြိမ်းရာကို မျက်မှောက်ပြုချင်ပြု၊ ဤနှစ်ခုကို Continue reading

Tags: , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -12

အကြောက်မကြီးနှင့်

(အဆက်)

            လောက၌ မကောင်းမှု ပြုကျင့်ရမှာ မဟုတ်မမှန် လုပ်ကြံရမှာကိုသာ ကြောက်ပါ။ ကျန်အရာများကို မကြောက်ပါနှင့်။ အကြောက်မကြီးစေနှင့်။ အချို့သော အခွင့်အလမ်းများသည် ရံဖန် ရံခါ ကြောက်စရာလိုလို ပေါ်လာတတ်သည်။ အကြောက်ကြီးလျှင် အခွင့်အရေး ဆုံးရှုံးတတ်သည်။ ကြောက်စရာလား ပညာဗဟုသုတ ရမည့်အရာလား လျှင်လျှင်မြန်မြန် ချိန်ဆဆုံးဖြတ်ပါ။ အကြောက်ကြီးလျှင် မကြံ့ခိုင်ရာကျမည်။ မိမိကိုယ်မိမိ မယုံကြည်ရာ ကျမည်။ မကောင်းမှု မဟုတ်လျှင် လွယ်လွယ်ကူကူ အကြောက်မကြီးနှင့်။ ဤသို့ မိမိကိုယ်ကို မိမိ သတိပေးမိသည်။

လှိုဏ်ဂူထဲ၌ မိမိရောက်ရှိခဲ့သည်မှာ  (၅) နာရီ တင်းတင်းပြည့်သွားပြီ။ အချိန်မှာ ည (၉) နာရီရှိသွားပြီ။

ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တတ်သည့် ဆရာမြတ်၏ တပည့်တစ်ဦးဖြစ်သူ ကျွန်ုပ်သည် တခါတခါ ရွပ်ချွံစွာပင် လုပ်ဆောင်တတ်သည်။ ယခု အဓိဋ္ဌာန်ဝင် စခန်းမှာ ဆရာမြတ်၏ ခြေရာကို နင်းလိုက်ခြင်းပင်ဖြစ်ပေသည်။ တကယ်စွန့်စားရသော ကိစ္စတစ်ခု ဖြစ်ပေသည်။ ကိုယ်တိုင် အားထုတ်ကြည့်လျှင် ကိုယ်တိုင်သိမည်။

စိတ်ကိုမည်မျှ နိုင်သနည်းဟူသော မေးခွန်း၏ အဖြေကိုလည်း မိမိကိုယ်မိမိ လက်တွေ့သိစေလိုက်ခြင်း ဖြစ်၏။ တဖက်မှ ၀မ်းမြောက်ဝမ်းသာ Continue reading

Tags: , , , , , , ,

နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် .. ..

နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် .. ..

နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာက ရောက်ပါတယ်။ ကိုယ်ကသွားချင်ဖို့ပဲလိုတာ။

ယောဂီတစ်ချို့က နိဗ္ဗာန်ကို အဝေးကြီးလို့ထင်ကြတယ်။ အဲဒါမှားတယ်။ နိဗ္ဗာန်ဆိုတာ အဝေးကြီးလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို ကာလဌာနကို မရှိတာ။ ဒီတော့ ဝေးတယ်လို့ ပြောလို့မရဘူး။ ကိုယ်သွားချင်တဲ့အပေါ်မှာနဲ့ ကိုယ်ကျင့်ကြံတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ခက်ခဲတာတော့ ခက်ခဲပါတယ်။ မဖြစ်နိုင်တဲ့ဟာတော့ မဟုတ်ပါဘူး။ ဒါဟာ ရှင်းပါတယ်။

ဗုဒ္ဓဘာသာတွေဟာ အားလုံးထက်သာတာ အဲဒီအချက်ပဲ။ နိဗ္ဗာန်ရှိရမယ်လို့ အနုမာနမျက်မှန်းဆ နိုင်တယ်။ အဲဒါက ဗုဒ္ဒဘာသာတွေက သာလည်းသာတယ်၊ ချစ်စရာလည်းကောင်းတယ် – အမှန်ပါပဲ။ တွေက တွေ့ပြီးပြီပဲ။ သိပ္ပံပညာရှင်တွေက သဘာဝရဲ့ အခြေခံအမှုန်လေးတွေကို တွေ့သလိုပဲ။ ဗုဒ္ဓဘာသာ သူတော်ကောင်းကြီးတွေဟာ နိဗ္ဗာန်ကို တွေ့ပြီးသွားပြီ။ Continue reading

Tags: , , , , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ -35

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

  (ဆ) အသင်္ခတဓာတ် မြတ်သော

            တဏှာ မကုန်သေးသမျှ ကာလပတ်လုံး ရုပ်နာမ်ရှိသူတို့သည် ဒုက္ခတရားများ ဖြစ်ပေါ် နေကြဦးမည်ဖြစ်သည်။ အတိတ်ဘ၀ ဘ၀များစွာက သံသရာ ကျင်လည်ခဲ့ရစဉ် `အယောနိသော မနသီကာယ´ ခေါ် နှလုံးသွင်းမှားမှုကြောင့် ဒုက္ခတရားကလေးများ ဖြစ်ပေါ်နေကြရသည်။

တနည်းအားဖြင့် အ၀ိဇ္ဇာ တဏှာ၏ လွှမ်းမိုးမှုဒဏ် ခံရသဖြင့် ဒုက္ခဖြစ်နေကြရခြင်း ဖြစ်သည်။ အ၀ိဇ္ဇာဆိုသည်မှာ အမှန်ကို မသိခြင်းဖြစ်၍ တဏှာဆိုသည်မှာ ဒုက္ခဖြစ်စေသည့် အရာကို လိုချင်နေခြင်းဖြစ်သည်။ Continue reading

Tags: , , , , , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ -29

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

(က) လောဘသည် ဖြစ်ကောင်းသော အရာမဟုတ်ပါ။

(ခ) တုန်လှုပ်မှု၏ အန္တရာယ်။

(ဂ) ကိုယ့်အလုပ် ကိုယ်လုပ်ပါ။

(ဃ) အကောင်းဆုံးသော သည်းခံခြင်း။

(င) ခြိုးခြံခြင်းဆိုင်ရာ ကောက်ချက်များ။

(စ) ဟုတ်ရာ မှန်ရာ အကျိုးရှိရာ။

(ဆ) အသင်္ခတဓာတ် မြတ်သော

(ဇ) ဒုက္ခတရားကို ရင်ဝယ်မပိုက်စကောင်း။

(ဈ) အနတ္တဉာဏ် အမြင်ကြောင့် ရုပ်နာမ် သက်သာရာရပုံ။

(ည) ခန္ဓာကိုယ် မြေကြီးသြဇာ မကျွေးရသေး မခြင်း။

(ဋ) နိဗ္ဗာန်ချမ်းသာမြတ် အကြောင်းနှင့် နိဂုံးချုပ်ခြင်း။

(က) လောဘသည် ဖြစ်ကောင်းသော အရာမဟုတ်ပါ။

            `ယေဓမ္မာ ဟေတုပ္ပဘ၀ါ´ ဟူသော ပါဠိတော်ရှိပါသည်။ ဤလောက၌ အကြောင်းမဲ့ ဖြစ်ရသော အရာသည် မရှိပါ။ အကြောင်းခံတရား ရှိမှသာလျှင် အကျိုးတရား ဖြစ်ပေါ်နိုင်ပါသည်။ အကြောင်းခံတရား ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မရှိပါဘဲနှင့် အကျိုးတရား ဖြစ်ထွန်းပေါ်ပေါက်လိုသူတို့သည် လောဘ သမားများ ဖြစ်ပါသည်။ Continue reading

Tags: , , , , , ,

စိတ်နှင့်ဉာဏ်

နှင့်ဉာဏ်

သစ္စာဝါဒီများ .. ..

စိတ်နဲ့ဉာဏ်ကို နည်းနည်းခွဲပြမယ် .. ..

တကယ်တော့ အဘိဓမ္မာသမားတွေက သင်္ခတနဲ့ အသင်္ခတကို တတ်ကြတာပေါ့နော်။

စိတ်ကတော့ သင်္ခတပဲ။ ဉာဏ်ကတော့ အသင်္ခတပဲ။ ကိုးပါးရှိတယ်လေ .. ..

လောကုတ္တရာကိုးပါး – မဂ်လေးတန်၊ ဖိုလ်လေးတန်၊ ဆိုတာ။ Continue reading

Tags: , , , , ,