ဤလောက၌ အတွင်းကမ္ဘာကို နိုင်သောသူသည်အရာရာကို နိုင်သောသူ ဖြစ်မည်တကား(အဆက်)
ည (၁၁) နာရီထိုးပြီ။ (၁၂) နာရီဆိုလျှင် သုံးပုံ နှစ်ပုံ အောင်တော့မည်။ ကျန်တစ်ပုံမှာ ဘာမှ ခက်ခဲတော့မည် မဟုတ်။ မိမိကိုယ်မိမိ တည်တည်ငြိမ်ငြိမ် အားပေးထားသည်။
နောက်ထပ် (၅) နာရီသာ ကျန်တော့သည် မဟုတ်ပါလော။
ရင်ထဲမှာလည်း ငြိမ်မြဲငြိမ်နေ၏။ မောဟ၏ အရိပ်အယောင်မလာ။ ပူလောင်မှု ချောက်ခြားမှုလည်း မကပ်၊ အေးမြတ်ရာသို့ ဉာဏ်သက်ဝင် နေပုံရသည်။ ရဟန္တာ သူတော်စင်တို့၏ ငြိမ်းအေးရာအမှန် ပြည်နိဗ္ဗာန်သည် ဧကန်ရှိရမည်သာတည်း။
ဆင်ခြင်ကြည့်ရာ အနှောက်အယှက် လုံးဝမရှိ။ သောကဟူသော ဘေးလည်းမရှိ။ ပြကတိ တည်ငြိမ်လျက်ရှိ၏။ ဆင်ခြင်ကြည့်ရှုတိုင်း ဉာဏ်ပညာဖြင့် ပေါ့ပါးနေ၏။
နှင်းနုအေးများ ပက်ဖျန်းထာသကဲ့သို့ အေးဆေးနူးညံ့ သိမ်မွေ့တည်ကြည်နေသည်။ ခိုင်းနှိုင်းရန်မူ ခက်လှ၏။ ဘေးဒုက္ခတို့မှ ချုပ်ငြိမ်းနေသည်။ အထပ်ထပ် အဖန်ဖန် ဆင်ခြင်ကြည့်တိုင်း ဘေးဒုက္ခ၏ အရိပ်အယောင်မျှပင် ယောင်မှား၍ မတွေ့ရတော့ချေ။
(၁၁) နာရီ ကျော်လွန်သွားပြီး ခန္ဓာကိုယ်ကို ဉာဏ်လှည့်ကြည့်လိုက်၏။ နောက်ကျောအနည်းငယ် Continue reading →
Tags:
Buddhism,
Myanmar Posts,
နိဗ္ဗာန်,
ရဟန္တာ,
ဟဒယ,
မြတ်ပန်းမွှေးလှိုင်ကြူ,
ဝိပဿနာ