အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ
ရန်ကုန်မြို့ ကြံတော သင်္ချိုင်း၌ တရားအားထုတ်ခြင်း
ရန်ကုန်မြို့ ကြံတောသုသာန်ဝင်းကြီး ထဲသို့ ၀င်လိုက်ရလျှင်ပင် ရင်ထဲ၌ တစ်မျိုးကြီး ဖြစ်နေကြောင်း သတိထားမိသည်။ ယင်းတစ်မျိုးကြီးဆိုသော အနက်အဓိပ္ပါယ်ကို စာဖတ်သူ သိနားလည်နိုင်စေရန် ကြိုးစား၍ ရှင်းပြရပါလိမ့်မည်။ ဥပမာ – ပန်းချီဆရာ တစ်ယောက်သည် သန့်စင်မွန်မြတ်သော ပန်းချီဆေးရေး တစ်ခုကို ရေးဆွဲနိုင်ရန် အတွက်ဖြစ်စေ၊ မွှေ့သိမ်နူးညံ့သော ခံဆေးဘက်ကရောင်း အဖြူကို အခြေယူ၍ လိမ်းသုတ်ခြယ်သ ထားသည် ဆိုပါစို့၊ ထိုပန်းချီဆရာ၏ အထူးသန့်ပြန့် ဖြူစင်နေသော ပိတ်ကားပေါ်သို့ ကလေးတစ်ဦးသည် ဆေးမင်နက် စုတ်တံတစ်ခုဖြင့် တို့ခြစ်ဆော့ကစား ပစ်လိုက်သည် ဆိုပါစို့။ ပန်းချီဆရာသည် သူ့ပန်းချီပိတ်ကားကို အဆိုပါကလေး၏ လက်ဆော့ထားသော ဆေးနက်မင်ကြောင် အမည်းအတုံး ခြစ်ရာများကို Continue reading
Tags: Buddhism, Myanmar Posts, သင်္ချိုင်း

