ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ
ဗုဒ္ဓဘာသာသည် မြင့်မြတ်သော အကျင့်၌ တည်သည် .. ..
ထို့ကြောင့် မြတ်စွာဘုရားကို မြတ်စွာဘုရားဟု ကြည်ညိုပူဇော်ရသည်၊ အမြတ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်
ဆရာမြတ်စသော မြင့်မြတ်သော ကျင့်စဉ် ကျင့်ကြံအောင်မြင် အားထုတ်ကြသူများကို ပူဇော်ကြသည်။ မြတ်စွာဘုရား၏ တရားသည် သက်ရှိသတ္တ၀ါ အားလုံးအား ချမ်းသာစေသည်။ သမုဒ္ဒရာရေသည် ငန်သောအရသာ ရှိသကဲ့သို့ မြတ်စွာဘုရား တရားသည် နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ခြင်းသို့ ပို့ဆောင်သည်။
နိဗ္ဗာန်သည် လွတ်မြောက်သည်၊ ချမ်းသာသည် – “နိဗ္ဗာနံ ပရမံသုခံ” ဟု အဆိုရှိသည်။ အမြင့်မြတ်ဆုံးသော ချမ်းသာမှုကိုရခြင်းသည် နိဗ္ဗာန်စံရခြင်း ဖြစ်သည်။ ထိုသို့ နိဗ္ဗာန်စံရာ၌ ရုပ်နာမ် မရှိကြောင်းကို နားလည်ရမည်။ ထို့ကြောင့် “ခန္ဓာ့ နိယောဓော နိဗ္ဗာနံ” ဟု အဆိုရှိခြင်း ဖြစ်သည်။ နိဗ္ဗာန်၌ ခန္ဓာမရှိချေ .. .. ရုပ်နာမ် ခန္ဓာရှိနေသမျှ ဒုက္ခနှင့် မကင်းချေ။ နိဗ္ဗာန်၌ ရုပ်နာမ်မရှိချေ .. .. ချမ်းသာခြင်း အတိပြီးသည်။ နိဗ္ဗာန်၏ ဂုဏ်ရည်များသည် များပြားလှသည်၊ မြတ်စွာဘုရားသည် သတ္တ၀ါအားလုံးအား ရင်ဝယ်သားလို ချစ်သဖြင့် နိဗ္ဗာန်ကို စံစေလိုသည်။ နိဗ္ဗာန်သည် လွတ်မြောက်ခြင်းနှင့် ချမ်းသာခြင်း တည်ရာ ဖြစ်သောကြောင့်ဖြစ်သည်။
ဤသို့ ရုပ်နာမ်မရှိသော နိဗ္ဗာန်ကို မျက်မြောက်ပြုရာ၌ “မဂ်စိတ် ဖိုလ်စိတ် ချမ်းသာသောစိတ်ကလေး” ဖြင့် နိဗ္ဗာန်စံသည်ဟု မဆိုအပ်ချေ – Continue reading
Tags: A Brief History of Time, Buddhism, Myanmar Posts, ကမ္ဘာ, တဏှာ, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, ရဟန္တာ, မြတ်စွာဘုရား


