အသိပညာနှစ်မျိုးနှစ်စား….

အသိပညာနှစ်မျိုးနှစ်စား….

အသိပညာကို နှစ်မျိုးနှစ်စားဟု ဖော်ပြလေ့ရှိကြတယ်။ တစ်မျိုးမှာ အကြောင်းအချက်အားဖြင့် ဆိုင်ရာ အသိပညာ (Knowledge about facts) လို့ သုံးကြတယ်။ နောက်အသိပညာ တစ်ခုက အချက်အလက် တစ်ခုနှင့်တစ်ခု ယုတ္တိနည်းကျ ဆက်စပ်နေတဲ့ အသိပညာပဲ။ ဒါကိုတော့ (Knowledge about the logical relation between facts) လို့ သုံးကြတယ်။

ကမ္ဘာကတော့ အသိပညာနှစ်ခုစလုံးကို လိုက်တယ်လို့တော့ ၀န်ခံကြပါတယ်။ ဒါပေမယ့် (Knowledge of facts) ကို နံပါတ်ကုန် မလိုက်နိုင်ဘူး။ (Relation) တွေဘက်ကို ပိုများတယ်။ သူတို့ဟာ ရုပ်ဥပဒေသတွေကို သိပ်သိချင်တယ်။ ရှာလည်းရှာတယ်၊ Continue reading

Tags: , , ,

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

ကမ္ဘာကြီးကလည်း ရုပ်လောကအကြောင်းကို သုတေသန လုပ်နေကြတယ်။ သုတေသန လုပ်သလောက် လည်း ထွင်းထွင်းဖောက်ဖောက် သိမြင်လာကြတယ်။ စကြ၀ဠာအကြောင်း ကောင်းကောင်း သိလာကြတယ်။ စကြ၀ဠာ ဘယ်တုန်းက စဖြစ်တယ် ဆိုတာတောင် ခန့်မှန်းလာနိုင်တယ်။ ရုပ်ကမ္ဘာအကြောင်းကိုလည်း အက်တွမ်ကနေ၊ အီလက်ထရွန်ကနေ ကွာ့(ဒ်)အထိ အထူးလေ့လာနေကြတယ်။ (The most substantial elements) ခေါ်တဲ့ အခြေခံအကျဆုံးသော ဓာတ်သဘာဝ အမှုန်များကို စူးစမ်းလေ့လာနေကြတယ်။

လေ့လာတဲ့အခါ တိုက်ရိုက်လေ့လာနိုင်တာကို တိုက်ရိုက်လေ့လာပြီး တစ်ဆင့်ခံ (Indirect verification) ခေါ်တဲ့ တစ်ဆင့်ခံ လေ့လာစမ်းသပ်မှုနဲ့ လေ့လာကြတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် Continue reading

Tags: , , , ,

ဗုဒ္ဓဘာသာနှင့်ကမ္ဘာ မတူသောအချက်တစ်ချက်

နှင့် မတူသောအချက်တစ်ချက်

ဗုဒ္ဓဘာသာသည် ကိုယ်အသိပညာရအောင် ကျင့်ကြံကြသည်။ ကမ္ဘာသည် အများကို ပြနိုင်ရန် ရည်ရွယ်သည်။ ကမ္ဘာသည် အများကိုပြနိုင်မှ အသုံးဝင်မည်ဟု သွယ်ဝိုက်၍ ခံယူထားသည်။ ဗုဒ္ဓဘာသာများကတော့မူ မိမိတို့ရဖို့ အရေးကြီးသည်ဟုသာ ခံယူထားသည်။ မိမိတို့ရခြင်းသည် မိမိတို့အတွက် အမြတ်ဖြစ်သည်။ ပြနိုင်ခြင်း မပြနိုင်ခြင်းမှာမူ တဆင့်ဖြစ်သည်။

ဗုဒ္ဓဘာသာ၌ ပစ္စတံဝေဒိတပ္ပေါ ၀ိညူဟိ ဟူသော စကားရှိသည်။ အဓိပ္ပာယ်မှာ ပညာရှင်များ အသီးသီး သိရှိခံစား နားလည်ကြရသည် ဟူသော သဘောပင်ဖြစ်သည်။ ကမ္ဘာမှာမူ လက်တွေ့ပြနိုင်ရန်သာ ကြိုးစားကြ သည်။ ဤနည်းအားဖြင့် ကွဲလွဲချက် ရှိနေကြသည်။ ဗုဒ္ဓဘာသာသည် အတွင်းသဘော Continue reading

Tags: , ,

သိပ္ပံသြဇာနှင့်အားနည်းချက်များ

သိပ္ပံသြဇာနှင့်အားနည်းချက်များ

ယနေ့ကမ္ဘာတွင် သိပ္ပံသည် သြဇာညောင်းသည်၊ လူ့သမိုင်းဆက်ဆံရေးကဏ္ဍတွင် သိပ္ပံပညာသည် လွန်စွာ ကျေးဇူးပြုသည်။ ထို့ကြောင့် လွန်စွာလည်း သြဇာအာဏာ သက်ရောက်သည်၊ မည်မျှသက်ရောက်သနည်းဟူမူ ၏အားနည်းချက်ကို မည်သူမျှ မထုတ်ဖော် ဖြစ်ကြချေ။ အမှန်မှာ သိပ္ပံသည် လူ့သမိုင်းကြီးအား ကျေးဇူးပြုနေသည်မှာ မှန်သည်၊ အထူးအလေးအနက် ကျေးဇူးပြုနေသည်ဆိုသည်ကို ထောက်ခံရမည် ဖြစ်သည်။ သို့သော် ၌ အားနည်းချက်ရှိသည်၊ သိပ္ပံအားနည်းချက် ရှိသည်ဆိုသည်မှာ ထင်ရှားပါသည်။ အဘယ့်ကြောင့်ဆိုသော် လွန်စွာ ကြော်ကြားသော သိပ္ပံပညာရှင်ကြီးများပင်လျှင် အားနည်းချက် Continue reading

Tags: , , , ,

ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာကို အမြတ်တနိုး တန်ဖိုးထားကြသည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ကို အထူးမြတ်နိုးတန်ဖိုးထား၍ ရောက်လိုကြသည်။ အားလုံးသော ဗုဒ္ဓဘာသာဝင်တို့သည် ”ရောက်ရပါလို၏” ဟူ၍ဆုတောင်းကြသည်။ နိဗ္ဗာန်သည်ကား ဗုဒ္ဓဘာသာတို့၏ ပန်းတိုင် အဆုံးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ထိုပန်းတိုင် အဆုံးကိုသာ ဆုတောင်းသည်။ ယခုအခါ ”သောတာပန်ကို ဆုတောင်းပါ” ဟူ၍ ကြားပေါက်ကြီး အသံထွက်နေသည်မှာ များစွာ အံ့သြဖွယ်ရာကောင်းသည်။ ဗုဒ္ဓဘာသာကို ကိုးလိုးကန့်လန့်စိတ်ကူးစေသကဲ့သို့ လမ်းလွဲကို တိုက်တွန်းဟန်ပေါက်နေသည်။ အမှန်မှာမူ ဆုတောင်းလျှင်မူ နိဗ္ဗာန်ကိုသာ ဆုတောင်းရမည်။ အမှန်တကယ် ဆုတောင်းလျှင် ရဟန္တာဖြစ်ဖို့သာ ဆုတောင်းရမည်။ မြတ်စွာဘုရားသည် ရဟန္တာဖြစ်စေချင်သည် မဟုတ်ပါလား Continue reading

Tags: , , ,

အနာဂါတ်ကာလနှင့် ကြိုတင်ပြောဟောကိန်းထုတ်ခြင်း

အနာဂါတ်ကာလနှင့် ကြိုတင်ပြောဟောကိန်းထုတ်ခြင်း

ကြိုတင်ပြောခြင်းဆိုသည့် အဓိပ္ပာယ်မှာ သိပြီးသားတွေချည်းသက်သက် ပြောခြင်းမဟုတ်ဘူးလို့လည်း ယူလို့ရပါတယ်။ ဒါကြောင့် အနာဂါတ်ကို ကြိုပြောတဲ့အခါ ဗလာမဟုတ်ဘူးလို့ အဆိုရှိကြတယ်။ ဘာဖြစ်လို့ ဗလာမဟုတ်ဘူးလည်း ဆိုတော့ – သိပြီးသားချည်း ပြန်ပြောတာ မဟုတ်ဘူး မသိသေးတာတွေပါ ပြောတဲ့အတွက် ဗလာမဟုတ်ဘူးလို့ ပြောကြတယ် ဒါကို – It is not empty. .. .. လို့ ဆိုကြပါတယ်။ သိပြီးသား ရပြီးသား အချက်အလက်တွေတင် မကဘဲနဲ့ မသိသေးတာတွေပါ ပါတဲ့အကြောင်းအရာကို ပြောဖို့ကြိုးစားတဲ့အတွက် တစ်ခါ မှားနိုင်ခွင့် ပေးရပြန်ပါတယ်။

ဒီတော့ အနာဂါတ်နဲ့ ပါတ်သက်လို့ ကြိုတင်ပြောတိုင်း မှားနိုင်ခွင့်ပေးရတဲ့ အစဉ်အလာက သိပ္ပံမှာ ရှိနေတယ်။ သိပ္ပံမှာ အနာဂါတ်အတွက် ကြိုတင်ပြောမယ်ဆိုရင် အတိတ်ဖြစ်ရပ်တွေကို အကျဉ်းချုပ်ပြီး ဆိုတဲ့သဘောသက်သက် မဟုတ်ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီတော့ ခြုံယူခုန်ကျော်မှုဟာ လိုလားအပ်နေတဲ့ သဘောပါပဲ – ကြိုတင်ပြောချင်ရင် ခြုံယူခုန်ကျော်မှုပြုရပါတယ်Continue reading

Tags: , , ,

Synthetic a-priori

Synthetic a-priori

သိပ္ပံဒဿနပညာမှာ (Synthetic a-priori) ဆိုတဲ့ စကားလေးအကြောင်းကို ပြောပြချင်တယ်။

(Synthetic a-priori) ဆိုတဲ့ စကားလုံးကတော့ ယေဘုယျအားဖြင့်တော့ အနာဂါတ်ကိစ္စတွေမှာ ဘယ်လိုဘယ်လိုဖြစ်မယ်ဆိုတာ ရှေးသိပ္ပံထဲက အမှန်အကန်အတိအကျ ကြိုတင်ပြီးတော့ သေခြာပေါက် သိထားပါသလား? ဆိုတဲ့ ပြဿနာပါပဲ။

ဒီကိစ္စကို ဒဿနပညာရှင်တွေက ဆွေးနွေးပေမယ့် သိပ္ပံပညာရှင်တွေကတော့ အရာရာကို အတွေ့အကြုံနဲ့ပဲ ဆန်းစစ်တာမို့ အခုလို ကြိုတင်ပြော ဟောကိန်းထုတ်တဲ့ ကိစ္စတွေဟာ ရာနှုန်းပြည့် မမှန်ကန်နိုင်ဘူးလို့ပဲ အဆိုပြုကြပါတယ်။

ဒီတော့ (Synthetic a-priori) ကို သိပ္ပံပညာရှင်တွေက လက်မခံကြဘူး။ လက်မခံကြပေမယ့် အနာဂါတ်အကြောင်း ဘာတစ်မှ မသိနိုင်ဘူးဆိုတဲ့ သဘောတော့ သူတို့က မပြောပါဘူး – ‘သေခြာပေါက် သိဖို့ဆိုတာက အဲဒီ အနာဂါတ်ကြီးက ပစ္စုပ္ပန်ဖြစ်လာတော့မှ သိရတာ’ လို့ ဒီလို ဆွေးနွေးကြပါတယ်။

ဒီတော့ အနာဂါတ်အကြောင်းကို အမှန်အကန် ကြိုတင်သိနိုင်ပါသလား? Continue reading

Tags: , , , ,

NIBBANA – 8

အပိုင်း(၈)

နန်း သိချင်ပါတယ် ဆရာရယ်၊ သိပါရစေ။
ငယ် တရားတကယ် သိပြီးသာ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းဗျ။ ဟိတ်ဟန်ကြွားလုံးထုတ် ယောင်ဝါးတွေနဲ့ မပေါင်းနဲ့ အကျိုးယုတ်ဖို့ဘဲ
ရှိတယ်။ ဓမ္မနယ်ပယ်မှာ ပြောတာပါ။
နန်း ဟုတ်ပါပြီ ဆရာရယ်။ လိုတာရှိလျှင် အကြံဉာဏ်ပေးပါ။
ငယ် လူတွေက မာန်လုပ်ဟန်ထုတ် သူတွေနောက်ဘဲ ကောက်ကောက်ပါ လိုက်နေကြတယ်ဗျ။ အရာမှာ
စိတ်မကောင်းစရာဘဲ။

နန်း မသိကြသေးလို့ နေမှာပေါ့ ဆရာရယ်။ သိလာတဲ့ တစ်နေ့ကျ လောကုတ္တရာ လိုချင်လျှင် လောကုတ္တရာ နောက်ဘဲ
လိုက်ရမှာပေါ့။ ဟိတ်ဟန်ပေါ်ပြူလာနောက်ကို ဘယ်လိုက်ကြပါ့မလဲ။
ငယ် ကြိုက်ရာလိုက်ပေါ့လေ။ ကိုယ်လိုက်ရာ ကိုယ်ဖြစ်ကြရမှာဘဲ။

နန်း မသိကြဘူးဆရာရဲ့။ ဆရာဘဲပြောတယ်။ ကမ္ဘာကလည်း မသိကြသေးဘူးဆို။
ငယ် ကမ္ဘာကတော့ မသိကြတာအမှန်ပဲဗျ။ လောကုတ္တရာဆိုတာကို နားကိုမလည်ကြဘူး။
နန်း သူတို့က နိဗ္ဗာန်ရှိတယ်ဆိုတာကို မယုံကြဘူးလား။
ငယ် မယုံကြဘူးလို့ ပြောရမှာဘဲဗျ။ သူတို့က ရုပ်အသိလောက်နဲ့ ပြီးနေကြတာ။ Continue reading

Tags: , , , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -38

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၈)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

နိဗ္ဗာန်ဆိုတာဘာလဲ

ဝင်တို့အတွက် အကြံပေးချက်များ သို့မဟုတ် ရည်မှန်းချက် ထားရှိပြီး အောင်မြင်ပြီးမြောက်နိုင် စေရန် ကြံစည်ကြိုးစားလေ့လာခြင်း။

တော်အတွင်း၌ ဗုဒ္ဓဘာသာဝင်တို့၏ စွမ်းရည်ကို အသေးစိတ် အသုံးချထုတ်လုပ်၍ နည်းစနစ် များကို ထိန်းချုပ်ကာ ရည်မှန်းချက် ပေါက်မြောက်သည်အထိ ကျင့်ကြံကြိုးစား အာားထုတ်ရန် စီစဉ်ခြင်း ..။

နံပါတ်(၁) ရည်မှန်းချက်တစ်ခုကိုထားရှိပြီး၊ ထိုရည်မှန်းချက်၏ အခြေခံသဘောသဘာဝကို လေ့လာခြင်း။

ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်မှာ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်သို့ ရည်မှန်းရပေမည်။ ထိုအခါ ၏ သဘောသဘာဝ၊ အခြေခံများကို သိနားလည်ထားရန် လိုအပ်လေသည်။ ဥပမာ … နိဗ္ဗာန်သည် ဆင်းရဲဒုက္ခမှ ကင်းလွတ်သည်။ ချမ်းသာသည်။ နိဗ္ဗာနံ ပရမံ သုခံ။ ၌ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိ။ မွေးဖွားခြင်းမရှိသဖြင့် သေဆုံးခြင်းမရှိ။ နိဗ္ဗာန်သို့ ဘုရား၊ ရဟန္တာများ စံဝင်ကြသည်။ ရုပ်နာမ် ချုပ်ဆုံးသည်။ (ရုပ်နာမ် ချုပ်ဆုံး၊ ဆိတ်သုဉ်းသည်ဆိုသည်မှာ သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်နာမ်ရရှိထားသဖြင့် အိုရ၊ နာရ၊ သေရခြင်း ဖြစ်ပေသည်။ လောကဓံတွေ့ရခြင်းဖြစ်သည်။ ဆင်းရဲဒုက္ခဟူသည် ရုပ်နာမ်ရှိနေ၍ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မဖြစ်ချင်တာလည်း ဖြစ်နိုင်သည်။ ဖြစ်ချင်တာလည်း မဖြစ်ပဲ နေချင်နေမည်။ ရုပ်နာမ်ချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်းပင်ဖြစ်သည်။ လွန်စွာချမ်းသာသော ၊ ချမ်းသာစစ်တည်ရာ ၊ ဆင်းရဲမှုတို့မှ ကင်းလွတ်သော နိဗ္ဗာန်သည် ရုပ်နာမ်ကို လက်မခံ။ ရုပ်နာမ် မဖြစ်ရ။ ရုပ်နာမ် ချုပ်ဆုံးရမည် ဆိုသည်မှာ သဘာဝကျသည်၊ ရှေ့နောက် ညီညွတ်သည်။)

စကားချပ်။      ။ ဤနေရာ၌ ဗုဒ္ဓဘာသာဝင်တို့ ၀င်စားဖြစ်အောင် ရေးသားဖော်ပြနေခြင်းဖြစ်သည်။ တရားတော် ကိုတန်ဖိုးဖြတ်နေသည့် အဓိပ္ပါယ်မဟုတ်။ Continue reading

Tags: , , , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 37

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၇)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

သိပ္ပံပညာ နှင့် ဗုဒ္ဓ၀ါဒ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်

ဤဆောင်းပါးသည် ဓမ္မစာပေပညာရှင် တက္ကသိုလ်ဘုန်းဆင့် (မဟာဝိဇ္ဇာ) နှင့် ရုပ်ရှင်အောင်လံ မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်တစ်ဦး၏ အမေးအဖြေခန်း ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားစစ် တရားမှန်နှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူတို့အတွက် လွန်စွာမှ ကျေးဇူးများသော ဆောင်းပါးဖြစ်သည်။

မေး -   ဆရာ ကျွန်တော်တရားကျင့်ချင်တယ်။ ဘယ်လိုကျင့်ရမှာလဲ။

ဖြေ -   ရုပ်နာမ်ကို မမြဲဘူးလို့ ရှုပေါ့။

မေး -   ဒါဆို တရားရရောလား။

ဖြေ -   ရုပ်နာမ်ဟာ မမြဲဘူးလို့ အပိုင်သိရင် အာမခံချက် ရပါတယ်။

မေး -   တကယ်လားဆရာ။

ဖြေ -   စမ်းကြည့်ပါ။

မေး -   ဆရာပြောပြတော့လည်း တရားကျင့်နည်းက လွယ်လိုက်တာ။

ဖြေ -   ဒါ ဘုရားနောက်ဆုံးဟောခဲ့တာပဲ။ ရုပ်နာမ်ဟာ မမှီခိုအပ်ဘူး၊ မမြဲဘူး ဆိုတာ တရားသမားတိုင်း   သိရမှာ ပေါ့။ မြဲတာ နိဗ္ဗာန်တစ်ခုပဲ ရှိပေလိမ့်မယ်။

မေး -   နိဗ္ဗာန်ဆိုတာ ဘာလဲ၊ ဆရာရှင်းပြပါဦး။ Continue reading

Tags: , , , , , , ,

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

တိုးတက်တဲ့ခေတ်ကြီးမှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေကြားနေရတယ် .. ..

ဒီခေတ်ကြီးက တိုးတက်နေတာ အားရစရာလည်း တော်တော်ကောင်းပါတယ်။ အားကစားဆို အားကစားမို့၊ ကွန်ပြူတာဆို ကွန်ပြူတာမို့၊ အနုပညာဆိုလည်း အနုပညာပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး၊ ဆိုလည်း အစစအရာရာ တိုးတက်နေတာ ဒီခေတ်ကြီးပါ။ တိုးတက်အောင်လည်း ကြိုးစားကြတယ်။ လက်တွေ့လည်း လုပ်ကိုင်ကြတယ်။ ဇွဲသတ္တိလည်း ရှိကြတယ်။ အဲဒီအချိန်မှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ ဘောက်ချီးတွေ ကြားလာရတာ တော်တော်အံချော်တဲ့ အသုံးအနှုန်းတွေပဲ .. ..

ဥပမာ —- လူတွေကိုလေးစားပေါ့ လေးစားသင့်ပါတယ်၊ လေးစားနိုင်ပါတယ်။ ဒါပေမယ့် “ဘုရားအလောင်းလို လေးစားကြည်ညိုတယ်” လို့ ပြောလာတဲ့ အခါကျတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ် ကျေးဇူးတော်နဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ပေးဆပ်ရတဲ့ လမ်းခရီးမှာ ဖြတ်သန်းရတဲ့ ဖြည့်မှုတွေဟာ တန်ဖိုးလျှော့ပြီး ကြေငြာပေးသလို ဖြစ်နေတယ်။ ဒါ တော်တော်မကောင်းတဲ့ စကားတွေပဲ။

အမှန်ကတော့ လူလူချင်း လေးစားတာ ကောင်းပါတယ်။ သို့သော်လည်း ဘုရားအလောင်းလောက် လေးစား ပါတယ် ဆိုတော့ ဒါကျတော့ နည်းနည်းလွန်သွားပြီ။ ဘုရားအလောင်းဆိုတာကို ပေါ့သေးသေး တွက်နေတယ်။ ဒါဟာ ဗုဒ္ဓဘာသာအသံ မဟုတ်သလိုပဲ။ Continue reading

Tags: , , , , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 35

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၆)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

နိဗ္ဗာန်အကြောင်း သိကောင်းစရာ

 

နိဗ္ဗာန်သည် ဗုဒ္ဓဘာသာသူတော်စင်တို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။ ထို နိဗ္ဗာန်သို့ ကျင့်စဉ်ဖြင့် သွားရလေသည်။ ၀ိပဿနာကျင့်ရာ၌ ဉာဏ်ပညာသည် အရေးကြီးလေသည်။ ဉာဏ်ပညာကို တည်ဆောက်ရာ၌ …

(၁) ဘုရားတရားအပေါ် ယုံကြည်ခြင်း၊

(၂) တရားတော်ကို လေ့လာနာယူခြင်း၊

(၃) ထိုသို့လေ့လာထားသော တရားတော်တို့ကို မမေ့မလျော့ခြင်း နှင့်

(၄) အကျိုး အကြောင်း ဆင်ခြင်ခြင်း တို့ ပါဝင်ကြလေသည်။

အခြားတစ်ဖက်မှာလည်း ဓမ္မဿပူဇ၀ံတာ မဟာပညာဝံသော ဟူသော သဘောရှိလေသည်။ တရားတော် ကို ပူဇော်လျှင် ဉာဏ်ပညာကြီးမားနိုင်လေသည်။ မိမိ၌ရရှိထားသော ဉာဏ်ပညာကို ကြီးမားစေရန် မိမိကိုယ်တိုင် လည်း ကြံဆအပ်လေသည်။

လူသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုသောအခါ ဉာဏ်ပညာကို အသုံးပြုရလေသည်။ `စတုမဂ္ဂ ဉာဏေန သစ္ဆိကာတဗ္ဗံ´ `မဂ္ဂဖလာန မာလမ္ဗဏဘူတော အသင်္ခတ ဓမ္မော´ ဟူသောသဘောလည်း ရှိလေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုရာ မဆိုထားနှင့်။ ၀ိပဿနာကျင့်စဉ်ကို ကျင့်ရာ၌ပင် `တော နပဿတိ´ ဟုဆိုကြလေသည်။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ခန္ဓာဟု မှတ်ယူ၍ တရားမကျင့်ရချေ။ Continue reading

Tags: , , , , , , ,

ဟုတ်ရာမှန်ရာအကျိုးရှိရာ

ဟုတ်ရာမှန်ရာအကျိုးရှိရာ

၌ ဟုတ်ရာ မှန်ရာ အကျိုးရှိရာကို ပြောနိုင်ခွင့်ရှိလေသည်။

မဟုတ်ရာ၊ မမှန်ရာ၊ အကျိုးမဲ့ရာကိုမူ မပြောရချေ။ ဟုတ်မှန်နေလျှင် ဗုဒ္ဓဘာသာ၌ ပြောပိုင်ခွင့် ရှိလေသည်။ သုံးလောကထွတ်ထား ကိုယ်တော်တိုင်သည်ပင်လျှင် ဟုတ်ရာ၊ မှန်ရာ၊ အကျိုးရှိရာကို မိန့်တော် မူဖူးလေသည် -

“ငါအမြတ်ဆုံး၊ ငါအကြီးအကဲဖြစ်ဆုံး၊ ငါအအောင်မြင်ဆုံး” ဟူ၍လည်းကောင်း

“တဏှာလက်သမား ယခုအခါ ခန္ဓာအိမ် မဖွဲ့နိုင်တော့ပြီ၊ နောက်ဘ၀ မရှိပြီ” ဟူ၍လည်းကောင်း

ကြွေးကြော်တော် မူခဲ့ဖူးလေသည်။ ရဟန္တာများသည် အသီးသီး ဥဒါန်းကျူးတော် မူခဲ့ကြလေသည်။

ထို့အတူပင် မြတ်စွာဘုရား၏ သားတော်များသည် ဟုတ်လျှင် မှန်လျှင် အကျိုးရှိရာရှိကြောင်း ပြောကောင်းသည်သာ ဖြစ်သည်။ မဟုတ်လျှင် မမှန်လျှင် အကျိုးမဲ့ရာကိုတော့မူ မပြောအပ်ချေ။ အချို့ အဓိပ္ပာယ်ကောက် လွဲနေကြသည်။ တရားအကြောင်း မပြောရဟူ၍ အဓိပ္ပါယ်ကောက် လွဲနေကြသည်။ လာဘ်မျှော်၍ မပြောရ၊ မရှိသော အရည်အချင်းအား ရှိသကဲ့သို့ မပြောရ - ဟူသော ကန့်သတ်ချက်သာ ရှိလေသည်။ လာဘ်မမျှော်မူ၍ အမှန်တကယ် ဖြစ်ပျက်သည်တို့အား ဟုတ်ရာမှန်ရာ အကျိုးရှိရာ ဖွင့်ဆို ကောင်းသည်သာ ဖြစ်သည်။ ဤခေတ်၌ အမှန်ကို သတင်းပေးရသည်ဖြစ်ရာ အထူးပြောဖို့ လိုအပ်လေသည်။ မှန်ဖို့တော့ အရေးကြီးလေသည်။ မမှန်လျှင် Continue reading

Tags: , , , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 33

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၄)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

အကြင်ဖြစ်ရပ်၌ အကြောင်းခံတရားရှိ၏

ဗုဒ္ဓဘာသာကို နိုင်ငံခြားသားများ နှစ်ခြိုက်မြတ်နိုးလေးစားရာ၌ ဤစကားရပ်တစ်ခု ပါဝင်သည်။ ၄င်းမှာ ကြောင်းကျိုးဆက်စပ်မှုတရားပင် ဖြစ်သည်။ “ယေဓမ္မာ ဟေတုပ္ပဘ၀ါ” သူတို့အမြင်တော့ CAUSALITY နှိုင်းယှဉ်နိုင် ပေမည်။ အကြင်ဖြစ်ရပ်တစ်ခု၌ အကြောင်းခံတရားသည် ရှိ၏။ မြတ်ဗုဒ္ဓသည် ဖြစ်ရပ်ကိုလည်း ဟောသည်။ ဖြစ်ရပ် ၏ အကြောင်းခံတရားကိုလည်း ဟောတော်မူသည်။ ထို့နောက် ဖြစ်ရပ်တို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ ခဲ့သည်။ ဖြစ်ရပ်တို့၏ ချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ရာ လမ်းစဉ်မှန်ကိုလည်း ဟောမိန့်တော်မူခဲ့သည်။ လေ့လာသော ဂျာမန်လူမျိုးများသည် ဤအချက်ကို လွန်စွာနှစ်ခြိုက်ကြောင်း ဖွင့်ဟ၀န်ခံဖူးသည်။

ဤ စကြ၀ဠာ သို့မဟုတ် သုံးဆယ့်တစ်ဘုံ ဖြစ်ရပ်တိုင်းတွင် အကြောင်းခံတရား ရှိကြသည်။ ထိုအခါ မိမိ အနေနှင့် ဆင်းရဲစေမည့် အကြောင်းခံတရားများကို ရှောင်နိုင်သမျှ ရှောင်ရမည်။ ချမ်းသာစေနိုင်သော အကြောင်းခံ တရားများကို လုပ်ဆောင်ပွားများ နိုင်ရပေမည်။ သို့မှသာ ဗုဒ္ဓဘာသာဖြစ်နိုင်ပေမည်။ ပိုးဖလံမျိုးကဲ့သို့ မီးကို တိုးလျှင် ကိုယ်ကျိုးနည်းကြရမည်သာ ဖြစ်မည်ဟု ခံစားမိသည်။

ဤကဏ္ဍတွင် စာရေးသူသည် ဆရာကြီး မလုပ်နိုင်ချေ။ အကြံပြုရုံမျှသာ ပြုနိုင်လေသည်။ စာရေးသူ သိသလောက် တင်ပြရလျှင် လူသည် ဆင်းရဲခြင်း၏ အကြောင်းခံတရားများကို ပယ်စွန့်ဖို့ လိုပေသည်။ မည်သည့် အချက်အလက်များသည် ဆင်းရဲခြင်း၏ အကြောင်းခံတရားဖြစ်သည်ကို စာဖတ်သူတို့ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ် ရပေလိမ့်မည်။ သေသည်အထိ မိမိသည် ဆရာမြတ်ကြီးအား ဤကဲ့သို့ ယုံကြည်ကိုးစား သွားလိမ့်မည်သာ ဖြစ်သည်။ ဤရွေ့ဤမျှ Continue reading

Tags: , , , , , , , ,