ပျံ့မွှန်းမွှေးလှိုင်ကြူ -05

နိုင်ကြပါစေ

 

 

                                                ဂွေးတောက်သရက်

                                                 ရောပေါက်ယှက်က

                                                 သရက်ချိုမြ

                                                 ဗန္ဓရလျှင်

                                                 ကွယ်ပအပြီး

                                                 အခါးသီး၏ . . . တဲ့

 

သို့သော် . . . ရွှံ့နွံထဲမှ ပဒုမ္မာကြာသည် မွှေးရနံ့ လှိုင်ပါသည်။

တရားရှာ ခန္ဓာမှာတွေ့မည်။ ခန္ဓာရှိသူတိုင်း ခန္ဓာထဲ၌ တရားရှာနိုင်သည်။ ဘာနှင့် ရှာမည်နည်း။   Continue reading

Tags: , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -18

ရေတံခွန်တောင်လှိုင်ဂူ

တတိယည

ညပိုင်း တရားအားထုတ်ရန် နေရာရွေးခြင်း

ရေတံခွန်လိုဏ်ဂူမှာ နှစ်ထပ်ဂူဖြစ်ရာ အတွင်း၌ ဂူငယ်တစ်ခု ရှိသေးသည်။ ဧရိယာမှာ (၄) တောင်မှ (၅) တောင်ခန့်ရှိ၍ အမိုးမှာ လူတစ်ရပ်လွတ်ရုံမျှ ဖြစ်သည်။ ယနေ့ည၌ ဂူငယ်အတွင်း သီတင်းသုံးလျက် ကပ္ပိယကို ပထမဂူထဲ အိပ်စက်စေသည်။

ဂူငယ်သည် အမိုးနိမ့်သည်မှအပ လူတစ်ဦး နေသာရုံ အခန်းငယ်နှင့်တူသည်။ ယမန်နေ့ မိုးရွာစဉ်ကမူ ဤအတွင်း ဂူငယ်တစ်ခုလုံး မိုးယိုစိုရွှဲလျက်ရှိသည်။ ယနေ့ နေသာ၍ အနည်းငယ်ဖန့်သွားသော သမံတလင်းအပေါ် သားရေနွယ် အခင်း ခင်း၍ ထိုင်နိုင်သည်။

လိုဏ်ဂူကြီးမှာ သုံးရက်နှင့် နှစ်ည သီတင်းသုံးပြီးဖြစ်၍ နေသားကျ ရင်းနှီးနေသည်။ ရောက်စ ကဲ့သို့ စိမ်းမနေတော့ပေ။ မိမိ၏ ကျောင်းသင်္ခန်း ကဲ့သို့ပင် ရင်းနှီးမှုရင့်ကျက်နေပြီး အတွင်းရှိ ဂူငယ်မှာမူ နေရာသစ်လို စိမ်းနေသည်။ ရင်းနှီးမှုလိုအပ်နေသည်။ ထို့ကြောင့် ဂူငယ်ထဲတွင် ပထမဆုံးအကြိမ် မေတ္တာပို့လိုက်သည်။

မေတ္တာသည်ရင်းနှီးမှု၏ ပေါင်းကူးတံတား မဟုတ်ပါလော၊ ဤဂူငယ်သည် သီတင်းသုံးချင်စဖွယ် ကောင်းသော ဌာနတစ်ခုဖြစ်သည်။

သို့သော် ဂူ၌ ၀င်ပေါက်တစ်ပေါက်မှလွဲ၍ အခြားလေ၀င်ပေါက် မရှိချေ။ အလင်းရောင်သည်ပင် ပထမဂူဝ တံခါးပေါက်မှတစ်ဆင့်ဝင်ရာ တစ်ဂူလုံးအလင်းရောင် Continue reading

Tags: , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ -32

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

(ဃ) အကောင်းဆုံးသော သည်းခံခြင်း

            သည်းခံလျှင် ရောက်သည်ဆိုသော စကားရှိသည်။

သည်းခံသည်ဆိုရာ၌ မိမိ၏ လောဘ၊ ဒေါသ၊ မောဟများကို သည်းခံရမည်ဖြစ်သည်။ မိမိ၏ အဇ္ဈတ္တ ဘ၀င်တွင် လောဘတရား ဖြစ်ပေါ်လာချင်ပါလျှင် ထိုလောဘတရားကို သည်းခံနိုင်ရမည်။ လောဘစိတ်ဖြစ်ပေါ်လာသော်လည်း အလိုမလိုက်ဘဲ သည်းခံနိုင်ရမည်ဟု ဆိုလိုသည်။ ဒေါသတရား၊ မောဟတရားများသည်လည်း ထို့အတူပင် ၎င်းတို့ကို အလိုမလိုက်ဘဲ သည်းခံရမည်သာ ဖြစ်သည်။

သူတော်ကောင်းများသည် သူတော်မှ ကိုယ်ကောင်းသည်ဟု ဆိုရိုးစကားရှိကြသည်။ ပြင်ပလောက၏ မတရား စော်ကားမှုများကို သည်းခံရာ၌ နှစ်မျိုး နှစ်စားရှိသည်။ ပထမ အမျိုးအစားမှာ စော်ကားချင်သလို စိတ်တိုင်းကျ စော်ကားခွင့်ပေး၍  သည်းခံခြင်းဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ စော်ကားမှုများကို သည်းမခံနိုင်၍ မဟုတ်သော်လည်း စော်ကားသူများအား ပညာပေးသော အနေနှင့် သည်းမခံဘဲ ဖြစ်သင့် ဖြစ်ထိုက် ရာရာတို့ကို အကြောင်းအကျိုး ရှင်းလင်းဆုံးမ ညွှန်ကြားပြသသည်။ မဖြစ်သင့်သည်တို့ကို နောင်မဖြစ်ရအောင် ပွင့်ပွင့် လင်းလင်း ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးမသွန်သင် ဟောပြောရသည်။ Continue reading

Tags: , , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ -30

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

(ခ) တုန်လှုပ်မှု၏ အန္တရာယ်။

            စိတ္တဗေဒ ပညာရပ်များကို ၀င်စားလေ့လာစဉ်က ကြောက်သောကြောင့် တုန်လှုပ်ရခြင်းလော၊ တုန်လှုပ်သောကြောင့် ကြောက်ရွံ့လာခြင်းလော ဟူသောပြဿနာကို ဆွေးနွေးခဲ့ဘူးသည်။ ရုပ်နာမ်တစ်ခုသည် အန္တရာယ်တစ်ခုခုကို တွေ့ကြုံရင်ဆိုင်ရသောအခါ ကြောက်လန့်တတ်ကြသည်။ သို့မဟုတ် တုန်လှုပ်တတ် ကြသည်။

ဥဒါဟရုဏ်အားဖြင့် လူတစ်ဦးသည် သေခြင်းတရားကို ရင်ဆိုင်ရသည်ရှိသော် ကြောက်လန့်စိုးရိမ် လာသည်။ တုန်လှုပ်ချောက်ချားလာသည်။ တုန်လှုပ်ခြင်းသည် မလိုလားအပ်သော အချင်းအရာတစ်ခုဖြစ်ရာ တည်ငြိမ်မှုရှိရန် အလေ့အကျင့် ပြုထားရပေလိမ့်မည်။ တုန်လှုပ်ခြင်းကြောင့် အန္တရာယ်သည် ပို၍ကြီးမား လာတတ်သည်။ တုန်လှုပ်ခြင်းသည် မူလလက်ရှိ အန္တရာယ်ကို မှန်ဘီလူးတပ်၍ ချဲ့လိုက်သကဲ့သို့ ရှိသည်။

ကြောက်စရာကောင်းသော အရာများကိုပင် မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်ရမည်။ အဘယ်အတွက်ကြောင့် တုန်လှုပ်ရပါမည်နည်း။ သေခြင်းတရားသည် ဓမ္မတာ သဘာဝပင် မဟုတ်ပါလော။ ရှောင်ပုန်းထွက်ပြေး၍လည်း ဖြစ်နိုင်စရာကောင်းသော အရာပါလော။ မရှောင်လွှဲနိုင်သော ဖြစ်ရပ်တို့ကို သတ္တိရှိရှိ Continue reading

Tags: , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ -21

အခန်း (၇)

သစ္စာ အဓိဋ္ဌာန်ပြုခြင်း

(အဆက်)

ထိုသို့ သမုဒယချော့သဖြင့် ဒုက္ခကို ဒုက္ခမှန်း မသိလျှင် ဦးစီးကာ ဒုက္ခအမှန် လိမ်းကျံ ကွပ်ထိမ်း လွှမ်းခြုံထားသည့် သမုဒယကို လက်ခံ လှမ်းကြိုရလိုက်ခြင်းသည် ဒုက္ခမှန်းမသိ၍ ဒုက္ခကို ရလိုခြင်းဖြစ်သည်။ ဒုက္ခ ရလိုသဖြင့် သမုဒယ အကြောင်းခံသောကြောင့် ဒုက္ခရုပ်နာမ် ထပ်မံရရှိသည်။ တနည်းအားဖြင့် -

    မသိ၍လိုချင် လိုချင်၍ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ ဒုက္ခခံကြရသည်။

ဒုက္ခကို ဒုက္ခမှန်းသိလျှင် ဒုက္ခကိုမလိုချင်တော့။ မလိုချင်လျှင် သမုဒယကို ပယ်ရမည်။ သမုဒယကို ပယ်သတ်ခြင်းကြောင့် ဒုက္ခသေဆုံးစေခြင်းသည် မဂ္ဂကျင့်စဉ်ပင်ဖြစ်သည်။ မဂ္ဂကျင့်စဉ်သည် နိရောဓသို့ မျက်မှောက်ပြုစေသည်။ ဒုက္ခအားလုံး ချုပ်ငြိမ်းစေသည်။

တနည်းအားဖြင့် -

  သိ၍မလို မလိုချင်တော့ မပြုလုပ် မပြုလုပ်တော့ မရရှိ မရရှိတော့ မခံစားရဘဲ ဒုက္ခအားလုံး ချုပ်ငြိမ်းသွား တော့သည်။

သစ္စာအဓိဋ္ဌာန် ပြုသည်ဆိုရာ၌ အထက်ပါ သစ္စာလေးပါး တော်မြတ်နှင့် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ပတ်သက်ရသည်။ တနည်းအားဖြင့် Continue reading

Tags: , , , , , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 13

အခန်း (၄)

(ဆ) ပြုလိုသူတို့၌ ရှိအပ်သောအရည်အချင်းများ

            သာသနာပြုလိုသူတို့သည် လောကဓံကို ကြံကြံခိုင်ခိုင် ကျော်လွှားဖြတ်သန်း အောင်မြင်ရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ လောကဓံတွေ့ရ၍ စိတ်ဓာတ်ဆုပ်နစ် ကျဆင်းသွားခြင်းသည် သာသနာပြုလိုသူတို့၏ လုပ်ရပ်မဟုတ်။ ပုထုဇဉ်များသည် ဦးစီးနေကြသူများဖြစ်သည်။ နှင့်ယှဉ်သော အတွေးမှ မသိမှုနှင့်အတူ ပေါ်ပေါက်လာသော စိတ်သိတို့သည် အမှန်ကို ဖုန်းကွယ်ထားပြီးဖြစ်သည်။ အမှန်ကို မသိသော ပုထုဇဉ်တို့သည် သာသနာနှင့်ပတ်သက်၍ ပြောချင်ရာ ပြောကြပေလိမ့်မည်။ ယင်းအပြောအဆို အပြုအမူများကို သည်းခံနိုင်ရမည်။ ခွင့်လွတ်နိုင်ရမည်။ အမှန်ကို ဖေါ်ဆောင်၍ စစ်မှန်သော ပညာကို သွန်သင်ညွှန်ကြား ဖြန့်ဝေနိုင်ရမည်။

ဤသို့ အမှန်ကို ဖေါ်ဆောင်နိုင်ရန်အတွက် မိမိရင်တွင်း၌ အမှန် ကိန်းဝပ်တည်ရှိရမည်။ အမှန်တရားဆိုသည်မှာ သစ္စာတရားပင်ဖြစ်သည်။ ရင်တွင်း၌ သစ္စာတရား မတည်ရှိလျှင် လောကဓံကို ဖြတ်သန်းကျော်လွှားနိုင်ရန် မလွယ်ကူ၊ သာသနာပြုစုပျိုးထောင်ရာ၌ အနှောင့်အယှက် ဖြစ်တတ်သည်။ ရင်တွင်းသစ္စာ တည်လိုသူတို့သည် ကိလေသာ တဏှာကို အကြောင်းမပြုရ။ ကိလေသာ တဏှာကို အကြောင်းပြုနေသော ပုဂ္ဂိုလ်တို့သည် စစ်မှန်သော သာသနာကို ပြုစုနိုင်လိမ့်မည်မဟုတ်။ Continue reading

Tags: , , , , , ,

တရားတိုးတက်သောအခါ .. ..

တရားတိုးတက်သောအခါ .. ..

အရာရာကြိုးစားသဖြင့် တိုးတက်လျှင် တိုးတက်သည့်သဘောကို ကိုယ်တိုင်သိရှိကြသည်သာ များပါသည်။

ယင်းထဲတွင် တရားတိုးတက်မှုလည်း ပါသည်ဟု ယူဆသည်၊ အဘယ့်ကြောင့်ဆိုသော် ကြိုးစားသောအခါ တရားတိုးတက်လျှင် မိမိကိုယ်တိုင် မငြင်းသာ မတတ်သာအောင် တိုးတက်သည် ဟုလည်း သိနားလည် ခံစားရသည်။ ထို့ကြောင့် တရားတိုးတက်လျှင် တိုးတက်သည်ကို ကိုယ်တိုင် သိနိုင်သည်ဟု အာမခံချက် ပေးနိုင်ပါသည်။

တရားသည် တရားသဘောဆောင်သဖြင့် တိုးတက်အောင် ကြံဆောင်သော (သို့) အကြောင်းခံတရားများ ကျင့်ကြံအားထုတ်သော ပုဂ္ဂိုလ်များအတွက် တိုးတက်သည်ကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည် ခံစားရသည်။ ဤအချက်ကို မိမိသည်ကိုယ်တွေ့ ကြံကြိုက်ဖူးသဖြင့် အာမခံချက် ပေးနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အခါအားလျော်စွာ အကြောင်းအကျိုး ညီညွှတ်လျှင် တရားကို ကြိုးစားစေချင်ပါသည်။ ကြိုးစားသောအခါ   တိုးတက်မည်မှာ တရားတော်၏ လမ်းစဉ်အတိုင်း ဖြစ်ပါသည်။ တိုးတက်သောအခါ တိုးတက်ခြင်း၏ အရသာကို ခံစားရသည်မှာလည်း တရားတော်၏ လမ်းစဉ်အတိုင်း ဖြစ်ပါသည်။ တရားတော်၏ ဂုဏ်ကျေးဇူးကို ကိုယ်တိုင်ကိုယ်ကျ သိနိုင်ပါသည်။ ခန္ဓာကိုယ်၏ ၀န်ထုပ်ဝန်ပိုးများလည်း ပေါ့လျှော့သွားမည် ဖြစ်ပါသည်။ Continue reading

Tags: , , ,

ဉာဏ်ပန်းမွှေးလှိုင်ကြူ – 8

အခန်း (၂)

ဆရာမြတ်၏ အဆုံးအမများ

(ဂ) သေခြင်း၏ ဆိုးဝါးပုံ

            ရုပ်နာမ်သည် ငါမဟုတ်ချေ၊ သံသရာ၌ မရှိသောငါကို အရှိလုပ်ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်။ ရုပ်နာမ်ကို ငါထင်နေသဖြင့် ထိုရုပ်နာမ်အပေါ် သမုဒယငြိတွယ် ရခြင်းဖြစ်သည်။ ရုပ်နာမ်ရရှိခဲ့ရခြင်းသည်ပင်လျှင် အတိတ်ဘ၀ ဘ၀များက အယောနိသော မနသီကာယခေါ် နှလုံးသွင်းမှားခြင်း၏ ဒဏ်ချက်ဖြင့် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်များကို ခံစားလျှက် ရုပ်နာမ်ဒုက္ခ ရနေကြခြင်းဖြစ်သည်။

            ကိလေသာ မကုန်ခမ်းသေးသော ရုပ်နာမ်တစ်ခုသည် ကိလေသာ ခံစား စံစားလိုသော ၀ဋ်ရှိနေသည်။ ထိုဝဋ်ကိုခံရန် သူသည် အသက်ရှင်နေရခြင်းဖြစ်သည်။ ဤ၀ဋ်ကို ခံရခြင်းကြောင့် သူသည် အနာဂတ်ကာလတွင် ဖြစ်ပေါ်လတံ့သော ဒုက္ခဆင့်ပွားမျိုးစုံ၊ အကုသိုလ်မျိုးစုံ၊ ပင်ပန်းဆင်းရဲမှု မျိုးစုံတို့ကို ထပ်မံခံစားရပြန်သည်။ ဤနည်းဖြင့်သူသည် ၀ဋ်ဒုက္ခနယ်ပယ်မှ မလွတ်မြောက်နိုင်တော့။ ထိုဝဋ်များနှင့်ယှဉ်တွဲနေသော ရုပ်နာမ်သည် အနိစ္စခန္ဓာ အပျက်ခန္ဓာဖြစ်ရာ အချိန်ကျရောက်လာသောအခါ မရှောင်မလွဲသာဘဲ မရဏသေပွဲသို့ သဲကမ်းရေဝေ့ တွေ့ရတော့သည်။ ထိုအခါ ခန္ဓာကိုယ်ဓာတ်လေးပါး အစုအဝေးကြီး၏ ဖောက်ပြန်မှု နှိပ်စက်မှုဒဏ်ကို အလူးအလဲခံရသည်။ ဤသို့ ရက်စက်ပြင်းထန်လှသော ဝေဒနာ၏ဒဏ်ကို မခံမရပ်နိုင်သဖြင့် ဒေါသဖြစ်ရသော အခါ ဒေါသဖြင့် ဘ၀ကူးရခြင်း၊ ဝေဒနာပြင်းထန်လွန်းသဖြင့် ခံနိုင်ရည်မရှိကာ သတိမေ့မြောလျှက် မောဟ ဖုံးလွှမ်းခံရလျှင် မောဟဖြင့် ဘ၀ကူးရခြင်း၊ စသော အကုသိုလ်စရိုက်များနှင့်ယှဉ်၍ ခန္ဓာစွန့်ရလျှင် ကောင်းရာမွန်ရာဘ၀ တို့ကို မည်ကဲ့သို့သော နည်းနှင့်မျှ ရောက်နိုင်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် Continue reading

Tags: , , , , ,

NIBBANA – 6

နိဗ္ဗာန်

အပိုင်း(၆)


နန်း     ကောင်းပါပြီ။ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ခင်ဗျားတို့အဓိကက ဘာလုပ်ရတာလဲ။
ငယ်     တရားအားထုတ်ရတယ်လေ။ တရားရမှုနဲ့ ဆန့်ကျင်ဘက်တွေကို ရှောင်ရရှားရတိုက်ထုတ်ပစ် ရတယ်ပေါ့။ ဒါ အဓိကပါဘဲ။
နန်း     နုပဿနာလေးမျိုးထဲက ခင်ဗျားတို့က ဘယ်နည်းနဲ့ အားထုတ်တာလဲ။
ငယ်     လေးနည်းစလုံးဘဲ။ နောက်တော့ တဖြေးဖြေး နှစ်နည်းဘဲ အဓိကအားထုတ်တယ်။ အားထုတ်နည်း အတိ အကျကိုတော့

ခင်ဗျားလိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဆင်ခြင်နည်းဘဲ ဆွေးနွေးချင်တယ်။ အားထုတ် နည်းက နက်နဲခက်ခဲတယ်။

ခင်ဗျားလည်း ဘ၀င်ကျဖို့ မလွယ်ဘူး။

နန်း     ကျွန်တော် မယုံကြည်မှာ စိုးလို့လား။
ငယ်     ဟုတ်တယ်။ ဆန့်ကျင်ဘက် ဖြစ်ကြမယ်ဆိုလျှင် နှစ်ဦးနှစ်ဖက် မကောင်းကြဘူး။ အကျိုးယုတ်နိုင်တယ်။ နည်းစနစ်

ကလည်း အင်မတန် ခက်ခဲနက်နဲတယ်။ ဒီတော့ ယေဘူယျ တရားဆင်ခြင်နည်း ဆွေးနွေးကြတာ က အမြတ်

ထွက်နိုင်တယ်။ အကျိုးရှိရာကို လုပ်ရအောင်။
နန်း     ကောင်းပါပြီ။ ခင်ဗျားသဘောအတိုင်းပါ။ ကျွန်တော်က ပညာဝယ်သမားပါ။
ငယ်     ပညာကို တန်ရာတန်ဘိုးပေးဝယ်ဖြစ်မယ်ဆို ကောင်းတယ်ဗျာ။ အပြိုင်အဆိုင်စနစ်လို ယှဉ်လာကြမိမှာ စိုးလို့။ ဒါက

လောကုတ္တရာဆိုတော့ လောကီလို မဟုတ်ဘူး။

Continue reading

Tags: , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -3

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

အပိုင်း(၁)

တော်ကို မည်မျှမြတ်နိုးကြသနည်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ၀ါဆိုလပြည့်နေ့မှာ တောထွက်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့အချိန်ဟာ ညကြီးမင်းကြီး ဖြစ်ပါတယ်။ အလောင်းတော်များသည် ကောင်းတာကိုသိရင် သိတဲ့အချိန်မှာပဲ စပြီးအလုပ်လုပ်ပါတယ်။ ဒီအချက်လေးကို အဓိကထားပြီး တင်ပြချင်ပါတယ်။ ကောင်းတဲ့အကြံအစည်လေးပေါ်ရင် ပေါ်တဲ့အချိန်မှာ ကောက်ခါငင်ခါနှင့် ချက်ချင်းထပြီးတော့ အလုပ်စခန်းဝင်ပါတယ်။ ဒီအချက်ဟာ အင်မတန် အရေးကြီး ပါတယ်။

မိမိတို့သာသနာမှာ လေ့လာကြည့်ရင် ပုဂ္ဂိုလ်တော်တော်များများ တရားသဘောကို မြတ်နိုးကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေ တရားမြတ်နိုးကြတယ်ဆိုတာဟာ ရာနှုန်းပြည့်သလားဆိုတော့ မိမိတို့အမြင်နှင့်ကြည့်လျှင် ရာနှုန်းပြည့်တယ်လို့ မဆိုနိုင်ပါဘူး။ တရားကို မြတ်နိုးတယ်ဆိုတာ တကယ်မြတ်နိုးရမယ်။ ဆိုကြပါစို့ တရားတော်ကိုမြတ်နိုးတဲ့ သဘောထားရယ်၊ တဘက်ကတရားတော်ကို အနှောင့်အယှက်ဖြစ်စေတဲ့ သဘောထားရယ်၊ မိမိရဲ့ ခန္ဓာကိုယ် ရုပ်နာမ်မှာ အပြိုင်အဆိုင်ပေါ်နေပြီဆိုရင် မိမိဟာ တရားကိုမြတ်နိုးတဲ့ဘက်ကို ဦးစားပေးနိုင်ရမယ်။ ဒီလိုဆန်းစစ်ချက် မျိုးတွေ အောင်မြင်မှ တရားကို တကယ်မြတ်နိုးရာ ကျပါမယ်။ Continue reading

Tags: , , , , , , , ,

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ 2

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

 

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

အပိုင်း(၂)

ဝိပဿနာအရာ၌ ဆရာကောင်းလိုအပ်သည်။ စာရေးသူ၌ ဆရာကောင်းရှိခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အကြံပေး အပြုသဘော တရားစာများကို စာရှုသူတို့၊ ဓမ္မမိတ်ဆွေတို့အား ရေးသားပေးနိုင်ခြင်း ဖြစ်သည်။ တရားရှာ ခန္ဓာမှာတွေ့ရသည်။ အတွေ့ခံတရားမှာ ရုပ်နာမ်ဒုက္ခ ဖြစ်သည်။ တွေ့သောတရားမှာ အသိဉာဏ်ပညာ ဖြစ်သည်။ အသိဉာဏ်ပညာကို ဘုရားဟောတော်များမှ လေ့ယူပါ။ ထုံယူပါ။ နာကြားပါ။ ဆင်ခြင်၍ ရယူပါ။ သို့မဟုတ် ကျမ်းစာများ၌ ထိုနည်းကို ရှာဖွေ လေ့လာကြည့်ပါ။ ဤအရာ၌ အနည်းငယ် ခက်ခဲ နက်နဲသည်။ ပညာလိုလားသူ အမျိုးကောင်းသားသမီးများ ဆည်းပူးစေလိုသည်။

နိဗ္ဗာန်ကိုစံဝင်သောအခါ ဉာဏ်ပညာသာ ဖြစ်သည်။ ဉာဏ်ပညာသည် ရုပ်နာမ်ကို ခွာသည်။ ပယ်သည်။ ထို့နောက် နိဗ္ဗာန်သို့ ပြေးဝင်သည်။ ပြေးဝင်ပုံကို စာပေများ၌ ရှာဖွေဖတ်ရှုနိုင်ပါသည်။ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်သည်။ ဤလောက၌ နှင့်တူသော မြင့်မြတ်သော သဘောမရှိ။ Continue reading

Tags: , , , , , , ,

စိတ်ကို အသေးစိပ် သိမြင်သလား?

စိတ်ကို အသေးစိပ် သိမြင်သလား?

ရှုတဲ့အခါ ရှုမှတ်တယ်လို့ ပြောတာထက် – ရှုသတ်တယ်လို့ ပြောတာကတော့ ပိုကောင်းတယ် .. ..

ရောက်လာရင် ‘မှတ်တာ’ ထက် ‘သတ်တာ’ ဖြစ်လာတယ်။ ကိလေသာကို သတ်တဲ့ သဘောပါပဲ။ ဒါမှ “ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတဲ့ စာနဲ့လည်း ကိုက်တယ်။ ‘မှတ်တယ်’ ဆိုတော့ ကြက်တူရွေးမှတ် မှတ်နေရင် ၀ိပဿနာအဆင့် မရောက်ဘူးပေါ့နော် .. ..

ဒီတော့ တရားက ရှုသတ်တယ်လို့ သုံးနှုန်းရင် ပိုပြီး သင့်တော်တယ်။ တရားမှာ – ရှုသတ်တယ်၊ ဆင်ခြင်တယ်၊ ပယ်သတ်တယ်၊ ပိုင်းခြားတယ်၊ စွန့်လွှတ်တယ် .. အဲဒါမျိုးတွေ ရှိတယ်။ မှတ်တယ် ဆိုတာက သမထ နယ်ပယ်ပဲ၊ သမထ ပိုင်းရောက်တယ်။ ၀ိပဿနာပိုင်းမှာတော့ ရှုသတ်တယ်ပေါ့နော်။ မိမိကို ဒုက္ခဖြစ်စေမယ့်အရာကို မရှင်သန်စေဘဲ ရှုသတ်လိုက်တဲ့ သဘောပါပဲ။ Continue reading

Tags: , , , , ,