အသိပညာသစ်အတွက်ခြေလှမ်းများ

အသိပညာသစ်အတွက်ခြေလှမ်းများ

သိပ္ပံသည် အသိပညာသစ်အတွက် ခြေလှမ်းများ လွန်စွာသွက်သည်၊ လွန်စွာစိပ်သည်။ သူတို့သည် အသိပညာအတွက် လွန်စွာလည်း စိတ်ဝင်စားသည်၊ လွန်စွာလည်း ထက်သန်သည်။

ဥပမာ — – စကြဝဠာအကြောင်း သူတို့သိခြင်းကို သူတို့လွန်စွာ စိတ်ဝင်စားသည်။

What do we really know about the Universe? ဟူ၍ ဆွေးနွေးကြသည်။

How do we know it? ဟူ၍လည်း တင်ပြကြသည်။ စကြဝဠာအကြောင်း ဘယ်လောက်သိသလဲ?  ဘယ်လိုသိသလဲ? စသည်ဖြင့် လွန်စွာ စိတ်ဝင်စားကြသည်။

… where is it going? .. .. စကြ၀ဠာသည် ဘယ်ကို ဦးတည်နေပါသနည်း? စသည်ဖြင့်… စကြ၀ဠာအကြောင်းကို လွန်စွာစိတ်ဝင်စားကြသည်။ ယခင်က မသိသည်များလည်း သိလာသည်။ ထပ်၍ထပ်၍လည်း သုတေသန လုပ်ကြသည်။ သူတို့သည် စကြ၀ဠာအကြောင်း သိသည်ကို ပျော်နေကြသည်။ သီအိုရိများ အသစ်အသစ် ဖန်တီး၍ လေ့လာကြည့်ရှုမှု Continue reading

Tags: , , , , , ,

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

သက်ရှိထင်ရှား ထင်ပေါ်ကြော်ဇောသော စတီဖင်

စတီဖင်ဟော့ကင်းသည် လောလောဆယ် သက်ရှိထင်ရှားလျှက်ရှိသော ထင်ပေါ်ကြော်ဇောသော ပညာရှင် ဖြစ်သည်။ အဓိကအားဖြင့်တော့ သဘောတရားရေရာဆိုင်ရာ ရူပဗေဒပညာရှင် ဖြစ်သည်။ ဟော့ကင်းသည် လေ့လာသူတိုင်း ထူးချွန်သည်ဟု အသတ်မှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။

အထူးသဖြင့် သူသည် ဤခေတ်ကို စူးစမ်းရှာဖွေ၍ အထိုက်အလျှောက်တွေ့ရှိသောခေတ်ဟု သတ်မှတ် သည်။ ယင်းကိစ္စကို သူဂုဏ်ယူသည်။ စူးစမ်းရှာဖွေ နေကြသော ခေတ်၌ လူဖြစ်ရသည်မှာ ပျော်စရာကောင်း သည်ဟု မကြာခဏ သုံးသပ်တင်ပြသည်။

သိပ္ပံပညာရှင်တို့သည် စူးစမ်းရှာဖွေမှုတော့ ပြုကြသည်မှာ မှန်ပါသည်။ အသစ်အဆန်းများလည်း တွေ့ရှိကြပါ သည်။ အထူးသဖြင့် မသေချာခြင်းနိယာမနှင့် ပညာ၏ Continue reading

Tags: , , , , ,

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ

စာရေးသူသည် မကြာခဏ သိပ္ပံအကြောင်း ရေးနေသည်။ အချို့သော အကြောင်းအရာများမှာမူ သာမန်အားဖြင့် ခက်ခဲနက်နဲနိုင်သည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် ခက်ခဲနက်နဲသော သိပ္ပံပညာရပ်ဆိုင်ရာ အခန်းကဏ္ဍ၏ နိဒါန်းပိုင်းများကို အခြေပျိုး၍ တင်ပြလိုသည်။

သိပ္ပံပညာရှင်များသည် အများသူငါ​ သတ်မှတ်ထားသည့်အတိုင်း လူတော်များဖြစ်ကြသည်။ ဆိုလျှင်မူ တိကျသေချာမှုကို အမြတ်တနိုး တန်ဖိုးထားသည်။ မသေချာခြင်းကို လက်မခံလိုချေ။ ထို့ကြောင့် မသေချာခြင်းဆိုင်ရာ သိပ္ပံနိယာမ သဘာဝကိုပင် ငြင်းဆန်ခဲ့လေသည်။

ဤနေရာ၌ သိပ္ပံပညာရပ်၏ မသေချာခြင်းနိယာမနှင့် အိုင်းစတိုင်း၏ Continue reading

Tags: , , , , , , ,

သိပ္ပံပညာထဲကဘ၀တစ်ခု – 08

သိပ္ပံပညာထဲကဘ၀တစ်ခု – 08

ဆက်လက်ဖော်ပြရမယ် ဆိုရင်တော့ -

အိုင်းစတိုင်းဟာ ကွမ်တမ်မက္ကင်းနစ်ရဲ့ တိုးတက်လာပုံကို ကြည့်ပြီးတော့ တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ ကွမ်တမ်မက္ကင်းနစ်ဟာ လက်တွေ့ သုတေသန စမ်းသပ်ခန်းမှ ထွက်ပေါ်လာတဲ့ အဖြေဖြစ်လို့ သူ အရမ်း လေးစားပေမယ့်လည်း မသေချာခြင်းနိယာမရဲ့ သဘောအရ – အရာရာဟာ မသေချာဘူးလို့ ပြောဆိုရတဲ့ အဆိုပြုချက်ဟာ သိပ္ပံနယ်ပယ်မှာ ၀င်ရောက် ထိုးဖောက်လာတာကို သူဟာ စိတ်မကောင်းစွာနဲ့ လက်ခံရတယ်။

ဒါပေမယ့်လည်း ဖြစ်ရပ်တွေကတော့ မသေချာခြင်းနိယာမရဲ့ ကြိုတင်ပြော ဟောကိန်းထုတ်တဲ့ အတိုင်း Continue reading

Tags: , , , , , , ,

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 07

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင် 07

ဟော့ကင်းက သူ့ရဲ့ စာအုပ် အခန်း(၈)မှာ အိုင်းစတိုင်းအကြောင်း နည်းနည်း ရေးထားပါတယ်။ ရူပဗေဒပညာရပ်ဟာ သီအိုရီကြီး နှစ်ခုနဲ့ တည်ဆောက်ခဲ့တယ် -

The two theories are the general theory of relativity and quantum mechanics. (Page-69)

ဒီသီအိုရီကြီး နှစ်ခုဟာ အထွေထွေနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်မက္ကင်းနစ်သီအိုရီ များပဲ ဖြစ်ပါတယ်။ Continue reading

Tags: , , , , ,

သိပ္ပံပညာထဲက ဘ၀တစ်ခု (သို့) စတီဖင်ဟော့ကင်း 06

သိပ္ပံပညာထဲက ဘ၀တစ်ခု -06

ဟော့ကင်းရဲ့ စာအုပ် အခန်းနံပါတ်(၇) မှာ -

IS THE END IN SIGHT FOR THEORETICAL PHYSICS? – ဆိုပြီး ဆွေးနွေး တင်ပြထားတာ စိတ်ဝင်စားစရာ တော်တော်ကောင်းပါတယ်။

ရူပဗေဒ ဘာသာရပ်ဟာ သဘောတရားရေးရာအားဖြင့် အဆုံးစွန် နိဂုံးကို ထိုးဖောက် နိုင်တော့မည်လော၊ အောင်မြင်နိုင်တော့ မည်လား? ဆိုတဲ့ မေးခွန်းကို ဆွေးနွေထားခြင်း ဖြစ်ပါတယ်။

သူ့အမြင်ကတော့ Continue reading

Tags: , , , ,

Stephen Hawking -13

သိပ္ပံပညာရှင် စတီဖင် -13

On the Shoulders of Giants  ဆိုသော စာအုပ်မှာ Stephen Hawking က Edit လုပ်ခြင်းဖြစ်သည်။ ၄င်းပြင် Commentary အနည်းငယ် ရေးသားသည်ဟု ဖွင့်ဆိုထားသည်။ ၄င်းစာအုပ်၏ ပထမ စာမျက်နှာတွင် အောက်ပါအတိုင်း ရေးထားသည် – - -

စတီဖင်ဟော့ကင်းသည် သဘောတရားရေးရာ ရူပဗေဒနှင့် ပတ်သက်၍ ပြီးသည့်နောက် အထူးချွန်ဆုံးသော  ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။

Stephen Hawking is considered the most brilliant theoretical physicist since Einstein.

သူသည် Popularize ခေါ် A Brief History of Time စာအုပ်ကို ရေးခဲ့ရာ စာအုပ်ပေါင်း ဆယ်သန်းခန့် အထက်၌ ရောင်းရ၍၊ ဘာသာပေါင်း လေးဆယ်ကျော် ပြန်ဆိုခဲ့သည်ဟု မှတ်တမ်းရသည်။ နှင့် ပတ်သက်၍ ရေးသားသမျှသော စာအုပ်များထဲတွင် အထူးချွန်ဆုံး အပြောင်မြောက်ဆုံး အအောင်မြင်ဆုံး စာအုပ်တစ်အုပ် ဖြစ်သည်။ သူ၏ The Universe in a Nutshell စာအုပ်မှာလည်း နာမည် ကျော်ကြားခဲ့သော စာအုပ်တစ်အုပ်ပင် ဖြစ်သည်။

ဟော့ကင်းကို ၁၉၄၂ – ခုနှစ် ဇန်န၀ါရီလ (၈) ရက်နေ့၊ အောက်စဖို့ဒ် (Oxford) ၌ မွေးဖွားခဲ့ရာ – ဂယ်လီလီယို (Galileo) သေဆုံးပြီးနောက် အနှစ်(၃၀၀) ပြည့်မြောက်နေ့ပင် ဖြစ်သည်။ သူသည်  အောက်စဖို့ဒ် တက္ကသိုလ်၌ ရူပဗေဒကို သင်ယူခဲ့ပြီးနောက်၊ စကြ၀ဠာဗေဒဆိုင်ရာ နှင့်ပတ်သက်၍ ကမ်းဘရစ်(ခ်ျ) (Cambridge) ၌ ဒေါက်တာဘွဲ့ ရခဲ့သည်။ Continue reading

Tags: ,

Stephen Hawking -9

သိပ္ပံပညာရှင် စတီဖင် -9

နှိုင်းရသီအိုရီများကို တွေ့ရှိထုတ်ဖော်ခဲ့သော သည် (၁၈၇၉)ခုနှစ်က ဂျာမနီ၌ မွေးဖွားခဲ့သူဖြစ်သည်။ (၁၉၀၅)ခုနှစ်တွင် စာတမ်းသုံးစောင် ပြုစုခဲ့ရာ ထိုစာတမ်းများသည် ကမ္ဘာ့ဦးဆောင်သူ သိပ္ပံပညာရှင်များ စာရင်းတွင် အိုင်းစတိုင်းအား သွတ်သွင်းစေခဲ့သည်။

အိုင်းစတိုင်း၏ သီအိုရီများသည် အချိန်အပေါ်လည်းကောင်း၊ ကာလ ဌာန အပေါ်၊ အမှန်တရားအပေါ် ကျွန်တော်တို့၏ နားလည်မှုများအား အတော်အသင့် အတိုင်းအတာအထိ ပြောင်းလဲစေနိုင်ခဲ့သည်။ သဘာဝ တရား၏ ဥပဒေသများသည် လွတ်လပ်စွာ ရွေလျှားလေ့လာနေသော ကြည့်ရှုလေ့လာ သူများအတွက် အားလုံးကို အတူတူ အခြေအနေပေးသည် ဆိုကြောင်း အိုင်းစတိုင်း၏ နှိုင်းရသီအိုရီက ထုတ်ဖော်ခဲ့သည်။

ထိုအခါ (၁၉) ရာစုဝန်းကျင်က ယုံကြည်သက်ဝင်မှုများ ရှိခဲ့သော ထာဝရ နားနေခြင်း၊ ကန့်သတ် ပိုင်းခြား သေဆုံးအပ်သော ထာဝရ အချိန်ကြီးဆိုသော အယူအဆများအား အိုင်းစတိုင်း သည် ထုတ်ပယ်နိုင်ခဲ့သည်။ ဒြပ်နှင့် အားသည် တူညီကြောင်း E=MC2 ဟူသော ပုံသေနည်းကို လမ်းပေါ်ကလူတိုင်း အလွတ်ရစေအောင် ထင်ပေါ် ကျော်ဇောစေခဲ့သည်။

သူသည် ဒြပ်နှင့်အား အားခြင်းညီမျှကြောင်း ဖော်ထုတ်နိုင်သဖြင့် “ဟီရိုရှီးမားနှင့် နာကာစာကီတွင်” (၁၉၄၅)ခုနှစ်က ဗုံးများချရာ၌ နံပါတ်တစ် Continue reading

Tags:

Stephen Hawking – 7

သိပ္ပံပညာရှင် စတီဖင် – ၇

ဘလက်ဟိုလ်းဆိုသော  စကားလုံးသည် ၁၉၆၉ ခုနှစ်လောက်ကမှ John Wheeler ဆိုသော ပုဂ္ဂိုလ်နှင့် ပတ်သက်၍ နာမည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စောစောပိုင်းက သိပ်မထင်ရှားခဲ့ခြင်း ဖြစ်သည်။ ဘလက်ဟိုလ်း၏ အဓိပ္ပာယ်မှာ ထိုအရာမှ အလင်းရောင် မထွက်နိုင်ခြင်း ဖြစ်သည်။ အလင်းရောင်သည် အလျှင်မြန်ဆုံးဖြစ်ရာ ထိုအလင်းရောင်ပင်လျှင် လွတ်အောင် မရုန်းနိုင်၊ ထိုအခါ သူ့စက်ဝိုင်းထဲမှ မည်သည့်အရာမဆို လွတ်အောင် မရုန်းနိုင်။ ၄င်း၏အလင်းကို ၄င်းကိုယ်တိုင် ၀ါးမြိုလိုက်သဖြင့် ၄င်းသည် အာကာသထဲ၌ အမဲတုံးကြီးဖြစ်နေရာ ၄င်းကို ဘလက်ဟိုလ်းဟု ခေါ်ရလေသည်။ တနည်းအားဖြင့် –

“A star that was sufficiently massive and compact would have such a strong gravitational field that light could not escape. …” ဟူ၍ ဖော်ပြလို့ရသည်။

ထိုကြယ်ကိုတော့ ကျွန်တော်တို့ မမြင်ရပါ – သို့သော် သူ၏ဆွဲအားကိုမူ အနီးနား၌ ခံစားနိုင်သည်။ ၄င်း ဘလက်ဟိုလ်းကို

“… We would not be able to see them because the light from them would not reach us, …” ဟူ၍ ဖြေရှင်းသည်။ Continue reading

Tags: , , , ,

Stephen Hawking -6

သိပ္ပံပညာရှင် စတီဖင် – ၆

တစ်ချိန်က စက်ယန္တရားဆန်သော တရားသေ၀ါဒ ပေါ်ထွန်းခဲ့သေးသည်။ ထိုဝါဒကို Scientific Determinism ဟု နာမည်ပေးကြသည်။ အဓိပ္ပာယ်မှာ “… There should be a set of scientific laws that would allow us to predict everything that would happen in the universe, …” ဟူ၍ ဖြစ်သည်။ စကြ၀ဠာထဲ၌ ဖြစ်သမျှ အရာအားလုံးကို ကြိုတင်ပြောနိုင်သော သိပ္ပံနည်းကျ ဥပဒေသများ တွေ့ရှိနိုင်သည်ဟူသော မျှော်လင့်ချက် ရှိသည့် အယူဝါဒပင် ဖြစ်သည်။ ထိုဝါဒကို နှစ်ခြိုက်သူများအနက် Laplace သည် အထူး နာမည်ကြီးခဲ့သည်။
သူက “…. the universe was completely deterministic.” ဟူ၍ အယူရှိခဲ့သည်။ အဓိပ္ပာယ်မှာ စကြ၀ဠာကြီးသည် ပြီးပြည့်စုံစွာ သတ်မှတ် ပြဋ္ဌာန်းပြီးသား ဖြစ်သည်ဟုယူသည်။ သို့သော် နောက်ပိုင်းတွင် Werner Heisenberg ခေါ် သိပ္ပံပညာရှင် ပေါ်လာသည်။ သူ၏ တွေ့ရှိချက်အရ မသေချာခြင်းနိယာမဟူ၍ သဘာဝတွင် လွှမ်းမိုးချက်ရှိကြောင်း ဖော်ပြနိုင်ခဲ့သည်။
“…. Heisenberg, formulated his famous uncertainty principle.” ဟူ၍ မှတ်တမ်းရှိသည်။
အဓိပ္ပာယ်မှာ အမှုန်တစ်ခု၏ position ရော velocity ကိုပါ တိတိကျကျ တိုင်းတာရန်ဖြစ်သည်။ Continue reading

Tags: ,

Stephen Hawking-5

သိပ္ပံပညာရှင် စတီဖင် -5

အိုင်းစတိုင်းသည် ကျော်ကြားသော E=MC2 ပုံသေနည်းကို ထုတ်ဖော်နိုင်ခဲ့သည်။ “E” သည် “Energy” ဖြစ်၍၊ “M” သည် “Mass” ဖြစ်ပြီး၊ “C” သည် “Speed of Light” ဖြစ်သည်။ ထို ဥပဒေသ၌ အလင်း၏ အလျှင်ထက် မည်သည့်အရာမှ ပိုမိုလျှင်မြန်စွာ မသွားနိုင်ရ ဟူ၍ ကန့်သတ် သတ်မှတ်သည်။ အားနှင့်ဒြပ် ညီသောအခါ – အားကြီးရန်လိုတိုင်း ဒြပ်ကြီးရမည် ဖြစ်သည်။
အိုင်းစတိုင်းသည် အစဉ်အလာ၏ ပြီးပြည့်စုံသော တရားသေ အချိန်ကြီးအား ရိုက်ချိုးဖျက်ဆီး နိုင်ခဲ့သည်။ ထို့နောက် အချိန်နှင့် နေရာ၏ အဓိပ္ပာယ်အသစ် ဖွင့်ဆိုချက်များကို ဖွင့်ဆိုပေးနိုင်ခဲ့သည်။ အချိန်နှင့် နေရာတို့သည် ပြီးပြည့်စုံသော ထာဝရ တရားသေ သတ်မှတ်ခံထားရသော အရာများ မဟုတ်ကြောင်း ဖွင့်ဆိုနိုင်ခဲ့သည်။ ထို့နောက် အချိန်နှင့် နေရာ ဆက်စပ်ပုံကို ဖော်ပြခဲ့သည်။
နေရောင်သည် နေမှကမ္ဘာသို့ ဖြတ်လာရချိန် အချိန် (၈) မိနစ်ကြာသည်။ Continue reading

Tags:

Stephen Hawking -4

သိပ္ပံပညာရှင် စတီဖင်

သိပ္ပံပညာရှင်ဟော့ကင်းသည် ဌာနနှင့် ကာလ အကြောင်းအရာများကို လေ့လာခဲ့လေသည်။ ထို အကြောင်းအရာများ နှင့်ပတ်သက်၍ သူ စာအုပ်တစ်အုပ်ရေးရန် ဆုံးဖြတ်ခဲ့သည်။ သူစိတ်ဝင်စားသော အကြောင်းအရာမှာ -

စကြ၀ဠာသည် ဘယ်ကလာပါသနည်း?

ဘာဖြစ်လို့ စတင်ဖြစ်ပေါ် လာခဲ့ပါသနည်း?

ဘယ်လို ဖြစ်လာပါသနည်း?

သူသည် တနေ့ပျက်မှာလား?

ပျက်လျှင် ဘယ်လိုပျက်မှာလဲ? စသည့် မေးခွန်းများကို စိတ်ဝင်စားခဲ့သည်။

အဓိက ကတော့ စကြ၀ဠာ၏ ကံကြမ္မာနှင့် အရင်းအမြစ် The Origin and Fate of the Universe ကို စိတ်ဝင်စား ခဲ့သည်။ ထို အကြောင်းအရာများကို ရေးသားလိုသော ဆန္ဒရှိသည်။ သို့သော် သိပ္ပံပညာ အခြေခံတတ်မှသာလျှင် နားလည်နိုင်မည်ဟု သူက မတောင်းဆိုလိုပေ။ ထို့ကြောင့် သိပ္ပံပညာ မတတ်သော်ငြား၊ သချာင်္ဗေဒ မကျွမ်းကျင်သော်ငြား သူ့စာအုပ်ကို နားလည်ရန် ရေးသားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုသို့ သူကြိုးစားခဲ့သည်ကို စာဖတ်ပရိသတ်ကြီးအား ဆုံးဖြတ်ပါရန် A Brief History of Time ကြေငြာချက်တွင် ထုတ်ဖော် ၀န်ခံထားသည်။

ထိုစာအုပ်တွင် Carl Sagan က နိဒါန်းရေးသည်။ Carl Sagan က Why nature is the way it is. သဘာဝတရားဟာ သူ့သဘာဝအတိုင်း သူ ဘယ်လို ဘာကြောင့်ဖြစ်နေရသလဲ? ဆိုသော မေးခွန်းကို မေးလိုသည်။ ဟော့ကင်းက သူတတ်စွမ်းသလို ဖြေလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ Continue reading

Tags:

Stephen Hawking -3

သိပ္ပံပညာရှင် စတီဖင်

ဟော့ကင်းကို အင်တာဗျုးရာ၌ အချို့အချက်လေးများသည် ဟော့ကင်းဘ၀ကို သရုပ်ပေါ်စေနိုင်သည်ဟု ယူဆသည်။ ထို့ကြောင့် အင်တာဗျုးပုံကို အကြမ်းမျဉ်းအားဖြင့် အနီးစပ်ဆုံး ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။ အချို့သောနေရာ၌ ဟော့ကင်းဘ၀ ပိုမို၍ သရုပ်ပေါ်စေနိုင်ရန် ရည်သန်၍ ဆီလျော်သလို ဘာသာပြန်ပေးထားပါသည်။

မေး။ ။ဆရာကြီး သိပ္ပံပညာရပ်တွေကို လေ့လာလိုက်စားတော့ အသစ်အဆန်း လေ့လာတွေ့ရှိရတဲ့အခါ ၀မ်းသာ ပျော်ရွင်မှု ရှိပါသလား?

ဖြေ။ ။ဟုတ်ကဲ့ ရှိပါတယ်။

မေး။ ။ဆရာကြီးက တေးဂီတလည်း ကြိုက်တယ်ဆိုတော့ ရူပဗေဒသီအိုရီအကြောင်း စဉ်းစားတာနဲ့ တေးဂီတ ခံစားရတာ ဘယ်အရာကို ပိုကြိုက်ပါသလဲ?

ဖြေ။ ။ရူပဗေဒသီအိုရီတွေကတော့ နက်ရှိုင်းတဲ့အတွက် အတော်အချိန်ပေးရတာပေါ့ ခဲရာခဲစစ်ကြိုးစား တွက်ချက် ရုန်းကန် ၀င်စားရတာ ရှိတယ်။ အနုပညာ ဂီတကတော့ Disc ပြားလေးတစ်ခု ထည့်လိုက်ရုံနဲ့ ခံစားရနိုင်တယ် လွယ်ကူတာပေါ့။

မေး။ ။ဆရာကြီးကို ခေါင်းမာတယ် “Stubborn” လို့ ဆရာကြီးကို ငယ်စဉ်က တွေ့ဖူးတဲ့ ပုဂ္ဂိုလ်တွေက ကောင်ချက်ချတယ်လို့ ကြားဖူးပါတယ်။ ဟုတ်ပါသလား?

ဖြေ။ ။ကျွန်တော်ကတော့ ခေါင်းမာတယ်လို့ မပြောချင်ဘူး။ ကျွန်တော်ဟာ “I’m determined.” ဆုံးဖြတ်ချက်တစ်ခုကို Continue reading

Tags: ,

Stephen Hawking -2

သိပ္ပံပညာရှင် စတီဖင်

ဟော့ကင်းသည် ထူးဆန်းသော ALS, amyotrophic lateral sclerosis ခေါ်ရောဂါ ရရှိသဖြင့်မကြာမီ သေလိမ့်မည်ဟု အများက သတ်မှတ်သည်ကို သူနားလည်ထားသည်။ သို့သော် သေခြင်းတရားသည် လာနိုင်ခဲသည်ဟု အောင်းမေ့ကာ – အကယ်၍ သူအသက်ရှင်လျှင် အများအတွက် အလုပ်လုပ်မည်ဟု ဆုံးဖြတ်ချက်ချသည်။ ထိုဆုံးဖြတ်ချက်သည် လွန်စွာအဖိုးတန်သည် လေးစားလောက်သည်ဟု ယူဆမိပေသည်။
… I had several times was that I would sacrifice my life to save others…. (Page-23) ဟူ၍ အခန်း(၃)တွင် ဖော်ပြခဲ့ဖူးလေသည်။
သူသည် အလွယ်တကူ မသေနိုင်သောအခါ … It shows that one need not lose hope. (Page-26) လောက၌ ဘ၀တစ်ခုသည် မျှော်လင့်ချက် မဆုံးရှုံးနိုင်ဟု အောင်းမေ့ကြောင်း ဖော်ပြခဲ့သည်။
သူသည် သိပ္ပံပညာရပ်များ၏ တိုးတက်မှုအပေါ် ရင်ခုန်ခဲ့သည်။ ယင်း ရင်ခုန်မှုကို စာဖတ်ပရိသတ်အား မျှဝေ ခံစားနိုင်အောင် ပေးလိုသည်ဟု ဆန္ဒရှိခဲ့သည်။ စကြ၀ဠာကြီးကို နားလည်အပ်သည်ဟုသာ ယုံခဲ့သည်။ စကြ၀ဠာသည် ဘယ်တော့မှ ရေရေလည်လည်နားလည်နိုင်လိမ်မည် မဟုတ်ပါဟူသော လက်လျော့အရှုံးပေးမှုကို သူအားမပေးခဲ့ချေ။ စကြ၀ဠာကြီးအား နားလည်နိုင်ဖို့အတွက် အသိပညာသည် သိပ်မဝေးနိုင်ပါဟု အားခဲခဲ့သည်။ …. a complete understanding may not be beyond our powers. …..(ix) ဟုဖော်ပြခဲ့သည်။
၎င်းအပြင် …. We may understand fully in the not-too-distant future. ….(ix) ဟု မျှော်လင့်ချက် ထားခဲ့သည်။ ထို့နောက် Continue reading

Tags: ,

အကြောင်းအကျိုးပညာဆိုသည်မှာ (အပိုင်း ၃)

အကြောင်းအကျိုးပညာဆိုသည်မှာ

အပိုင်း(၃)

သိပ္ပံပညာ အထူးသဖြင့် ကွမ်တမ်မက္ကင်းနစ်ပညာရဲ့ အခြေအနေကတော့ တိကျသေချာတဲ့ ကြောင်းကျိုး ဆက်သွယ်မှုတရား (Strict Causality) အစား၊ (Probability) ခေါ်တဲ့           ဖြစ်တန်ရာခြေကို အသုံးပြုလာတယ်။ ဒါကို ထူးထူးခြားခြား လမ်းခွဲပြီးတော့ ပွင့်ပွင့်လင်းလင်း ခိုင်ခိုင်မာမာ ရဲရဲတင်းတင်း ကြွေးကြော်လာကြတယ်။ ဖြစ်တန်ရာချေ ဆိုတဲ့ သဘောပေါ့။

တစ်ဖက်ကတော့လည်း သိပ္ပံပညာဟာ တော်တော် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သိမြင်လာတယ်လို့ ဆိုနိုင်သလို၊ တစ်ဖက်ကလည်း သူတို့ လက်လျှော့လိုက်တယ်လို့ ပြောရင်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြောင်းကျိုးဆက်သွယ်မှု တိကျသေချာတဲ့အမြင်ကို လက်လှမ်းမမီတော့ “ဖြစ်နိုင်ပါတယ်” “ဖြစ်တန်ရာခြေရှိတယ်” ဆိုတာလောက်နဲ့ တင်းတိမ်သွားရတယ်။ ဒါကတော့ ကြောင်းကျိုးဆက်သွယ်မှု ပညာကို အဓိပ္ပာယ် ဖွင့်ဆိုမှုအပေါ်မှာ မူတည်တယ်လို့ပဲ သုံးသပ်နိုင်ပါတယ်။

ဗုဒ္ဓဘာသာကတော့ ကြောင်းကျိုးဆက်သွယ်မှုရဲ့ သဘောကို ဘယ်တော့မှ မလျှော့ဘူး၊ ဒီအတိုင်းပဲယူတယ်။ “ယေဓမ္မာ ဟေတုပ္ပ ဘ၀ါ” ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်၊ “ဖြစ်ရပ်တိုင်းမှာ အကြောင်းခံတရားရှိတယ်”။ ဒီတော့ အကြောင်းခံတရားရှိရင် အကျိုးတရားရှိတာပဲ။ ဒီတရားကို ရှင်သာရိပုတ္တရာဟာ နည်းပေါင်းတစ်ထောင်နဲ့ သိမြင်ပြီးတော့ အရိယာဖြစ်သွားတယ်လို့ မှတ်တမ်းရှိပါတယ်။ (အခါအားလျော်စွာတော့ ကျွန်တော် နည်းပေါင်းခပ်များများတော့ တင်ပြပေးပါမယ်၊ အနည်းဆုံး ဆယ်ဂဏန်းလောက်ပေါ့)။ Continue reading

Tags: