မြတ်ပန်းမွှေးလှိုင်ကြူ -53

 

ရွှေစက်တော် ကိုခွဲခွာခြင်း

သုံးလူ့ထွတ်ထား သဗ္ဗေညု မြတ်စွာဘုရားကို ဦးထိပ်မှာ ထားပါ၏။ ရွှေစက်တော်မှ ခွဲခွာရပေတော့မည်။ မိမိ၏ တသက်တာ၌ ရွှေစက်တော်ဘုရားကို မေ့နိုင်စွမ်းရှိတော်မည် မဟုတ်ပါ။ ချောင်းရေနှင့် တန်ဆောင်းတွေကို မိမိသည် ကြားရောင်၊ မြင်ရောင် နေလိမ့်ဦးမည်သာ။ ရတနာမြတ်သုံးပါအား ဦးထိပ်မှာထားလျက် သာသနာတော်အတွက် အသက်ပေးလှူထားသော မိမိအဘို့ အလုပ်ပြီးလျှင် ခရီးနှင်ရမည် မဟုတ်ပါလော။ ရွှေစက်တော်မှ အပြန်တွင် ကျောင်းတော်ရာ ၀င်ရမည်ဖြစ်သည်။ ထို့ကြောင့် ငဖဲမြို့မှ တကာ တကာမများကို လူကြုံပါးနှင့် နှုတ်ခွန်းဆက်သလိုက်ရပါသည်။ ငဖဲမြို့သုံးစကားနှင့် ရေးရပါမူ တက်တက်ခွခွ ဆရာမတွေ့သေး သဖြင့် `ထိထိရောက်ရောက်လက်တွေ့ပြသနိုင်သော ဆရာကို ဆိုလိုသည်´ တရားမထိုင်သေးသော မောင်ခိုလျံ `ငဖဲမြို့က´ မှ ရေနံချောင်းအထိ လိုက်ပို့မည်ဖြစ်သည်။

မောင်ခိုလျံနှင့် တပည့်ကျော်တို့သည် နံနက် (၃) နာရီ လှည်းထွက်မည်ဖြစ်၍ ညဥ့်ဦးပိုင်ကတည်းက Continue reading

Share this post
Tags: , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -52

ရွှေစက်တော် တတိယည

အဓိဋ္ဌာန်ခရီးမှာ ပြီးစီးသလောက် ဖြစ်နေပေပြီ။ ရွှေစက်တော်သည် ရည်မှန်းချက် ပန်းတိုင်ဖြစ်ရာ ယခုလည်း ရည်မှန်းချက် ပြည့်ဝသွားပြီဖြစ်သည်။ ထို့ကြောင့် အားထုတ်ပြီးစီးအပ်သော တရားတော်မြတ်ကို ပြန်လည်စီစစ်ရန် လိုအပ်ပေတော့မည်။ အထက်စက်တော်ရာ၌ ဒုတိယညက တရားထိုင်လိုက်ရာ တမူထူးခြား ပြောင်းလဲသွားတော့သည်။ အအိပ်အနေများလည်း အထူးလျော့နည်းသွားလေသည်။ ရင်ထဲ ဟဒယထဲမှာလည်း ထူးထူးကဲကဲ အေးဆေးတည်ငြိမ် ချမ်းသာလျှက်ရှိသည်။တောင့်တခြင်း၊ ကြောင့်ကျခြင်းများကို မတွေ့ရတော့ချေ။ ဟဒယကို ဉာဏ်စိုက်လိုက်သည့်အခါတိုင်း သိသိသာသာ ချမ်းသာမှုတိုးတက်နေသည်ကို တွေ့ရှိခံစား နေရပေသည်။

`ဒါ . . . တရားရခြင်းဘဲ´ ဟုဆုံးဖြတ်လိုက်သည်။

တရားရလျှင်လည်း ထိုကိစ္စမှာ ပြတ်သွားပြီ မဟုတ်ပါလား။ တရားရလို၍ အပင်ပန်း အဆင်းရဲခံကာ ကျင့်ကြံအားထုတ်ခဲ့ခြင်း ဖြစ်သည်။ (၁၃) နှစ်တိတိ Continue reading

Tags: , ,

မြတ်ပန်းမွှေးလှိုင်ကြူ -51

မြတ်ပန်းမွှေးလှိုင်ကြူ

ရွှေစက်တော် တတိယနေ့

မနေ့ညက တရားထူးခြားစွာ ဆင်ခြင်မိသည်ဖြစ်၍ အအိပ်အနေ လွန်စွာမှ လျော့နည်းခဲ့လေသည်။ ယနေ့ အိပ်ယာမှ နိုးတော့လည်း အေးအေးချမ်းချမ်း ရင်ထဲ၌ အပူအပင်ငြိမ်းနေသည်။ အေးအေးဆေးဆေး သီတင်းသုံးကာ ရရှိထားသော ချမ်းသာမှုကို သုံးသပ်လျက် ဉာဏ်ပညာဖြင့် ဆင်ခြင် ထိုးထွင်းနေဦးမည်။

မြို့ကြီး ပြကြီး လူသူနှင့်နီးလျှင် အပူမီးဟပ်ကာ ချမ်းသာမှု လျှော့ပါးနိုင်ခြင်းကို ကြိုတင်ဝင်စားနေမိသည်။ ကြည်ညိုသဒ္ဓါရှိသော တကာ၊ တကာမများနှင့် ဆက်ဆံရသော် တော်ပေစွ။ အခြားအပို လုပ်ငန်းများကိုတော့ လုပ်လိုစိတ် ရှိတော့သည် မဟုတ်သည်မှာ သေချာနေပေပြီ။ မိမိကိုယ်တိုင် ကျင့်ကြံထားသဖြင့် သိရှိခံစားမိသော တရားသဘောကို ဆရာမြတ်၏ အဆုံးအမများနှင့် လျှော်မွေ့၍ ဓမ္မမိတ်ဆွေ တကာ၊ တကာမများကို ဟောကြားတင်ပြပေးရ ပေလိမ့်ဦးမည်။ ယောဂီပရိသတ်များအတွက်လည်း ၀ိပဿနာ ကျင့်ကြံနည်း ပညာရပ်အကြောင်းကို စာပေကျမ်းဂန်အဖြစ် ထင်ကျန်စေရန် ပြုစုရေးသား ပေးရပေလိမ့်ဦးမည်။

မိမိသိသော တရားဓမ္မ အရသာကို မိမိ၏ ပရိသတ်သည်လည်း သိရှိနားလည်စေထိုက်သည် မဟုတ်ပါလော။ မိမိ၏ တရားဓမ္မချမ်းသာမှုကို Continue reading

Tags: , ,

မြတ်ပန်းမွှေးလှိုင်ကြူ -50

ရွှေစက်တော်ဒုတိယနေ့

အဓိဋ္ဌာန်အောင်မြင်ခြင်း (အဆက်)

ငြိမ်းအေးချမ်းသာသွားပြီဖြစ်သော သဘောဖြင့် အမျှပေးဝေခြင်းကို ကြာသိရသော တပည့်သည် အနီးသို့ ချဉ်းကပ်လာ၏။

            `ဒို့တတွေ ထင်တာထက် ပိုမမြန်ဘူးလား´ ဟုစိတ်ပုတီး ကိုင်နေသော တပည့်ငယ်ကို မေးလိုက်သည်။

`အရှင်ဘုရား ကျင့်ဆောင်ခဲ့တဲ့ အားကလည်း နည်းမှ မနည်းတော့ဘဲကိုး ဘုရား´  တပည့်က ပေါ့ပေါ့ပါးပါး ကောက်ချက်ချသည်။

    `အင်း . . . ဒီလိုတော့ အလျှောက်တတ်သား´ အသိအမှတ်ပြုလိုက်သည်။

`တပည့်တော်ဖြင့် တော်တော်ပေါ့ပါးနေတယ်ဘုရား။ ထူးထူးခြားခြားဘဲ ပန်းမွှေးနံ့တွေလည်း လှိုင်လို့ရယ်။´

`အေး . . . တောင်အဆင်းဆိုတော့ ပိုပြီးပေါ့ပါးတာပေါ့ကွာ။ မင်းရတဲ့ ပန်းမွေးနံ့တွေကို ငါထောက်ခံ ပါတယ်။´ ဒီလိုထောက်ခံချက်ကို မရမချင်း Continue reading

Tags: , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -49

ရွှေစက်တော်

ဒုတိယနေ့

အဓိဋ္ဌာန်အောင်မြင်ခြင်း (အဆက်)

ယခုကိစ္စမှာလည်း သာမညကိစ္စမဟုတ်ချေ။ အသိဉာဏ် ယှဉ်ကာ ခန္ဓာဉာဏ်စိုက်၍ အထူးဝိရိယ ထားနေရသည်။

ထိုသို့ ဉာဏ်စိုက်နေစဉ် စာရေးသူ၏ ညာလက်မောင်း အတွင်းသားထဲမှ သိသာစွာ တုန်လှုပ်သွားသည်။

အော် . . . အတိတ်နမိတ်တော့ ပြသနေပေပြီ။ တရားထူး ရချိန်တန်၍ဖြစ်မည်။ မလှုပ်စဘူး ထူးထူးကဲကဲ ညာဘက်လက်ရုံး လှုပ်၏။ အဓိဋ္ဌာန် တစ်ခုကိုပြုသည့် ပုဂ္ဂိုလ်သည် မိမိအဓိဋ္ဌာန် အောင်မြင်ပြီးစီးရန်သာ ဆန္ဒပြုကျင့်ဆောင် ကြရမည်။

အခြားဘာကိုမျှ အာရုံမလိုက်ရ။ အဓိဋ္ဌာန် အောင်မြင်ရေးကိုသာ အဓိကထားလျက် ဘ၀င်ဟဒယ၌ ဉာဏ်စိုက်ထားသည်။ ထို့နောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဉာဏ်တော်မြတ်ကို ဦးခိုက်လိုက် သည်။

စာရေးသူ၏ဉာဏ်သည် ယှဉ်သန်၍လာသည်။ ဉာဏ်သည် ပေါ့ပါးနူးညံ့၍ ကျယ်ပြန့်သွားသည်ကို Continue reading

Tags: , , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ – 48

ရွှေစက်တော်

ဒုတိယနေ့

အဓိဋ္ဌာန်အောင်မြင်ခြင်း (အဆက်)

ဥာဏ်ဆိုသည်မှာ- အသိဝင် သတိယှဉ်ထားသော ပညာဥာဏ်ကို ဆိုလိုပါသည်။ ထိုဥာဏ်ဖြင့် အဇ္ဈတ္တခန္ဓာ အပေါ်၌ လွှမ်းမိုး စူးစိုက်၍ ထားရသည်။

ဟဒယ ရုပ်ဝတ္တုအပေါ်၌ တစ်စုံတစ်ခုသော နာမ်တရားကလေး ပေါ်လာမည်ဆိုလျှင် “ဒါ … ဒုက္ခတရားကလေး-မမြဲဘူး” ဟု ရှုသတ်နိုင်ရန် လျှင်မြန်သော ဥာဏ်၊ ယှဉ်သန်သော သတ္တိကို မွေးမြူထားရခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ခုသော အသိတရားကလေး ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာခြင်း ရှုသတ်ပိုင်းဖြတ်ရမည် မဟုတ်ပါလား။

ဟဒယအပေါ်၌ ဥာဏ်စိုက်ထားနိုင်ပါလျှင် မိမိ၏ ပေါ်စိတ်သည်မည်မျှအထိ လျှင်မြန်ကြောင်း သိသာလာတတ်ပါသည်။

ထိုပေါ်စိတ်ကို ပယ်ရမည်ဖြစ်သည်။ သတ်ရမည်ဖြစ်သည်။

ပေါ်လာသမျှ စိတ်ဒုက္ခကို ရှုတတ်သော ဥာဏ်ပညာသည် စိတ်ထက်ပို၍ Continue reading

Tags: , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -47

ရွှေစက်တော်

ဒုတိယနေ့

အဓိဋ္ဌာန်အောင်မြင်ခြင်း

အသျင်နန္ဒ၀ံသတစ်ပါး ရွှေစက်တော်ဘုရား၌ တရားရသွားပြီဟု ယူဆနိုင်လောက်အောင်ပင် ထူးထူးကဲကဲ တရားမြတ်ချမ်းသာကို ခံစားရရှိခဲ့ပေသည်။ အော် … တရားမြတ်ချမ်းသာဆိုသည်မှာ- စွန့်ခြင်း၊ ပယ်ခြင်း၊ သတ်ခြင်း၊ ဖြတ်ခြင်းပေကိုးဟု ယုံကြည်စိတ်ချ သွားပေ၏။ ဟဒယဘ၀င်၌ ဥာဏ်စိုက်၍စွင့်ရမည်။

စွန့်စရာကိုစွန့်-

            ပယ်စရာကိုပယ်-  

            ပေါ်လာသမျှကိုသတ်-

            ဖြတ်စရာရှိသမျှကိုဖြတ်-

            ဒါ … မြတ်သောအကျင့်ဖြစ်သည်။

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးလျက် ၅၂၈ မေတ္တာပို့လိုက်သည်။ ထို့နောက် အနှောက်အယှက်များကို ရှင်းလင်းလျက် တပည့်ကိုခေါ်ကာ အထက်စက်တော်ရာ ဘုရားသို့ တက်ကြရန် ပြင်ဆင်လိုက်သည်။ ညချမ်းအချိန် လ၀န်းအိမ်မှ ထိန်ထိန်မသာ မှိန်မှိန်သာဖြာသည်။

မန်းချောင်း ရေမျက်နှာပြင်မှာ တသွယ်သွယ်စီးလျက် တလဲ့လဲ့ တောက်ပနေသည်။ လရောင်ကျရာ Continue reading

Tags: , ,

မြတ်ပန်းမွှေးလှိုင်ကြူ -46

ရွှေစက်တော်

ဒုတိယနေ့

အဓိဋ္ဌာန်အတွက် ဆောင်ရွက်စရာရှိသည်များ

 

ညနေ နေ၀င်သွားပြီး အလင်းရောင်တော့ အနည်းငယ် ကျန်နေသေး၏။ ကျွန်ုပ်သည် နှလုံးအေးအေးနှင့် အဓိဋ္ဌာန်အတွက် ဆောင်ရွက်ချက်များကို ကြိုတင်ထား၏။

 

(၁) တရား၌ ပျော်မည်။

            (၂) အဖော်မပါ ဗလာကိုယ်တည်း၊ တစ်ပါးတည်းလည်း၊ မငြီးမငြူ၊ မြတ်သုံးဆူကို ပူဇော်မည်။

            (၃) ရုပ်နာမ်ဖောက်ပြန်၊ ရိပ်သဏ္ဍန်နှင့် ဟိတ်ဟန်ပြကာ ဒုက္ခတစ်ချက်၊ အနိစ္စ လက်နက်နှင့် ခက်ဆစ်ကိုဖြို၊ အပိုကိုပယ်မည်။

            (၄) ဒါအ၀ိဇ္ဇာ၊ ဒါတဏှာ၊ ဥာဏ်မှာပိုင်းဖြတ်၊ သတိကပ်၍၊ မပြတ်ဆင်ခြင်၊ ပညာယှဉ်မည်၊ ဘ၀င်မမြင့်ကြစတမ်း။

            (၅) ကိုယ့်ဆရာမြတ် ချီးမြှင့်အပ်သည့် မြတ်လှသည့် ရတနာ၊ ဆင်ခြင်ကာဖြင့်၊ ထိပ်မှာညွန့်ဖူး၊ ပန်ဆင်နူးမည်၊ ညွတ်ဦးပဏာ၊ ကော်ရော်ကာဖြင့်၊ ဘဇာကြောင်းကျိုး၊ ကောင်းအဆိုးကို နိုးနိုးကြားကြား၊ ဝေဖန်သွားမည်၊ သားမြတ်ရတနာ တည်စေဖို့။

            (၆) သာသနာ့ဇာနည်၊ ဘာမထီဘူး၊ ပီပီပြင်ပြင်၊ မြတ်လမ်းစဉ်ကို လျင်လျင်ထွန်းပေါက်၊ ခရီး ရောက်အောင်၊ ပြီးမြောက်စေရန်၊ ယှဉ်ပြိုင်သတ္တိ၊ ရဲစွမ်းပြည့်သည်၊ သည်းချာအလှ တည်စေဖို့။

            (၇) သာသနာ့အတွက်၊ လုပ်ဖော်ဘက်တို့ အခက်ပြေစေ၊ မေတ္တာဝေမည်၊ ဝေးနေနီးနေ၊ ညီစေဖို့။

 

(စာပေခွင့်ပြုချက်အမှတ်-၁၁၀၃၂/၁၉၇၈-ခုနှစ်၊ ဇွန်လ)
ဆက်လက်ဖော်ပြပါမည် -
Admin (www.chitnge.com)

Tags: , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -45

ရွှေစက်တော်

ဒုတိယနေ့

အဓိဋ္ဌာန်ဝင်ခြင်း

 

  “ရတနာမြတ်သုံးပါးမှ တပါး အခြား ကိုးကွယ်ရာ၊ ဆည်းကပ်ရာ ဘာတစ်ခုမျှ မရှိပြီ” ဟူသော အသိဖြင့် အဓိဋ္ဌာန်ဝင်မည် ဖြစ်သည်။

  အချို့ကငွေကို၎င်း၊ ပကာသနကို၎င်း၊ သြဇာတိက္ကမကို၎င်း၊ ကိုးကွယ်ဆည်းကပ်ကြသည်၊ မမြင့်မြတ် သေးသော ကိုးကွယ်မှုပင်တည်း။

မြင့်မြတ်သော ကိုးကွယ်ဆည်းကပ်မှုမှာ-ရတနာမြတ်သုံးပါးကို အားကိုးအားထား ပြုခြင်းပင်ဖြစ်သည်။ “ဖြစ်ပေါ်လာသမျှသော ရုပ်နာမ်အပေါ် ရတနာမြတ်သုံးပါးအား ကိုးကွယ်ဆည်းကပ်မှုဖြင့် ဖြတ်ထုတ်ပယ်သတ် ပိုင်းဖြတ်မည်” ဤမည်သော ရည်ရွယ်ချက်ဖြင့် မှန်းချက်ပေါက်မြောက်အောင် တရားထိုင် အဓိဋ္ဌာန်ဝင်မည်ဟု ကြိုတင်ပြင်ဆင်ထားသည်။ ခန္ဓာကိုယ်ကို ပယ်စွန့်ခြင်း အမျိုးအစားတစ်ခု။

မိမိကိုယ်ကို လေ့လာစမ်းစစ်လျှင် အထက်ပါ အဓိဋ္ဌာန်ကို ရည်သန် သတ်မှတ်လိုက်နိုင်သဖြင့် ဂုဏ်ယူမိသွားသည်။ ဤအဓိဋ္ဌာန်ချက်မျိုးသည် တကယ် အလုပ်လုပ်ရမည်ဖြစ်သော အဓိဋ္ဌာန်မျိုးပေတည်း။

ရုပ်နာမ်ခန္ဓာ၌ ဘာပဲပေါ်ပေါ် “အော်-ငါရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်၍ မြတ်သော တရား နှလုံးသွင်းနေသည်၊ ကျန်သောအရာများကို ဘာတစ်ခုမှ အကြောင်းမပြု” ဟု ပယ်စွန့်ရခြင်းမျိုးဖြစ်သည်၊ အဓိဋ္ဌာန်မအောင် မမြင်မချင်း Continue reading

Tags: , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -44

ရွှေစက်တော်

ဒုတိယနေ့

ဆွမ်းခံထွက်ခြင်း

ဆွမ်းခံထွက်ရာ မန်းချောင်းကို ဖြတ်ကူးရသည်၊ ချောင်းရေမှာ ကြည်လင်သဖြင့် တောင်ဆုတ်ခန့်ဟု မှန်းဆသော်လည်း ပေါင်လယ်လောက်ရောက် ရေအနက်ကို ဖြတ်ရသည်။ ဟိုတစ်ဖတ်ကမ်း ရောက်ပြီးမှ သင်္ကန်းရုံသည်။ ဖိနပ်ချွတ်ခဲ့ရာ ကျောက်စရစ်တုံးများကြောင့် ဖ၀ါးကြိမ်းသည်။ နောက်တစ်ကြိမ်တွင် ဆွမ်းခံထွက်လျှင် ဖိနပ်စီးခဲ့ပြီး ရွာထိပ်ရောက်မှချွတ်မည်။ ခိုးယူမည့်လူ မရှိချေ။ ဤမြေ ဤဌာနသည် အေးမြငြိမ်းချမ်း၏။ သင်္ကန်းလှမ်းပြီး ကျောက်တုံးဖိထား၊ ခရီးသွားပြန်လာမှ ယူရ၏။ ပျောက်ရှခြင်း လုံးဝမရှိ။ ကိုယ့်ပစ္စည်း ကိုယ်သာပိုင်သည်။ မဆိုင်ရာကို အလိုမရှိကြ။

ဆွမ်းခံချိန်မှာ စောလွန်းနေသည်။ ၇-နာရီ သာသာခန့် ဖြစ်၏။ “တပည့်တော်တို့က ၁၀ နာရီမှ ဆွမ်းကျက်ပါသည် ဘုရား” ဟု ရွာသားများက လျှောက်ထားကြ၏။ ဆွမ်းမကျက်သဖြင့် ထန်းလျက်ခဲ အချိုလောင်းကြသည်။ ဘာအလှူခံပါသလဲ ဘုရားဟု မေးလျှောက်သူက လျှောက်သည်။ အချို့က အာရုံဆွမ်းအတွက်ထင်တယ်ဟု တီးတိုးပြောကြသည်။ ဘာလှူလှူ ရပါတယ်ဟု ဖွင့်ပြောလိုက်ရာ အားလုံး သဘောကျသွားသည်။ တစ်အိမ်က ပိုက်ဆံဆယ်ပြားလှူသည်။ အခြားတစ်အိမ်က တမတ်လှူသည်။ ကျန်အိမ်များက ဆွမ်းဆန်စိမ်း Continue reading

Tags: , ,

မြတ်ပန်းမွှေးလှိုင်ကြူ -43

ရွှေစက်တော်

ဒုတိယနေ့

နံနက် အရုဏ်တက်တွင် ဘုရားဆီမီး ပူဇော်၍ ခဲဘွယ် ဘောဇဉ် ချိုချဉ် ရသာစုံတို့ဖြင့် ကပ်လှူပူဇော် ပါသည်။ ဉာဏ်ပညာများ ကြည်လင်ပြတ်သားလျက် ရှိသည်။ ရွှေစက်တော်၌ ရက်ရှည် သီတင်းသုံးနိုင်သည် ဖြစ်၍ အေးအေးဆေးဆေးနှင့် အကွက်စေ့စေ့ လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ကူးကြံစီထားသည်။ တရား အလုပ်လုပ်ချိန် တရားသဘော စောကြောသုံးသပ်ချိန် ဝေယျာဝစ္စလုပ်ချိန်၊ အနာဂတ်အတွက် စီစဉ် အကြံထုတ်ချိန် စသည်တို့ကို ကန့်သတ် သတ်မှတ်ရန် အချိန်စာရင်း ရေးဆွဲထားရန်ဖြစ်သည်။ ဘုရားဝတ်ပြုသည်မှ အစ ကိုယ်လက်သန့်စင် သည်အဆုံး အတိအကျ အချိန်ပိုင်းဖြတ်ထားရန် အကြံထုတ်ရခြင်းဖြစ်သည်။

တရားအားထုတ် အလုပ်လုပ်ရခြင်းနှင့် ပတ်သက်၍မူ ကောင်းမြတ်ပါသည်။ နေရာဌာနကလည်း အေးချမ်း၊ ရည်မှန်းချက်ကလည်း မြင့်မြတ် ပဋိပတ်လုပ်ငန်းကလည်း ပိုင်နိုင်လာပြီ ဖြစ်သဖြင့် ဉာဏ်ပါပါ ဆင်ခြင်နိုင်စွမ်း ရှိလာပါပြီ။ ဘယ်အရာ လုပ်ဆောင်သင့်သည်၊ ဘယ်အရာ မလုပ်ဆောင်သင့်သည်ဟု နှိုင်းနှိုင်းချိန်ချိန် သုခမိန်သို့ ပညိနြေ္ဒ သိမ်မွေ့လာနိုင်စေရန် သတိယှဉ် အသိဝင်လာပါသည်။

မင်းဘူးမှ ငဖဲသို့ ကြွလာစဉ်အခါက လမ်းခရီးတွင် တော်တော်ပင်ပန်းပါသည်။ သို့သော် ကျွန်ုပ်အဖို့ ကံထူးခဲ့သည်မှာ . . . Continue reading

Tags: , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -42

ရွှေစက်တော်ပထမနေ့

ရှိတာတွေ မရှိအောင်လုပ်ခြင်း

တရားအားထုတ်သောအခါ မိမိခန္ဓာအတွင်း အဇ္ဈတ္တ ဟဒယ၌ ရှိနေသည်များကို မရှိစေရန် ကျင့်ကြံပွားများ အားထုတ်ရသည်။ ရင်တွင်း၌ရှိနေသည့် ဒုက္ခတရားများကို ကုန်စင်အောင် အနိစ္စလက္ခဏာ တင်ရ၏။ ရှုတတ်ရ၏။ ရင်ထဲ၌ ရှိနေသည်များ ကုန်စင်သွား၍ မရှိတော့သည့်အခါ မရှိသည့် အရာရှိလာမည် ဖြစ်သည်။ ထိုအခါ ချမ်းသာလာမည် ဖြစ်တော့၏။ ဒုက္ခဆုံးလျှင် သုခပင်တည်း။

လိုရင်မှာ ချမ်းသာရန်ဖြစ်သည်။ ဒုက္ခဖြစ်နေ ရှိနေလျှင် မည်သည့်နည်းနှင့်မျှ ချမ်းသာနိုင်မည် မဟုတ်။ ထွက်၍ ပြေးစကောင်း သည်လည်းမဟုတ်။ ဒုက္ခ ရှင်းသွားမှ သုခပေါ်မည်ဖြစ်သည်။ ထိုအချက်ကို ရည်ရွယ်၍ ရှိသည်များ မရှိအောင်လုပ်၊ ရှိသည်များမရှိတော့၍ မရှိသည်များရှိလာသော် ချမ်းသာမည်ဟု ဖွင့်ဆိုရခြင်းဖြစ်သည်။ အလုပ်စခန်းမှ လာသောစကားဖြစ်သည်။ လက်တွေ့ ကျင့်ကြံကြိုးစားကြည့်ပါ။ ချမ်းသာ ပေါ့ပါးမှုကို ကိုယ်တိုင် ခံစား။ တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ဒုက္ခကို ရင်ဝယ်သိမ်းပိုက်မထားနှင့် ကုန်အောင်ရှုသတ်လိုက်ပါဟု မိမိကိုယ်ကို သတိပေးပါသည်။

မန်းစက်တော် ပထမည၌ ဒုတိယအကြိမ် တရားထိုင်လိုက်ပြန်သည်။ ဟဒယ၌ တွေ့နေသော ဒုက္ခတရားများကို အနိစ္စလက္ခဏာတင်၍ Continue reading

Tags: , , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -41

မြတ်ပန်းမွှေးလှိုင်ကြူ

 

ငြိမ်းအေးစေလို မန်းစက်တော်ရိပ်ခို

မန်းစက်တော်ရာဘုရားသို့ ဦးတိုက်ရောက်ရှိပါသည်။ အောက်စက်တော်ရာကို ယခုအခါ အင်္ဂတေ မွန်းမံပိတ်ဆို့ ဖုံးအုပ်ထားပါသည်။ မြတ်စွာဘုရားသခင်

ကိုယ်တော်မြတ်ကြီးကို ရည်စူး၍ ဦးနှိမ်ချလိုက်ပါသည်။

ဤနေရာ ဤဌာနသို့ ဆရာမြတ်နှင့် ရောက်ခဲ့ဖူးသည်မှာ ကြာပါပြီ။ ထိုစဉ်ထိုကာလက ပွဲတော်ရက် ကျနေသဖြင့် လွန်စွာမှ စည်ကားသိုက်မြိုက် လှပါသည်။ ဈေးတန်းနှင့် တည်းခိုခန်းများမှာလည်း အပြည့်အသိပ် ဖြစ်ပါ၏။ ဘုရားဖူး

ပရိသတ်မှာ ကြက်ပျံမကျ စည်ကားသိုက်မြိုက်လှပါသည်။ ဆရာမြတ်သည် အပင်ပန်းခံ၍ အဓိကရ ဌာနကြီးများသို့ ပို့ပေးချီးမြင့်တော်မူခဲ့ရာ ဤစက်တော်ရာ အပါအ၀င် ဖြစ်ခဲ့ပါသည်။ စက်တော်ရာသည် ထူးခြားသော ဌာနတစ်ခုဖြစ်နေသည်ကို ရောက်ဖူးသူတိုင်း သတိပြုမိကြပါလိမ့်မည်။ မိမိအတွက်မူ လူမှန်နေရာမှန် ရောက်ရှိလိုက်သကဲ့သို့ ကြည်ကြည်နူးနူး နှလုံးချမ်းမြေ့ စိတ်ဝမ်းတွေ့လျက်ရှိပါသည်။ ပျော်မွေ့ဘွယ်ရာ ဤနေရာကို အဘယ်မှာလျှင် မသာကြည်ဘဲ ရှိနိုင်ပါအံ့နည်း။ သာကြည်ရွှင်မြူး၍ Continue reading

Tags: , , ,

မြတ်ပန်းမွှေးလှိုင်ကြူ -40

မြတ်ပန်းမွှေးလှိုင်ကြူ

ရွှေစက်တော်ပထမနေ့

မကွေးမြသလွန်တွင် တရားအားထုတ်ပြီး ရွှေစက်တော်သို့ ကူးနိုင်ရန် မင်းဘူးမြိုးမှတဆင့် ငဖဲသို့ ကားဖြင့် ထွက်ခဲ့သည်။ လမ်းခရီး၌ ဆင်ဂေါင်း ပျော်ဘွယ် ပဒန်း ပတိမ်း စသောရွာများကို ဖြတ်သန်းခဲ့သည်။ ရွာတိုင်းလိုပင် စည်းရိုးထူထပ်စွာ ကာရံထားကြပေသည်။ ငဖဲမြို့တွင် တစ်ညကျိန်းမည်။ ထိုမှ နွားလှည်းဖြင့် ရွှေစက်တော်သို့ သွားရပေမည်။ ငဖဲမြို့သည် အလွန်သေးငယ်သောမြို့ (သို့မဟုတ်) ရွာကြီးတစ်ရွာမျှသာ ဖြစ်သည်။ ငဖဲမြို့နယ် တွင် ကောင်စီရုံးစိုက်ပြီး ရဲဌာန၊ ဆေးရုံ၊ ရုံးများရှိသော်လည်း ပတိမ်း ပဒန်း ရွာများနည်းတူ စည်းရိုးကာရံထားသည်။ အဓိကအားဖြင့် အိမ်ခြေ အတန်း ၃ တန်းမျှသာရှိပြီး တပတ်လျောက်ရုံဖြင့် တမြို့လုံးနှံ့သွားသည်။ မန်းချောင်း ရေတသွင်သွင် စီးဝင်နေသည်။ အိမ်တိုင်းစေ့ ရေရှင်ပတ်ဝိုင်းသည့် မြို့ဖြစ်သည်။ ပန်းမာလာ အထူးပေါများကာ ရေမြေကောင်းသဖြင့် အပင်စောက်ကြီးများတမျှ ကြီးမားထွားကြိုင်းနေသည့် နှင်းဆီပင်ကြီးများ ရွက်လှပင်ကြီးများကို တွေ့မြင်နိုင်ကာ အထူးပင် သာယာလှပသည့် မြို့ပါပေ။ ငဖဲမြို့သူ ငဖဲမြို့သားတို့မှာ မြန်မာလူမျိုးများပင် ဖြစ်သော်လည်း စကားအလွန် ၀ဲကြရာ ငဖဲလေဖြင့် စကားပြောကြပုံကို ကြားရသူတို့ အထူးပင် နားထောင်မငြီးနိုင်အောင် ရှိပေသည်။ နမန္တာမြစ်ခေါ် မန်းချောင်းရေသောက်၍ စကားဝဲကြကြောင်း ပြောကြပါသည်။
ရွှေစက်တော်သို့ တစ်ချိန်က ဆရာမြတ်နှင့်ရောက်ခဲ့သည်။ မြတ်ဘုရား၏ စက်တော်သို့ Continue reading

Tags: , ,

မြတ်ပန်းမွှေးလှိုင်ကြူ – 39

မြတ်ပန်းမွှေးလှိုင်ကြူ

မကွေး မြသလွန်ရင်ပြင်တော်ပေါ်ဝယ်

မိမိသည် ခန္ဓာဉာဏ်စိုက်၍ ပေါ်သလောက်လိုက်မည်ဟု အဓိဋ္ဌာန်ပြုလိုက်ပြန်သည်။ ခန္ဓာကိုယ်မှာ မပြတ်မလပ် ပယ်သတ်ပိုင်းဖြတ် ခဲ့ပြီးဖြစ်၍ ရှုသတ်ရန် ထုနှင့်ထယ်နှင့် မရှိလှပေ။ အငွေ့အသက်နှင့် ၀ိုးတ၀ါး မှုံဝါးဝါးမျှသာ တခါတရံ ကျန်ရှိသည်။ မိမိ၏ ဉာဏ်သည် မိမိ၏ ခန္ဓာ၌ ထိုးဖောက်ဝင်ရောက် လှည့်ကစား သွားသည်။ အောင်မြင်သည်ဟု ဆိုရပါမည်။ ချောချောချူချူပင် ဉာဏ်သည် ခန္ဓာအပေါ် အောင်နိုင်စိုးမိုးသွားသည်။ ဆရာမြတ်၏ ဂုဏ်ကျေးဇူးတော်အား အထပ်ထပ် အဖန်ဖန် ဆင်ခြင်မိပြန်သည်။ အမြော်အမြင် ကြီးမားပေစွ တကား။ `မောင်နန္ဒ၀ံသ မင်း ငါမရှိတဲ့နောက် သာသနာ့ အညွှန့်အညှောက်များကို မြေတောင် မြှောက်ပေး နိုင်စွမ်းရှိစေ´။ ပရမ်းပတာဖြစ်နေသော ရုပ်နာမ်အစုတ်အပေါ် အဟုတ်ဖော် အပြုတ်အောင်နိုင်စေရေး အတွက်

အခွင့်ပေးသနားတော်မူခဲ့သော မြတ်ပညာ တန်ခိုးပိုင်ရှင် ဆရာမြတ်အား ဦးနှိမ်ချ ကန်တော့ရပါသည်။

    `ဤတခါတွင်ဖြင့် ရုပ်နာမ်ခန္ဓာ ကျန်စရာများ မြန်မကြာသတ်ထား၊ ကိလေသာ ဆင့်မပွားရအောင် အရင့်စား  ပယ်တော့မည်။´ ဟု Continue reading

Tags: , ,