Tag Archives: မြတ်စွာဘုရား

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 25

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၅) တစ်ချက်ရှုတစ်ချက်ပျက်တစ်ချက်ရပ်ကျင့်စဉ်တရားတော် ဒီကျင့်စဉ်တရားတော်ကို စာရေးသူတို့ အသွန်သင်ခံခဲ့ရလို့သာ တင်ပြနိုင်ခြင်း ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်တော့ သိပ်တော့ မကျင့်နိုင်ပါဘူး။ စာရေးသူတို့ အဆင့်နဲ့လည်း ဒီလောက်ထိကျင့်နိုင်ဖို့က မလွယ်ဘူး။ စာရေးသူတို့ထက် ဉာဏ်ပညာ ထက်မြက်ကြီးမားမှ – နောက်ပြီးတော့ အရှုခံတရားလည်း သိပ်ပါးမှ ဖြစ်နိုင်ပါတယ်။ တစ်ချက်ရှုလိုက်တာနဲ့ ပဋိစ္စသမုပ္ပာဒ်ရပ်သွားတာ ဒါ အသွန်သင်တော့ ခံရဖူးပါတယ်။ ဒါပေမယ့် အခြေအနေက အရှုခံတရားက အရမ်းပါးဖို့လိုတယ်။ စာရေးသူတို့မှာ အာရုံခြောက်ပါး၊ တံခါးခြောက်ပေါက်က နှလုံးသွင်းမှားတာနဲ့  အရှုခံက Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 22

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၂) ထူးခြားချက်တစ်ချက် ထူးခြားတယ်လို့ ဆိုမယ်ဆို ဆိုလို့ရတဲ့သဘောပါပဲ။ တော်တော်များများကတော့ ကိုယ့်ဖာသာကိုယ် ချမ်းသာရင် ချမ်းသာတယ်လို့ မဖော်ကျူးကြဘူးပေါ့နော် — ကျွန်တော်ကတော့ ဖော်ကျူးတယ်။ ကျွန်တော် ချမ်းချမ်းသာသာ နေရတယ်။ စောစောက အစီရင်ခံခဲ့သလို ကျွန်တော်က ဆင်းရဲအောင် မလုပ်ဘူးပေါ့ — ဆင်းရဲခြင်းကို ဖြစ်စေတဲ့အရာတွေကို မလုပ်ဘူးလို့ သီလစောင့်တယ်။ ဒီသီလနဲ့ ဖြူစင်တဲ့အတွက် အကျိုးပေးအနေနဲ့ Tags: Buddhism, Myanmar Posts, ဆရာကောင်း, ဗုဒ္ဓဘာသာ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 21

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၂၁) သာသနာတော် မြတ်ကြီးကတော့ အင်မတန် နက်ရှိုင်းပါတယ်။ ဂေါတမ မြတ်စွာဘုရား သာသနာမှာတော့​ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်က တပည့်သားသမီးကို ပညာပေးရတာ သွန်သင်ပေးရတာ အစဉ်အလာ ရှိပါတယ် – ထေရ၀ါဒလို့လည်း အမည်တပ်ကြပါတယ်။ ဉာဏ်ပညာ ကြီးတဲ့ပုဂ္ဂိုလ်က မိမိရဲ့တပည့်သားသမီးကို ဉာဏ်ပညာ ပေးတဲ့အခါကျတော့ တပည့်သားသမီး လုပ်သူက အချိန်သိပ်မကုန်ဘဲနဲ့ ပညာတွေ ရတတ်ပါတယ်။ ပညာရတော့ သူ့အတွက် ကံကောင်းတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ကျေးဇူးကန်းလို့ မရဘူး။ ဒီသာသနာမှာ ကျေးဇူးကန်းရင်တော့ ပေးတဲ့ပညာတွေက … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ -02

အပိုင်း (၂) ကျွန်တော်က ကံကောင်းတယ်လို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ရတနာမြတ်သုံးပါးကို ကျွန်တော်က ကြည်ညိုတယ်၊ ကြည်ညိုတဲ့အခါကျ ကြည်ညိုတဲ့ အကျိုးအမြတ်တွေကို တစ်ဝကြီးရတယ်။ ကျွန်တော်က တစ်ဝကြီးကိုရတဲ့သဘောပါပဲ၊ အရမ်းကံကောင်းပါတယ်။ ကျွန်တော်အခုဆိုရင် ကျန်းမာရေးကလည်း အဆိုးပါဘူး၊ အသက်ကလည်း (၇၈) နှစ်။ နောက်အစစအရာရာကလည်း ရှင်သန်ဖို့ရာအတွက် ကျွန်တော်အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, ဗုဒ္ဓဘာသာ, သူတော်ကောင်း, မြတ်စွာဘုရား

Posted in Frontpage | Tagged , , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၁၀)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၁၀) နိဗ္ဗာန်ကြီးမှာ ဘာရှိလည်းဆို တစ်ချို့က ဘာမှမရှိဘူးပြောတယ်။ ဘာမှမရှိဘူး ပြောတာကတော့ မှားပါတယ်။ တစ်ချို့ကလည်း “Nothingness” “No” စသဖြင့် အင်္ဂလိပ်လို ဘာသာပြန်ကြတာမှားပါတယ်။ နိဗ္ဗာန်မှာမရှိတာက (၃၁) ဘုံမှာ ရှိတာမျိုး မရှိတာဘဲ။ ဒါပေမယ့် နိဗ္ဗာန်မှာ ရှိတာတွေ အများကြီးရှိတယ် – ဓမ္မဒိန္ဓာကဆို “သမုဒ္ဒရာရေဟာ ငန်သောအရသာရှိသလို၊ နိဗ္ဗာန်မှာ လွတ်မြောက်သောအရသာ ရှိတယ်” လို့ အတိအလင်း ဟောမိန့်ထားတာပဲ။ နိဗ္ဗာန်မှာရှိတာပေါ့ – နိဗ္ဗာန်မှာ ချမ်းသာတယ်၊ လွတ်မြောက်တယ်၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉) နိဗ္ဗာန်ကြီးက ကောင်းတော့ အရိယာတွေက ၀င်စားတော်မူကြတာပေါ့။ “နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတာ ရှိတယ်လေ။ နိဗ္ဗာန်သို့ ရဟန္တာများ လားတယ်၊ သက်ရောက်တယ်၊ စံမြန်းတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ ရှိတယ်။ (၃၁) ဘုံမှာတောင်မှ ပူနေလို့ရှိရင် အဲယားကွန်းနဲ့ နေကြသေးတာပဲလေ — နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံနဲ့ ပတ်သက်လို့ရှိရင် တစ်ခြားစီပဲ။ နိဗ္ဗာန်က တအားကောင်းတော့ ၀င်စားတော် မူကြတာပေါ့ – ဒါကြောင့် ” နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၇)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၇) နိဗ္ဗာန်အကြောင်းကို ဘုရားအလောင်း သူတော်ကောင်းတွေ မျက်မှန်းဆတော်မူခဲ့ကြဖူးတယ်။ “ဒီမှာဘက်မှာ ဒုက္ခရှိရင် ဟိုမှာဘက်မှာ သုခရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မမြဲတာရှိရင် ဟိုမှာဘက်မှာ မြဲတာရှိပေလိမ့်မယ်” “ဒီမှာဘက်မှာ မပိုင်တာရှိရင် ဟိုမှာဘက်မှာ ပိုင်တဲ့သဘောရှိပေလိမ့်မယ်” လို့ အနုမာန မျက်မှန်းဆတော် မူကြတယ်။ ဒီလိုမျက်မှန်းဆတော်မူရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟ၊          တဏှာ၊ မာန၊ ဒိဋ္ဌိတရားတွေ လျော့နည်းအောင် ကြံဆောင်တော် မူကြတာပဲ။ နိဗ္ဗာန်ကတော့ မြတ်စွာဘုရား ဟောပြီးသားဆိုတော့ Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကမ္ဘာ့အကောင်းဆုံးဆုံးမစကားများ

ကမ္ဘာ့အကောင်းဆုံးဆုံးမစကားများ ကမ္ဘာပေါ်၌ ဆုံးမစကားများ အများအပြားရှိရာ အကောင်းဆုံးသော ဆုံးမစကားများမှာ – မြတ်စွာဘုရား၏ အဆိုအဆုံးအမများပင် ဖြစ်သည်။ “ဧဟိပဿိကော” မြတ်စွာဘုရားသည် သတိပဌာန်လေးမျိုးကို လာရှုလှည့် ဖိတ်ခေါ်သည်။ “သြပါနေယျိကော” ထိုတရားများကို ကပ်၍ဆောင်။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ” အရိယာဉာဏ်ရလျှင် ချမ်းသာမှု ကိုယ်တိုင်ခံစားရမည်။ အာမခံချက်လည်းပေးသည်။ လက်တွေ့လည်းကျသည်၊ ရဲရင့်သည်၊ တိကျသည်၊ မှန်ကန်သည်။ ဤကဲ့သို့သော အဆိုအဆုံးအမများသည် ကမ္ဘာပေါ်၌ အကောင်းဆုံးသော အဆိုအဆုံးအမများသာ ဖြစ်သည်။ တစ်ဖက်မှာလည်း “ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာ” ယုံကြည်ချက် ရှိရမည်၊ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သိသူဖော်စား

သိသူဖော်စား   မြတ်စွာဘုရားရဲ့ တရားတော်ဟာ လူတွေကို ငြိမ်းချမ်းစေနိုင်တယ်။ ဒါကိုသိတဲ့ ပုဂ္ဂိုလ်က ကျင့်သုံးဆောက်တည်ပြီး ငြိမ်းချမ်းမှုကို ရတယ်။ ဒါကို မသိတဲ့ပုဂ္ဂိုလ်ကတော့ မသိသူကျော်သွားပါပဲ။ သူတို့ တကယ့် ငြိမ်းချမ်းမှုကို မြတ်စွာဘုရား အလိုတော်ကျ မရနိုင်ဘူး။ မြတ်စွာဘုရားမိန့်တော်မူတယ် “မြတ်စွာဘုရား ခိုင်းတဲ့အတိုင်း ကျင့်ရင်ဖြစ်မယ်၊ ခိုင်းတဲ့အတိုင်း မကျင့်ဘဲနဲ့ ဖြစ်တယ်ဆိုတာ မရှိဘူး” လို့  မိန့်တော်မူခဲ့တယ်။ ဒီတော့ မြတ်စွာဘုရား ခိုင်းတဲ့အတိုင်း Tags: Buddhism, Myanmar Posts, မြတ်စွာဘုရား

Posted in Buddhism | Tagged , , | Leave a comment

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်    ယောဂီများ ဘက်စုံ ဗဟုသုတ ရစိမ့်သောငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဆိုင်ရာ အကြောင်းလေးတွေကို ရေးပြပါဦးမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ နှစ်မျိုးပေါ့။ တစ်မျိုးက ဖလသမာပါဒ်လို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ နိရောဓသမာပါဒ်ပါ။ ဒီနှစ်မျိုးရှိတယ်။ ဒါပေမယ့် ဖလသမာပါဒ်  အကြောင်းပဲ ပြောကြစို့။ နိရောဓသမာပါဒ်ကတော့ လေးပါတယ်၊ နက်တယ်၊ နောက်ပြီးတော့လည်း ခက်လည်းခက်တာပေါ့နော် – ဖလသမာပါဒ်က သုံးမျိုးရှိတယ်။ တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်။ ခဏလေးပဲ နိဗ္ဗာန်မျက်မှောက်ပြုတာရယ်၊ နည်းနည်းကြာတာရယ်၊ တော်တော်လေးကို ကြာတာရယ်ပေါ့ — ကြာတာ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

မှန်ကန်ပါစေ

မှန်ကန်ပါစေ   ဒီခေတ်က အမှန်ကိုကြိုက်သော ခေတ်ဖြစ်သည်။ ထို့ကြောင့် ပြောဆိုလုပ်ကိုင်ရာ၌ မှန်ကန်ရန် အရေးကြီးသည်။ မမှန်မကန်လျှင် ရယ်ဖွယ်ဖြစ်သည်။ အများယောင်လို့ယောင် အမောင် တောင်မှန်းမသိ မြောက်မှန်းမသိ ဖြစ်လျှင်လည်း အနှစ်သာရ မရှိချေ။ ၀ိပဿနာ စိတ်ဝင်စားသည်ကို ကြိုဆိုရမည် ဖြစ်ပါသည်။ သို့သော် အများက ၀ိပဿနာ စိတ်ဝင်စားသဖြင့် ၀ိပဿနာလိုက် စိတ်ဝင်စားရာ ကိုယ်က မှန်းတုပ်ရမ်းတုပ်နှင့် အလွဲအမှားတွေပြောလျှင် ရှက်ဖွယ်ဖြစ်သည်။ ၀ိပဿနာ ယောဂီအမြောက်အများ မှန်မှန်ကန်ကန် အားထုတ်နေကြသည်၊ အနိစ္စရှုနေကြသည်။ ယင်းကို ကိုယ်ကဆရာကြီးလုပ်၍ အိုးပြောဂျိုးပြော … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

တရားတော်သည်ငြိမ်းအေးသည်

တရားတော်သည်ငြိမ်းအေးသည်  တရားတော်က ငြိမ်းအေးတော့ ယောဂီများလည်း တရားကို လိုက်ကြတာ အမှန်အကန်ပါပဲ။ တရားသာလိုက်ပါ – လုံးဝမှန်တယ်။ စာရေးသူက ရှေ့ကသွားနေတာပဲ။ စာရေးသူဆို တရားလိုက်လို့ ငြိမ်းအေးနေတာပဲ။ မြတ်စွာဘုရားရဲ့ တရားတော်ဟာ အင်မတန် ကျေးဇူးတင်စရာ ကောင်းတယ်။ ကျင့်သုံးဆောက်တည်သူကို ငြိမ်းအေးစေတယ်။ လောကီကတော့ ပူတာပေါ့လေ။ ကိုယ်က ခပ်ခွာခွာနေနိုင်မှ တော်ကာကျမယ်။ လောကုတ္တရာကတော့ ငြိမ်းအေးတယ်။ စာရေးသူကတော့ လောကုတ္တရာသမားဆိုတော့ ငြိမ်းအေးမှုနဲ့ ထာဝရ ရှင်သန်တယ်။ ငြိမ်းအေးရတာ ကောင်းပါတယ်။ Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဘ၀တန်ဖိုး

ဘ၀တန်ဖိုး မြတ်စွာဘုရားရဲ့ သာသနာအတွင်းမှာ တန်ဖိုးရှိတဲ့ဘ၀ကို တည်ဆောက်နိုင်ခွင့် ရှိပါတယ်။ မှန်တာကန်တာကို ပြောဖို့ လုပ်ဖို့ပါပဲ။ တချို့ကလည်း မမှန်တာတွေ ပြောကြ၊ လုပ်ကြတယ်။ ဥပမာ သာသနာရေးက ကြေငြာတဲ့အနေနဲ့ သူတို့ဟာ သာသနာရေး အတုအယောင် လုပ်ပြီးတဲ့နောက် ဘယ်သူတွေဟာ အဓမ္မ၀ါဒလို့ ကြေငြာတယ်။ ရယ်စရာလည်း ကောင်းပါတယ်။ ဟာသပါပဲ။ နိုင်ငံတော် အစိုးရကလည်း မသိဘူး၊ သာသနာရေးကလည်း မသိဘဲနဲ့ သူတို့ဖာသာ လုပ်ကြံပြီး ၀ါဒဖြန့်နေတယ်။ ဒီလိုလူတွေ ရှိတယ်နော် အံ့တော့ အံ့သြစရာပဲ။ ရယ်စရာလည်း ကောင်းတယ်။ … Continue reading

Posted in Buddhism | Tagged , | Leave a comment

တရားအရာ၌မှန်ကန်ရန်လိုသည်

တရားအရာ၌မှန်ကန်ရန်လိုသည် ယောဂီများ တရားအရာမှာ မှန်ကန်ဖို့လိုကြောင်း ကောင်းကောင်း သတိထားရမယ်။ ဘုရားဟောအတိုင်း ဖြစ်ရမယ်။ တရားကျင့်နည်းလေးမျိုးဆိုရင် လေးမျိုးဖြစ်ရမယ် – ကိုယ်က ငါးမျိုး၊ ခြောက်မျိုး လုပ်ချင်လို့ မရဘူး – ဒါဘုရားကို ကန့်လန့်တိုက်တာပဲ။ မြတ်စွာဘုရားဟောတဲ့ တရားကျင့်နည်းက လေးမျိုးပဲရှိတာ ယောဂီတွေ သိပြီးသားပါ။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ လေးမျိုးပဲရှိတာ။ တစ်ချို့ကလည်း ထွင်ချင်ကြတယ်။ ပဉ္စမမြောက် တရားကျင့်နည်းတွေ ဘာတွေ ထွင်ချင်ကြတယ်။ ဒါ ဘုရားကို ကန့်လန့်တိုက်တာပါပဲ။ တရားနဲ့ ပတ်သက်လို့က … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်ကိုမျက်မှောက်ပြုသောအခါ

နိဗ္ဗာန်ကိုမျက်မှောက်ပြုသောအခါ စာရေးသူနိဗ္ဗာန်ဟုနားလည်ထားသော ဓာတ်ကြီးကို မျက်မှောက်ပြုသောအခါ ချမ်းသာကြောင်းကို ကိုယ်တိုင်သိရသည်။ ချမ်းသာသည် ဆိုသည်မှာ ရုပ်နာမ်ချမ်းသာ မဟုတ်၍ ဉာဏ်ချမ်းသာဖြစ်ကြောင်း ယောဂီများ အသိဖြစ်ပါသည်။ ရုပ်နာမ် ချုပ်ပြီးမှ နိဗ္ဗာန်စံရခြင်းဖြစ်ပါသည်။ “နိဗ္ဗာနံ ပရမံ သုခံ” ဟူသောစကားရှိသည် – ယောဂီများသိပါသည်။ နိဗ္ဗာန် မြတ်သောချမ်းသာမှု ရှိသည်ဟု အဖွင့်ရှိသည်။ အချို့က ကြောက်လန့်၍ ချမ်းသာသည် ဆိုသည်ကို မပြောရဲချေ။ နိဗ္ဗာန်ချမ်းသာသည်ကို ချမ်းသာသည်ဟု ပြောရဲရမည်။ သို့သော် လောကုတ္တရာချမ်းသာဖြစ်သည်။ လောကီချမ်းသာ မဟုတ်ချေ။ အမှန်ကတော့ အနိစ္စရှုခြင်းပင် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment