Tag Archives: ဝေဒနာနုပဿနာ

တရားတော်သည်သာ

Share

တရားတော်သည်သာ စာရေးသူတို့သည် ဆရာ့အဆုံးအမအောက်၌ ကျင်လည်ကျက်စားခွင့်ရခဲ့ရာ “တရားရခြင်းသည် အရာရာထက် အရေးအကြီးဆုံးဖြစ်သည်” ဟူသော အဆုံးအမကို ခံယူခဲ့ကြသည်။ ထို့ကြောင့် စာရေးသူတို့အဖွဲ့သည် တရားရခြင်းကိုသာ အဓိကထား အလေးပေး၍ ကျင့်ကြံကြိုးစားကြသည်။ တခြားအရာများကိုမူ အထူးအလေးပေး၍ ကြိုးစားခွင့် မကြုံခဲ့ကြချေ။ တစ်နည်းအားဖြင့် “တရားရလျှင် အရာရာပြီးသည်” ဟူ၍ပင် ခံယူချက် ရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့်လည်း တစိုက်မတ်မတ် ကြိုးစားကြရာ စာရေးသူတို့ အဖွဲ့သည် အထူးကျင့်ကြံ၊ ကြိုးစား၊ အားထုတ်ကြသော အဖွဲ့တစ်ဖွဲ့ ဖြစ်လေသည်။ ဝေဒနာနုပဿနာမှ စိတ္တာနုပဿနာ၊ ဓမ္မနုပဿနာအထိ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -10

Share

ပျံ့မွှန်းမွှေးလှိုင်ကြူ   ၀ိပဿနာ ဉာဏ်အမြင် ဖြစ်ခြင်းပျက်ခြင်းကို မြင်တွေ့ရသည်ဆိုရာ၌ ဖြစ်ပြီးပျက်သွားသည်က ဓမ္မတရားကလေးများ၊ ထိုအပျက် ဓမ္မတရားကလေးများကို မြင်တွေ့လိုက်ရသည်က ဉာဏ်ပညာ၊ ဤသို့ဖြင့် ဖြစ်ပျက်သည်က တခြား အပျက်မြင်သော ဉာဏ်ကတခြားဖြစ်သည်။ ထိုအခါမှ ဆင်ခြင်လာကြရသည်။ ဝေဒနာ နုပဿနာ ရှုစဉ်က မမျှော်လင့်ဘဲ ဘွားကနဲ တွေ့မြင်ခဲ့ရသော ကိလေသာ ရေသောက်မြစ်မှာ ဒုက္ခ၏ အရင်းအမြစ်ဖြစ်လျက် ထိုရေသောက်မြစ်ကို မြင်တွေ့လိုက်ရသည်က ဉာဏ်မျက်စိဟု သဘောပေါက်လာသည်။ ကိလေသာ ရေသောက်မြစ်ကို မြင်တွေ့ရစဉ်က အံ့သြမိသည်။ ထူးထူးခြားခြား ၀မ်းမြောက်မိသည်။ ထိုရေသောက်မြစ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဟုတ်ရာမှန်ရာအကျိုးရှိရာ

Share

ဟုတ်ရာမှန်ရာအကျိုးရှိရာ ဗုဒ္ဓဘာသာ၌ ဟုတ်ရာ မှန်ရာ အကျိုးရှိရာကို ပြောနိုင်ခွင့်ရှိလေသည်။ မဟုတ်ရာ၊ မမှန်ရာ၊ အကျိုးမဲ့ရာကိုမူ မပြောရချေ။ ဟုတ်မှန်နေလျှင် ဗုဒ္ဓဘာသာ၌ ပြောပိုင်ခွင့် ရှိလေသည်။ သုံးလောကထွတ်ထား မြတ်စွာဘုရား ကိုယ်တော်တိုင်သည်ပင်လျှင် ဟုတ်ရာ၊ မှန်ရာ၊ အကျိုးရှိရာကို မိန့်တော် မူဖူးလေသည် – “ငါအမြတ်ဆုံး၊ ငါအကြီးအကဲဖြစ်ဆုံး၊ ငါအအောင်မြင်ဆုံး” ဟူ၍လည်းကောင်း “တဏှာလက်သမား ယခုအခါ ခန္ဓာအိမ် မဖွဲ့နိုင်တော့ပြီ၊ နောက်ဘ၀ မရှိပြီ” ဟူ၍လည်းကောင်း ကြွေးကြော်တော် မူခဲ့ဖူးလေသည်။ ရဟန္တာများသည် အသီးသီး ဥဒါန်းကျူးတော် မူခဲ့ကြလေသည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ယနေ့လူငယ်နှင့်ဝါဒမှိုင်း

Share

ယနေ့လူငယ်နှင့်ဝါဒမှိုင်း သစ္စာဝါဒီများ – တရားဆိုတာ မသေမချင်း လုပ်ရမယ်လို့ ပြောခဲ့ပါတယ် – ဒါဟာ ဆရာမြတ်ကြီးက မိန့်မှာတော် မူခဲ့တဲ့ ဆရာမြတ်ကြီးရဲ့ စကားပါပဲ။ ဆရာမြတ်ကြီးရဲ့ စကားကိုတော့ ကျွန်တော်က ဦးထိပ်မှာ ပန်ဆင်တယ်။ ကျွန်တော့်ဘ၀ဟာ ဆရာမြတ်ကြီးကြောင့် မြတ်စွာဘုရားအလိုတော်ကျ အဆိုအဆုံးအမတွေ ရတယ်။ ကျွန်တော် ဒီလိုပဲ ယုံကြည်တယ်။ ကျွန်တော် နှလုံးလည်း သွင်းတတ်တယ်။ နုပသနာ လေးမျိုးစလုံး ကျွန်တော် ရှုတတ်တယ် – ရှုတတ်တာတော့ ရှုတတ်တာပဲ။ ဒီခေတ်လူငယ်တွေက ဒီလို ပြောတာလေးတွေကို … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

နိဗ္ဗာန်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်

Share

နိဗ္ဗာန်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက် သစ္စာဝါဒီများ .. .. နိဗ္ဗာန်ကို ဘယ်အရွယ်က စတင်မြင်ဖူး ပါသလဲ ? ဆိုတဲ့ မေးခွန်းလေး ပေါ်လာတယ် – ကျွန်တော်ကတော့ သိပ်မှတ်မထားပါဘူး၊ ဒါပေမယ့် ကျွန်တော် အိမ်ထောင်ကျပြီးတဲ့နောက် ဆရာမြတ်ကြီးကို ဖူးတွေ့ရတော့ စပြီးကျင့်လိုက်တာ (၃၅)နှစ် ၀န်းကျင်လောက်ပဲ နေမှာပါ။ ငါးနှစ်လောက် ကျင့်တဲ့အခါမှာ မြင်သွားတဲ့သဘော ပါပဲ။ နိဗ္ဗာန်မြင်ရတော့ တော်တော်လည်း အံ့သြတယ်။ ကျွန်တော် ရိုးရိုးဝန်ခံရမယ်ဆိုရင် နိဗ္ဗာန်ဆိုတာ – “ဘာမှမရှိဘူး” လို့ ထင်ခဲ့တာပေါ့နော် .. .. … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကမ္ဘာသိစေချင် .. ..၃

Share

ကမ္ဘာသိစေချင် .. .. အပိုင်း(၃) ကျွန်တော်တို့ကို မြတ်စွာဘုရား ဟောတာက သစ္စာတရားရဖို့အတွက် နည်းလေးမျိုးပါပဲ။ ဆရာက ကျွန်တော်တို့ကို နည်းလေးမျိုးကို ရိပ်မိအောင် သင်ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ ဝေဒနာနုပဿနာရယ်၊ စိတ္တာနုပဿနာရယ်၊ ဓမ္မာနုပဿနာရယ် ရှုပါတယ်.. .. ကာယနုပဿနာကတော့ understood ပေါ့လေ .. .. (ဒါကတော့ သိပ်ကြီးကျယ်တဲ့ ကိုယ်တော်မြတ်ကြီးတွေ ရှုတယ်ဆိုတော့ ….)ကျွန်တော်တို့က ဝေဒနာနုပဿနာကို ပထမရှုပါတယ်။ ဒါကြောင့် ကျွန်တော်က ဒါကို ရင်ဆိုင်နိုင်တယ် .. .. တကယ်လို့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , | Leave a comment

အောင်မြင်သောပုဂ္ဂိုလ်သည် .. ..

Share

အောင်မြင်သောပုဂ္ဂိုလ်သည် သူအောင်မြင်ခဲ့ပုံကို ပြန်ပြောတတ်သည် – ကျွန်တော့်ဘ၀ အောင်မြင်ခဲ့ရတာကတော့ အလုပ်လုပ်ခြင်းပါပဲ .. .. ကျွန်တော်တို့က အရမ်း အလုပ်လုပ် ခဲ့ရတာ။ မြတ်စွာဘုရား ဟောတော်မူတဲ့ နုပဿနာ လေးမျိုးဆိုရင်- ကျွန်တော်က သုံးမျိုးကို အပြတ်အသတ် အားထုတ်ခဲ့ဖူးတာ။ ဝေဒနာနုပဿနာ ဆိုတာလည်း အပြတ်ပါပဲ တစ်နာရီလောက် ထိုင်ရတယ်။ ခေါင်းဆုံးခြေဖျားပေါ့နော် – အဲဒီလိုပဲ ဝေဒနာကို ချုပ်ဆုံးအောင် ရှုခဲ့ရတယ် (နည်းနည်းနောနော ကာလအပိုင်းအခြားတွေ မဟုတ်ဘူး)။ စိတ္တာနုပဿနာ ဆိုရင်လည်း ကျွန်တော်တို့က သင်္ချိုင်းကုန်းမှာ သွားပြီးတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | 1 Comment

ကျွန်တော် ဘယ်လိုဖြစ်လာသလဲ .. ..

Share

ကျွန်တော် ဘယ်လိုဖြစ်လာသလဲ .. .. ဗုဒ္ဓဘာသာကို လေ့လာလိုက်စားကြတဲ့ ယောဂီများကို ကျွန်တော် ဒီလို ဘာကြောင့်ဖြစ်လာတယ် ဆိုတာနဲ့ ဘယ်လိုဖြစ်လာတယ်ဆိုတာ ပြောပြပါမယ် .. .. ကျွန်တော် ဘာကြောင့် ဒီလိုဖြစ်လာတယ် ဆိုတာပြောပြဖို့ကတော့၊ ကျွန်တော် ဥာဏ်မီတဲ့ အပိုင်းပဲပြောနိုင်မယ်၊ ဥာဏ်မမီတဲ့ အပိုင်းတွေလည်း အများကြီးပါပဲ။ ကျွန်တော်ဟာ ဆရာကောင်း သမားကောင်းနဲ့ တွေ့တဲ့အခါကျတော့ ဒီလိုဖြစ်လာတာလို့ ခြုံပြီးတော့ ပြောရင်တော့ရပါတယ်။ ကျွန်တော်ကလည်း ကြိုးစားတန်သလောက် ကြိုးစားတယ်၊ စွန့်တန်သလောက်လည်း စွန့်ပါတယ် – ဒါက ကျွန်တော့်ဘ၀ရဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

နုပဿနာ လေးမျိုး .. ..

Share

နုပဿနာ လေးမျိုး .. .. ဒေါက်တာချစ်ငယ်(ဒဿန)နှင့် ဒေါက်တာကျော်လင်းဦးတို့ မိသားစု ဆွေးနွေးသည်များကို ဆက်လက်ဖော်ပြလိုပါသည် .. .. ဒေါက်တာကျော်လင်းဦး၏ ဇနီးဖြစ်သူ ဒေါက်တာကြည်ကြည်မျိုးက အောက်ပါအတိုင်း မေးမြန်းပါသည် – ဒေါက်တာကြည်ကြည်မျိုး။       ။ဆရာကြီးရှင့် စိတ္တနုပဿနာ ရှုသတ်ရတာ ဝေဒနာနုပဿနာ ရှုရတာထက် ပို၍ခက်ခဲပါသလား ? ထိုမေးခွန်းကို ဤသို့ဖြေခဲ့သည် ဒေါက်တာချစ်ငယ်      ။         ။နုပဿနာ လေးမျိုးရှိတာ မှန်ပါတယ် – ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တနုပဿနာ၊ ဓမ္မာနုပဿနာ .. .. စသည်ဖြင့်ပေါ့။ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , | Leave a comment

ယောဂီများတရားရဖို့လိုအပ်ချက်များ(၂)

Share

ယောဂီများတရားရဖို့လိုအပ်ချက်များ(၂) သာသနာမှာ အမှန်ကို တိုက်ထုတ်နေကြတယ်… စစ်မှန်တဲ့သာသနာမှာ အမှန်တရား ပေါ်ထွန်းဖို့ကို မလိုလားတဲ့ အဖွဲ့အစည်းတစ်ခုက တိုက်ထုတ်နေတာကို တွေ့သိရပါတယ်။ သာသနာအမှန်ကို ဘာ့ကြောင့် မပေါ်စေချင် ကြတာလည်း ဆိုတာကိုတော့ မစဉ်းစား တတ်အောင်ပါပဲ။ သာသနာပေါ်ထွန်းမှာကို သူတို့က စိုးရွံ့နေကြတယ်၊ ကြောက်လန့် နေကြတယ်။ ဒီတော့ ဇွတ် တိုက်ထုတ်နေကြတယ်။ အမှန်တရားဟာ အမှန်တရားပါပဲ၊ ဒီခေတ်ဟာ လက်တွေ့ခေတ်ဖြစ်တော့ လက်တွေ့ကျင့်ရင် လက်တွေ့အောင်မြင် ကြတာပဲ။ လက်တွေ့မကျင့်ဘဲနဲ့ – ဟိုစာလေးနည်းနည်းဖတ်၊ ဒီစာလေးနည်းနည်းဖတ်နဲ့ တောဝေဖန၊် တောင်ဝေဖန်နဲ့ ဟိတ်ယူနေတဲ့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , | Leave a comment