Tag Archives: အောင်ပန်းမွှေးလှိုင်ကြူ

ပန်းတိုင်အမျိုးမျိုး အောင်မြင်ခြင်းအမျိုးမျိုး

Share

အောင်ပန်းမွှေးလှိုင်ကြူ (၇) ပန်းတိုင်အမျိုးမျိုး အောင်မြင်ခြင်းအမျိုးမျိုး လူ့လောကမှာ ပန်းတိုင်အမျိုးမျိုးရှိပါတယ်၊ အောင်မြင်ခြင်း အမျိုးမျိုးလည်း ရှိပါတယ်။ ပန်းတိုင်ရောက်သူများလည်း ရောက်ပါတယ်၊ အောင်မြင်ခြင်း ရရှိသူများလည်း ရရှိပါတယ်။ ဒါပေမယ့် မတူကြဘူးပေါ့။ ပန်းတိုင်နဲ့ ပတ်သက်လို့ကတော့ သိပ္ပံပညာရှင်တွေက စိတ်ကူးလွဲတာတွေရှိတယ်။ ဥပမာ-နာမည်ကြီး သိပ္ပံပညာရှင်တွေက ပန်းတိုင်ဆိုတာကို လန့်နေကြတယ်။ ဒါကတော့ အိုင်းစတိုင်ရဲ့ လွှမ်းမိုးမှုလည်း ရှိလို့နဲ့ တူပါတယ်။ အိုင်းစတိုင်ကတော့ ဘယ်သီအိုရီမှ မပြည့်စုံဘူးလို့ ပြောခဲ့ဖူးတာကိုး။ ဒီတော့ တခြား သိပ္ပံပညာရှင်တွေကလည်း Tags: Buddhism, Myanmar Posts, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ခိုင်ခိုင်မာမာအောင်မြင်မှု

Share

အောင်ပန်းမွှေးလှိုင်ကြူ (၆) ခိုင်ခိုင်မာမာအောင်မြင်မှု ဒီလောကမှာ ခိုင်ခိုင်မာမာ အောင်မြင်မှုဆိုတာကတော့ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားတယ်လို့ ပြောရမှာပေါ့။ တော်တော် များများကလည်း အောင်မြင်မှုကို အမြန်ဆုံးရယူပြီးတဲ့နောက် မစောင့်နိုင်ကြတာလည်း ရှိမှာပေါ့။ လူ့လောက လောကဓံကများတော့ အောင်မြင်ခြင်းကို တစ်ခါတစ်ခါ အမြီးကျက်ရင် အမြီးစား၊ ခေါင်းကျက်ရင် ခေါင်စားဆိုသလို အောင်မြင်တာလေးတွေ ကောက်စားရတာလည်း ရှိမှာပါပဲ။ ဒါကတော့ (၃၁)ဘုံ သံသရာ့ ခရီးသွားတွေ လောကဓံအမျိုးမျိုးကို တွေ့ကြုံတတ်ကြရတာပေါ့။ တကယ်တမ်းတော့လည်း စိတ်ရှည်လက်ရှည် အောင်မြင်မှုကို Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ခိုင်လုံတဲ့အောင်မြင်ခြင်း

Share

အောင်ပန်းမွှေးလှိုင်ကြူ (၅) ခိုင်လုံတဲ့အောင်မြင်ခြင်း အောင်မြင်ခြင်းမှာ ခိုင်လုံတဲ့အောင်မြင်ခြင်းနဲ့ မတော်တဆ ဗရမ်းပတာ ကြုံကြိုက်တိုက်ဆိုင်လို့ အောင်မြင်ခြင်း ဆိုပြီး နှစ်မျိုးခွဲရင် ရတယ်။ စာရေးသူကတော့ ခိုင်လုံတဲ့ အောင်မြင်ခြင်းကို အရမ်းတန်ဖိုးထားတယ်။ ဗရမ်းပတာ မတော်တဆ အောင်မြင်ခြင်းဆိုတာ မမှီခိုအပ်တဲ့ အောင်မြင်ခြင်းမျိုးပဲ။ တိုက်ဆိုင်လွန်းမှ ဖြစ်နိုင်တာ မတိုက်ဆိုင်တာ ပိုများပါတယ်။ စိတ်ကူးယဉ်မှုနဲ့ ယှဉ်တဲ့ အောင်မြင်ခြင်းမျိုးလို့ပဲ သုံးသပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ခိုင်လုံတဲ့ အောင်မြင်ခြင်းကို လိုက်ရမယ်။ ဒါကိုတော့ သဘောမတူဘူး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခိုင်လုံတဲ့ အောင်မြင်ခြင်းက … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ (၄)

Share

အောင်ပန်းမွှေးလှိုင်ကြူ (၄) အတွင်းအောင်မြင်ခြင်း အောင်မြင်ခြင်းနဲ့ ပတ်သက်လို့ကတော့ ရင်တွင်း အတွင်းပိုင်း အောင်မြင်ခြင်းလည်းရှိတယ်၊ (ယောဂီများလည်း သိပါတယ်) အပြင်ပ အောင်မြင်ခြင်းလည်း ရှိတယ်။ အတွင်းအောင်မြင်ခြင်း ဆိုတာကတော့ ရင်ထဲက မိမိရဲ့ လောဘ၊ ဒေါသ၊ မောဟကို အောင်နိုင်ခြင်းပါပဲ။ ရင်တွင်းက တောင်းဆိုတာတွေကို အောင်နိုင်တယ်ပေါ့။ ရှုပယ်နိုင် တယ်၊ ရှုသတ်နိုင်တယ်ပေါ့။ ဒါကတော့ အရေးအကြီးဆုံးနဲ့ အဓိက အကျဆုံးပါ။ အပြင်မှာလည်း ထင်ပေါ်ခြင်း၊ ကျော်ဇောခြင်း၊ သြဇာတိက္ကမရှိခြင်း၊ ပရိသတ်များခြင်း စတဲ့အောင်မြင်ခြင်းတွေလည်း ရှိတာပဲ။ စာရေးသူကတော့ အတွင်းအောင်မြင်ခြင်းဘက်ကို … Continue reading

Posted in Buddhism | Tagged , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ (၃)

Share

အောင်ပန်းမွှေးလှိုင်ကြူ (၃)   ဝိပဿနာဥာဏ်ပညာ သာမာန်လူ့အသိပညာသည် ကန့်သတ်မှု ရှိသည်ဟု ခံယူထားကြသည်။ ထို့ကြောင့် (Limitation of Human Knowledge) ဟူ၍ အသုံးအနှုန်းများ သုံးနှုန်းလေ့ ရှိကြသည်။ လူသည် အကန့်အသတ်နှင့် သိရသည်။ သိသမျှသည် အကန့်အသတ်ရှိသည်။ အကန်အသတ်ကို ကျော်လွန်၍ မသိနိုင်ချေ။ အရာရာ၏ အလွှာလွှာသည် လွန်စွာ နူးညံ့သိမ်မွေ့သည်။ ဒီကိစ္စကို ဗုဒ္ဓဘာသာ သမထ ၀ိပဿနာများ ကျင့်ဖူးသော ပုဂ္ဂိုလ်များ အထူးနားလည်ကြသည်။ ၀ိပဿနာ၌ ဥာဏ်ပညာဆိုသည်မှာ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ (၂)

Share

အောင်ပန်းမွှေးလှိုင်ကြူ (၂) ဖြတ်သန်းခဲ့ရပါတယ် မြတ်စွာဘုရားရဲ့တရားတော်မှာ နုပဿနာလေးမျိုးမှာ စာရေးသူဟာ သုံးမျိုးကိုတော့ သေသေချာချာ ဖြတ်သန်းခဲ့ရပါတယ်။ ဝေဒနာနုပဿနာ ရှုတုန်းကလည်း တပင်တပန်းရှုခဲ့ရတယ်လို့ ၀န်ခံရမှာ ဖြစ်ပါတယ်။ တော်တော်လည်း ပင်ပန်းပါတယ်။ ဆရာမြတ်ကြီးက ပင်ပန်းတာတွေကို မြင်လို့ စိတ္တာနုပဿနာကို တက်ပေးပါတယ်။ ဒီအခါကျတော့ စာရေးသူတို့ဟာ စိတ္တာနုပဿနာကို ရှုကြပါတယ်။ တစ်ချို့ကလည်း စိတ္တာနုပဿနာ ရှုခန်းကျမှ ၀င်ရောက်လာလို့ သူတို့က ကံထူးသူအဖြစ် လက်မထောင်ကြတယ်။ ဒါတော့လည်း သာဓုခေါ်ပါတယ်။ တရားအားထုတ်တာ ဘယ်အချိန်မှာ ၀င်ဝင် ကောင်းတာချည်းပါပဲ။ စိတ္တာနုပဿကို စာရေးသူအဖို့တော့လည်း … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အောင်ပန်းမွှေးလှိုင်ကြူ

Share

အောင်ပန်းမွှေးလှိုင်ကြူ စာရေးသူသည် ဥာဏ်ပန်းမွှေးလှိုင်ကြူ၊ မြတ်ပန်းမွှေးလှိုင်ကြူ၊ ပျံ့မွှန်းမွှေးလှိုင်ကြူ၊ အောင်ပန်းမွှေးလှိုင်ကြူ ဟူ၍ စီးရီးလိုက် ရေးသားဖို့ ကြိုးစားခဲ့ရာ အောင်ပန်းမွှေးလှိုင်ကြူမှာ ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့နိုင်ချေ။ ယခုအခါ ထပ်မံ၍ အသစ် အောင်ပန်းမွှေးလှိုင်ကြူကို ရေးရန် ဆန္ဒပေါ်လာသဖြင့် အောင်ပန်းမွှေးလှိုင်ကြူကို ရေးသားလိုက်ပါသည်။ အောင်ပန်းမွှေးလှိုင်ကြူ ဆို၍ စာရေးသူသည် မည်သည့် အရာများကို အောင်မြင်ပါသနည်း။ ဥာဏ်ပန်းမွှေးလှိုင်ကြူ မှာ ဥာဏ်ဦးစီးသင့်ကြောင်း ရေးသားခဲ့၍ ပီပြင်ခဲ့သည်။ မြတ်ပန်းမွှေးလှိုင်ကြူမှာ Tags: Buddhism, Myanmar Posts, အောင်ပန်းမွှေးလှိုင်ကြူ

Posted in Buddhism | Tagged , , | Leave a comment