Tag Archives: လောကီ

ဝိပဿနာနည်းပညာအမေးအဖြေ (၆)

ဝိပဿနာနည်းပညာအမေးအဖြေ (၆) မေး ။ ဆရာကြီး မင်္ဂလာပါ။ ဖြေ ။ မင်္ဂလာပါ။ မေး ။ ကျွန်တော်တော့ Camp ၀င်နေပြီ ဆရာကြီး။ ဖြေ။ ဘာအတွက်လည်း။ မေး။ သစ္စာသိဖို့ အတွက်ပေါ့ ဆရာကြီးရယ်။ ဖြေ ။ ကောင်းတာပေါ့။ မေး ။ ကျွန်တော် လောကကြီးကို ခဏ Tags: ၀ိပဿနာ, Buddhism, Myanmar Posts, နိဗ္ဗာန်, လောကီ, လောကုတ္တရာ

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉) နိဗ္ဗာန်ကြီးက ကောင်းတော့ အရိယာတွေက ၀င်စားတော်မူကြတာပေါ့။ “နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတာ ရှိတယ်လေ။ နိဗ္ဗာန်သို့ ရဟန္တာများ လားတယ်၊ သက်ရောက်တယ်၊ စံမြန်းတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ ရှိတယ်။ (၃၁) ဘုံမှာတောင်မှ ပူနေလို့ရှိရင် အဲယားကွန်းနဲ့ နေကြသေးတာပဲလေ — နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံနဲ့ ပတ်သက်လို့ရှိရင် တစ်ခြားစီပဲ။ နိဗ္ဗာန်က တအားကောင်းတော့ ၀င်စားတော် မူကြတာပေါ့ – ဒါကြောင့် ” နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

နိဗ္ဗာန်ဟာလောကုတ္တရာဓာတ်ပါ

နိဗ္ဗာန်ဟာလောကုတ္တရာဓာတ်ပါ      ယခုအခါမှာ ဗုဒ္ဓဘာသာကို လေ့လာတယ်လို့ ၀န်ခံကြပေမယ့် လောကီနဲ့ လောကုတ္တရာကို နားမလည်ကြဘူး — အဘိဓမ္မာသင်တန်း တက်ခဲ့ပါတယ်လို့ ၀န်ခံပေမယ့်လည်း လောကီနဲ့ လောကုတ္တရာကို နားမလည်ဘူး — လောကီဆိုတာ အပျက်ပဲ၊ ဒါ ဗုဒ္ဓဘာသာတိုင်းဟာ နားလည်ရမှာပေါ့။ လောကုတ္တရာဆိုတာ ပျက်ရာမှလွန်ရာ၊ ဒါလည်း ဗုဒ္ဓဘာသာတိုင်း နားလည်ရမှာပေါ့။ ပျက်တဲ့တရားက ပျက်တာကလွန်တဲ့ဆီကို သွားလို့မရဘူး။ အတိအကျကတော့ ရုပ်နာမ်နဲ့ နိဗ္ဗာန်ကို သွားလို့မရဘူး။ ဒါကို ရုပ်နာမ်နဲ့ နိဗ္ဗာန်သွားချင်တယ် ဆိုပြီးတော့ တစာစာနဲ့ အော်နေတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

နိဗ္ဗာန်နှင့်နီးလျှင်

နိဗ္ဗာန်နှင့်နီးလျှင် သစ္စာဝါဒီများ နိဗ္ဗာန်နှင့်နီးလျှင် ဘယ်လိုနေသလဲ — တရားရတယ်ဆိုရင် ဘယ်လိုနေသလဲ — ဆိုတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးမယ်။ သစ္စာဝါဒီများ တရားကျင့်ရင်းနဲ့ နိဗ္ဗာန်နဲ့နီးလျှင် ငြိမ်ရမယ်။ နိဗ္ဗာန်နဲ့နီးလျှင် အေးရမယ်။ နိဗ္ဗာန်နဲ့နီးလျှင် ချမ်းသာရမယ်၊ နေလို့ကောင်းရမယ်ပေါ့နော် – အဲဒါလေးတွေ ပေါ်လာရင် ဒါဟာ နိဗ္ဗာန်ဘက်ကို အရှိန်ဟပ်ယူတဲ့ သဘောလို့ပြောရင်လည်းရတယ်။ အေးရမယ်၊ ပူနေရင်တော့ မဟုတ်သေးဘူးပေါ့။ ငြိမ်းရမယ် မငြိမ်းဘဲနဲ့ လှုပ်လှုပ်ရှားရှား ကတောက်ကဆ ဖြစ်နေရင်တော့ မဟုတ်သေးဘူးပေါ့။ ချမ်းသာရမယ် Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၉)

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၃၉) သစ္စာဝါဒီများ တရားဆင်ခြင် ဝင်စားကြလို့ သာဓုခေါ်ပါတယ်။ တရားဆိုတာ ဆင်ခြင်ဝင်စားရမှာ ဖြစ်ပါတယ်။ ဆင်ခြင်တဲ့နေရာမှာ စာရေးသူလို မိတ်ကောင်းဆွေကောင်းက ပြောတဲ့နည်းအတိုင်း ဆင်ခြင်တဲ့အခါကျ အကျိုးများတာပေါ့။ စာရေးသူလည်း နှစ်ပေါင်းမြောက်များစွာ ကျင့်ကြံ ကြိုးစား အားထုတ်ခဲ့ဖူးလေတော့ ယောဂီများကို မှန်မှန်ကန်ကန်နဲ့ အကျိုးပြုလုပ်ငန်းများကို အကြံဥာဏ်ပေးပြီး ညွှန်ကြားနိုင်စွမ်းရှိပါတယ်။ တစ်ချို့ကတော့လည်း ကောင်းကောင်းမသိကြပါဘူး – အိုးလိုလို ချိုးလိုလိုနဲ့ ဟိတ်ဟန်ပြနေကြတာပါ။ တစ်ချို့ကလည်း ဟိုဂိုဏ်းကပ်လိုက်၊ ဒီဂိုဏ်းကပ်လိုက်၊ ဒီအဖွဲ့အစည်း ကပ်လိုက်နဲ့ လောကီပညာရပ်လိုလို ဘာလိုလိုနဲ့ ပေါ်ပြူလာဖြစ်အောင် လုပ်နေကြတာ … Continue reading

Posted in Buddhism | Tagged , , , , , | 1 Comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 23

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၂၃) ဝိပဿနာကို ရှုရာ၌ အပျက်လက္ခဏာ တင်ခြင်းသည် လွန်စွာမှ အဖိုးတန်ပါသည်။ မြတ်စွာဘုရားက ဟုတ်သည်ကို မှန်သည်ကို အကျိုးရှိသည်ကို လုပ်ဆောင်ခွင့် ပြုတော်မူပါသည်။ ဟုတ်လျှင် မှန်လျှင် အကျိုးရှိလျှင် လုပ်ပိုင်ခွင့် ရှိပါသည်။ တရားရှုရာ၌ မမြဲခြင်းကို မမြဲခြင်းဟု ရှုခြင်းသည် အမှန်အကန်ဖြစ်နေပါသည်။ လုပ်ရမှာ အဟုတ် အမှန်အကန် ဖြစ်သဖြင့် အကျိုးများဖွယ်ရာသာ ရှိသည်။ အမှန်တကယ် ရှုသောအခါ အကျိုးများကြောင်းကို ရှုသောပုဂ္ဂိုလ်များ သိနေကြပါသည်။ ထို့ကြောင့် ဝိပဿနာရှုပါ။ အချိန်ရသလောက် ရှုပါ။ ရှုလေလေ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ 15

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ အပိုင်း(၁၅)    သစ္စာဝါဒီများ အဆင့်မြင့် ဝိပဿနာကျင့်စဉ်ကို ကျင့်သုံးနေလို့ သာဓုခေါ်ပါတယ်။ ဒါဟာ အဆင့်မြင့် ကျင့်စဉ်ပါ။ လူသာမာန်တွေ မကျင့်ကြဘူးပေါ့။ လူဆိုး လူရိုင်းတွေ မကျင့်ကြဘူးပေါ့။ လူကောင်းတွေ လူမြတ်တွေ ကျင့်ကြပါတယ်။ အမျိုးကောင်းသား အမျိုးကောင်းသမီးတိုင်း ကျင့်သုံးအပ်တဲ့တရားတော်လို့ ဒီလိုအဆိုရှိပါတယ်။ ဒါကြောင့် ဝိပဿနာကျင့်ရင် အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်သွားပါပြီ။ ဒီတော့ ဝိပဿနာကျင့်ပါ၊ အပျက်ရှုပါ၊ အနိစ္စလက္ခဏာတင်ပါ။ ဒါဟာ ကျင့်စဉ်မှန်ပဲ ဖြစ်ပါတယ်။ ကျင့်စဉ်မှန်ကို ကျင့်စဉ်မှန်လို့ ယုံကြည်ရဲရမယ်။ အဖျက်တရားတွေကို မဝင်စားပါနဲ့။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 09

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၉)           ဗုဒ္ဓဘာသာ၌ လောကီနှင့် လောကုတ္တရာ နှစ်ခုရှိသည်။ လောကီမှာ အနှစ်သာရအားဖြင့်တော့ ပျက်ခြင်းရှိသည်။ လောကုတ္တရာမှာ အနှစ်သာရအားဖြင့် ချမ်းသာ လွတ်မြောက်ခြင်းရှိသည်။ နိဗ္ဗာန်၌ ဘာမှမရှိ ဟူသည်မှာ မှားသည်။ နိဗ္ဗာန်၌ ချမ်းသာခြင်းနှင့် လွတ်မြောက်ခြင်း ရှိသည်။ နိဗ္ဗာန်၌ ရုပ်နာမ် မရှိခြင်း၊ ကိလေသာ တဏှာမရှိခြင်း၊ လောကဓံမရှိခြင်း၊ ဆင်းရဲခြင်း မရှိခြင်းများသာ ရှိသည်။ နိဗ္ဗာန်၌ လွတ်မြောက်ခြင်းနှင့် ချမ်းသာခြင်းက အစစ်အမှန်တည်ရှိသည်။ အချို့က နိဗ္ဗာန်၌ ဘာမှမရှိဟု ဆိုကြသည်။ ယင်းကား … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ 05

ဝိပဿနာဆိုင်ရာအဆင့်မြင့်ကဏ္ဍများ အပိုင်း(၅)           hiဝိပဿနာကို ကျင့်ကြံအားထုတ်ရန် သစ္စာဝါဒီများအား တိုက်တွန်းပါသည်။ ဝိပဿနာကို စိတ်မဝင်စားနိုင်ဘဲ လောကီကိစ္စများနှင့်သာ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ အတွက်တော့မူ မရည်ရွယ်သေးပါ။ တဖြည်းဖြည်း လိုက်လာလျှင်တော့ လက်တွဲခေါ်ရန် ရှိပါသည်။ လိုက်စားနေသော သစ္စာဝါဒီများအတွက်မူ အထူးတွန်းအားပေးပါသည်။ ကျင့်သောအခါ လွန်စွာ အရသာရှိပါသည်။ ကျင့်သောအခါ လောဘ၊ ဒေါသ၊ မောဟ နည်းသွားမှန်း မိမိကိုယ်တိုင်သိလျှင် လွန်စွာမှ ဂုဏ်ယူဝမ်းမြောက်စွာ ပီတိခံစားရပါသည်။ ကျင့်လျှင်လည်း ရပါသည်၊ မြတ်စွာဘုရား၏ တရားတော်ပင် ဖြစ်ပါသည်။ တရား၏ စွမ်းဆောင်မှုနှင့် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

လောကီနှင့်လောကုတ္တရာ

ဟော့ကင်း၏အယူအဆများ လောကီနှင့်လောကုတ္တရာ  လောကီ၌ ဟော့ကင်းတို့သည် သိပ္ပံအသစ်အဆန်း တွေ့ရှိချက်များ၌ ရင်ခုန်ကြသည်။ စကြဝဠာကြီးသည် တဖြည်းဖြည်း ပြန့်ကားနေသည် ဆိုသဖြင့် အရမ်းစိတ်ဝင်စားကြသည်။ တချိန်က စကြဝဠာကြီးသည် တစ်စုံတစ်ခုသော အလုံးလေးတစ်ခုပင် ဖြစ်ပေလိမ့်မည်ဟု မှန်းဆကြသည်။ ထိုအလုံးလေးမှ သိပ်သည်းခြင်း လွန်ကဲသောအခါ ပေါက်ကွဲထွက်၍ တဖြည်းဖြည်း ပြန့်ကားသွားသည်ဟု ယူကြသည်။ သိပ္ပံ၏ တွေ့ရှိချက်များအား ၎င်းတို့သည် ဆွေးနွေးကြ တိုင်ပင်ကြ မေးမြန်းကြ ဖြေဆိုကြ စိတ်ဝင်စား၍ ရင်ခုန်ကြသည်။ ရင်ခုန်မှုကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြသည်။ နောက်ထပ် Tags: Buddhism … Continue reading

Posted in Buddhism & Science | Tagged , , , , , | Leave a comment

ဟော့ကင်း၏အယူအဆများ

ဟော့ကင်း၏အယူအဆများ သမိုင်းတွင်ဖြစ်တန်ရာချေ အများအပြား ရှိခဲ့သည်။ ဟော့ကင်းသည် သမိုင်း၏ ဖြစ်တန်ချေ အများအပြားရှိပုံကို တင်ပြခဲ့ဖူးသည်။ သူသည် အိုင်းစတိုင်းကို ဝေဖန်ရာ၌ ထိုအချက်အလက်ကို ထည့်တွင်း ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် သူ၏ (Einstein’s Dream) စာစုတွင် (Einstein spent the later years of his life looking for such a theory. He did not find one because he … Continue reading

Posted in Buddhism & Science | Tagged , , , , , | Leave a comment

လောကုတ္တရာ

လောကုတ္တရာ လောကုတ္တရာ ဆိုတာတော့ အရမ်းနက်ရိုင်းပါတယ်။ လောကလွန်မြောက်ရာလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ လောကီဆိုတာကတော့ သာမန်ပဲလို့ ပြောရင်လည်း မမှားပါဘူး။ လောကုတ္တရာကမှ အင်မတန် အဓိကကျတဲ့ နက်ရိုင်းသိမ်မွေ့တဲ့ ဝင်စားရာ၊ တန်ဖိုးထားရာ၊ မြတ်နိုးရာ၊ နှစ်သက်ရာ သဘာဝတွေရှိပါတယ်။   လောကမှ လွန်မြောက်ဖို့ဆိုတော့ လောကမှာပဲ မွေ့လျော်ပြီး ဘိတ်ဘိတ်တုံး ဝင်စားမည့်သူတွေ အတွက်တော့ နားလည်နိုင်ဖို့ မလွယ်ပါဘူး။ လောက က လွန်မြောက်ရာဆိုတော့ လွန်မြောက်၊ လွတ်မြောက်ပြီး သုံးဆယ်တစ်ပုံက ထွက်လမ်း တက်လမ်းတွေမှာ ပညာသားပါပါ နက်နက်ရိုင်းရိုင်းးနဲ့ ကျင်လည်ဖြတ်သန်း … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု

မြန်မာပြည်ထဲက အောင်မြင်သော ဘ၀တစ်ခု စာရေးသူသည် မြန်မာပြည်သား ဖြစ်သည်။ မြန်မာနိုင်ငံ၌ ကြီးထွားလာခဲ့သူ တစ်ဦးဖြစ်သည်။ စာရေးသူ၏ဘ၀သည် နိုင်ငံရေး၊ စီးပွားရေး၊ အခြား လောကီ လူမှုရေးများကို စိတ်မ၀င်စားဘဲ လောကုတ္တရာကို စိတ်ဝင်စားခဲ့သည်။ ထိုအခါ မြန်မာပြည်၌ လွန်စွာအဆင်ပြေသည်။ မြန်မာပြည်၌ သာသနာရှိရာ စာရေးသူသည် တရားဘာဝနာများကို ၀ါသနာပါခဲ့သည်။ ထို့နောက် ဆရာကောင်း သမားကောင်းနှင့် တွေ့သည်။ မြန်မာနိုင်ငံ၌ ဆရာကောင်း သမားကောင်းနှင့် တွေ့လျှင် ဘာသာရေး၌ အောင်မြင်၍ လောကုတ္တရာ ရေးရာ၌ ရည်မှန်းချက် ပန်းတိုင်ကို … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

နိဗ္ဗာန်၌ရုပ်နာမ်မရှိချေ

နိဗ္ဗာန်၌ရုပ်နာမ်မရှိချေ     ယောဂီများ သိကြပါသည်- ခန္ဓာ့နိရောဓော နိဗ္ဗာနံ ဟူသောစကားရှိသည်။ ခန္ဓာချုပ်မှ နိဗ္ဗာန်သို့ စံဝင်နိုင်သည်။ ခန္ဓာမချုပ်သေးသမျှ နိဗ္ဗာန်သို့ မစံဝင်နိုင်ချေ၊ နိဗ္ဗာန်စံဝင်သော အခါ၌လည်း ခန္ဓာချုပ်သည်။ ထို့ကြောင့် နိဗ္ဗာန်စံဝင်သောအခါ စေတသိတ်ပါသည် ဟူသောအယူအဆသည် မှားယွင်းနေသည်။ စိတ်သည်လည်းကောင်း၊ စေတသိတ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ (၃၁) ဘုံနှင့် ပတ်သက်၍ ချန်ထားခဲ့ကာ နိဗ္ဗာန်စံဝင်သောအခါ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် စံဝင်ရခြင်းဖြစ်သည်။ ယခုအခါ နိဗ္ဗာန်သို့ မျက်မှောက်ပြုရာ၌ စေတသိတ်ကသိသည်၊ စေတသိတ်ရှိသည်ဟု ယူဆနေသည်မှာ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သိပ္ပံ၏ဟာကွက်တစ်ခု

သိပ္ပံ၏ဟာကွက်တစ်ခု    အိုင်းစတိုင်းသည် “အမှန်တရားကို ရှာဖွေဖို့က၊ အမှန်တရားကို ပိုင်ဆိုင်ခြင်းထက် ပို၍တန်ဖိုးရှိသည်” ဟူသော အဆိုကို တန်ဖိုးထားခဲ့သည်။ .. .. the search for truth is more precious than its possession. .. .. ဆိုသော အဆိုကို တန်ဖိုးထားခဲ့သည်။ ၎င်းကို (The Fundaments of Theoretical Physics) ဟူသော သူ၏စာမူတွင် ဖော်ပြခဲ့သည်။ အဓိပ္ပာယ်မှာ အမှန်တရားကို ရှာဖွေကြစို့၊ … Continue reading

Posted in Buddhism & Science | Tagged , , , , | Leave a comment