Tag Archives: အသင်္ခတ

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉) နိဗ္ဗာန်ကြီးက ကောင်းတော့ အရိယာတွေက ၀င်စားတော်မူကြတာပေါ့။ “နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတာ ရှိတယ်လေ။ နိဗ္ဗာန်သို့ ရဟန္တာများ လားတယ်၊ သက်ရောက်တယ်၊ စံမြန်းတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ ရှိတယ်။ (၃၁) ဘုံမှာတောင်မှ ပူနေလို့ရှိရင် အဲယားကွန်းနဲ့ နေကြသေးတာပဲလေ — နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံနဲ့ ပတ်သက်လို့ရှိရင် တစ်ခြားစီပဲ။ နိဗ္ဗာန်က တအားကောင်းတော့ ၀င်စားတော် မူကြတာပေါ့ – ဒါကြောင့် ” နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်    ယောဂီများ ဘက်စုံ ဗဟုသုတ ရစိမ့်သောငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဆိုင်ရာ အကြောင်းလေးတွေကို ရေးပြပါဦးမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ နှစ်မျိုးပေါ့။ တစ်မျိုးက ဖလသမာပါဒ်လို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ နိရောဓသမာပါဒ်ပါ။ ဒီနှစ်မျိုးရှိတယ်။ ဒါပေမယ့် ဖလသမာပါဒ်  အကြောင်းပဲ ပြောကြစို့။ နိရောဓသမာပါဒ်ကတော့ လေးပါတယ်၊ နက်တယ်၊ နောက်ပြီးတော့လည်း ခက်လည်းခက်တာပေါ့နော် – ဖလသမာပါဒ်က သုံးမျိုးရှိတယ်။ တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်။ ခဏလေးပဲ နိဗ္ဗာန်မျက်မှောက်ပြုတာရယ်၊ နည်းနည်းကြာတာရယ်၊ တော်တော်လေးကို ကြာတာရယ်ပေါ့ — ကြာတာ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ခန္ဓာဟာဒုက္ခသစ္စာပါ

ခန္ဓာဟာဒုက္ခသစ္စာပါ ခန္ဓာဟာ ဒုက္ခသစ္စာဖြစ်ပါတယ်။ ဒါ မြတ်စွာဘုရား အမှူးပြုပြီးတော့ သူတော်ကောင်းတွေ ဟောတော်မူခဲ့ပါတယ်။ ခန္ဓာကို ဒုက္ခသစ္စာလို့ မယူရဲတဲ့ ပုဂ္ဂိုလ်ဟာ သတ္တိရှိတဲ့ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ သူတို့ဟာ ခန္ဓာကို တွယ်နေတာ။ ဒါ ဗုဒ္ဓဘာသာရဲ့ အယူလည်း မဟုတ်ဘူး။ ခန္ဓာအပေါ်ကို တွယ်ဖို့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တော့ ဘာသာဖျက်တွေပဲ။ ခန္ဓာဆိုတာ ဒုက္ခသစ္စာလို့ မြတ်စွာဘုရား သေချာဟောတော်မူတယ်။ ဟိုဘက် အသင်္ခတ နိဗ္ဗာန်ပဲ ချမ်းသာတာ၊ ဒီဘက်က ခန္ဓာဆိုတာ ဒုက္ခသစ္စာပဲ။ နောက် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်သည် အသင်္ခတဓာတ်ဖြစ်သည်

နိဗ္ဗာန်သည် အသင်္ခတဓာတ်ဖြစ်သည် သစ္စာဝါဒီများ နိဗ္ဗာန်သည် အသင်္ခတဓာတ်ဖြစ်သည်၊ အနုတ္တရဓာတ် ဖြစ်သည်။ အနုတ္တရဓာတ် ဆိုသည်မှာ အမြတ်တကာ့ အမြတ်ဆုံးဓာတ်ပင်ဖြစ်သည်။ အသင်္ခတဓာတ် ဆိုသည်မှာ ပြုပြင်စီရင်ရန်မလို၊ အစားမထိုးသော ဓာတ်ဖြစ်သည်။ တော်တော်များများသည် ဗုဒ္ဓဘာသာ လေ့လာပါသည်  ဆိုသော်လည်း နိဗ္ဗာန်သည် အနုတ္တရဓာတ် ဖြစ်မှန်း မသိကြချေ — အနုတ္တရဓာတ် ဆိုသည်မှာ မြတ်သောဓာတ် ဖြစ်သည်။ (၃၁) ဘုံ၌ ရုပ်နာမ်များသည်  ပျက်သည်။ နိဗ္ဗာန်၌ ပျက်သောဓာတ် မရှိ၊ ဒုက္ခဖြစ်သော Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အသင်္ခတဓာတ်ဟူသည်

အသင်္ခတဓာတ်ဟူသည် အသင်္ခတဓာတ် ဟူသည်မှာ ပြုပြင်စီရင်ခြင်း ကင်းသောဓာတ်ဖြစ်၍ အနုတ္တရဓာတ်၊ နိဗ္ဗာန်နဓာတ် ဖြစ်သည်။ အသင်္ခတကို သိလိုလျှင် သင်္ခတမှ ၀င်စားနားလည်နိုင်သည်။  သင်္ခတဓာတ် ဆိုသည်မှာ ပြုပြင်စီရင်အပ်သော သဘောဖြစ်၍ အစားထိုးနေသည်။ (ဥပမာ- သုံးဆယ့်တစ်ဘုံ အတွင်းရှိ ဖြစ်ရပ်များ၊ ရုပ်နာမ်များ) ရုပ်နာမ်များသည် သင်္ခတဓာတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြုပြင်စီရင်ရသည်။ သုံးဆယ့်တစ်ဘုံ တစ်ခုလုံးသည်လည်း ပြုပြင်စီရင်ရသည်၊ ထို့ကြောင့် သင်္ခတဓာတ် ဖြစ်သည်။ အသင်္ခတဓာတ် ဆိုသည်မှာ မပြုမပြင် မစီရင်အပ်သောဓာတ် ဖြစ်သည်။  မိမိ ပကတိအရှိ အခြေအနေမှ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(4)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(4) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၃ ) နိဗ္ဗာန် နှင့် စေတသိက် ငယ်    ကိုနန်းအောင် ဘာတွေစဉ်းစားနေတာလဲဗျ – နန်း     နိဗ္ဗာန်ကို စေတသိက်ထဲ ထည့်သွင်းချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ထင်မိထင်ရာ ပြောတတ်ဟောတတ်တာတွေကို စဉ်းစားနေတာ ကိုချစ်ငယ်ရဲ့။ ငယ်    ပရမတ္ထတရား အချင်းချင်းတွေဗျာ၊ ဘယ်အတူပြုလို့ရပါ့မလဲ? နန်း     အဲဒါပြောတာပေါ့ဗျ – နိဗ္ဗာန်ဟာ စေတသိက်ဆိုလျှင် ပရမတ္ထတရားလေးပါးလို့ မလာနဲ့တော့ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အရိယာဟူသည်

အရိယာဟူသည် အရိယာများသည် တရားအားထုတ်ခြင်း၌ မရောင့်ရဲနိုင်ကြသူများ ဖြစ်သည်။ စာဆို၌ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေအိုင်၌ ဟင်္သာများ ပျော်မွှေ့သကဲ့သို့ အရိယာများသည် တရား၌ ပျော်မွှေ့ကြသည် ဟူ၍ အဆိုရှိသည်။ အရိယာများသည် ဤ၍ ဤမျှ တရားအားထုတ်ပြီးပြီ ထို့ကြောင့် တော်ပြီ၊ နားဦးမည်၊ တရား အားမထုတ်သေးဘူး ဟူသောသဘော မည်သည့် အခါမှမရှိ။ တရားဟူသည် အားထုတ်နိုင်လေလေ ကောင်းလေလေ ဖြစ်သည်ဟူ၍သာ ခံယူကြသည်။ အရိယာများ၌ ပုထုဇဉ်များတွင် မရှိသော အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိသည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , | 1 Comment

နိဗ္ဗာန်၏အံသြဖွယ်ကောင်းပုံ

နိဗ္ဗာန်၏အံသြဖွယ်ကောင်းပုံ  အခါအားလျော်စွာ ကျွန်တော် စာဖတ်ပရိသတ်ကြီးကို နိဗ္ဗာန်အကြောင်း ပြောပါတယ်၊ ရေးပြပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်ကြီးကလည်း ဝမှာမဟုတ်ဘူး၊ ကျွန်တော်လည်း ဝတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာဖတ်ပရိသတ်ကြီးလည်း သိပါတယ် ကျွန်တော်က ပြောခွင့်ရှိတဲ့ အတိုင်းအတာ အတွင်းက ပြောတယ်ဆိုတာတော့ စာဖတ်ပရိသတ်ကြီး သိမှာပါ။ ကျွန်တော် ဖွာစလံကျဲတော့ ပြောခွင့်မရှိပါဘူး။ နိဗ္ဗာန် ဆိုတာကတော့ နဂိုကတည်းက အံသြဖွယ်ရာ ဓာတ်ကြီးတစ်ခုပါ။ နိဗ္ဗာန်ကို ဓာတ်လို့ခေါ်ပါတယ်။ ဘာဓာတ်လည်းဆို အသင်္ခတဓာတ်၊ အနုတ္တရဓာတ်လို့ ပြောလို့ရပါတယ်။ အသင်္ခတဓာတ်ဆိုတာ ပြုပြင်စီရင်ခြင်း Tags: … Continue reading

Posted in Buddhism | Tagged , , , , , , | 1 Comment

သာဓုခေါ်ပါသည်

သာဓုခေါ်ပါသည်   တရားအကြောင်း ရေးသားရာ စိတ်ဝင်စားသော ပုဂ္ဂိုလ်များ စိတ်ဝင်စားကြောင်း သိရ၍ သာဓုခေါ်လျှက် ရှိပါသည်။ အချို့ကလည်း တိတိကျကျ သိလိုကြသည်။ ယင်းမှာ သဘာဝကြပါသည်၊ ဤခေတ်သည် တိတိကျကျခေတ် မဟုတ်ပါလား … ဒါကြောင့် တိတိကျကျ အနည်းငယ် တတ်နိုင်သမျှ  အချို့အပိုင်းတွေ ရေးပေးပါမည်။ ဥပမာ – နိဗ္ဗာန်ကို တွေ့တယ် ဆိုပါစို့ (ရေးပေးမယ်နော်) နိဗ္ဗာန်ကို တွေ့တယ်ဆိုရင် ၁) အတွေ့ခံတာက ဘာလည်းဆိုရင် နိဗ္ဗာန်ပဲ။ ဒီတော့ နိဗ္ဗာန်ကြီးကရှိတယ်၊ ဒါဗုဒ္ဓဘာသာတွေ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

အတွေ့အကြုံ၏အခန်းကဏ္ဍ

အတွေ့အကြုံ၏အခန်းကဏ္ဍ ဒဿနသမိုင်း၌ အတွေ့အကြုံနှင့်ဆင်ခြင်ခြင်း ယှဉ်ပြိုင်၍ တက်လာရာ တဖြေးဖြေးနှင့် သိပ္ပံပညာ ထွန်းကားလေလေ အတွေ့အကြုံလိုင်းက ပို၍ နေရာရလေလေ ဖြစ်ခဲ့သည်။ ထိုမှတဆင့် သိပ္ပံဆိုင်ရာ ဒဿနပညာ ဟူ၍ပင် ပေါ်ထွန်းလာရသည်။ သိပ္ပံ၌ အတွေ့အကြုံသည် အဓိကပင် ဖြစ်သည်။ အသိပညာ အရာရာ၌ အတွေ့အကြုံသည် လွန်စွာအရေးကြီးသည်။ အတွေ့အကြုံသည်သာ အတွေ့အကြုံကို ဆုံးဖြတ် သည်ဟုပင် ခံယူထားကြသည်။ တရားသည်လည်း အခြားကိစ္စများနှင့်မတူ တရားကျင့်ဖူး၍ တွေ့သူသာလျှင် ကျင့်၍တွေ့သော အတွေ့ကို ပြောနိုင်သည်။ မကျင့်ဖူးဘဲနှင့် မတွေ့ဘူးလျှင် ကျင့်ဖူး၍ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အရာဝင်ခြင်း

အရာဝင်ခြင်း အရာရာ၌ အရာဝင်ဖို့ လွန်စွာအရေးကြီးသည်။ အထူးသဖြင့် ဘာသာ သာသနာရေးရာ၌ အရာဝင်ရန်မူ လွန်စွာခက်ခဲသည်။ စာတတ်ပါမှ၊ စာတတ်သည်ဆိုသော်လည်း ဆရာကောင်းနှင့် သွန်သင်ခြင်း ခံရပါမှ၊ မြတ်စွာဘုရား အလိုတော်ကျ ဖြစ်ပါမှ၊ အချို့က စာကိုတော့ လေ့လာသည် သို့သော် ဘောက်ချီး ရေးထားသော စာများကို ကျက်၍ ပြန်ပြောသောအခါ အမှားအမှားအယွင်းယွင်း ဖြစ်တတ်သည်။ ဥပမာ-အသင်္ခတဓာတ်ကို အတ္တအနှစ်သာရရှိသည်ဟု စာတွေ့၍ ထိုစာအတိုင်း မှီး၍ ပြောသောအခါ အဓမ္မ၀ါဒအဖြစ် အသတ်မှတ် အဆုံးအဖြတ် ခံရတတ်သည်။ ထို့ကြောင့် စာဆိုသည်လည်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အသင်္ခတဓာတ်ဆိုသည်မှာ

အသင်္ခတဓာတ်ဆိုသည်မှာ အသင်္ခတဓာတ်ဆိုသည်မှာ မပြုပြင် မစီရင်အပ်သော တရားပင် ဖြစ်သည်။ တကယ်တော့မူ (၃၁)ဘုံသည် သင်္ခတဓာတ်များဖြစ်သည်။ (၃၁)ဘုံမှ လွန်ရာ နိဗ္ဗာန်သည် အသင်္ခတဓာတ် ဖြစ်သည်၊ အနုတ္တရဓာတ်လည်း ဖြစ်သည်။ (၃၁)ဘုံသည် ပြုပြင်စီရင် အပ်သော သဘောရှိသည်။ နိဗ္ဗာန်သည် မပြုပြင် မစီရင်အပ်ချေ။ ထို့ကြောင့် နိဗ္ဗာန်နှင့် တူသောအရာ လောက၌  နှိုင်းခိုင်းဖို့ ထပ်တူထပ်မျှ မရှိဟု ဆိုရခြင်း ဖြစ်သည်။ ထပ်တူ ထပ်မျှလည်း မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် လောကသည်၊ (၃၁)ဘုံသည် Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

မဂ်ရခြင်းမရခြင်း…(၁)

မဂ်ရခြင်းမရခြင်း…(၁) နိဗ္ဗာန်အကြောင်းကို ကျွန်တော် အနည်းငယ်တော့ ပြောပြ ရေးပြခဲ့ပါတယ်။ နိဗ္ဗာန်အကြောင်းကတော့ အများသူငါ သိတဲ့အတိုင်းပါပဲ အင်မတန် ကျယ်ပြော နက်ရှိုင်းတော့ ဘယ်လောက်ရေးရေးလည်း ကုန်ပြီ ၀ပြီလို့တော့ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆရာကောင်းသမားကောင်းရဲ့ အဆိုအဆုံးမလည်း တည်တယ် ကိုယ်တိုင်ကလည်း ကျင့်ကြံအားထုတ်ဖူးတော့ ကောင်းကောင်းမွန်မွန် ရေးနိုင်တဲ့ သဘောပါပဲ။ ကျွန်တော်ကတော့ ခြေခြေမြစ်မြစ် လေ့လာခဲ့တော့ ခြေခြေမြစ်မြစ် ရေးတတ်ပါတယ်၊ အပေါ်ယံမျိုး ကျွန်တော် မရေးဘူး။ ဥပမာ – ဟိုတစ်လောက ဓမ္မကထိကတစ်ပါး အသင်္ခတဓာတ်ကို အတ္တအနှစ်သာရ ရှိတယ်လို့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -38

မြတ်ပန်းမွှေးလှိုင်ကြူ မကွေး မြသလွန်ရင်ပြင်တော်ပေါ်ဝယ် မြသလွန် ဘုရားခြေတော်ရင်းသို့ ၀ပ်စင်းခညောင်း နိုင်ပေပြီ။ မြတ်ဘုရား၏ သလွန်တော်တည်ရာဌာနမို့ သာတောင့်သာယာ ရှိလှပါပေသည်။ ဧရာဝတီ မြစ်ကမ်းနဖူးဝယ် တည်ငြိမ်တင့်မောဖွယ် ရပ်တည်တော်မူနေသော စေတီမြတ်၏ သပ္ပါယ်ပုံမှာ ဖူးမြင်သူအပေါင်းကို ကြည်နူးနှစ်သိမ့်စေနိုင်သည်။ န၀ဒေးကြီးက ဆိုခဲ့သည်။ `လူနတ်တံခွန်၊ စောဘုန်းရှင်လျှင်၊ ပုဂ္ဂန္တပ္ပ၊ တိုင်းသို့ကြွ၍၊ ဌာနတည်ဝယ်၊ ရက်ကိုးဆယ်လျှင်၊ စံပယ်ပျံ့ပျူး၊ ပျော်ခဲ့ဘူးသား၊ ကျေးဇူးများမြောင်၊ နှစ်ငါးထောင်လျှင်၊ မြဲနှောင်မြင့်ရှည်၊ တည်စိမ့်သည်ဟု၊ သုံးမည်လူ့ထိပ်၊ မြွက်ခဲ့ရိပ်က၊ ပတ်ချိပ်နီးဝေး၊ ထွန်းလျှံပြေးသည်၊ မကွေးမြသလွန်တကား´။ စာဖွဲ့ရသည့် စေတီမြတ်ပါပေ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

နာမ်ချုပ်သော် .. ..

နာမ်ချုပ်သော် .. ..   သစ္စာဝါဒီများ — နာမ်ဆိုတာ အကြောင်းမဲ့ ချုပ်တာတော့ မဟုတ်ဘူး၊ နာမ်ကို သတ်ရတာပေါ့နော် – နာမ်ကို ချုပ်အောင်သတ်နိုင်ရင် ဉာဏ်ပေါ်တယ် – အဲဒီဟာ လောကုတ္တရာဉာဏ်၊ လောကီဉာဏ် မဟုတ်ဘူး။ လောကုတ္တရာဉာဏ် ဆိုတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပေါ့၊ အရိယာရဲ့ဉာဏ်။ အဲဒီ အရိယာဉာဏ်ရရင် မဂ်ဉာဏ်က ဖိုလ်ဉာဏ်ကူးပြီး၊ ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို ထိုးထွင်းသိလိုက်တယ်။ အဲဒီတော့ ဖိုလ်ဉာဏ်က သိလိုက်တာက အသင်္ခတဓာတ်၊ အနုတ္တရဓာတ် ဆိုတော့ နိဗ္ဗာန်ပေါ့ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment