Tag Archives: အပျက်

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 01

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ အပိုင်း (၁) ကျွန်တော့်အထ္တုပ္ပတ္တိကို ကျွန်တော်ကိုယ်တိုင် ရေးဖို့စိတ်ကူးရှိပါတယ်။ ရေးတဲ့နေရာမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစ မရေးဘဲနဲ့ အခုချိန်က စပြီးတော့ ရေးဖို့အတွက် စဉ်းစားထားပါတယ်။ ကျွန်တော် အခု (၇၈) နှစ်ရှိပြီ။ ကျွန်တော်ဟာ ကံထူးတဲ့ပုဂ္ဂိုလ်၊ ကံကောင်းတဲ့ပုဂ္ဂိုလ်လို့ ခေါ်ရင်ပါတယ်။ ကျွန်တော်ဟာ အချိန်မီ ၀ိပဿနာဘက်ကို စောက်ချပြီးတော့ လုပ်ခဲ့ပါတယ်။ ကျွန်တော်လို လုပ်တဲ့ပုဂ္ဂိုလ်တွေတော့ အမြောက်အများရှိမှာပါ။ ဒါပေမယ့် ကျွန်တော်က ဆရာကောင်းနဲ့တွေ့လိုက်ရတယ်၊ အဲဒါတစ်ခုက ထူးခြားတယ်။ ကျွန်တော် ဆရာကောင်းရဲ့ အဆုံးအမကိုရတော့ နိဗ္ဗာန်အကြောင်း၊ အရိယာအကြောင်း၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿ နာ နှင့် အဆင့်မြင့်ကဏ္ဍများ 31

ယောဂီများ တရားဘာဝနားပွားများ အားထုတ်နေလို့ အထူးတန်ဖိုးရှိကြောင်း ကောက်ချက်ပေးလိုပါတယ်။ ယောဂီများကတော့ တရားရှုလေ့ရှိတဲ့အခါကျ ရုပ်နာမ်ဟာ ဒုက္ခလို့ လက်ခံပြီးသား၊ ရုပ်နာမ်ဟာ အနိစ္စလို့ လက်ခံပြီးသားဆိုတော့ အထူးပြောဖွယ်ရာ မရှိပါဘူး။ တချို့က ရုပ်နာမ်ကို ဒုက္ခလို့ လက်မခံချင်ကြဘူး။ ဘယ့်နှယ့် လုပ်မလဲ။ ဘုရားဟောတရားကို ကန့်လန့်တိုက်ကြတယ်။ ရုပ်နာမ်ဟာ ဒုက္ခသစ္စာဆိုတော့ နာမ်ထဲမှာပါတဲ့ စိတ်တို့ဘာတို့ဆိုတာလဲ ဒုက္ခသစ္စာထဲမှာ ပါတယ်။ စိတ်ကို ဒုက္ခသစ္စာထဲမှာ ပါတယ်လို့တောင် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကလည်း တော်တော်လေးကို ဆန့်ကျင်ဘက်တိုက်ကြတယ်။ ဘုရားဟောတရားကို ကန့်လန့်တိုက်နေကြတာရှိတယ်။ အံ့သြစရာနဲ့ စိတ်မကောင်းစရာပဲ။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဘုရားသုံးဆူ၌တရားအားထုတ်ခြင်း

ဘုရားသုံးဆူ၌တရားအားထုတ်ခြင်း ဘုရားသုံးဆူ ဆိုသော်လည်း ဘုရားသုံးဆူ မုဒ်ဦးသုံးခု သို့သော် အထဲမှာ တစ်ဆူတည်းကဲ့သို့ စင်္ကြန်အရှည်ကြီး ထူးထူးဆန်းဆန်း တည်ဆောက်ထားသည်။ ပို၍ထူးဆန်းသည်မှာ လက်ယာဘက်ပိုင်း နှစ်ဆူမှာ ဆေးရေးပန်းချီ ရှိသော်လည်း၊ လက်ဝဲဘက်ပိုင်း တစ်ဆူမှာ ဆေးရေးပန်းချီ မရှိဘဲ ပလိန်းကြီး ဖြစ်နေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံပါတ်အနေနှင့်မူ လက်ယာဘက်စွန်းက (၄၇၇) ဖြစ်၍၊ အလယ်မှာ (၄၇၈)၊ လက်ဝဲဘက်အဆုံးမှာ (၄၇၉) ဟူ၍ မှတ်တမ်းများ ရှိသည်။ နိုင်ငံခြားသားများ စိတ်ဝင်စားကြသည်ဟု နာမည်ကြီးသည်။ မျက်နှာချင်းဆိုင် မျက်စောင်းထိုးမှာ သမ္ဘူလဘုရားရှိ၍ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဗုဒ္ဓဘာသာနှင့် သိပ္ပံအကြောင်း

ဗုဒ္ဓဘာသာနှင့် သိပ္ပံအကြောင်း ဤနေရာတွင် အလျှင်းသင့်၍ ဗုဒ္ဓဘာသာနှင့် သိပ္ပံအကြောင်းကို အနည်းငယ် ပြောပေးပါမည် – ဗုဒ္ဓဘာသာသည် လောကုတ္တရာဖြစ်၍ လွန်စွာ နက်ရှိုင်းသည်ဖြစ်ရာ အောင်မြင်သူ နည်းသည်။ သိပ္ပံသည် လောကီဖြစ်၍ လိုက်စားသူများရာ အောင်မြင်သူများသည်။ ဗုဒ္ဓဘာသာသည် သိပ္ပံထက် ပိုမိုနက်ရှိုင်းစွာ မှန်ကန်သော်လည်း အမည်ခံသူများ အကျင့်အကြံ နည်းမှုကြောင့် Tags: Buddhism and Science, Myanmar Posts, ကမ္ဘာ, သိပ္ပံ, အပျက်, လောက, လောကုတ္တရာ

Posted in Buddhism | Tagged , , , , , , | Leave a comment