Tag Archives: အနိစ္စ

ထောက်တည်ရာရသွားပြီ

ထောက်တည်ရာရသွားပြီ    ရုပ်နာမ်ရှိထားတဲ့ လူသား အနိစ္စတစ်လုံးကြောင့် ထောက်တည်ရာ ရသွားတယ်။ ရုပ်နာမ်ဆိုကတည်းက ထောက်တည်ရာက အတော်ခက်တယ်။ ဒုက္ခတုံးကြီး မဟုတ်လား ??? သမုဒယ၊ တဏှာ သကြားကွပ်ထားလို့သာ ဒုက္ခကို ဒုက္ခမှန်း မသိကြတာ။ နောက်ဆုံးတော့ သူ့ရဲ့ အဖြစ်မှန်က ဒုက္ခပဲ။ ဒီဒုက္ခက လွတ်ဖို့ဆိုတာက သူ့ကို အနိစ္စတင်ဖို့ပဲ – မမြဲဘူးဆိုပြီး ထွက်ရတာ — အပျက်နဲ့ ထွက်ရတာပဲ။ အပျက်နဲ့ထွက်တဲ့အခါကျ ဒုက္ခအဆုံး ရောက်သွားရင်တော့ လွတ်မြောက်သွားတာပဲ။ ဒုက္ခအဆုံးရောက်အောင်တော့ အပျက်ကို ဇွဲနဲ့ရှုရမယ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်    ယောဂီများ ဘက်စုံ ဗဟုသုတ ရစိမ့်သောငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဆိုင်ရာ အကြောင်းလေးတွေကို ရေးပြပါဦးမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ နှစ်မျိုးပေါ့။ တစ်မျိုးက ဖလသမာပါဒ်လို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ နိရောဓသမာပါဒ်ပါ။ ဒီနှစ်မျိုးရှိတယ်။ ဒါပေမယ့် ဖလသမာပါဒ်  အကြောင်းပဲ ပြောကြစို့။ နိရောဓသမာပါဒ်ကတော့ လေးပါတယ်၊ နက်တယ်၊ နောက်ပြီးတော့လည်း ခက်လည်းခက်တာပေါ့နော် – ဖလသမာပါဒ်က သုံးမျိုးရှိတယ်။ တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်။ ခဏလေးပဲ နိဗ္ဗာန်မျက်မှောက်ပြုတာရယ်၊ နည်းနည်းကြာတာရယ်၊ တော်တော်လေးကို ကြာတာရယ်ပေါ့ — ကြာတာ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

မှန်ကန်ပါစေ

မှန်ကန်ပါစေ   ဒီခေတ်က အမှန်ကိုကြိုက်သော ခေတ်ဖြစ်သည်။ ထို့ကြောင့် ပြောဆိုလုပ်ကိုင်ရာ၌ မှန်ကန်ရန် အရေးကြီးသည်။ မမှန်မကန်လျှင် ရယ်ဖွယ်ဖြစ်သည်။ အများယောင်လို့ယောင် အမောင် တောင်မှန်းမသိ မြောက်မှန်းမသိ ဖြစ်လျှင်လည်း အနှစ်သာရ မရှိချေ။ ၀ိပဿနာ စိတ်ဝင်စားသည်ကို ကြိုဆိုရမည် ဖြစ်ပါသည်။ သို့သော် အများက ၀ိပဿနာ စိတ်ဝင်စားသဖြင့် ၀ိပဿနာလိုက် စိတ်ဝင်စားရာ ကိုယ်က မှန်းတုပ်ရမ်းတုပ်နှင့် အလွဲအမှားတွေပြောလျှင် ရှက်ဖွယ်ဖြစ်သည်။ ၀ိပဿနာ ယောဂီအမြောက်အများ မှန်မှန်ကန်ကန် အားထုတ်နေကြသည်၊ အနိစ္စရှုနေကြသည်။ ယင်းကို ကိုယ်ကဆရာကြီးလုပ်၍ အိုးပြောဂျိုးပြော … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ကိုမျက်မှောက်ပြုသောအခါ

နိဗ္ဗာန်ကိုမျက်မှောက်ပြုသောအခါ စာရေးသူနိဗ္ဗာန်ဟုနားလည်ထားသော ဓာတ်ကြီးကို မျက်မှောက်ပြုသောအခါ ချမ်းသာကြောင်းကို ကိုယ်တိုင်သိရသည်။ ချမ်းသာသည် ဆိုသည်မှာ ရုပ်နာမ်ချမ်းသာ မဟုတ်၍ ဉာဏ်ချမ်းသာဖြစ်ကြောင်း ယောဂီများ အသိဖြစ်ပါသည်။ ရုပ်နာမ် ချုပ်ပြီးမှ နိဗ္ဗာန်စံရခြင်းဖြစ်ပါသည်။ “နိဗ္ဗာနံ ပရမံ သုခံ” ဟူသောစကားရှိသည် – ယောဂီများသိပါသည်။ နိဗ္ဗာန် မြတ်သောချမ်းသာမှု ရှိသည်ဟု အဖွင့်ရှိသည်။ အချို့က ကြောက်လန့်၍ ချမ်းသာသည် ဆိုသည်ကို မပြောရဲချေ။ နိဗ္ဗာန်ချမ်းသာသည်ကို ချမ်းသာသည်ဟု ပြောရဲရမည်။ သို့သော် လောကုတ္တရာချမ်းသာဖြစ်သည်။ လောကီချမ်းသာ မဟုတ်ချေ။ အမှန်ကတော့ အနိစ္စရှုခြင်းပင် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

တရားအားထုတ်တယ်ဆိုတာ

တရားအားထုတ်တယ်ဆိုတာ   တရားအားထုတ်တယ်ဆိုတာကို မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း အတိအကျ မိန့်တော်မူတာပါပဲ – ခန္ဓာဥာဏ်ရောက်ဖို့ပဲ၊ နောက်ပြီး ဖြစ်ပျက်မြင်ဖို့၊ ဖြစ်ပျက်မုန်းဖို့၊ ဖြစ်ပျက်ဆုံးဖို့ပဲ။ တကယ်တော့ တရားဆိုတာ ဖြစ်ပျက်ပဲ။ ဖြစ်ပြီးပျက်တာဟာ တရားပဲ။ ဖြစ်နေတယ် မပျက်ဘူးဆိုတာ မတရားလုပ်တာပဲ။ ဒီ (၃၁) ဘုံမှာ ဖြစ်ပြီးပျက်တာပဲ။ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ သဘောတရားကို ငါကနေခွဲထွက်ပြီးတော့ ခန္ဓာအပေါ် ဥာဏ်ရောက်ဖို့ အရေးကြီးပါတယ် – ဒါရှင်းပါတယ်။ တစ်ချို့ကလည်း စိတ်နဲ့ နိဗ္ဗာန်သွားချင်ကြတယ်။ ဒါလေးကတော့ လက်လျော့လိုက်ပါ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

တရားအားထုတ်ခြင်းနဲ့ပတ်သက်၍ –

တရားအားထုတ်ခြင်းနဲ့ပတ်သက်၍ ယောဂီများ အမှန်အကန် သိနားလည်ရမယ် ယောဂီများ တရားအားထုတ်တယ်ဆိုတာ အရေးကြီးပါတယ်။ ဆယ်ယောက်တစ်ယောက်၊ တစ်ရာတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် တရားအားထုတ်ဖို့ဆိုတာ မလွယ်ပါဘူး မလွယ်တဲ့ ကိစ္စတွေကို အလုပ်လုပ်ပြန်တော့လည်း တန်ဖိုးကတော့ ကြီးပါတယ်။ ယောဂီများကတော့ တရားဝင်စားနေတော့ တန်ဖိုး အင်မတန်ကြီးပါတယ်။ ဒီနေရာမှာ အမှန်အကန်သိစေချင်လို့ စာရေးသူ သိတဲ့လိုင်းကနေ ပြောပြပါမယ်။ ဥပမာ တရားအားထုတ်ခြင်းရဲ့ အဓိပ္ပာယ် ဆိုပါစို့ တရားအားထုတ်ခြင်းရဲ့ အဓိပ္ပာယ်ကို ဟိုတလောက ပါမောက္ခချုပ်ဆိုတဲ့ ပုဂ္ဂိုလ်က လွဲမှားစွာ အဓိပ္ပာယ်ဖွင့်တယ်။ အတော်လေးလည်း နစ်နာတယ်။ စာဖတ်သူတွေ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ခိုင်ခိုင်မာမာအောင်မြင်မှု

အောင်ပန်းမွှေးလှိုင်ကြူ (၆) ခိုင်ခိုင်မာမာအောင်မြင်မှု ဒီလောကမှာ ခိုင်ခိုင်မာမာ အောင်မြင်မှုဆိုတာကတော့ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားတယ်လို့ ပြောရမှာပေါ့။ တော်တော် များများကလည်း အောင်မြင်မှုကို အမြန်ဆုံးရယူပြီးတဲ့နောက် မစောင့်နိုင်ကြတာလည်း ရှိမှာပေါ့။ လူ့လောက လောကဓံကများတော့ အောင်မြင်ခြင်းကို တစ်ခါတစ်ခါ အမြီးကျက်ရင် အမြီးစား၊ ခေါင်းကျက်ရင် ခေါင်စားဆိုသလို အောင်မြင်တာလေးတွေ ကောက်စားရတာလည်း ရှိမှာပါပဲ။ ဒါကတော့ (၃၁)ဘုံ သံသရာ့ ခရီးသွားတွေ လောကဓံအမျိုးမျိုးကို တွေ့ကြုံတတ်ကြရတာပေါ့။ တကယ်တမ်းတော့လည်း စိတ်ရှည်လက်ရှည် အောင်မြင်မှုကို Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့

သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့   စာရေးသူသည် ဆရာမြတ်ကြီးထံမှာ တပည့်အဖြစ်ခံယူကာ ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ခဲ့ပါသည်။ ဇွဲနှင့် အသည်းနှင့် ကျင့်ကြံ အားထုတ်ခဲ့ပါသည်။ နှစ်အတော်များများ  ကျင့်ကြံအားထုတ်ခဲ့ပါသည်။ ဆရာလက်အောက်၌ (၁၀)နှစ် ကျင့်ကြံ ခဲ့ပါသည်။ နောက်ပိုင်း၌ ဆက်လက်၍ အားထုတ်ခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ ယခုအခါ တရားတော်သည် စောင့်ရှောက်ကြောင်း ကိုယ်တိုင်ခံစားမိသွားပါသည်။ ယောဂီများကို အားပေးလျက်ရှိပါသည်။ အပျက်သာရှုပါ။ တနေ့ ပျက်သည်ကိုနားလည်လျှင် လွန်စွာပျော်ရသည်။ ချမ်းသာသည်။ ပျက်သည်ဆိုသော သဘောသည် အမှန်အကန်ဖြစ်ကြောင်း မြတ်စွာဘုရား Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဝမ်းသာအပ်သည်ကို ၀မ်းသာရခြင်း

ဝမ်းသာအပ်သည်ကို ၀မ်းသာရခြင်း ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ဥာဏ်တက်လျှင် တက်ကြောင်း သိအပ်၏၊ ဥာဏ်မှိန်လျှင် မှိန်ကြောင်း သိအပ်၏ဟု အဆိုအဆုံးမ ရှိတော်မူခဲ့ဖူးသည်။ သစ္စာဝါဒီများ တရားတက်လျှင် တက်ကြောင်း သိရမည်။ ကိုယ်ကျင့်တာ မှန်လျှင် မှန်ကြောင်း သိရမည်၊ ရဲရင့်ရမည်။ မှန်သောအပေါ်မှာ ရဲရင့်ခြင်းသည် သတ္တိပင် ဖြစ်သည်။ မြတ်စွာဘုရားသည် ဟုတ်တိုင်းမှန်စွာ ကြွေးကြော်ခဲ့ဖူးသည်။ မြတ်စွာဘုရားသည် “အမြတ်ဆုံး၊ အအောင်မြင်ဆုံး” ဟု ကြွေးကြော်တော် မူခဲ့ဖူးသည်။ မိမိတို့လည်း မှန်သောကျင့်စဉ်ကို ကျင့်သည့်အခါ မှန်သော ကျင့်စဉ်ကို Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သစ္စာဝါဒီများ အောက်ပါစာများကို ဖတ်ကြည့်ပါ

သစ္စာဝါဒီများ အောက်ပါစာများကို ဖတ်ကြည့်ပါ ရုပ်နာမ်ဟာဆင်းရဲပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေက ရုပ်နာမ်ချုပ်တဲ့ နိဗ္ဗာန်ကို စံတော်မူကြတာ ဖြစ်ပါ တယ်။ နိဗ္ဗာန်ဆိုတာ ရှိပါတယ်။ သူတော်ကောင်းတွေ စံတော်မူကြပါပြီ။ နိဗ္ဗာန်ဆိုတာ ချမ်းသာတယ်။ နိဗ္ဗာနံ ပရမံ သုခံ ဆိုတဲ့ စကားရှိပါတယ်။ ချမ်းသာတယ်ဆိုလို့ လောကီချမ်းသာ စည်းစိမ်ဥစ္စာ ချမ်းသာတာမျိုး မဟုတ်ပါဘူး။ တကယ့်ကို ချမ်းသာစစ် ချမ်းသာမှန် ဖြစ်ပါတယ်၊ သန္တိသုခ ဖြစ်ပါတယ်။ ရုပ်နာမ်ကို မဖက်တွယ်ရပါဘူး ဖက်တွယ်ခြင်းကို ဖြိုရပါတယ်။ ဖြိုခြင်းဟာ Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်သောအကျင့် အကောင်းဆုံးသောအကျင့်

မြတ်သောအကျင့် အကောင်းဆုံးသောအကျင့်   သစ္စာဝါဒီများ အခုကျင့်နေတဲ့ ၀ိပဿနာကျင့်စဉ်ဟာ မြတ်သောအကျင့် အကောင်းဆုံးအကျင့်ပါပဲ။ မကျင့်နိုင်ကြလို့သာ အများသူငါ လက်လျှော့ထားရတာ ကျင့်နိုင်ရင်တော့ အကောင်းဆုံးပဲ။ သစ္စာဝါဒီများ ကတော့ ကျင့်နိုင်သလောက်ကျင့်တော့ အကောင်းဆုံးထဲမှာပါသွားပြီ။ကျင့်သာကျင့်ပါ လုံးဝကျင့်ပါ အပြတ်ကျင့် စိတ်တိုင်း မကျရင်လဲ အဓိဌါန်ပြီးတော့ ကျင့်လိုက်တော့ ဘာဖြစ်လို့တုန်းဆိုတော့ ကျင့်စဉ်ကမှန်နေပြီလေ။ ဘုရားဟောတရား သူတော်ကောင်းတွေဟောတဲ့ အနိစ္စကို ကိုယ်ကရှုနေတာကိုး။ အနိစ္စ ရှုတဲ့အတွက် ကိုယ်က မလိုလားဘူးဆိုတဲ့ Tags: Buddhism, အနိစ္စ

Posted in Buddhism | Tagged , | Leave a comment

တရားအားထုတ်သောအခါ

တရားအားထုတ်သောအခါ သစ္စာဝါဒီများ တရားအားထုတ်တယ်ဆိုတာ စိတ်ကြည်အောင် လုပ်တာပါပဲ။ စိတ်ကြည်ကြည် ဉာဏ်ကြည်ကြည် လုပ်ဆောင်ရင် ဘာမဆို ကောင်းပါတယ်။ စိတ်နောက်နောက်ဆိုရင် မကောင်းပါဘူး။ ဒါကြောင့် စိတ်ကြည်ဖို့ လိုပါတယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကိုကြည်စေတာပဲ အနောက်တွေကို ရှင်းပစ်တာပဲ။ အနောက်တွေကို အနိစ္စတင်ပစ်လိုက်တာပဲ၊ အနောက်တွေကို ဆေးကြောလိုက်တာပါပဲ။ ကြည်တဲ့အခါကျတော့လည်း အနာဂတ် အကြောင်းအရာလေးတွေ Tags: Buddhism, Myanmar Posts, အနိစ္စ

Posted in Buddhism | Tagged , , | Leave a comment

ကာလသုံးပါးမှလွတ်သည်

ကာလသုံးပါးမှလွတ်သည် ကာလသုံးပါးမှလွတ်သည် ဆိုသောစကားသည် လွန်စွာစိတ်ဝင်စားစရာ ကောင်းသည်။ အတိတ်မှ လွတ်လိုက လွတ်နိုင်အောင် ကြိုးစားနိုင်ခွင့် ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် — အတိတ်သို့ ပြန်မတွေးနှင့် – ဤကိစ္စသည်ပင်လျှင် လွန်စွာခက်ပါသည်။ သို့သော် အတိတ်ကို ပြန်မတွေးနှင့် ဖြစ်လိုက ဖြစ်နိုင်သည်။ အနာဂတ်မှ လွတ်သည်ဟုဆိုရာ၌ အတိတ်ကိုလည်း Tags: Buddhism, Myanmar Posts, နိဗ္ဗာန်, ဗုဒ္ဓဘာသာ, မဂ်ဉာဏ် ဖိုလ်ဉာဏ်, အနိစ္စ

Posted in Buddhism | Tagged , , , , , | Leave a comment

နိဗ္ဗာန်ဖက်ဆီသို့ချဉ်းနင်းဝင်ရောက်ထိုးဖောက်ရန်ကြိုးစားခြင်း 01

နိဗ္ဗာန်ဖက်ဆီသို့ချဉ်းနင်းဝင်ရောက်ထိုးဖောက်ရန်ကြိုးစားခြင်း သစ္စာဝါဒီများ ၀ိပဿနာကျင့်စဉ်ကို ကျင့်တယ်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်း ကျင့်တဲ့ သဘောပါပဲ။ သစ္စာါဒီများ အခုကျင့်နေတာဟာ နိဗ္ဗာန်ရောက်ကြောင်း ကျင့်နေတာပါပဲ။ နိဗ္ဗာန်အကြောင်းလေးကို နည်းနည်းတော့ ပြောပြထားချင်တယ် — နိဗ္ဗာန်ဆိုတာ (နိဝါန) က လာတာပါ။ အားလုံးလည်း သိပြီးသား ဖြစ်မှာမှာ။ နိဆိုတာ မရှိခြင်းနဲ့ ၀ါနဆိုတာ တဏှာအစေးပဲ – ဒီတော့ တဏှာအစေးမရှိခြင်းလို့ ယူရင်ရပါတယ်။ တဏှာအစေး မရှိတဲ့ နိဗ္ဗာန်ကို သွားချင်ရင်တော့ တဏှာစေးရှိတဲ့ ရုပ်နာမ်နဲ့တော့ သွားလို့မရဘူး (ဒါ သစ္စာဝါဒီများလည်း အသိပဲ)၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၄၀)

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၄၀) သစ္စာဝါဒီများ ပဌာန်းဆက်ပါသလိုပဲ ဝိပဿနာ နှလုံးသွင်း ဆင်ခြင်မှုတွေတတ်တော့ အားလုံး ဝမ်းသာစရာ ဖြစ်နေပါတယ်။ ဝိပဿနာဆိုတာ အားလုံးသိတဲ့အတိုင်း အဟုတ်ကျင့်ဖူးတဲ့ ပုဂ္ဂိုလ်က ပြောမှ ခိုင်တာပါ။ ဒါက မိမိက အဟုတ်ကျင့်ဖူးလို့ ပြောတာတော့ မဟုတ်ဘူး။ ဝိပဿနာဆိုတဲ့ အဓိပ္ပာယ်ကိုက အဟုတ်ကျင့်ဖူးတဲ့ ပုဂ္ဂိုလ်ကပြောမှပဲ ခိုင်တယ်။ လက်တွေ့နဲ့ ကျင့်ကြံ အားထုတ်ထားတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး ပြောတာပေါ့နော် –။ စာရေးသူတို့ကျတော့ ဆရာကောင်း ဆရာမြတ်ထံမှာလည်း တပည့်ခံဖူး၊ ကျင့်ကြံ အားထုတ်ခဲ့ဖူးပြီး ကိုယ်ကလည်း … Continue reading

Posted in Buddhism | Tagged , , , | Leave a comment