Tag Archives: အနိစ္စရှု

ဝိပဿ နာ နှင့် အဆင့်မြင့်ကဏ္ဍများ 31

Share

ယောဂီများ တရားဘာဝနားပွားများ အားထုတ်နေလို့ အထူးတန်ဖိုးရှိကြောင်း ကောက်ချက်ပေးလိုပါတယ်။ ယောဂီများကတော့ တရားရှုလေ့ရှိတဲ့အခါကျ ရုပ်နာမ်ဟာ ဒုက္ခလို့ လက်ခံပြီးသား၊ ရုပ်နာမ်ဟာ အနိစ္စလို့ လက်ခံပြီးသားဆိုတော့ အထူးပြောဖွယ်ရာ မရှိပါဘူး။ တချို့က ရုပ်နာမ်ကို ဒုက္ခလို့ လက်မခံချင်ကြဘူး။ ဘယ့်နှယ့် လုပ်မလဲ။ ဘုရားဟောတရားကို ကန့်လန့်တိုက်ကြတယ်။ ရုပ်နာမ်ဟာ ဒုက္ခသစ္စာဆိုတော့ နာမ်ထဲမှာပါတဲ့ စိတ်တို့ဘာတို့ဆိုတာလဲ ဒုက္ခသစ္စာထဲမှာ ပါတယ်။ စိတ်ကို ဒုက္ခသစ္စာထဲမှာ ပါတယ်လို့တောင် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကလည်း တော်တော်လေးကို ဆန့်ကျင်ဘက်တိုက်ကြတယ်။ ဘုရားဟောတရားကို ကန့်လန့်တိုက်နေကြတာရှိတယ်။ အံ့သြစရာနဲ့ စိတ်မကောင်းစရာပဲ။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

တရားအားထုတ်လိုက်သောအခါ –

Share

တရားအားထုတ်လိုက်သောအခါ –          ယောဂီများသာဓုခေါ်ပါတယ် အခုအခါ ယောဂီများနဲ့ တော်တော်အဆင်ပြေနေတယ်။ စာရေးသူရဲ့ စာတွေကိုဖတ်ရင်းနဲ့ ယောဂီများဖြစ်သွားတယ်၊ နဂိုက ယောဂီဖြစ်ပြီးသား ပုဂ္ဂိုလ်များ အဖို့လည်း ပိုအင်အားကောင်းစေတယ်၊ စာရေးသူရဲ့ စာတွေဟာ ဖတ်ရင်းဖတ်ရင်းနဲ့ တရားဆင်ခြင်သလို ဝင်စားသလို ဖြစ်သွားတယ်။ ဒီအပေးအယူဟာ တော်တော်အဆင်ပြေနေတာပဲ။ စာဖတ်ပရိသတ်ကြီးက အများကြီး မဟုတ်ပေမယ့် ဖတ်သမျှ ပုဂ္ဂိုလ်တွေက တရားဆင်ခြင်ပြီးသား ဖြစ်သွားတယ်၊ ဒါကို သာဓုခေါ်ပါတယ်။ ဆက်ပြီးတော့ ဆင်ခြင်ပါ။           တရားအားထုတ်တယ်ဆိုတာ တရားအားထုတ်ဖူးတဲ့ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ရွှေဆံတော်ဘုရား၌တရားအားထုတ်ခြင်း

Share

ရွှေဆံတော်ဘုရား၌တရားအားထုတ်ခြင်း ရွှေဆံတော်ဘုရားသည် ရောက်ခဲသဖြင့် နောက်ပိုင်းကျမှ တရားအားထုတ်ဖြစ်ခြင်း ဖြစ်သည်။ ညအခါ မီးပူဇော်ထားရာ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံတော့ မဟုတ်ချေ။ သို့သော် လသာသောရက်ဖြစ်၍  အဆင်ပြေပါသည်။ အနော်ရထာမင်း တည်ထားကိုးကွယ်သော စေတီတော်မြတ် ဖြစ်၍ ဥဿာမင်းက ဆံတော် လှူဒါန်းလိုက် သဖြင့် ထိုဆံတော်ကို ဌာပနာကာ အနော်ရထာက တည်ထားသည်ဟု သိရသည်။ ဘုရား၌ တရားထိုင်ရ သည်မှာ ထူးခြားပါသည်။ အမှန်တကယ် တရားထိုင်သော အင်အားသည် လုံးဝ အားကိုးဖွယ် ဖြစ်ကြောင်း ထိုဘုရား၌ အသိပညာရသည်။ အမှန်ကျင့်ရန် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အောင်မြင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန်လမ်းစ

Share

အောင်မြင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန်လမ်းစ ဘာစိတ်ပေါ်မလဲ – ပေါ်စိတ်တို့သည် အနိစ္စဖြစ်ကြသည်ဟု ကြိုတင်သိနားလည်ထားသည်။ အသိပညာ ရရာရကြောင်း နည်းလမ်းကောင်းထဲတွင် ပေါ်စိတ်ကို အနိစ္စရှုခြင်းသည် ထူးခြား မြင့်မြတ်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ပေါ်စိတ်ကို အနိစ္စရှုသောအခါ ကြာသော် အတွေ့အကြုံရင့်ကျက်လျှက် ပေါ်လာသော စိတ်တို့အား အနိစ္စဟု နားလည်သဘောပေါက်သွားသည်။ ခိုင်ခိုင်မာမာ ယုံကြည်သွားသည်။ ထိုအခါ အတော်အသင့် အတိုင်းအတာထိ ဆိုးဝါးသော လောဘ၊ ဒေါသ၊ မောဟနှင့်ယှဉ်သော စိတ်များသည် အနိစ္စ ဖြစ်လွယ်ကြသည်။ ကျင့်ဖန်များလေ ပိုင်နိုင် ကျွမ်းကျင်လေ ဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဉာဏ်ထွက်နည်း ဉာဏ်တက်နည်း ဉာဏ်ထက်နည်း

Share

ဉာဏ်ထွက်နည်း ဉာဏ်တက်နည်း ဉာဏ်ထက်နည်း သူသူကိုယ်ကိုယ် ဉာဏ်ထက်လိုကြသည်၊ ဉာဏ်တက်လိုကြသည် – သို့သော် နည်းမသိသဖြင့် အယောင်ယောင် အမှားမှား လုပ်တတ်ကြသည်။ စာရေးသူသည် ဉာဏ်ထွက်နည်း ဉာဏ်တက်နည်း ဉာဏ်ထက်နည်းများကို သိသည်။ ဉာဏ်ထက်နည်း၊ ဉာဏ်တက်နည်း ဆိုသည်မှာ မိမိ၏ပေါ်စိတ်အား အပျက်ရှုခြင်းပင် ဖြစ်သည်။ ဤကျင့်စဉ်သည် လွယ်သည်ဟု ယူဆပြီး မကျင့်ဖြစ်ကြ၍သာ ဉာဏ်မထက်ခြင်း၊ ဉာဏ်မတက်ခြင်း၊ ဉာဏ်မထွက်ခြင်းဖြစ်သည်။ အမှန်မှာမူ လွန်စွာကောင်းသော ကျင့်စဉ်ဖြစ်သည်။ သို့သော် အများသူငါသည် မသိကြသေးချေ .. .. .. (သို့) … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -16

Share

မြတ်ပန်းမွှေးလှိုင်ကြူ ရေတံခွန်တောင်လှိုင်ဂူ ဒုတိယည ၁၃၃၉ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၇) ရက် ၁၉၇၇ ခု၊ နိုဝင်ဘာလ (၃) ရက်             ယခုအပတ် ၀ါကျွတ်လျှင်ကျွတ်ခြင်း အဓိဋ္ဌာန်ခရီး ထွက်ခဲ့သည်မှာ သတ္တမမြောက်ညသို့ ရောက်ခဲ့ပေပြီ။ ပထမည၌ စစ်ကိုင်း သာလာယံတန်ဆောင်း၊ ဒုတိယည၌ ဓနုဖြူချောင် အခေါင်ပရမေ ဗိမာန်၊ တတိယည၌ ဓနုဖြူချောင် အာဗ္ဘေကာသိက ဓူတင်၊ စတုထ္ထည၌ ဓနုဖြူချောင် ရုက္ခမူ ဓူတင် အာဗ္ဘောကာသိက ဓူတင်နှင့် ရုက္ခမူ ဓူတင် ဆောင်စဉ်ညများ၌ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အကြားအမြင် အသိအမြင်ကိစ္စဆိုင်ရာ နိဒါန်းတင်ပြချက်

Share

အကြားအမြင် အသိအမြင်ကိစ္စဆိုင်ရာ နိဒါန်းတင်ပြချက်   သစ္စာဝါဒီများ .. .. ကျွန်တော် ဒီကိစ္စကို အကျယ်တ၀င့်တော့ မပြောသေးပါဘူး .. .. အကျဉ်းနဲ့ နိဒါန်းလောက် ပြောပြထားချင်တယ်။ လောကကြီးမှာ သီလ သမာဓိ ပညာနဲ့ ထိုးထွင်းဆင်ခြင် သိမြင်နိုင်တဲ့အရာတွေ ရှိပါတယ်။ ဒီလို ရှိနေပေမယ့် – အကြားအမြင် ယောင်ဝါးတွေက ပြောချင်ရာတွေ လျှောက်ပြောပြီး ဘောက်ချီးတွေဖြစ်နေတော့ လောကကြီးက အကြားအမြင်ဆိုရင်ကို နည်းနည်းစိတ်ပျက်တာပေါ့နော် .. .. ထင်တာတွေ မှန်းတုတ် ရမ်းတုတ် ဖြစ်နေတာကိုး။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ရဲရဲရင့်ရင့်ပြောကြားချက် .. ..

Share

ရဲရဲရင့်ရင့်ပြောကြားချက် .. .. ယောဂီများ – ဗုဒ္ဓဘာသာတိုင်းကတော့ မြတ်စွာဘုရားကို ကြည်ညိုကြတာပါပဲ .. .. ဒါပေမယ့် အလုပ်နဲ့ မကြည်ညိုတတ်ရင် စိတ်မချရတဲ့သဘောလို့ မိမိကတော့ ဒီလိုပဲ ခံယူနားလည် ထားမိပါတယ်။ မိမိတို့ဆိုတာကတော့ သူလို ကိုယ်လို မြတ်စွာဘုရားကို ကြည်ညိုတာပဲ။ ဒါပေမယ့် ကိုယ်က လက်တွေ့ကျင့်တဲ့ အခါကျတော့ မြတ်စွာဘုရားကို အရမ်းကြည်ညို သွားတာပါပဲ။ ကြည်လည်း ကြည်ညိုတတ်တဲ့သဘော ဖြစ်သွားတာပေါ့။ ကိုယ်က ကြည်ညိုတတ်တယ်ဆိုတော့ သူများက မကြည်ညို တတ်ဘူးလိုလို ဘာလိုလို ဖြစ်သွားတာပေါ့လို့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , | 4 Comments

စိတ်ချပါ …

Share

စိတ်ချပါ … သစ္စာရှာမှီးကြသော ယောဂီများအတွက် အထူးရည်ညွှန်းပါတယ် – ယောဂီများ ဗုဒ္ဓဘာသာအရ အသွင်သဏ္ဍန်လောကရဲ့ နောက်ကွယ်မှာ အမှန်သစ္စာတရားရှိပါတယ် — အဲဒီ အမှန်သစ္စာတရားနဲ့ ထိတွေ့နေမှ ချမ်းသာစစ် ချမ်းသာမှန်ကို ရနိုင်မယ်။ ဒီတော့ အပေါ်ယံ အသွင်အပြင် လောကကို မှီခိုရင်တော့ ၀မ်းနည်းဝမ်းသာ ဆိုတာ အလှည့်ကျ ကြုံကြိုက်နေမှာပဲ။ “Life is like a pendulum swinging between tears and laughter.” ဆိုတာလို ၀မ်းနည်းတစ်ခါ ၀မ်းသာတစ်လှည့်ကတော့ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , | Comments Off on စိတ်ချပါ …

ပဋိပတ္တိဆိုင်ရာ ဗဟုသုတ

Share

ပဋိပတ္တိဆိုင်ရာ ဗဟုသုတ ကျွန်တော့် အသိပညာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ဟာ လောကုတ္တရာ သိတာ များပါတယ်။ လောကီကို သိပ်မသိပါဘူး။ အသက်(၇၃)နှစ်ဆိုတော့ ကျွန်တော် ၀ိပဿနာရှုတာ အသက် တစ်ဝက်ကျော်နေပြီ၊ နှစ်ပေါင်း(၄၀)ပေါ့နော် .. .. ဒီတော့ ၀ိပဿနာအကျင့်ပိုင်းက ကျွန်တော်က အတွေ့အကြုံ အရမ်းများပါတယ် .. .. ကျွန်တော့်လောက်များဖို့ဆိုတာ နည်းနည်းတော့ ရှားမယ်နဲ့ တူပါတယ်။ ကျွန်တော်က ဒီဘက် တဖက်သတ်ကို လိုက်ခဲ့တာကိုး .. .. ကျွန်တော်နုပဿနာ လေးမျိုးစလုံးလည်း ရှုတတ်ပါတယ်၊ တရားဝင် … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment