Tag Archives: အနတ္တ

တရားအားထုတ်တယ်ဆိုတာ

တရားအားထုတ်တယ်ဆိုတာ   တရားအားထုတ်တယ်ဆိုတာကို မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း အတိအကျ မိန့်တော်မူတာပါပဲ – ခန္ဓာဥာဏ်ရောက်ဖို့ပဲ၊ နောက်ပြီး ဖြစ်ပျက်မြင်ဖို့၊ ဖြစ်ပျက်မုန်းဖို့၊ ဖြစ်ပျက်ဆုံးဖို့ပဲ။ တကယ်တော့ တရားဆိုတာ ဖြစ်ပျက်ပဲ။ ဖြစ်ပြီးပျက်တာဟာ တရားပဲ။ ဖြစ်နေတယ် မပျက်ဘူးဆိုတာ မတရားလုပ်တာပဲ။ ဒီ (၃၁) ဘုံမှာ ဖြစ်ပြီးပျက်တာပဲ။ ဖြစ်ပြီးပျက်တယ်ဆိုတဲ့ သဘောတရားကို ငါကနေခွဲထွက်ပြီးတော့ ခန္ဓာအပေါ် ဥာဏ်ရောက်ဖို့ အရေးကြီးပါတယ် – ဒါရှင်းပါတယ်။ တစ်ချို့ကလည်း စိတ်နဲ့ နိဗ္ဗာန်သွားချင်ကြတယ်။ ဒါလေးကတော့ လက်လျော့လိုက်ပါ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 31

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု အပိုင်း(၃၁) မမျှော်လင့်ပဲအောင်မြင်မှုရခဲ့သောနည်းတစ်ခု   စာရေးသူ တရားနှလုံးသွင်းသည် ဆိုသည်မှာ စာဖတ်ပရိသတ်ကြီး အသိဖြစ်ပါသည်။ ယခုတင်ပြမည့် နည်းလေးမှာ စာရေးသူကိုယ်တိုင် အထိုက်အလျောက် အောင်မြင်ခဲ့သောကြောင့် အမှတ်တရရှိလျက် တင်ပြဖြစ်ခြင်း ဖြစ်ပါသည်။ စာဖတ်သူတို့လည်း ဒီသဘောကို စောကြော ဆင်ခြင်မိလျှင် ထူးခြားသော အကျိုးပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။ နည်းမှာ လွယ်လွယ်ကလေးနှင့် အောင်မြင်သွားသော နည်းတစ်ခုဖြစ်ပါသည်။ တနည်းအားဖြင့် တရားရှုရာ၌ လွယ်ကူသက်သာ၍ လွန်စွာကောင်းမွန်သော၊ အောင်မြင်ဖူးသော သော့ချက်တစ်ခု ဖြစ်သည်ဟု ဆိုလျှင်ဖြစ်နိုင်ပါသည်။ စာရေးသူသည် တရားရှုရာ၌ တစ်စုံတစ်ယောက်ကို စဉ်းစားမိသည်။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က အခန်း(၂) မြတ်ကွန်းရိပ်ငြိမ်- သစ္စာအိမ် အဆက် – ယခုအခါ ဗောဓိပင်အောက် ဆိုက်ရောက်နေသော စာရေးသူသည် ဗောဓိပင်အောက်၌ တရားထူးခြားမည်ကို ကြိုတင်သိရှိနေကြောင်း ၀န်ခံခဲ့ပြီ။ ဘယ်နည်းဘယ်ပုံ သိသည်ဆိုသည်ကို ရှင်းမပြနိုင်သေးမီ ဘယ်လိုဘယ်လို သိလာသည်ဆိုသည်ကို အနည်းငယ်မျှဖြစ်စေ ကြိုးစားရှင်းပြပါမည်။ စာရေးသူ ဗောဓိပင် အောက်သို့ ခိုလှုံဝင်ရောက်လိုက်သည့်အခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ အားတက်သွားသည်။ နိုးကြားလန်းဆန်းသွားသည်။ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါ ထူးခြားထက်သန်လာသည်။ ထို့နောက် ကျေနပ်သွားသည်။ ထို့နောက် တရားကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါ အောင်မြင်မှုလည်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(31)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(31) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၃၀ ) လောကသားတွေ တရားရိပ်အောက် ခိုကိုးစေချင်ပုံ ငယ်    ကိုနန်းအာင် ခင်ဗျားဘာပြောချင်နေတာလဲ?။ နန်း     ပြောချင်တာတွေ တော်တော်များများ တိုက်ဆိုင်တိုင်း ပြောခဲ့ပြီးပြီးလေဗျာ။ ငယ်    မဟုတ်ဘူးလေဗျာ။ ခင်ဗျား အထူးပြောချင်တာလေးတွေပေါ့။ ဥပမာ- လောကကြီးအပေါ် ခင်ဗျားရဲ့           သဘောထားတို့ ဘာတို့— ။ နန်း     ကျွန်တော်ကတော့ လောကသားတွေကို တရားရိပ်အောက်မှာ Tags: … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(17)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(17) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၆) ထောက်တည်ရာ အခြေအနေ ငယ်    ကိုနန်းအောင် — ဆရာကောင်းကို ချဉ်းကပ်မိလို့ ရရှိတဲ့ ထောက်တည်ရာ အခြေအနေတွေဆိုတာ ပြောပြ ပါဦးဗျ။ နန်း     ဆရာကောင်းကို ချဉ်းကပ်မိတော့ ထောက်တည်ရာရတဲ့သဘောမှာ ကိုယ်ပိုင်ဉာဏ် ထူးခြားလာတာ  ပေါ့ဗျာ။ အကျိုးကျေးဇူး ခံစား စံစားခွင့်ရှိတာတွေကို ခံစားရတဲ့အပြင် မအပ်စပ်တဲ့ အရာတွေအတွက်လည်း မမျှော်လင့်တတ်တော့ဘူးပေါ့ဗျာ။ ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ခိုင်မာပြီး … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ (5b)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5b) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၄ ) ဉာဏ်အကြောင်း (အဆက်) ငယ်    သမထနဲ့ ၀ိပဿနာရဲ့ ကွာဟချက်ကို ပြောပါဦး။ နန်း     ယေဘူယျအားဖြင့် သမထက အခြေခံပေါ့ဗျာ၊ အဖြစ်ကို အဓိကဦးစားပေး အလေးမူရတယ်ပေါ့၊ ၀ိပဿနာ ကျတော့ အပျက်ကို လိုက်ရတာ၊ ဆရာမပါလျှင် အပျက်မဖြစ်ဘဲ အဖြစ်ဘဲ ဖြစ်သွားတတ်တယ်။ ငယ်    ခင်ဗျားရဲ့ အတွေ့အကြုံ ကျင့်ကြံပုံကိုလည်း ရောမွှေပြောပြဗျာ။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စတုမုခဘုရား၌ တရားအားထုတ်ခြင်း

စတုမုခဘုရား၌ တရားအားထုတ်ခြင်း ထီးလိုမင်းလိုနှင့် အနီးတဝိုက်ဟု ဆိုရမည်ဖြစ်သော လမ်း၏မြောက်ဘက် လေပြည်လေညှင်း ကောင်းသည့် စတုမုခဘုရားသို့ သွားရောက်၍ တရားအားထုတ်ကြသည်။ မြတ်စွာဘုရားကို ဦးထိပ်ထား ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါလှူ၍ ဆရာမြတ်ကြီးကို ဦးထိပ်ထားကာ အားထုတ်ရခြင်းဖြစ်သည်။ တရား အားထုတ်ဖန် များသောအခါ ရှုနေကျ ဖြစ်သဖြင့် အလွယ်တစ်ကူ အောင်မြင်မှုကို ရရှိသည်။ ရှုစရာများ တွေ့သမျှ အကုန်ရှုနိုင် သည်။ ယင်းသည် အောင်မြင်ခြင်းပင် ဖြစ်သည်။ ရှုစရာများကို အကုန် မရှုနိုင်သေးသမျှ အောင်မြင် သည်ဟု ပြောဆိုရန် Tags: … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အသင်္ခတဓာတ်ဆိုသည်မှာ

အသင်္ခတဓာတ်ဆိုသည်မှာ အသင်္ခတဓာတ်ဆိုသည်မှာ မပြုပြင် မစီရင်အပ်သော တရားပင် ဖြစ်သည်။ တကယ်တော့မူ (၃၁)ဘုံသည် သင်္ခတဓာတ်များဖြစ်သည်။ (၃၁)ဘုံမှ လွန်ရာ နိဗ္ဗာန်သည် အသင်္ခတဓာတ် ဖြစ်သည်၊ အနုတ္တရဓာတ်လည်း ဖြစ်သည်။ (၃၁)ဘုံသည် ပြုပြင်စီရင် အပ်သော သဘောရှိသည်။ နိဗ္ဗာန်သည် မပြုပြင် မစီရင်အပ်ချေ။ ထို့ကြောင့် နိဗ္ဗာန်နှင့် တူသောအရာ လောက၌  နှိုင်းခိုင်းဖို့ ထပ်တူထပ်မျှ မရှိဟု ဆိုရခြင်း ဖြစ်သည်။ ထပ်တူ ထပ်မျှလည်း မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် လောကသည်၊ (၃၁)ဘုံသည် Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ဆရာမြတ်ကြီး၏အဆုံးအမများ(၂)

ဆရာမြတ်ကြီး၏အဆုံးအမများ(၂) ဆရာမြတ်ကြီး ဆုံးမတော်မူသော အဆုံးအမများထဲတွင် “ပိုင်းခြားခြင်း” ဟူသော စကားလုံး၏ အဓိပ္ပာယ်သည် လွန်စွာစိတ်ဝင်စားဖွယ် ကောင်းခဲ့သည်။ ပိုင်းခြားခြင်းကို ပါဠိဘာသာအားဖြင့် ပရိ`ညာတဗ္ဗကိစ္စဟု မူရင်းအဓိပ္ပာယ် ဖော်ဆောင်ခဲ့သည်။ ပိုင်းခြားရာ၌ အတ္တအခံရှိလျှင် ပိုင်းခြား၍ မရနိုင်ချေ။ အတ္တကို အတ္တနှင့် ပိုင်းခြား၍ မရနိုင်ချေ။ အတ္တကို အနတ္တဖြင့်သာလျှင် ပိုင်းခြားနိုင်သည်။ ထို့ကြောင့် ရုပ်နာမ်အတ္တကို ပိုင်းခြားသောအခါ အရိယာဉာဏ်ဖြင့် ပိုင်းခြားခြင်းသည်သာလျှင် စစ်မှန်သော ပိုင်းခြားခြင်း ဖြစ်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော အရိယာဉာဏ်သည် မိမိရုပ်နာမ်အား Tags: Buddhism, Myanmar … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -16

ပျံ့မွှန်းမွှေးလှိုင်ကြူ   ကိုယ်ကျိုးစွန့်လွှတ်မှု             သစ္စာတရားကို ရှာဖွေမြတ်နိုးကြသူတိုင်း ထိုက်တန်သမျှတော့ ကိုယ်ကျိုးစွန့်လွှတ်ကြရလေ့ ရှိပေသည်။ သစ္စာတရားရရာရကြောင်း နည်းလမ်းကောင်းများကို ရှာကြံဆည်းပူးရင်း အတ္တကိုယ်ကျိုး မငဲ့ကွက်ဘဲ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စေတနာ ဖြူဖြူစင်စင်ထားခြင်း မေတ္တာသန့်စင်ခြင်း သဘောထား ပြည့်ဝခြင်း၊ တပါးသူအကျိုးကို လိုလားခြင်း၊ စသည်တို့ကို မွေးမြူရသည်သာဖြစ်သည်။ တရားလိုချင်ပါလျက် အတ္တကိုယ်ကျိုး ငဲ့ကွက်လွန်းနေ၍ မဖြစ်နိုင်ပေ။ တဏှာ လောဘ တတ်နိုင်သမျှ ချိုးနှိမ်ရပါလိမ့်မည်။             သာယာမှုကို တပ်မက်နေ၍ မဖြစ်နိုင်ပါ။ အတ္တာနုဝါဒီ အဖြစ်မှ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -11

ပျံ့မွှန်းမွှေးလှိုင်ကြူ   မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်ဆောက်နည်း   ဤလောက၌ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်ဆောက်နည်းသည် ပညာဉာဏ်အပါဆုံး ဖြစ်သည်။ သာမန်ယောဂီများ ဤနည်းကို စံနစ်တကျ မသိကြရချေ။ ဤနည်းမှာ ဆရာကောင်း ဆရာမြတ်က ဦးဆောင်၍ တပည့်ယောဂီကို မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိပိုင်နိုင်အောင် ကြံဆောင်ရသည်။ ရှေးဦးစွာ တပည့်ယောဂီအား လူဟူ၍၎င်း၊ သတ္တ၀ါ၊ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမဟု ယူဆရန် ဝေလာဝေး။ မိမိရုပ် နာမ်ကို `ဒုက္ခ´ ဟု ဉာဏ်ပညာပါပါ နားလည်အောင် ဟောပြရသည်။ ရုပ်နာမ်ကို … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -34

မြတ်ပန်းမွှေးလှိုင်ကြူ ဤလှိုဏ်ဂူသည် မိမိ၏ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ရင့်ကျက်မွန်မြတ်အောင် အထောက်အကူ ပြုခဲ့ပါ၏။ ဤတောတောင်သည် မြတ်သောမနော လိုက်လျှောညီထွေ ကျင့်တတ်စေပြီ။ ဤတောတောင်သည် ကိလေသာဖြင့် မြူဆွယ်ခြင်းမရှိ၊ ညှို့ခေါ်ခြင်းမရှိ၊ ရှင်း၏။ စင်း၏။ ရိုး၏။ တည်ငြိမ်ခန့်ညား ခမ်းနားထယ်ဝါ၏။ ခိုင်မာ၏။ လေးနက်၏။ အင်အားကောင်း၏။ လုပ်ကြံဖန်တီးမှု ဘာတစ်ခုမျှမရှိ။ ပရိယာယ်ေ၀၀ုတ် ကင်း၏။ အလိုလောဘ ဆိတ်သုဉ်း၏။ ငြိမ်ဆိမ်၏။ ငြိမ်း၏။ မိမိ ပကတိ အရှိသဘောအား စောကြောသူကို မနော်ဖြူဖြူ သဘောတူ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -30

မြတ်ပန်းမွှေးလှိုင်ကြူ မြတ်ဗုဒ္ဓ၏ သိပ္ပံနည်းကျ သစ္စာဝါဒ တက္ကသိုလ် အသိုင်းအ၀ိုင်းတွင် (၁၉) နှစ်တိတိ ကျင်လည်ကျက်စားလျက် စိတ္တဗေဒနှင့် ဒဿနိကဗေဒ ပညာရပ်များကို အတွင်းကျကျ လေ့လာခဲ့ကြရာမှ သိပ္ပံနည်းပညာအကြာင်းကို တစွန်းတစ သိရှိနားလည်ခွင့် ရရှိခဲ့ပေပြီ။ သိပ္ပံနည်းပညာ၌ ယုတ္တိနည်းကျ အစီအစဉ်ရှိခြင်း၊ (Systematization)  စံနစ်တကျ ဖွဲ့စည်းတည် (Logical arrangement) ဆောက်ထားခြင်း၊ မှားသည်မှန်သည်ဟု အဆုံးအဖြတ်ပေးသည်ကို ခံယူနိုင်စွမ်းရှိသော အဆိုပြုချက်များ ပါဝင်နိုင်ခြင်း၊ (propositions which can be judged whether true or … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -37

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၁၀) သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ (ဈ) အနတ္တဉာဏ် အမြင်ကြောင့် ရုပ်နာမ်ဒုက္ခ သက်သာရာရပုံ ရုပ်နာမ်တစ်ခု ဆင်းရဲခြင်း ချမ်းသာခြင်း ဆိုသည်မှာ ရုပ်နာမ်၏ကိလေသာ ထုထည်ပမာဏ အနည်းအများ ပေါ်တွင် မူတည်သည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာထုထည် ကြီးမားသိပ်သည်း နေလေလေ ထိုရုပ်နာမ်သည် ဆင်းရဲခြင်း အပူမီးကို ပြင်းပြင်းထန်ထန် ခံစားရ လေလေဖြစ်သည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာအား ခေါင်းပါးလျော့နည်းလေလေ ချမ်းသာမှုကို နှစ်နှစ်ကာကာ ခံစားရလေလေဖြစ်သည်။ ထို့ကြောင့် ရုပ်နာမ်တစ်ခု ချမ်းသာခြင်း ဆင်းရဲခြင်းသည် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဉာဏ်ပန်းမွှေးလှိုင်ကြူ -35

ဉာဏ်ပန်းမွှေးလှိုင်ကြူ အခန်း (၁၀) သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ   (ဆ) အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်             အ၀ိဇ္ဇာ တဏှာ မကုန်သေးသမျှ ကာလပတ်လုံး ရုပ်နာမ်ရှိသူတို့သည် ဒုက္ခတရားများ ဖြစ်ပေါ် နေကြဦးမည်ဖြစ်သည်။ အတိတ်ဘ၀ ဘ၀များစွာက သံသရာ ကျင်လည်ခဲ့ရစဉ် `အယောနိသော မနသီကာယ´ ခေါ် နှလုံးသွင်းမှားမှုကြောင့် ဒုက္ခတရားကလေးများ ဖြစ်ပေါ်နေကြရသည်။ တနည်းအားဖြင့် အ၀ိဇ္ဇာ တဏှာ၏ လွှမ်းမိုးမှုဒဏ် ခံရသဖြင့် ဒုက္ခဖြစ်နေကြရခြင်း ဖြစ်သည်။ အ၀ိဇ္ဇာဆိုသည်မှာ အမှန်ကို မသိခြင်းဖြစ်၍ တဏှာဆိုသည်မှာ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment