Tag Archives: ဟဒယ

သိကြားပုန်းဘုရား၌ တရားအားထုတ်ခြင်း

သိကြားပုန်းဘုရား၌ တရားအားထုတ်ခြင်း စာရေးသူတို့်သည် ကွမ်းထမ်းမင်းရာဇာနှင့် သိကြားဟစ် ဘုရားများ၌ တရားအားထုတ်ပြီးနောက် သိကြားပုန်း ဘုရားကိုမူ ယခုအချိန်ကျမှ လာရောက်၍ တရားအားထုတ်ဖြစ်သည်။ အခါအားလျော်စွာ သတင်း အသစ်အဆန်းများ ရတတ်သည်။ အမှန်ဝန်ခံရလျှင်မူ စာရေးသူသည် ကျောင်းသားဘ၀က ကွမ်းဆော်ကြောင်းဖြူ မင်းတရားကြီးမှာ အနော်ရထာမင်းကြီး၏ ခမည်းတော်မှန်း မသိခဲ့ချေ။ မိမိသည် သမိုင်းကို သိပ်မလေ့လာမိချေ။ ပုဂံမြို့ကိုရောက်မှ ကွမ်းဆော်ကြောင်းဖြူ မင်းတရားကြီးသည် အနော်ရထာမင်းကြီး၏ ဖခမည်းတော်မှန်း သိရခဲ့သည်။ ကွမ်းဆော်ကြောင်းဖြူ မင်းတရားကြီးသည် ဘုန်းကံကြီးမားသည် ဆိုသည်ကို ကွမ်းဆော်ကြောင်းဖြူ၊ ကွမ်းထမ်းမင်းရာဇာ ဘုရား၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

နဂါးရုံဘုရား၌ တရားအားထုတ်ခြင်း

နဂါးရုံဘုရား၌ တရားအားထုတ်ခြင်း စာရေးသူ ကျောက်စကားဘုရား၌ တရားအားထုတ်စဉ်က ပြောသကဲ့သို့ပင် ထူးထူးခြားခြား ဘုရားများတွင် တကူးတကန့် တရားအားထုတ်သောအခါ ကုသိုလ်အထူးရသည် ဟုတော့မူ ၀န်ခံချက် ပြောရမည်သာ ဖြစ်သည်။ ကိုယ့်အိမ်၊ ကိုယ့်ရာ၊ ကိုယ့်ဌာန၊ ကိုယ့်အိပ်ရာပေါ်၌ တရားအားထုတ်သောအခါ ကရိကထ လွန်စွာမများချေ၊ အစစအရာရာ အဆင်ပြေသည်ဟု ဆိုရပေမည်။ သို့သော် တရားကတော့မူ အလျဉ်းးသင့် သလို အားထုတ်ရမည်သာ ဖြစ်သည်။ ယခုကဲ့သို့ တကူးတကန့် လာရောက် တရား အားထုတ်သော အခါ၌မူ အာရုံများ အထူး ကောင်းခွင့်ရှိသည်။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ပြဿဒ်ကြီးဘုရား၌ တရားအားထုတ်ခြင်း

ပြဿဒ်ကြီးဘုရား၌ တရားအားထုတ်ခြင်း စောစောပိုင်းက ပြဿဒ်ကြီး ဘုရား၌ တရားအားထုတ်ခြင်းကို မှတ်တမ်းပြုခဲ့ဖူးသည်။ ယခုအခါ ပြန်လည် ရောက်ရှိသဖြင့် တရားအားထုတ်ကြသည်။ တရားအားထုတ်သောအခါ ဟဒယသည် ကြည်သည်၊ ယင်းမှာ ဓမ္မတာ သဘာဝပင်ဖြစ်သည်။ ပစ်ထားသော အညစ်အကြေးနှင့် ယှဉ်သည့် ဟဒယအား အနိစ္စရှု၍ ဆေးကြောလိုက်သောအခါ ဟဒယသည် ကြည်လာသည်။ ထိုအခါ ကြည်ခြင်းမှတဆင့် အခါအားလျော်စွာ အာရုံများ ပေါ်တတ်သည်။ ယောဂီများသည် ထိုအာရုံများကို နှိုင်းနှိုင်းချိန်ချိန် သုခမိန်သို့ ပညိနြေ္ဒ သိမ်မွေ့စေ ဆိုသည့်အတိုင်း နှိုင်းချိန်နိုင်ရမည်။ ငါမြင်သည်၊ ငါသိသည်၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဓမ္မရံကြီးဘုရား၌တရားအားထုတ်ခြင်း

ဓမ္မရံကြီးဘုရား၌တရားအားထုတ်ခြင်း စာရေးသူတို့သည် ဓမ္မရံကြီးဘုရားကို နောက်ကျမှရောက်သည်ဟု ဆိုနိုင်သည်။ ပုဂံမြို့ပေါ်ရှိ ဘုရား တော်တော်များများ တရားအားထုတ်ပြီးမှ ရောက်ကြသည်။ ထုမှာဓမ္မရံ ဟု အဆိုရှိသည့်အတိုင်း ဓမ္မရံကြီး သည် လွန်စွာမှ ကြီးမား၍ ထုထည်ခိုင်ခန့်သည်။ မြတ်စွာဘုရား၏ စေတီတော် ပုထိုးတော်တို့အား ထူးထူးခြားခြားနှင့် အားရပါးရ စနစ်တကျ သိုသိုသိပ်သိပ် တည်ဆောက်လိုသဖြင့် စနစ်တကျ တည်ဆောက် သည်ဟု ဓမ္မရံကြီးသည် လွန်စွာ နာမည်ကြီးသည်။ ညအခါ မီးပူဇော်မှုများ ရှိသော်လည်း ဘုရားကြီးက ကြီးမားသဖြင့် မီးရောင် မပြည့်စုံဟု ဆိုနိုင်သည်။ … Continue reading

Posted in Buddhism | Tagged , , , , | 1 Comment

ပုပ္ပါးတောင်ကလပ်၌တရားအားထုတ်ခြင်း

ပုပ္ပါးတောင်ကလပ်၌တရားအားထုတ်ခြင်း ယခုတလော စာရေးသူသည် ခရီးသွားနေသည်ဟု ဆိုရမည်။ ပုပ္ပါးကိုရောက်သောအခါ ဦးပြည့်စုံကို သတိရသည်။ ဦးပြည့်စုံကို ခင်ပါသည်။ တရားသဘောများလည်း  ဆွေးနွေးကူညီဖူးသည်။ ပုပ္ပါးသည် တစ်ချိန်က လောကီဒေသဟု သတ်မှတ်ကြခြင်းကို ခံရသည်။ သို့သော် အမှန်မှာမူ လောကုတ္တရာ အားထုတ်သော ပုဂ္ဂိုလ်များ ရှိခဲ့ဖူးပါသည်။ ပုပ္ပါးတောင်၌ ၀ိပဿနာတရား အားထုတ်သော ပုဂ္ဂိုလ်များ ရှိခဲ့ဖူးပါသည်။ သူတော်ကောင်းများ တရားအားထုတ်ခဲ့ဖူးပါသည်။ မိမိသည်  ပုပ္ပါးဦးပြည့်စုံ၏ ဗိမ္မာန်၌ထိုင်ကာ တရားအားထုတ်သည်။ မြတ်စွာဘုရား ဦးထိပ်ထား၍ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးလှူသည်၊ ဆရာမြတ်ကြီးကို ဦးထိပ်ထားသည်။ … Continue reading

Posted in Buddhism | Tagged , , , , , | 1 Comment

ဗူးဘုရား၌တရားထိုင်ခြင်း (ဒုတိယအကြိမ်)

ဗူးဘုရား၌တရားထိုင်ခြင်း ဗူးဘုရားသည် ညအချိန် တရားထိုင်၍ ကောင်းသည်။ နေ့အချိန်တော့မူ ပူနိုင်သည်။ ယခုအခါ ဒုတိယအကြိမ်မြောက် တရားထိုင်ဖြစ်ခြင်း ဖြစ်သည်။ ရေတိုးသော ရာသီဖြစ်၍ လေတဟူးဟူး တိုက်သည်။ တစ်ဖက်ကမ်း တန့်ကြည်တောင် ဘက်မှာလည်း မီးရောင်ထိန်ထိန် လင်း၍ လွန်စွာမှ ကြည်နူးသာယာ ဖွယ်ရာရှိသည်။ ဧရာဝတီမြစ်ကြီးကို ဖြတ်၍ ရှုခင်းကောင်းများကိုလည်း ရှုစားနိုင်သည်။ ဤနေရာ၌ မကွေး မြသလွန်နှင့် မင်းဘူး စက္ကိန်းတဲဘုရားတို့ ကဲ့သို့ အခြေအနေကို နှိုင်းယှဉ်နိုင် လိမ့်မည်ဟု ယူဆသည်။ ဧရာဝတီမြစ် ကြားခံ၍ ဟိုဘက်ဒီဘက် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အလိုတော်ပြည့်ဘုရား၌ဒုတိယအကြိမ် တရားအားထုတ်ခြင်း

အလိုတော်ပြည့်ဘုရား၌ဒုတိယအကြိမ် တရားအားထုတ်ခြင်း စာရေးသူတို့သည် ပုဂံမြို့ပေါ်ရှိ ဘုရားများအား အကျင့် ပဋိပတ္တိတရားဖြင့် ပူဇော်လေ့ရှိရာ ယခုအခါ ဘုရားပေါင်း (၂၀)၀န်းကျင်လောက် ရှိနေပြီ။ ဘုရားသုံးလေးဆူမှာတော့ တစ်ကြိမ်မက နှစ်ကြိမ်၊ သုံးကြိမ် ထိုင်ခဲ့ဖူးပါသည်။ ယခု အလိုတော်ပြည့်မှာ ဒုတိယအကြိမ် တရားအားထုတ်ခြင်း ဖြစ်ပါသည်။ ရင်ပြင်တွင် လေကလေးကလည်း တဟူးဟူး၊ ဘုရားမီး ပူဇော်ထားသည်မှာလည်း ထိန်ထိန်လင်းသဖြင့် နေရာကောင်း လေးအဖြစ် ရွေးချယ်၍ တရားအားထုတ်ဖြစ်ခြင်း ဖြစ်သည်။ တရားအားထုတ်သည် ဆိုလျှင်ပင် ပထမအကြိမ်က အလိုတော်ပြည့်ဆိုသော ဘွဲ့တော်ကို သတိရကာ အလိုများ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ထီးလိုမင်းလိုဘုရား၌တရားအားထုတ်ခြင်း

ထီးလိုမင်းလိုဘုရား၌တရားအားထုတ်ခြင်း စာရေးသူတို့သည် ပုဂံမြို့ပေါ်ရှိ ဘုရားများ၌ တရားအားထုတ်ရာ ဘုရား (၁၄)ဆူ၊ (၁၅)ဆူလောက် ရှိခဲ့ပြီ ဖြစ်သည်။ တရားအားထုတ်ရသည်မှာ  သူ့ပတ်ဝန်းကျင်နှင့်သူ တစ်မျိုးစီ ဖြစ်သော်လည်း ယေဘုယျ အားဖြင့်တော့ တရားအားထုတ်လို့ ကောင်းပါသည်၊ အောင်မြင်မှုလည်း ရပါသည်။ ထီးလိုမင်းလိုဘုရား၌ တရားအားထုတ်သောအခါ ဘုရားမီး ပူဇော်ထားသည်ကလည်း လင်းရှင်း နေသည်။ ဈေးဆိုင်များကလည်း တစ်ချို့ပင် ပိတ်၍ တစ်ချို့က မပိတ်သေးချေ။ ဘုရားဂေါပက လူကြီးများလည်း ရှိသေးသည်ဖြစ်ရာ တစ်မျိုးတစ်ဖုံတော့ ကြည်နူးစရာ အားရှိစရာ ဖြစ်သည်ဟု Tags: Buddhism, … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အလိုတော်ပြည့်ဘုရား၌တရားအားထုတ်ခြင်း

အလိုတော်ပြည့်ဘုရား၌တရားအားထုတ်ခြင်း  အလိုတော်ပြည့်ဘုရားကို မကြာခဏ ဖြတ်သွားဖြတ်လာ ကြည်ညိုပူဇော် ခဲ့ဖူးသော်လည်း ယနေ့ညမှ တရားထိုင်ဖြစ်သည်။ ယနေ့သည် ရာသီဥတု အခြေအနေကလည်း ကောင်းသည်၊ မိုးလည်းမရွာပါ၊ အိုက်စပ်မှုလည်း မရှိမူ၍ လေကလေးတဖြူးဖြူး၊ ညလရောင် မီးအလင်းရောင်တို့နှင့် ရင်ပြင်တော်ဘက်မှာ တရားအားထုတ်ရသည်မှာ ကောင်းပါသည်။ မိမိ မကြာခဏပြောသလို “တရားအားထုတ်သည် ဆိုသည်မှာ အကြွေးရှင်းခြင်းပင် ဖြစ်သည်ဟုဆိုလျှင် ရသည်” ဟု ပြောခဲ့ဖူးပါသည်။ အကြွေးရှင်းသည် ဆိုသည်မှာ နှလုံးသွင်းမှားသည့် ကိစ္စများသည် ဟဒယ၌ အရိပ်ပမာ ထင်ဟပ်ရာ၊ ယင်းအရိပ်များကို အနိစ္စရှုရခြင်း ဖြစ်သည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဆင်များရှင်ဘုရား၌တရားအားထုတ်ခြင်း

ဆင်များရှင်ဘုရား၌တရားအားထုတ်ခြင်း ပုဂံမြို့ ဘုရားများ၌ တရားများ အားထုတ်လျှက်ရှိရာ ယခုအခါ အတော်အသင့်တော့ နှံ့စပ်နေပြီ။ ယခုအခါ အားလုံးသိကြသည့်အတိုင်း လက်ညိုးထိုးရာမလွဲ စေတီပုထိုးများရှိရာ ပြည့်စုံ ပြီးစီးသွားပြီဟု မယူဆနိုင်ချေ။ သို့သော် ဆင်များရှင် ဘုရား၌ တရားအားထုတ် ဖြစ်ခဲ့သည်။ မိမိသည် ခါတိုင်းအချိန် လာသောအခါ ဆင်များရှင်ဘုရား၌ မီးများ ပူဇော်သည်ဟု မှတ်မိသည်။ သို့သော် လက်တွေ့ တရားလာ အားထုတ်သောအခါ မီးများမရှိပါ။ မိမိရောက်သည်မှာ နောက်ကျသောကြောင့် ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မည်။ အကျိုးအကြောင်း အပြည့်အစုံတော့ မသိပါ။ သို့သော် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် – 2

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် –2 စာရေးသူသည် အမရပူရမှ ရန်ကုန်ပြောင်းပြီး ပုဂံရောက်လာသည်ကို ပရိတ်သတ်အချို့ သိကြသည်။ ပုဂံရောက်ခြင်း၏ အဓိပ္ပာယ်ကို ပုဂံမြို့ပေါ်ရှိ ဘုရားများ၌ တရားအားထုတ်သောအခါ ပို၍ နားလည်လာသည်။ အမှန်တော့မူ စာရေးသူအတွက် ပြောရမည်ဆိုလျှင် ပုဂံသည် စာရေးသူအတွက် အောင်မြေဖြစ်သည်။ အောင်မြင်ခြင်း နယ်မြေဖြစ်သည်။ တရားဘာဝနာများ အားထုတ်၍ တရားအရသာတွေ့သော ဌာနကောင်း ဌာနမွန် ဖြစ်သည်။ ယခုအခါ ဆက်လက်၍ တရားအားထုတ်နေသည် .. .. ၀န်ခံလိုသည်မှာ နေရာ တစ်ခုနှင့်တစ်ခု … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်းအဆက် — စိမ်းညက်ညီအစ်မ ဘုရား၌ တရားထိုင်ခြင်းဆိုင်ရာ အတွေ့အကြုံ ဆောင်းပါးကို ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။ တိတ်ဆိတ်သော နေရာကို နေလို့ကောင်းသည်ဟု တရားသမားများက မပြောအပ်ဟု ပညတ်ချက် ရှိသည် ဆိုသည်မှာ တိတ်ဆိတ်သောနေရာ၌ ပျော်ခြင်းသည် သူတော်ကောင်းတို့၏ စရိုက်ဖြစ်၍ မိမိကို သူတော်ကောင်းထင်ရန် ပြောဟောသော သဘောဖြစ်မည်ကို စိုး၍ ပညတ်ခဲ့ခြင်း ဖြစ်သည်ဟု မိမိနားလည် သည်။ တိတ်ဆိတ်ခြင်းကို ရိုးရိုးသားသားကြိုက်လျှင် ကြိုက်မိသည်ဟု ပြောသည်မှာ သဘာဝကျပေလိမ့်မည်။ သို့သော် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စိမ်းညက်ညီအစ်မဘုရား၌ဒုတိယအကြိမ်တရားအားထုတ်ခြင်း

စိမ်းညက်ညီအစ်မဘုရား၌ဒုတိယအကြိမ်တရားအားထုတ်ခြင်း စာရေးသူသည် ပုဂံမြို့ပေါ်ရှိ ဘုရားများတွင် တစ်ကြိမ် တစ်ခါ အများအားဖြင့် တရားအားထုတ် လေ့ရှိပါသည်။ သို့သော် စိမ်းညက်ညီအစ်မဘုရား၌ နှစ်ညဆက်တိုက် အားထုတ်မိသည်။ ကြိုတင်လည်း သတ်မှတ်ထား သည်။ အခါအားလျှော်စွာ စာရေးသူသည် ပံ့သကူဖြင့် တရားအားထုတ်လေ့ ရှိသည်။ ကြိုတင်၍ သတ်မှတ်ခဲ သည်။ ယခုအခါ စိမ်းညက်ညီအစ်မ ဘုရားတွင် ဆက်လက် အားထုတ်ဦးမည်ဟု ကြိုတင် သတ်မှတ်ခဲ့သည်။ Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, ဟဒယ, မြတ်စွာဘုရား

Posted in Buddhism | Tagged , , , , | Comments Off on စိမ်းညက်ညီအစ်မဘုရား၌ဒုတိယအကြိမ်တရားအားထုတ်ခြင်း

စိမ်းညက်ညီမဂူဘုရား၌ တရားအားထုတ်ခြင်း

စိမ်းညက်ညီမဂူဘုရား၌ တရားအားထုတ်ခြင်း စာရေးသူသည် ငယ်စဉ်က အမည်နာမများအပေါ် ဟာ့(ထ်) ထိသည်ဟု ဆိုရမည်ကဲ့သို့ ခံစားဖူးသည်။ ဥပမာ — မြစ်ဝကျွန်းပေါ် ဘိုကလေး သွားတုန်းက “ကျွန်းညိုကြီး” ဟု  ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ တစ်စုံတစ်ခုကို စိတ်ကူးမိသည်။ ဟာ – “ကျွန်းညိုကြီး” တဲ့ စိတ်ဝင်စားစရာ သိုက်တွေဘာတွေများ ရှိမလားပေါ့၊ ရေငန်ပိုင် ဦးရှင်ကြီးကလည်းရှိသေးတယ်  .. .. အဲဒီလို ခံစားခဲ့မိဖူးသည်။ ထို့နောက် “မိန်းမလှကျွန်း” ဆို ပိုပြီးထိရောက်သည်။ ဟာ့(ထ်) ထိသည် ဟုဆိုရမည်၊ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

စိုးမင်းကြီးဘုရား၌တရားအားထုတ်ခြင်း

စိုးမင်းကြီးဘုရား၌တရားအားထုတ်ခြင်း စိုးမင်းကြီးဘုရားသည် ပုဂံမြို့သစ်နှင့် မြို့ဟောင်း လမ်းပေါ်တွင် ရှိသည်။ လမ်း၏ အနောက်ဖက် ဧရာဝတီမြစ် ဖက်၌ ရှိသည်။ ကုန်းဂမူလေး ဖြစ်၍ လေတစ်ဖြူးဖြူး တိုက်သည်။ စိုးမင်းကြီးဘုရားနှင့် စိုးမင်းကြီးကျောင်း တွဲလျှက်ရှိရာ စိုးမင်းကြီးကျောင်းသည် တရားထိုင်၍ ကောင်းသည်ဟု ယူဆကာ စိုးမင်းကြီးကျောင်း၌ တရားထိုင်လိုက်ခြင်း ဖြစ်သည်။ ဟဒယစိုက်လိုက်သည်၊ ပေါ်စိတ်ကလေးများအား အနိစ္စလက္ခဏာ တင်လိုက်သည်။ အော်…ရဟန်းသံဃာများ ပင်လျှင် ဤအကျင့် ကျင့်နေကြပြီ ဖြစ်ရာ မိမိလူသားတစ်ယောက် အနေနှင့် ကျင့်သည်မှာ ကောင်းသည်ဟု ခံစားနားလည်မိသည်။ စိတ်များသည် … Continue reading

Posted in Buddhism | Tagged , , | Leave a comment