Tag Archives: သူတော်ကောင်း

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ -02

အပိုင်း (၂) ကျွန်တော်က ကံကောင်းတယ်လို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ရတနာမြတ်သုံးပါးကို ကျွန်တော်က ကြည်ညိုတယ်၊ ကြည်ညိုတဲ့အခါကျ ကြည်ညိုတဲ့ အကျိုးအမြတ်တွေကို တစ်ဝကြီးရတယ်။ ကျွန်တော်က တစ်ဝကြီးကိုရတဲ့သဘောပါပဲ၊ အရမ်းကံကောင်းပါတယ်။ ကျွန်တော်အခုဆိုရင် ကျန်းမာရေးကလည်း အဆိုးပါဘူး၊ အသက်ကလည်း (၇၈) နှစ်။ နောက်အစစအရာရာကလည်း ရှင်သန်ဖို့ရာအတွက် ကျွန်တော်အဆင်ပြေပါတယ်။ ငွေရေးကြေးရေးလည်း Tags: Buddhism, Myanmar Posts, ဆရာမြတ်ကြီး, တရား, ဗုဒ္ဓဘာသာ, သူတော်ကောင်း, မြတ်စွာဘုရား

Posted in Frontpage | Tagged , , , , , , | Leave a comment

သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းမကျတဲ့ခံယူချက်

သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းမကျတဲ့ခံယူချက် နိဗ္ဗာန်ကြီးဟာ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်အဆုံးပါပဲ။ အဆုံးရောက်တော့ ဒုက္ခငြိမ်းတာပေါ့။ ဒီနေရာမှာ စကားမစပ် ပြောရဦးမယ်၊ သိပ္ပံက အဆုံးမရှိချင်ဘူး။ သိပ္ပံက ဆုံးသွားမှာကို စိုးတယ်။ သူတို့ခံယူထားက  — “—- it is better to travel hopefully than to arrive..” “—- we reached the end of the line, the human spirit would shrivel and … Continue reading

Posted in Buddhism & Science | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(18)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(18) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း (၁၇) လက္ခဏာရေးအကြောင်း ငယ်    ကိုနန်းအောင် — ခင်ဗျား ဟိုနေ့က လက္ခဏာရေးအကြောင်းတွေ ပြောတယ်။ ဒီနေ့သစ္စာအကြောင်း ပြောပြဗျာ။ နန်း     သစ္စာလား — သစ္စာကတော့ အကြောင်းအကျိုးဘဲလေ။ ငယ်    ဘယ်လိုအကြောင်းအကျိုးလဲ ? နန်း     သမုဒယသစ္စာ  အကြောင်း ဒုက္ခသစ္စာ       အကျိုး မဂ္ဂသစ္စာ        အကြောင်း နိရောဓသစ္စာ   အကျိုး — ဒီလိုပေါ့ဗျာ။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည် ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာကို အမြတ်တနိုး တန်ဖိုးထားကြသည်။ ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ကို အထူးမြတ်နိုးတန်ဖိုးထား၍ ရောက်လိုကြသည်။ အားလုံးသော ဗုဒ္ဓဘာသာဝင်တို့သည် ”နိဗ္ဗာန်ရောက်ရပါလို၏” ဟူ၍ဆုတောင်းကြသည်။ နိဗ္ဗာန်သည်ကား ဗုဒ္ဓဘာသာတို့၏ ပန်းတိုင် အဆုံးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ထိုပန်းတိုင် အဆုံးကိုသာ ဆုတောင်းသည်။ ယခုအခါ ”သောတာပန်ကို ဆုတောင်းပါ” ဟူ၍ ကြားပေါက်ကြီး အသံထွက်နေသည်မှာ များစွာ အံ့သြဖွယ်ရာကောင်းသည်။ ဗုဒ္ဓဘာသာကို ကိုးလိုးကန့်လန့်စိတ်ကူးစေသကဲ့သို့ လမ်းလွဲကို တိုက်တွန်းဟန်ပေါက်နေသည်။ အမှန်မှာမူ ဆုတောင်းလျှင်မူ နိဗ္ဗာန်ကိုသာ ဆုတောင်းရမည်။ … Continue reading

Posted in Buddhism | Tagged , , , | Comments Off on ဗုဒ္ဓဘာသာဝင်တိုင်းသည် နိဗ္ဗာန်ကိုသာ ဆုတောင်းသည်

မြတ်ပန်းမွှေးလှိုင်ကြူ -22

မြတ်ပန်းမွှေးလှိုင်ကြူ ခိုနန်းရေယာဉ် လှိုင်ဂူမြတ်သို့ချဉ်းကပ်မိခြင်း   ရေတံခွန်တောင်မှ ခိုနန်းရေယာဉ်သို့ လာခဲ့ရာတွင် စုစုပေါင်း (၁၁) နာရီကြာသည်။ ရေတံခွန်တောင်မှ နံနက် (၃း၃၀) နာရီတွင် ထွက်လာကြရာ ခိုနန်းရေယာဉ်ဂူသို့ ညနေ (၂း၃၀) နာရီတွင် ရောက်သည်။ ရေတံခွန်မှ ကျောက်မီးသို့ လှည်းနှင့်၎င်း၊ ကျောက်မီးမှ ကျော်ချောသို့ ဘက်စ်ကားနှင့်၎င်း၊ ကျောက်ချောမှ ကျွက်နဖားသို့ ခြေလျှင်နှင့်၎င်း၊ ကျွက်နဖားမှ မကျီးအင်းသို့ မော်တော်နှင့်၎င်း၊ မကျီးအင်းမှ ခိုနန်းရေယာဉ်သို့ ခြေလျှင်၎င်း၊ အဆင့်ဆင့် အတန်တန် လာခဲ့ရသည်။ ဆွမ်းကို ကျွက်နဖားရွာမှ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

သိပ္ပံပညာရှင်တွေဟာ လူအ,တွေပါ .. ..

သိပ္ပံပညာရှင်တွေဟာ လူအ,တွေပါ .. .. သိပ္ပံပညာရှင်တွေဟာ လူအ,တွေပါ .. .. ကျွန်တော် ဒီစကားကို သိပ်တော့ မပြောချင်ပါဘူး .. .. ဒါပေမယ့် စာဖတ်ပရိသတ်ကြီးအတွက် ပြောပေးဖို့လိုလို့ ပြောရခြင်း ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ သိပ္ပံပညာလိုင်းမှာပဲ တော်ကြတာ၊ တကယ့် လူ့အသိပညာရဲ့ အထွတ်အထိပ်ပိုင်းမှာကျ လူအတွေပဲ .. ..   ကျွန်တော်တင်ပြပါမယ် – မက်(စ)ဘွန်း (Max Born) ဟာ Decidability – ဆုံးဖြတ်ချက် ချရဲရမယ်။ ဒီစကားလုံးကို … Continue reading

Posted in Buddhism & Science | Tagged , , , , , , | Leave a comment

နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် .. ..

နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် .. .. နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာက ရောက်ပါတယ်။ ကိုယ်ကသွားချင်ဖို့ပဲလိုတာ။ ယောဂီတစ်ချို့က နိဗ္ဗာန်ကို အဝေးကြီးလို့ထင်ကြတယ်။ အဲဒါမှားတယ်။ နိဗ္ဗာန်ဆိုတာ အဝေးကြီးလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို ကာလဌာနကို မရှိတာ။ ဒီတော့ ဝေးတယ်လို့ ပြောလို့မရဘူး။ ကိုယ်သွားချင်တဲ့အပေါ်မှာနဲ့ ကိုယ်ကျင့်ကြံတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ခက်ခဲတာတော့ ခက်ခဲပါတယ်။ မဖြစ်နိုင်တဲ့ဟာတော့ မဟုတ်ပါဘူး။ ဒါဟာ ရှင်းပါတယ်။ ဗုဒ္ဓဘာသာတွေဟာ အားလုံးထက်သာတာ အဲဒီအချက်ပဲ။ နိဗ္ဗာန်ရှိရမယ်လို့ အနုမာနမျက်မှန်းဆ နိုင်တယ်။ အဲဒါက ဗုဒ္ဒဘာသာတွေက သာလည်းသာတယ်၊ ချစ်စရာလည်းကောင်းတယ် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ရှုခြင်းနှင့်မှတ်ခြင်း

ရှုခြင်းနှင့်မှတ်ခြင်း   တစ်ချို့က ရှုခြင်းနဲ့မှတ်ခြင်းကို ထပ်ပြီးတော့ ပြောပြစေချင်ပုံရတယ်။ ရှုခြင်းနဲ့မှတ်ခြင်း အဓိပ္ပာယ် ကွာဟပုံကို ပိုပြီးရှင်းရှင်းလင်းလင်း သိချင်ပုံရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိက ၀ိပဿနာနယ်ပယ်မှာ ‘မှတ်တာ’ မလုပ်နဲ့ ‘ရှုရမယ်’ လို့ ပြောတာကိုး .. .. မှတ်တယ် ဆိုတာကတော့ စက်ရဲ့အလုပ်လို့ ပြောမယ်ဆိုရင်လည်း ရတယ်လေ – Memory Drum တို့ Enumerating လုပ်တာတွေက မှတ်တာသက်သက်ပဲပေါ့နော် – ကြက်တူရွေး မှတ်ပေါ့။ မှတ်တယ်ဆိုတာ ဒါဖြစ်တယ်လို့ မှတ်တာ။ ၀ိပဿနာနယ်ပယ်ကြတော့ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

NIBBANA – 8

နိဗ္ဗာန် အပိုင်း(၈) နန်း သိချင်ပါတယ် ဆရာရယ်၊ သိပါရစေ။ ငယ် တရားတကယ် သိပြီးသာ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းဗျ။ ဟိတ်ဟန်ကြွားလုံးထုတ် ယောင်ဝါးတွေနဲ့ မပေါင်းနဲ့ အကျိုးယုတ်ဖို့ဘဲ ရှိတယ်။ ဓမ္မနယ်ပယ်မှာ ပြောတာပါ။ နန်း ဟုတ်ပါပြီ ဆရာရယ်။ လိုတာရှိလျှင် အကြံဉာဏ်ပေးပါ။ ငယ် လူတွေက မာန်လုပ်ဟန်ထုတ် သူတွေနောက်ဘဲ ကောက်ကောက်ပါ လိုက်နေကြတယ်ဗျ။ လောကုတ္တရာ အရာမှာ စိတ်မကောင်းစရာဘဲ။ နန်း မသိကြသေးလို့ နေမှာပေါ့ ဆရာရယ်။ သိလာတဲ့ တစ်နေ့ကျ လောကုတ္တရာ လိုချင်လျှင် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

စွန့်နိုင်တဲ့စွမ်းရည်

စွန့်နိုင်တဲ့စွမ်းရည် သစ္စာရှာမှီးကြသော ယောဂီများအတွက် ယောဂီများ – မြတ်စွာဘုရားနဲ့ ရဟန္တာကိုယ်တော် မြတ်ကြီးတွေ နိဗ္ဗာန် စံဝင်ကြပြီးတဲ့နောက် အခြား နိဗ္ဗာန် စံဝင်မယ့် ပုဂ္ဂိုလ်တွေကလည်း သိပ်နည်းကုန်ပြီလို့ ဆိုရမှာပေါ့ – ခေတ်ကိုက ဒီလိုပဲ ကြုံကြိုက်နေတာ။ ဒီတော့ “သစ္စာတရားက မှန်ပေမယ့် လူကြိုက်နည်းလှချေလား” လို့ အောင်းမေ့လို့လည်း မရပေဘူး။ အမှန်ကြိုက်တဲ့ ပုဂ္ဂိုလ်တွေက နည်းသွားပြီကိုး — တဖြည်းဖြည်းနဲ့ နိဗ္ဗာန် စံဝင်ပြီးကုန်ကြတော့ လက်ကျန်လေးပဲ နိဗ္ဗာန် စံဝင်ဖို့ရှိတယ်။ ဒီတော့ ကိုယ်က အဲဒီလက်ကျန်လေးပဲ … Continue reading

Posted in Buddhism, Frontpage | Tagged , , , , , , , , , , | Leave a comment