Tag Archives: သာသနာ

NIBBANA-2

Share

နိဗ္ဗာန် အပိုင်း(၂) နန်း     နောက်ကျလိုက်တာဗျာ။ ငယ်    ဘာနောက်ကျတာတုံး။ နန်း     ကျွန်တော် တော်မှန်းအခုမှ သိတယ်ဆိုလျှင် ပြောတာပါ။ ငယ်    ဒီအချက်မှာ တော်တယ်ပြောတာ။ နန်း     ကျေးဇူးတင်ပါတယ်ဗျာ။ ငယ်    ကျွန်တော်ပြောပြချင်တာတွေ အများကြီးရှိတယ်နော်။ နန်း     ပြောပြလေဗျာ။ ငယ်    နိဗ္ဗာန်က ဆန်းတယ်ဗျ။ နန်း     ဘာသာပြန် တော်သားဘဲ။ ငယ်    ဘာ – ဘာသာပြန်တော်တာလဲ။ နန်း     အော် – နိဗ္ဗာန်က အံ့သြဘွယ်ကောင်းတယ်လို့ လာထားတာရှိလို့ပါ။ ငယ်    ကျွန်တော်ပြောတတ်သလို ပြောမယ်ဗျာ။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 31

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာကို ဤသို့ မြတ်နိုးသည် ဤစာစောင်ကို ပြုစုရာတွင် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မဟာဂရုဏာတော်ရှင် ဗုဒ္ဓမြတ်စွာ ကိုလည်းကောင်း (သို့မဟုတ်) လူသုံးပါးတို့၏ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း၊ ဤစာရေးသူ၏ ဆရာသခင် ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း ဦးထိပ်ပန်ဆင်လျက် ရေးသားပြုစု ပါသည်။ သာသနာတော်မြတ်ကြီးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုထမ်းဆောင်လိုသော စေတနာ ဖြင့်လည်းကောင်း ရေးသားပြုစုပါသည်။ ငါသိ၊ ငါတတ်သဘော ဖယ်ရှားလျက် ရေးသားပြုစုပါသည်။ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 30

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) သာသနာ သာသနာသည် အဆုံးအမ ဖြစ်လေသည်။ မည်သူက ဆုံးမပါသနည်း။ မြတ်စွာဘုရားက ဆုံးမတော်မူခြင်း ဖြစ်သည်။ မြတ်စွာဘုရား ဘာကို ဆုံးမတော်မူပါသနည်း။ မြတ်စွာဘုရားသည် အဓိက အားဖြင့် အောက်ပါအကြောင်းအချက်များကို ဆုံးမတော်မူပါသည်။ (၁) ဒုက္ခဆက်မဖြစ်အောင် နေကြ။ (၂) ဒုက္ခဟာ ဒီအတိုင်းနေလို့ မဆုံးဘူး။ (၃) ဒုက္ခအဆုံးမှာ နိဗ္ဗာန်ရှိတယ်။ (၄) ဒုက္ခဆုံးအောင် ဒုက္ခဖြစ်ကြောင်းကို … Continue reading

Posted in Buddhism | Tagged , , , , , | 1 Comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 23

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၇) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အကြောင်းခံတရား အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာမှာရှိတယ်။ သိပ္ပံမှာလည်း ရှိတယ်။ ဒါပေမယ့် အနက်အဓိပ္ပါယ် ကောက်ယူပုံချင်း မတူဘူး။ အဲ – တူတာတွေလည်းရှိတယ်။ ဒါပေမယ့် အားလုံး အတူတူပဲဆိုတဲ့ အနက်အဓိပ္ပါယ်မျိုး မဟုတ်ဘူး။ ဗုဒ္ဓဘာသာက နက်နဲတယ်ပေါ့။ ဒါတော့ အထူး ပြောစရာလိုမှာ မဟုတ်ပါဘူး။ သာသနာအတွင်း အယူအဆတွေနဲ့ သာသနာပ အယူအဆတွေဆိုတော့ ကွာဟမှာပေါ့။ သာသနာတည်ရှိရာ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 21

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၅) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ချမ်းသာစေလိုသော စေတနာရှင် မေတ္တာရှင် အပိုင်း(၂) တရား၌ကယ်ချွတ်ခြင်းနှင့် ကျွတ်တန်းဝင်ခြင်းဆိုသော ဝေါဟာရများရှိလေသည်။ ကယ်ချွတ် သော ပုဂ္ဂိုလ်သည် သာမန်ကျွတ်တန်းဝင်ရသော ပုဂ္ဂိုလ်ထက် ပိုမိုထူးကဲသော အရည်အချင်းများ စွမ်းဆောင်နိုင်မှုများ ရှိရလေသည်။ သာသနာ့တာဝန်ယူရသော ပုဂ္ဂိုလ်များသည် သာဝကလွန် အရည်အချင်းများ ရှိရလေသည်။ သာဝကဆိုသည်မှာ ရိုးရိုးကျွတ်တန်းဝင်သူများ ဖြစ်ကြ၍ သာဝကလွန် အရည်အချင်းဆိုသည်မှာ သာမန်သာဝကထက် ထူးကဲသော လွန်သောအရည်အချင်းများ ရှိကြသူ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -18

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၃) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အရာရာ၏ သော့ချက်   အရာရာ၌ သော့ချက်ရှိသည်။ သော့ချက်ကို သိလျှင် လွယ်သည်။ သော့ချက်ကို မသိလျှင် ခက်သည်။ သော့ချက်မှာ အကြောင်းအကျိုးတရားပင် ဖြစ်သည်။ လူတိုင်းသည် အဖိုးတန်လိုကြပေမည်။ တန်ဖိုးရှိသူ ဖြစ်ချင်ကြပေလိမ့်မည်။ ယင်းဆန္ဒသည် ကောင်းမွန်လှပါသည်။ သို့သော် တန်ဖိုးရှိသူ ဖြစ်အောင် အကြောင်းခံရပေမည်။ တန်ဖိုးရှိသူတစ်ဦး ဖြစ်ချင်ရုံမျှဖြင့် မလုံလောက်ပေ။ တန်ဖိုးရှိသူ တစ်ဦးဖြစ်နိုင်ရန် လုံလောက်သော … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -16

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၁) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) မြတ် အပိုင်း(၃) အယုတ်တရားနှစ်ပါးကို မမှီဝဲသော် အမြင်ဓာတ်များ ကောင်းလာမည် ဖြစ်သည်။ ဉာဏ်စွမ်းအင် များ ပီပြင်ကြည်လင်လာမည် ဖြစ်သည်။ Vision and intuitive wisdom များရလာမည်ဖြစ်သည်။ (Insight) ။ အလင်းပွင့်သွားမည် ဖြစ်သည်။ (Enlightened) ။ ထို့နောက် နိဗ္ဗာန်ကြီးအား မျက်မှောက်ပြု နိုင်မည်ဖြစ်သည်။ (Visuallization) ။ သို့ဖြစ်ရာ မိမိအဖို့ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ဗုဒ္ဓဘာသာဟာ ကိုယ့်ဂုဏ်နဲ့ ကိုယ်ပါ

Share

ဗုဒ္ဓဘာသာဟာ ကိုယ့်ဂုဏ်နဲ့ ကိုယ်ပါ ဗုဒ္ဓဘာသာဟာ ကိုယ့်ဂုဏ်နဲ့ ကိုယ်ပါ .. .. အခုတလော အသံထွက်နေကြတာ “ဗုဒ္ဓဘာသာဟာ ခရစ်ယာန်နောက်ကို လိုက်ဖို့” ဆိုပြီး တိုက်တွန်းသံတွေ ကြားနေရတယ်။ ခရစ်ယာန်ဟာ ခရစ်ယာန်ပဲ၊ ဗုဒ္ဓဘာသာအနေနဲ့ အထူးမပြောလိုဘူး။ သို့သော် ခရစ်ယာန်နောက်ကို ဗုဒ္ဓဘာသာ လိုက်ရမယ်ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ ဒီအတိုင်းပဲ ခရစ်ယာန်ဘုန်းကြီးတွေနောက်ကို ဗုဒ္ဓဘာသာ ဘုန်ကြီးတွေက လိုက်ရမယ် ဆိုတာလည်း မှားပါတယ်။ ခရစ်ယာန်ဘုန်းကြီးတွေဟာ ရှေ့ပြေး ဦးဆောင်ဖြစ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ နောက်လိုက်ပုဂ္ဂိုလ်တွေ ဖြစ်တယ် ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဘာသာ သာသနာနှင့်အမှန်တရား

Share

ဘာသာ သာသနာနှင့်အမှန်တရား ဗုဒ္ဓဘာသာသည် အမှန်တရားကို ရှာဖွေသည် .. .. ဗုဒ္ဓဘာသာများသည် အမှန်တရားကို ကျင့်သုံးဆောက်တည်ကြသည် .. .. ကျင့်သုံးဆောက်တည်သဖြင့် လက်တွေ့ သိရှိလာသော အမြတ်အစွန်းများအား အချင်းချင်း တရားသဖြင့် ဆွေးနွေးကြသည် တင်ပြကြသည်၊ ကိုယ့်အဆင့်နှင့်ကိုယ် ဆွေးနွေးတင်ပြကြသည်။ ဗုဒ္ဓဘာသာ၌ စည်းကမ်းရှိသည်။ သောတပန် အလောင်းအလျာသည် ရဟန္တာအကြောင်း အထူးပြောနေစရာ မလိုအပ်ချေ။ သောတပန် အလောင်းအလျာသည် သောတပန် အလောင်းအလျာစကားသာလျှင် ပြောရမည်။ အမှန်တကယ် ၀ိပဿနာတရား ကျင့်သုံးဆောက်တည်၍ ရင့်ကျက်လာသောအခါ ရဟန္တာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

မသိပဲဝင်ပြောကြတာရှက်စရာ

Share

  မသိပဲဝင်ပြောကြတာရှက်စရာ ဗုဒ္ဓဘာသာအကြောင်း မသိဘဲနဲ့ ၀င်ပြောတယ် ပညာရှိအလယ်မှာတော့ မတင့်တယ်ဘူး  ရှက်စရာကောင်းတာပေါ့။ ဥပမာ စာရေးဆရာတွေ ဟောပြောပွဲ တစ်ခုမှာ   စာရေးဆရာ တစ်ယောက်က — “ဘုန်းကြီးတွေ လူမှုရေး လုပ်ပေးတာကို ကြည်ညိုမယ်” ဆိုပြီး ကြွေးကြော်တယ် .. .. ဒီစာရေးဆရာက တော်တော်အောက်တာပဲ။ ဘုန်းကြီးတာဝန်ဟာ ဘာဆိုတာလည်း မသိဘူး ကိုယ်နားမလည်ဘဲနဲ့ စွတ်တင်နေတယ် .. .. ဒီတော့ ပညာရှိအလယ်မှာ သိက္ခာကျတာပေါ့။ ဘုန်းကြီးတွေဆိုတာ လောကုတ္တရာကို ရည်ညွှန်းရတာ .. .. … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 13

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၁၀) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) နိဗ္ဗာန် စံသောအခါ ဘာကြောင့် ချမ်းသာရသလဲ ဆရာက မိန့်ဖူးသည်။ `နိဗ္ဗာန်သည် ချမ်းသာခြင်းမျိုးစုံ စုပုံလျက်ရှိသည်´ ဟု။ စာဖတ်သူ တော်တော်များများ နိဗ္ဗာန်စံလျှင်ဘာကြောင့် ချမ်းသာရသလဲဟု ဂဃနဏ သိချင်ပုံရသည်။ နိဗ္ဗာန်၌ ဒုက္ခ မရှိကြောင်းကိုတော့ တော်တော်များများသိကြသည်။ ဒုက္ခသည် ရုပ်နာမ်နှင့်တွဲရာ ရုပ်နာမ်ချုပ်ငြိမ်းပြီးမှ စံဝင်ရသော နိဗ္ဗာန်၌ ဒုက္ခမရှိနိုင်တော့ချေ။ ( ၃၁ ) ဘုံသည် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 10

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၇) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )   ဖြစ်ပျက် မုန်းအောင်ကြည့် နှင့် ဖြစ်ပျက် ဆုံးအောင်ကြည့်တရား ဖြစ်ပျက်မုန်းအောင်ကြည့်ဆိုရာ၌၊ မုန်းခြင်းမှာ မလိုချင်ခြင်းဖြစ်သည်။ မလိုချင်ခြင်းဆိုသည်မှာ အလောဘဖြစ်သည်။ လိုချင်ခြင်းဆိုသည်မှာ တဏှာဖြစ်ပါသည်။ သတိပြုရမည်မှာ ဖြစ်ပျက်ကို မလိုချင်သူသည် – (၁) ဖြစ်ပျက်ရှိနေခြင်းကို ဆင်းရဲသည်ဟုသိသည်။ (၂) ဖြစ်ပျက် ဆုံးသွားလျှင် ကောင်းမည်၊ ဟန်ကျမည်၊ လွတ်လပ်မည်၊ ပိုချမ်းသာမည်ဟု မှန်ကန်စွာ ခန့်မှန်းတွက်ဆတတ်သည်။ (၃) ဖြစ်ပျက်များကို ကုန်စေချင်နေမိသည်။ ယင်းဂုဏ်ရည်သုံးချက်ရှိနေသူသည် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 8

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၅) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )   ပုထုဇဉ်နှင့် အရိယာအကြောင်း တရားအားထုတ်တယ်ဆိုတာ နိဗ္ဗာန်ကို မြင်ဖူးတွေ့ဖူးချင်လို့ပါပဲ၊ သို့မဟုတ် အရိယာဖြစ်ချင်လို့ ပါပဲ။ ဒီလိုပဲ အဓိပ္ပာယ် ဖွင့်ရမှာဖြစ်ပါတယ်။ ပုထုဇဉ်ဘ၀က အမှားတွေကို ရင်ဝယ်ပိုက်တဲ့ ဘ၀ပေါ့။ အရိယာဘ၀မှာ အမှန်ကိုမြင်လာတယ်။ အမှန်မြင်တဲ့ ဉာဏ်မျက်လုံးဟာ အရိယာဘ၀မှာ ရရှိပါတယ်။ ပုထုဇဉ်ဘ၀မှာ မမြင်ရသေးတဲ့ အမြင်တွေကို အရိယာဖြစ်လာတော့ မြင်လာတယ်။ ပုထုဇဉ်ဘ၀က အတ္တကို ဗဟိုပြုမယ်။ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -5

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) တရားတော်ကို မည်မျှမြတ်နိုးကြသနည်း အပိုင်း(၃) သံသရာမှ ထွက်ဖို့ဆိုတာ လွယ်ကူသောအလုပ်မဟုတ်သလို သံသရာထဲမှာ တ၀ဲလည်လည် ကျင်လည်ကျက်စားခဲ့စဉ်က မျောပြီးတော့ နှစ်သက်ခဲ့တဲ့အကျင့်၊ ဓလေ့စရိုက်၊ ၀ါသနာ၊ အထုံတွေဟာ မိမိမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ကပ်ငြိနေပါတယ်။ ဒီကပ်ငြိမှုတွေ စွဲလမ်းမှုတွေကို အပြီးအပိုင်ပယ်ဖို့ အပြတ်အသတ် အောင်မြင်ဖို့ဆိုတာ အင်မတန် ကျင့်ကြံကြိုးစားနိုင်ပါမှ တနည်း အားဖြင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့ တရားသည် အင်မတန်ယုံကြည်ကိုးစားအပ်တယ်။ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -3

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) အပိုင်း(၁) တရားတော်ကို မည်မျှမြတ်နိုးကြသနည်း မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ၀ါဆိုလပြည့်နေ့မှာ တောထွက်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့အချိန်ဟာ ညကြီးမင်းကြီး ဖြစ်ပါတယ်။ အလောင်းတော်များသည် ကောင်းတာကိုသိရင် သိတဲ့အချိန်မှာပဲ စပြီးအလုပ်လုပ်ပါတယ်။ ဒီအချက်လေးကို အဓိကထားပြီး တင်ပြချင်ပါတယ်။ ကောင်းတဲ့အကြံအစည်လေးပေါ်ရင် ပေါ်တဲ့အချိန်မှာ ကောက်ခါငင်ခါနှင့် ချက်ချင်းထပြီးတော့ အလုပ်စခန်းဝင်ပါတယ်။ ဒီအချက်ဟာ အင်မတန် အရေးကြီး ပါတယ်။ မိမိတို့သာသနာမှာ လေ့လာကြည့်ရင် … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment