ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 26

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု

အပိုင်း(၂၆)

ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးများ (အဆက်)

Bism6 copyစာရေးသူတို့သည် ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးတော်ကြောင့် တောတောင် ဂူသချိုင်းများ၌ တရားအားထုတ်ရာ၌ ဒေ၀ပုတ္တမာန်ကိုလည်း မကြောက်ရသကဲ့သို့ မြေပါးကင်းပါးကိုလည်း မကြောက်ရချေ။ စာရေးသူကိုယ်တိုင်မူ ဆရာမြတ်ကြီးဆီ မရောက်ခင်က မြွေပါးကင်းပါး ကို ကြောက်တတ်သူ တစ်ဦး ဖြစ်လေသည်။ ဆရာမြတ်ကြီးထံ တပည့်အဖြစ် ခံယူသော အခါကျမှ မြွေဖားကင်းဖားကို မကြောက်တတ်သူ ဖြစ်လာသည်။ ဆရာသည် မြွေများကို မေတ္တာသစ္စာ သိ၍ ဖယ်ရှင်းနိုင်သည်။  Continue reading

Share this post
Tags: , , , , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -16

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

ရန်ကုန်မြို့ ကြံတော သင်္ချိုင်း၌ တရားအားထုတ်ခြင်း

            ရန်ကုန်မြို့ ကြံတောသုသာန်ဝင်းကြီး ထဲသို့ ၀င်လိုက်ရလျှင်ပင် ရင်ထဲ၌ တစ်မျိုးကြီး ဖြစ်နေကြောင်း သတိထားမိသည်။ ယင်းတစ်မျိုးကြီးဆိုသော အနက်အဓိပ္ပါယ်ကို စာဖတ်သူ သိနားလည်နိုင်စေရန် ကြိုးစား၍ ရှင်းပြရပါလိမ့်မည်။ ဥပမာ – ပန်းချီဆရာ တစ်ယောက်သည် သန့်စင်မွန်မြတ်သော ပန်းချီဆေးရေး တစ်ခုကို ရေးဆွဲနိုင်ရန် အတွက်ဖြစ်စေ၊ မွှေ့သိမ်နူးညံ့သော ခံဆေးဘက်ကရောင်း အဖြူကို အခြေယူ၍ လိမ်းသုတ်ခြယ်သ ထားသည် ဆိုပါစို့၊ ထိုပန်းချီဆရာ၏ အထူးသန့်ပြန့် ဖြူစင်နေသော ပိတ်ကားပေါ်သို့ ကလေးတစ်ဦးသည် ဆေးမင်နက် စုတ်တံတစ်ခုဖြင့် တို့ခြစ်ဆော့ကစား ပစ်လိုက်သည် ဆိုပါစို့။ ပန်းချီဆရာသည် သူ့ပန်းချီပိတ်ကားကို အဆိုပါကလေး၏ လက်ဆော့ထားသော ဆေးနက်မင်ကြောင် အမည်းအတုံး ခြစ်ရာများကို Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -15

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

အမရပူရမြို့ တက်သေးအင်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း

အမရပူရမြို့ တက်သေးအင်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း

            ဤနေ့ည အမရပူရမြို့ နန်းတော်ရာ စံပြကွက်သစ် အနောက်ဘက် ရှမ်းကလေးကျွန်း သာယာကုန်းရွာ အထူးတက်သေးအင်းစောင်းရှိ တက်သေးအင်းသုသာန်၌ဖြစ်သည်။ ကျွန်တော်သည် တရားအားထုတ်ရန် တက်ကြွနေသည်။ နိုးကြားနေသည်။ လန်းဆန်းနေသည်။ ပျော်ရွှင်နေသည်။ ကြိုးစားလိုက်မည်ဟူသော ဇွဲမှာလည်း ပြင်းထန်နေသည်။ စိတ်ဉာဏ်တို့မှာလည်း ပြတ်သားနေသည်။ တာတိုအပြေး အားကစားသမားများ တာအလွှတ်တွင် ထက်သန်တက်ကြွ အားပြည့်နေသကဲ့သို့ ထက်ထက်သန်သန်ရှိနေသည်။ မကြာမီ သုသာန် ပရ၀ုဏ်အတွင်း တရားထိုင်လိုက်သည်။ ပေါ်သမျှရှုမည်ဟု ပြဌာန်းလိုက်သည်။ ထက်သန်သဖြင့် ရှုရသည်မှာ လွယ်ကူနေသည်။ နောက်ထပ်ပေါ်သည်များကို နောက်ထပ် ဆက်ရှုလိုက်သည်။

ကျွန်တော်သည် တစ်ဘက်မှာလည်း ကြည်နူးသည်၊ ဂုဏ်ယူသည်၊ Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -14

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

မန္တလေးမြို့ ခံကုန်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း

ခံကုန်း သင်္ချိုင်းဟုဆိုလျှင် မန္တလေးတောင်ကို အလယ်ဗဟိုထားကာ အုတ်စက်သင်္ချိုင်းနှင့် တစ်ဘက်တစ်ချက်စီ တည်နေပေသည်။ အုတ်စက်သင်္ချိုင်းသည် မန်းတောင်တော်၏ အရှေ့ဘက်၌ တည်ရှိသကဲ့သို့ ခံကုန်းသင်္ချိုင်းသည် မန်းတောင်တော်၏ အနောက်ဘက်ဟု ဆိုရပေမည်။ သို့သော ခံကုန်းသုသာန်မှာ မြောက်ဘက်သို့ အနည်းငယ် ယွန်းနေသည်။ မန်းတောင်၏ ရာဟုထောင့်ဟု ဆိုရမည်ကဲ့သို့ အနောက်မြောက်တွင် တည်ရှိနေလေသည်။

ကျွန်တော်သည် ဤသုသာန်သို့ နေ့လည်က ဂျစ်ကားနှင့် အခြေအနေ လာရောက် လေ့လာခဲ့သေးသည်။ ညဘက်တွင်မူ အထူးလူပြတ်သော သုသာန်တစ်ခုဖြစ်လေသည်။ ဤသုသာန်၌ Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -13

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

မန္တလေးမြို့ တံတါးကျိုး သင်္ချိုင်း၌ တရားအားထုတ်ခြင်း

            တံတားကျိုး သုသာန်သို့ သွားသောအခါမူ ကျွန်တော်သည် အေးအေးဆေးဆေးပင် ဖြစ်နေသည်။ တံတာကျိုးသုသာန်သည် မန္တလေးမြို့၏ အနောက်မြောက်ထောင့် အစွန်တွင်ရှိသည်။ ရေကြီးသောအခါ သုသာန်နှုတ်ခမ်းအထိ ဧရာဝတီ မြစ်ရေရောက်လျက် သာယာသော မြစ်ဆိပ်ကမ်းကဲ့သို့ ပဏာတဲ့လှသည်။

အခက်အလက်၊ အရွက်ထူထဲလှသော သစ်ပင်အုပ်ကြီးများသည် ကောင်းစွာ အရိပ်ကိုပေးလျက် လေလုံမိုးလုံ ခိုနိုင်အောင်ပင် ကြီးမားအုံ့ဆိုင်းလှတော့သည်။ ကျွန်တော်သည် Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -12

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

မန္တလေးမြို့ ဦးကော သင်္ချိုင်း၌ တရားအားထုတ်ခြင်း

            ဦးကော သုဿန်သည် မန္တလေးနန်းတော် အရှေ့တောင်ယွန်းယွန်း အောင်တော်မူရပ်ကွက် မာန်အောင် ကျောင်းတိုက်မှတဆင့် မြို့ပြင်အရှေ့ဘက်သို့ ထွက်ရသည်။ သုသာန်၌ ညအခါ တရာထိုင်လျှင် သရဲတစ္ဆထက် လူဆိုးသူခိုး အထင်ခံရမည်ကို ပိုမို၍ ကြောက်ရကြောင်း သတင်းစကားရထားသည်။  ကျွန်တော်သည် မန္တလေး အနီးတ၀ိုက်ရှိ သုသာန်များကို မကြွင်းမကျန်ရအောင် အားထုတ်ဖူးလိုသော ဆန္ဒပြင်းပြသည်ဖြစ်၍ ထိုသုသာန်သို့ အောင်တော်မူမှ ဖြတ်၍သွားလိုက်သည်။

`          ဦးကောသုသာန်သည် Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -11

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

အမရပူရမြို့ လင်းဇင်းကုန်း သင်္ချိုင်း၌ တရားအားထုတ်ခြင်း

            ကျွန်တော့အား အတွင်းသိပုဂ္ဂိုလ်များက သမာဓိ တော်တော် ကောင်းနေသည်မို့သာ ဒီသုသာန်ကို သွားတာဖြစ်မယ်ဟု ကြိတ်၍ကောက်ချက်ချနေကြကြောင်း အပေါင်းအသင်းများထံမှ တစ်ဆင့်သိခဲ့ရသည်။ ထိုသို့ ကောက်ချက်ချသူများသည် လူဝတ်ကြောင်များမဟုတ်၊ သံဃာတော်များဖြစ်လျက် ရည်ညွှန်းသော သုသာန်မှာ လင်းဇင်းကုန်း သုသာန်ပင်ဖြစ်သည်။

လင်းဇင်းကုန်းသုသာန်ဆိုသည်မှာ ခရစ်ယာန်၊ မူဆလင်၊ မြန်မာ – သင်္ချိုင်း သုံးခုပေါင်းဆုံရာ အမရပူရ တောင်သမန် အင်းစောင်းတွင် တည်ရှိသည်။ ထိုအင်းစောင်းသည် တောင်သမန်အင်း ရေတက်သောအခါ Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -10

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

မန္တလေးမြို့ အုတ်စက် သင်္ချိုင်း၌ တရားအားထုတ်ခြင်း

အုတ်စက်သင်္ချိုင်းသည် မန္တလေးတောင် အရှေ့ဘက်မှ ဖြတ်၍သွားရသည်။ အနီးအနားတွင် စစ်တပ်ရှိသည်ဖြစ်၍ ကျွန်တော်ည တရားအားထုတ်မည်ဆိုသော သတင်းကို ကြိုတင်ပေးထားလိုက်သည်။ နာမည်ကြီးသော အုတ်စက်သင်္ချိုင်းသည် ဂူတို့ဖြင့်သာ အစီအရီ သပ်သပ်ရပ်ရပ် ပြည့်နှက်လျက်ရှိသည်။ ကျွန်တော်တွေ့မြင်ရသလောက်ဆိုလျှင် ရွှေမန်းတင်မောင်၏ ဂူနှင့် ၀င်းကလေးသည် ထူးထူးခြားခြား ဆန်းပြားနေသည်။ ထိုသင်္ချိုင်း၌ ကျွန်တော်၏ဦးလေး ဦးမောင်ကို၏ ဂူရှိသည်။ ထိုဂူကြီးလည်း ကြီးသည်ဖြစ်၍ တရားစတင်အားထုတ်ရန် အရွေးခံလိုက်ရသည်။

အနောက်ဘက် မလှမ်းမကမ်းတွင် မန္တလေးတောင်မှ မီးရောင်တို့သည် Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -09

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

အပိုင်း(၆)

ကျွန်တော့ဘ၀မှာ အောင်မြင်ခြင်းတွေဟာ အကြောင်းမဲ့ဖြစ်ပေါ်လာတယ်လို့တော့ မခံယူပေဘူး။ဘ၀မှာ ကျွန်တော်အောင်မြင်ဘူးပါတယ်။ အောင်မြင်တာတွေဟာ အကြောင်းခံတရား ပြည့်စုံလုံလောက်လို့ပဲလို့ နားလည်ခံစားမိပါတယ်။ အဓိကကတော့ မြတ်စွာဘုရားနဲ့ဆရာမြတ်ကြီး အရိယာသူတော်ကောင်းတွေရဲ့ မေတ္တာနဲ့ သာသနာ့ရဲ့အရိပ်ခိုမိလို့ အောင်မြင်တဲ့သဘောလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။

ကျွန်တော်ဟာ သိတဲ့ကိစ္စတွေတော့သိတယ်။ ဥပမာ — သင်္ချိုင်းကုန်းမှာ Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -08

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

အပိုင်း(၅)

စာရေးသူသည် ဆရာမြတ်ကြီးကို လွန်စွာ ချစ်ကြည်ညိုသည်။ ဤအကြောင်းကို ယောဂီ တော်တော်များများ သိနားလည်ထားကြပါသည်။ ဆရာမြတ်ကြီးနှင့် မိမိ၏ဆက်ဆံရေးကို တစ်ချို့ကလည်း စိတ်ဝင်စားကြသည်။ မိမိသည် ဆရာမြတ်ကြီးကို လွန်စွာ ချစ်ကြည်ညိုသဖြင့် ဘ၀ပေး ပုံအော လိုက်ခဲ့သည်။ သို့သော် ဆရာ့ထံ မရောက်သေးမီ ဆရာမြတ်ကြီးသည် သုဿာန်သင်္ချိုင်းများ၌ တရား ထိုင်တော်မူခဲ့သည်။ မိမိသည် ထိုအချိန်က တက္ကသိုလ်၌ ရစ်မြောနေပုံရသည်။ ဆရာမြတ်ကြီး အမှန်တကယ် ခန္ဓာဝန်ချတော်မူသွားသော အခါ မိမိသည် ကိုယ့်ကိုယ်ကို မကျေနပ်နိုင် … ထို့ကြောင့် အကြွေးဆပ်လိုသော သဘောဖြင့် သင်္ချိုင်းကုန်းများသို့ သွား၍ တရားထိုင်ဖြစ်ခဲ့ခြင်းဖြစ်သည်။

အရင်းစစ်သော် သင်္ချိုင်းကုန်အများ၌ တရားထိုင်ဖြစ်ခဲ့သည် ဆရာမြတ်ကြီးကို ချစ်ကြည်ညိုသောကြောင့် ဖြစ်သည်။ ထို့နောက် Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -07

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

အပိုင်း(၄)

ကျွန်တော်တို့ သင်္ချိုင်းကုန်းမှာ ညတရားထိုင်ဖို့လာတဲ့အခါမှာ လူငယ်အဖွဲ့လည်းပါတယ်။ လူငယ်အဖွဲ့က စောစောပိုင်းကတော့ ကျွန်တော့ကိုစောင့်ရှောက်ရင်းနဲ့ တာဝန်အရလိုက်လာသလိုလိုနဲ့ နောက်ပိုင်းကျ တော့ သူတို့ကိုယ်တိုင်ကိုက ထက်သန်နေတာ။ ညနေစောင်းလာလို့ရှိရင် ဒီနေ့ည ဘယ်သင်္ချိုင်းကုန်းကို သွားမလဲဆိုတာကို အချင်းချင်း တီးတိုးလက်တို့ မေးမြန်း စပ်စုနေကြတယ်။ စိတ်လည်း ၀င်စားကြတယ်။ တစ်ချို့ကတော့ တုတ်ကလေးတွေ ဓာတ်မီးလေးတွေ ဆောင်လာတာပေါ့။ တစ်ချို့ကတော့လည်း လ္ဘက်ရည်ဓာတ်ဘူးလေးတွေ ဆောင်တယ်။ လ္ဘက်ရည်ဓာတ်ဘူးမို့ လျှော့တွက်လို့တော့ မရဘူး။ သင်္ချိုင်းကုန် မှာ အဲဒီ လ္ဘက်ရည်ပန်းကန် သေးသေးလေး သုံးလေးငါးချပ်လောက် ကြိုက်လိုက်ရတယ်ဆိုရင် အလွန် အရသာရှိတာပဲ။ လ္ဘက်ရည်ကလည်း အဖျော်ကလည်းကောင်းကြ၊ လူငယ်တွေက မျှဝေပြီးတော့သောက်ကြနဲ့ အရမ်းပျော်ဖို့ ကောင်းတာပဲ – အဲဒီလိုဖြစ်ကုန်ကြတာ။ ဒီတော့ ကျွန်တော်ကလည်း တရားထိုင်ရတာ Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -06

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ
အပိုင်း(၃)

“ရေဆူ၌တွင်ရိပ်မထင်သို့” ဆိုတဲ့စကား ဆိုရိုးရှိပါတယ်။ အဓိပ္ပါယ်ကတော့ သမာဓိရှိမှ အမှန် မြင်နိုင်တယ်ဆိုတဲ့ သဘောကို ရည်ညွန်းလို့ရပါတယ်။ ရေဟာ ဆူနေလို့ရှိရင် ဗွက်ဗွက်နဲ့ဆိုတော့ အရိပ်မထင်ဘူးပေါ့လေ။ အဲဒီလိုပဲ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ တည်ငြိမ်တဲ့သမာဓိ မရှိလို့ရှိရင် အမှန်မြင်နိုင်ဖို့ ခက်တယ်။ ဟိုရောက်ဒီရောက် ရောက်နေတဲ့ အခါကျတော့ အမှန်အကန်မြင်ဖို့ ခက်တာပေါ့။ ပါဋိလိုလည်း ရှိတော့ ရှိပါတယ်။ “သမာဓိတော ယဌာဘူတံ ပဇာနာတိ” ဆိုတဲ့ သဘောပါပဲ။ သမာဓိရှိရမယ်၊ တည်ငြိမ်ရမယ်ပေါ့။
ကျွန်တော် သင်္ချိုင်းကုန်းမှာ တရားအားထုတ်တဲ့ အတွေ့အကြုံအရ အားထုတ်ပြီးလို့ရှိရင်တော့ သမာဓိရှိ လာတာကို ကိုယ်တိုင်သိရတယ်။ သမာဓိဆိုတာ ကျင့်လို့ရတယ်ဆိုတာ လုံးဝသေချာတာပါပဲ။ နောက်ပြီးတော့ ကြိုးကြိုးစားစား၊ ခက်ခက်ခဲခဲ၊ လေးလေးနက်နက် အားထုတ်လိုက်တဲ့ အခါကျတော့ Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -05

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

 

အပိုင်း(၂)
ပတ်ဝန်းကျင်တစ်ခုတည်းကို လူတစ်ဦးနဲ့တစ်ဦး အမြင်ချင်းမတူနိုင်သလို ခံစားချက်ချင်းလည်း ကွဲပြားခြားနား နိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း “တစ်ဦးအတွက် ဆေးဟာ တစ်ဦးအတွက် ဘေး” လို့တောင် အဆိုရှိတာ။ သင်္ချိုင်းကုန်းကို တစ်ချို့ကလည်း မနှစ်မြို့ဖွယ်ရာလို့ ခံစားကြပါတယ်။ ဒါလည်း မမှားပါဘူး။ သင်္ချိုင်းကုန်းမှာ ကျွန်တော်တွေ့သလောက် အနံ့ဆိုးတွေ ရှိတယ်လေ။ တခါတရံ နေ့လည်နေ့ခင်းက မီးသဂြိုလ်တာ မကုန်နိုင်လို့ တန်းလန်းထားရတဲ့ အခြေအနေတို့၊ သင်္ချိုင်းကုန်းမှာ နေရာတွေ စိပ်နေလို့ ခလေးတွေရဲ့ ရုပ်ကလာပ်လေးတွေဟာ လက်ကလေးတွေ ခြေထောက်ကလေး တွေဟာ ထပ်နေတာပေါ့နော်။ တူးရင်း တစ်ကျင်းနဲ့ တစ်ကျင်းထပ်နေတာတို့ ဘာတို့က ဆင်ဖြူကန်မှာ အတွေ့အကြုံ ရှိခဲ့ပါတယ်။ ဒါကြောင့် အနံ့အသက် ဆိုးဆိုးဝါးဝါးတွေ ရနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့ကလည်း မနှစ်မြို့ဘူး။
ဒါပေမယ့် စောစောက ဖော်ပြခဲ့သလို ခံစားချက်မတူတဲ့ ကွဲပြားခြားနားမှုလေးတွေ ဖြစ်တတ်တာကို ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရတယ်။ တရားထိုင်လို့များ ကောင်းပြီဆိုရင် Continue reading

Tags: , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -04

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

မန္တလေးမြို့ ဆင်ဖြူကန် သင်္ချိုင်း၌ တရားအားထုတ်ခြင်း

မျက်စိမှိတ်လိုက်သောအခါ စောစောက ဂူကြီးနှစ်လုံးပြန်ပေါ်လာသည်။ ထိုဂူထဲရှိ ရုပ်ကလပ်များ၏ ၀ိဥာဉ်တို့သည် ယခုဘယ်နား၌ ရောက်နေကြမည်နည်း။ ကျွန်တော် အနည်းငယ် ခေါင်းနားပန်းကြီးသွားသည်။ ယင်းဂူတို့မှ ၀ိဥာဉ်တို့သည် ယခုအချိန် ကျွန်တော်၏နောက်၌ ကပ်ရောက်လာကာ ကျွန်တော်၏ဇက်ပိုးအား ရိုက်ချိုးလှည့်လိမ်လိုက်နိုင်မည် မဟုတ်ပါလော။ တွေးတောမှုများပင်ဖြစ်၏။ ၎င်းတို့သည် အမှန်တရားများ ဖြစ်ကြသည်။ ၎င်းတို့သည် အဓိပ္ပါယ်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျွန်တော်၏ စိတ်သဘော၌ အမှန်တကယ် ပေါ်ပေါက်ခဲ့ဘူးသော စိတ္တသင်္ခါရ ဒုက္ခတရားကလေးများ ဖြစ်ကြသည်။ ထိုနည်းအားဖြင့် အမှန်တရားများ ဖြစ်ကြသည်။ အဓိပ္ပါယ် ရှိကြသည်ဆိုရာ၌ ပုဂ္ဂိုလ်တစ်ဦး၏ စိတ်သည် လုံခြုံမှုကို လိုလားပေရာ လုံခြုံမှု အာမခံချက်မရသော အခြေအနေတို့၌ ဤကဲ့သို့သော အတွေးပေါ်ခြင်းသည် အကြောင်းအကျိုး အဓိပ္ပါယ် ရှိကြလေသည်။ ကျွန်တော်သည် ယင်းစိတ္တဗေဒ ဓမ္မအတွေး တရားကလေးများကို အပျက်ရှုလိုက်သည်။ ဆယ့်ငါးမိနစ်ခန့် ရှုလိုက်သောအခါ အတွေးမျှင် လမ်းကလေးများ ပျက်သွားကြသည်။ ကြောက်စိတ်အတွေးများလည်း ပျက်သွားကြသည်။

အော် . . . ပျက်စီးသွားသော ရုပ်နာမ်တို့သည် မပိုင်မဆိုင်သော သဘောတရားတို့ကြောင့် သာတကား။ နောက်ထပ် Continue reading

Tags: , , ,

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ -03

အမှန်သစ္စာရှာဖွေရာဝယ် (သို့) ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများ

မန္တလေးမြို့ ဆင်ဖြူကန် သင်္ချိုင်း၌ တရားအားထုတ်ခြင်း

            အထူးသဖြင့် မန္တလေး ဆင်ဖြူကန်သင်္ချိုင်းသည် ကျွန်တော် ပထမဆုံး တရားအားထုတ်ဖူးသော သင်္ချိုင်းဖြစ်၍လည်း မှတ်မှတ်ရရ ရှိနေမိပေသည်။ ယခုတိုင်ပင် ကျွန်တော် သတိရနေသည်။ ရိပ်သာမှ ထွက်လာကာစမူ ဇွဲ သတ္တိ အပြည့်နှင့် တရားအားထုတ်မည်ဟု ဆုံးဖြတ်ခဲ့သည်ဖြစ်၍ တွေ့ကြုံလတ္တံ့သော အခက်အခဲတို့သည် အသေးအဖွဲလေးများသာ ဖြစ်ရမည်ဟု ခပ်ပေါ့ပေါ့ တွက်ဆထားမိခဲ့ပေသည်။ ညအချိန် လက်တွေ့ သင်္ချိုင်းမြေသို့ ခြေချရသောအခါ ထင်သလောက် သက်သာလွယ်ကူလှသည် မဟုတ်ကြောင်း ကောင်းစွာ သိလာရပေတော့သည်။ နောက်တွန့်ခြင်း၊ ခြေလှမ်းပျက်ခြင်း၊ ကျောစိမ့်ခြင်း၊ ကြက်သီးထခြင်း၊ ခေါင်းနားပန်းကြီးခြင်း၊ ရင်တုန်ခြင်း၊ စသည်တို့ကို တွေ့ကြုံရင်ဆိုင်ခဲ့ပေသည်။

မှတ်မိပါသေးသည် . . .

ဆင်ဖြူကန်သင်္ချိုင်းအ၀င် တံတားကို ကျော်ဖြတ်လိုက်လျှင်ပင် ကိုယ်တစ်ကိုယ်လုံး ရှိန်းတိမ်းတိမ်း ဖိန်းတိမ်းတိမ်း ဖြစ်သွားခဲ့သည်။ ထို့နောက်မှ Continue reading

Tags: , , ,