Tag Archives: သင်္ခတဓာတ်

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်    ယောဂီများ ဘက်စုံ ဗဟုသုတ ရစိမ့်သောငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဆိုင်ရာ အကြောင်းလေးတွေကို ရေးပြပါဦးမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ နှစ်မျိုးပေါ့။ တစ်မျိုးက ဖလသမာပါဒ်လို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ နိရောဓသမာပါဒ်ပါ။ ဒီနှစ်မျိုးရှိတယ်။ ဒါပေမယ့် ဖလသမာပါဒ်  အကြောင်းပဲ ပြောကြစို့။ နိရောဓသမာပါဒ်ကတော့ လေးပါတယ်၊ နက်တယ်၊ နောက်ပြီးတော့လည်း ခက်လည်းခက်တာပေါ့နော် – ဖလသမာပါဒ်က သုံးမျိုးရှိတယ်။ တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်။ ခဏလေးပဲ နိဗ္ဗာန်မျက်မှောက်ပြုတာရယ်၊ နည်းနည်းကြာတာရယ်၊ တော်တော်လေးကို ကြာတာရယ်ပေါ့ — ကြာတာ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

ခန္ဓာဟာဒုက္ခသစ္စာပါ

ခန္ဓာဟာဒုက္ခသစ္စာပါ ခန္ဓာဟာ ဒုက္ခသစ္စာဖြစ်ပါတယ်။ ဒါ မြတ်စွာဘုရား အမှူးပြုပြီးတော့ သူတော်ကောင်းတွေ ဟောတော်မူခဲ့ပါတယ်။ ခန္ဓာကို ဒုက္ခသစ္စာလို့ မယူရဲတဲ့ ပုဂ္ဂိုလ်ဟာ သတ္တိရှိတဲ့ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ သူတို့ဟာ ခန္ဓာကို တွယ်နေတာ။ ဒါ ဗုဒ္ဓဘာသာရဲ့ အယူလည်း မဟုတ်ဘူး။ ခန္ဓာအပေါ်ကို တွယ်ဖို့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်တော့ ဘာသာဖျက်တွေပဲ။ ခန္ဓာဆိုတာ ဒုက္ခသစ္စာလို့ မြတ်စွာဘုရား သေချာဟောတော်မူတယ်။ ဟိုဘက် အသင်္ခတ နိဗ္ဗာန်ပဲ ချမ်းသာတာ၊ ဒီဘက်က ခန္ဓာဆိုတာ ဒုက္ခသစ္စာပဲ။ နောက် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 29

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၁) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ဘ၀ + ရသ + ဓမ္မ + ဒဿန မြင့်မြတ်ခြင်း၏ အနက်အဓိပ္ပာယ်ကို စာရေးသူသည် တက္ကသိုလ်ပရိဝုဏ်အတွင်း (၁၉)နှစ် တိုင်တိုင် ရှာဖွေခဲ့ဖူးလေသည်။ သို့သော် မရှိလေသောအရာကို မတွေ့နိုင်သောအရပ်၌ ရှာဖွေမိသကဲ့သို့ မိမိစိတ်တိုင်းကျ သိမြင်လိုသော လောကုတ္တရာဆိုင်ရာ မြင့်မြတ်မှုပညာကို တက္ကသိုလ်အသိုင်းအ၀ိုင်း၌ ရှာဖွေတွေ့ရှိ ဆည်းပူးယူနိုင်ခဲ့ခြင်း အလျှင်းမရှိပါ။ အခြားခြားသော မိမိစိတ်ဝင်စားသည့် ကြောင်းကျိုး ပညာ၊ … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 10

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၇) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )   ဖြစ်ပျက် မုန်းအောင်ကြည့် နှင့် ဖြစ်ပျက် ဆုံးအောင်ကြည့်တရား ဖြစ်ပျက်မုန်းအောင်ကြည့်ဆိုရာ၌၊ မုန်းခြင်းမှာ မလိုချင်ခြင်းဖြစ်သည်။ မလိုချင်ခြင်းဆိုသည်မှာ အလောဘဖြစ်သည်။ လိုချင်ခြင်းဆိုသည်မှာ တဏှာဖြစ်ပါသည်။ သတိပြုရမည်မှာ ဖြစ်ပျက်ကို မလိုချင်သူသည် – (၁) ဖြစ်ပျက်ရှိနေခြင်းကို ဆင်းရဲသည်ဟုသိသည်။ (၂) ဖြစ်ပျက် ဆုံးသွားလျှင် ကောင်းမည်၊ ဟန်ကျမည်၊ လွတ်လပ်မည်၊ ပိုချမ်းသာမည်ဟု မှန်ကန်စွာ ခန့်မှန်းတွက်ဆတတ်သည်။ (၃) ဖြစ်ပျက်များကို ကုန်စေချင်နေမိသည်။ ယင်းဂုဏ်ရည်သုံးချက်ရှိနေသူသည် … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment