Tag Archives: ရဟန္တာ

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉)

နိဗ္ဗာန်ကြီးတွေ့ပြီ နိဒါန်းပိုင်း အခန်း(၉) နိဗ္ဗာန်ကြီးက ကောင်းတော့ အရိယာတွေက ၀င်စားတော်မူကြတာပေါ့။ “နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတာ ရှိတယ်လေ။ နိဗ္ဗာန်သို့ ရဟန္တာများ လားတယ်၊ သက်ရောက်တယ်၊ စံမြန်းတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်ဆိုတာ ရှိတယ်။ (၃၁) ဘုံမှာတောင်မှ ပူနေလို့ရှိရင် အဲယားကွန်းနဲ့ နေကြသေးတာပဲလေ — နိဗ္ဗာန်ဆိုတာကတော့ (၃၁) ဘုံနဲ့ ပတ်သက်လို့ရှိရင် တစ်ခြားစီပဲ။ နိဗ္ဗာန်က တအားကောင်းတော့ ၀င်စားတော် မူကြတာပေါ့ – ဒါကြောင့် ” နိဗ္ဗာနံ အရဟတ္တောဂတိ” ဆိုတဲ့ … Continue reading

Posted in Buddhism | Tagged , , , , , , , , , , | Leave a comment

ကြည်ညိုဖွယ်ရာသူတော်ကောင်းများ

ကြည်ညိုဖွယ်ရာသူတော်ကောင်းများ ဗုဒ္ဓဘာသာ၌ ကြည်ညိုဖွယ်ရာ သူတော်ကောင်းများရှိသည်။ အထူးသဖြင့်အရိယာ သူတော်ကောင်းများသည် လွန်စွာကြည်ညိုဖွယ်ရာ ကောင်းသည်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစွာ တရားဝင်စားလေ့ရှိကြသည်။”နိဗ္ဗာနံ အရဟတ္တောဂတိ”  ဆိုသော စကားလည်းရှိသည်။ နိဗ္ဗာန်သို့ ရဟန္တာများ သက်ရောက်၏၊ လား၏၊ စံမြန်း၏ ဆိုသော အဆိုအမိန့်ဖြစ်သည်။ နိဗ္ဗာန်သည် ကောင်းသောကြောင့် အရိယာ သူတော်စင်များ မကြာခဏဆိုသလို မျက်မှောက်ပြုကြ ၀င်စားကြသည်။ နိဗ္ဗာန်သည် “နိဗ္ဗာနံ ပရမံ သုခံ” ဆိုသော စကားအတိုင်း မြင့်မြတ်သော ချမ်းသာခြင်း၏ တည်ရာဖြစ်သည်။ ထိုချမ်းသာခြင်းကို စံမြန်းတော် မူကြသော … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

သာဓုခေါ်ပါသည်

သာဓုခေါ်ပါသည် တရားဓမ္မကို အမှန်အကန် လေ့လာလိုက်စား ကျင့်ကြံအားထုတ်လိုသူများ ပေါ်ပေါက်သည့်အတွက် အထူးသာဓုခေါ်ပါသည်။ ဤအကြောင်းကိစ္စ၌ စာရေးသူသည် အတွေ့အကြုံ ဗဟုသုတရှိသည့်အပြင် ဆရာကောင်း ဆရာမြတ်၏ အဆိုအဆုံးအမ ခံယူခဲ့ဖူးသဖြင့် ကောင်းစွာ လမ်းညွှန်နိုင်ပါသည်။ အရိယာဆိုသည်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပိုင်ရှင်ဟု နားလည်၍ ရပါသည်။ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ခြင်းဖြစ်ရာ အရိယာများသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိပါသည်။ ဤအချက်မှာ ပုထုဇဉ်နှင့် ကွဲပြားခြားနားပါသည်။ ပုထုဇဉ်များ၌ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရှိပါ။ အရိယာများ၌သာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိပါသည်။ မဂ်ဉာဏ် … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(37)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(37) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၃၆ ) အရိယာ နှင့် နိဗ္ဗာန် ငယ်    ကိုနန်းအောင် – ခင်ဗျား တရားကို မချိုနဲ့နော်။ နန်း     မချိုပါဘူးဗျာ။ ငယ်    ကျွန်တော် ခင်ဗျားကို မယုံဘူး။ နန်း     ဘာကို မယုံတာလဲ။ ငယ်    ခင်ဗျား အရိယာ ဖြစ်ရမယ်။ နန်း     အော် – ခင်ဗျားကို ပုဂ္ဂိုလ်ရေး … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(10)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(10) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၉ ) ရဟန္တာများ အကြောင်း ငယ်    ကိုနန်းအောင် – ရဟန္တာများအကြောင်း လင်းစမ်းပါဦးဗျာ။ ကျွန်တော် ကြည်ညိုချင်လို့၊ ခင်ဗျားက ဒီဘက် လိုင်းမှာ ဗဟုသုတရှိတယ်။ နန်း     ရဟန္တာဆိုတာ သံသရာလည်စေတတ်တဲ့ ဓာတ်တွေကို အပြတ်ဖြတ်နိုင်တော်မူကြတာပေါ့။ သုံးဆယ့် တစ်ဘုံ ကြီးနေခဲ့တော့၊ သံသရာကြီး နေခဲ့တော့ဆိုပြီး ပြတ်သားပိုင်းခြားနိုင်တဲ့ ဉာဏ်တော်များ ပိုင်ရှင်ပေါ့ဗျာ။ ဒါကြောင့် … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ (5b)

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5b) ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၄ ) ဉာဏ်အကြောင်း (အဆက်) ငယ်    သမထနဲ့ ၀ိပဿနာရဲ့ ကွာဟချက်ကို ပြောပါဦး။ နန်း     ယေဘူယျအားဖြင့် သမထက အခြေခံပေါ့ဗျာ၊ အဖြစ်ကို အဓိကဦးစားပေး အလေးမူရတယ်ပေါ့၊ ၀ိပဿနာ ကျတော့ အပျက်ကို လိုက်ရတာ၊ ဆရာမပါလျှင် အပျက်မဖြစ်ဘဲ အဖြစ်ဘဲ ဖြစ်သွားတတ်တယ်။ ငယ်    ခင်ဗျားရဲ့ အတွေ့အကြုံ ကျင့်ကြံပုံကိုလည်း ရောမွှေပြောပြဗျာ။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

မှန်တာလုပ်ပြီးကြွေးကြော်တာ ဗုဒ္ဓဘာသာ

မှန်တာလုပ်ပြီးကြွေးကြော်တာ ဗုဒ္ဓဘာသာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဟုတ်တာ၊ မှန်တာ၊ အကျိုးရှိရာ လုပ်ကောင်းတယ်၊ လုပ်ပြီးတော့လည်း ကြွေးကြော်လေ့ ရှိကြတယ်ဆိုတာ အစဉ်အလာအားဖြင့်ပါ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ကြွေးကြော်တော်မူခဲ့ဖူးပါတယ်။ အားလုံးလည်း သိတန်သလောက် သိပါတယ်။ ကျွန်တော် ပါဠိတွေ ဘာတွေ မသုံးချင်လို့၊ မြတ်စွာဘုရားဟာ အမြတ်ဆုံးပဲ၊ မြတ်စွာဘုရားဟာ အအောင်မြင်ဆုံးပဲ ဆိုတာ သေသေချာချာ ကြွေးကြော်တော်မူခဲ့တာပါ။ ရဟန္တာတွေလည်း ကြွေးကြော်တာပဲ။ နိဗ္ဗာန်ကို တွေ့ရပြီးတဲ့နောက် (၃၁) ဘုံက လွတ်ဖို့အတွက် အောင်မြင် သွားပြီဆိုရင် ချမ်းသာတယ်ဆိုတာ … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

ပြောနိုင်ပါတယ်…ပြောတတ်ပါတယ်…ပြောချင်ပါတယ်…ပြောရဲပါတယ်…

ပြောနိုင်ပါတယ်…ပြောတတ်ပါတယ်…ပြောချင်ပါတယ်…ပြောရဲပါတယ်…  ပရိသတ်ကြီးက တရားကို စိတ်ဝင်စားတယ်ဆိုတော့ တရားနဲ့ ပတ်သက်လို့ တိတိကျကျ ပြောတာလေးတွေ သိချင်တယ်၊ ဖတ်ချင်တယ်၊ ဒါ သဘာဝကျပါတယ်။ စာရေးသူအနေနဲ့ကလည်း အလိုလိုက်နိုင်ပါတယ်။ စာရေးသူအကြောင်းလည်း တော်တော်များများ သိကြပါတယ်။ ကျင့်ခဲ့တာလည်း ကြာပြီ၊ အသက်ရဲ့ တဝက်ဆိုတော့ အနှစ်လေးဆယ် ဝန်းကျင်လောက်ပေါ့နော် – ဒီတော့ ဆရာကောင်း သမားကောင်းရဲ့ အဆိုအဆုံးအမမှာ တည်တော့လည်း ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ရှေ့အစွန်း နောက်အစွန်းကို တတ်နိုင်သမျှ ဉာဏ်မီသမျှ လွတ်အောင်ပြောပါတယ်။ အမှန်ကတော့ ဘာသာသာသနာမှာ အထင်လွဲမှားစရာတွေ ဝါဒဖြန့်ခဲ့ကြတာကလည်း … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ကျွမ်းကျင်ရာလိမ္မာကြတာပါ (Practice makes perfect) ကျွမ်းကျင်ရာ လိမ္မာကြတာပါ။ တရားမှာ ဉာဏ်ပညာတွေဟာလည်း ကျင့်လေလေ တက်လေလေပါပဲ။ ဒါဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပါပဲ။ တစ်ချက်ကျင့်ရင် တစ်ချက် တက်တာပဲ၊ ကိုယ့်ခန္ဓာကို မမြဲဘူးလို့ အနိစ္စတစ်လုံးရှုရင် တစ်လုံးတက်တာပဲ။ ရှုဖန်များတော့ အရိယာဖြစ်တာပေါ့လေ။ ဒီတော့ လက်တွေ့ကျင့်မှ လက်တွေ့ကျင့်ခြင်းမှာ ဖြစ်ပေါ်တဲ့ အသိကို သိတယ်ဆိုတာ အမှန်ပဲ။ အမှန်ပြောရင် အမှန်ရဖို့အတွက် အထောက်အပံ့ ဖြစ်တယ်။ ဥပမာ နိဗ္ဗာန်ရှိတယ်လို့ ပြောရဲရင် အမှန်ဖြစ်တာမို့ အမှန် ကျင့်ရာမှာ အထောက်အပံ့ … Continue reading

Posted on by chitnge | Leave a comment

အတွေ့အကြုံ၏အခန်းကဏ္ဍ

အတွေ့အကြုံ၏အခန်းကဏ္ဍ ဒဿနသမိုင်း၌ အတွေ့အကြုံနှင့်ဆင်ခြင်ခြင်း ယှဉ်ပြိုင်၍ တက်လာရာ တဖြေးဖြေးနှင့် သိပ္ပံပညာ ထွန်းကားလေလေ အတွေ့အကြုံလိုင်းက ပို၍ နေရာရလေလေ ဖြစ်ခဲ့သည်။ ထိုမှတဆင့် သိပ္ပံဆိုင်ရာ ဒဿနပညာ ဟူ၍ပင် ပေါ်ထွန်းလာရသည်။ သိပ္ပံ၌ အတွေ့အကြုံသည် အဓိကပင် ဖြစ်သည်။ အသိပညာ အရာရာ၌ အတွေ့အကြုံသည် လွန်စွာအရေးကြီးသည်။ အတွေ့အကြုံသည်သာ အတွေ့အကြုံကို ဆုံးဖြတ် သည်ဟုပင် ခံယူထားကြသည်။ တရားသည်လည်း အခြားကိစ္စများနှင့်မတူ တရားကျင့်ဖူး၍ တွေ့သူသာလျှင် ကျင့်၍တွေ့သော အတွေ့ကို ပြောနိုင်သည်။ မကျင့်ဖူးဘဲနှင့် မတွေ့ဘူးလျှင် ကျင့်ဖူး၍ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -30

ပျံ့မွှန်းမွှေးလှိုင်ကြူ -30 သစ္စာဝါဒီ အသျှင်နန္ဒ၀ံသ (မဟာဝိဇ္ဇာ) ၏ တရားတော် ကောက်ချက်များ ၁။ ဗုဒ္ဓ၏ သာသနာ့ အရိပ်အောက်သို့ ၀င်ရောက်ခိုလှုံခြင်းဆိုင်ရာ နည်းပညာ တရားတော် ကောက်ချက်များ။           ၂။ နိဗ္ဗာန်ချမ်းသာမြတ်အကြောင်း တရားတော်ကောက်ချက်များ။           ၃။ ၀ိပဿနာ နည်းပညာ တရားတော် ကောက်ချက်များ။           ၄။ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်ဆောက်အား ကောင်းခြင်ဆိုင်ရာ တရားတော်များ။           ၅။ စိတ္တာနုပဿနာ သိမှတ်ခြင်းနှင့် ရှုသတ်ခြင်း ဆိုင်ရာ တရားတော်ကောက်ချက်များ။           … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -29

ပျံ့မွှန်းမွှေးလှိုင်ကြူ ကိလေသာ ကုန်ခန်းခြင်း ကိလေသာ ကုန်ခန်းစေသော ကျင့်စဉ်မှာ ၀ိပဿနာ နည်းပညာဖြစ်သည်။ ၀ိပဿနာ နည်းပညာ ဆိုသည်မှာ အဘယ်နည်း။ ပေါ်လာသမျှ စိတ်တို့ကို ဉာဏ်ဖြင့် အပျက်ရှုသတ်ရသော နည်းပင်ဖြစ်သည်။ ထိုသို့ အပျက်ရှုသောအခါ မည်သည့် အကျိုးထူးများ ရရှိနိုင်ပြီးနောက် ကိလေသာများ ကုန်ခန်းပြီး ရဟန္တာ ဖြစ်နိုင်ပါသနည်း။ ရှေးဦးစွာ ပေါ်စိတ်ကို အနိစ္စ ရှုသတ်သဖြင့် ရှုသောဉာဏ်သည် အင်အားကောင်းလာခြင်း အရှုခံ အပယ်ခံ အသတ်ခံ စိတ်တို့သည် ကိလေသာလျော့ပါးခြင်း တည်းဟူသော Tags: ၀ိပဿနာ, … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ပျံ့မွှန်းမွှေးလှိုင်ကြူ -13

ပျံ့မွှန်းမွှေးလှိုင်ကြူ ကလေးသူငယ်နှင့် ရဟန္တာ မျက်မှောက်ခေတ်ကာလ အပိုင်းအခြားတွင် ကလေးသူငယ်နှင့် ရဟန္တာကို ရောထွေးသတ်မှတ်ကာ ကလေးသူငယ် အဖြစ်ကို တန်ဖိုးထားနေကြကြောင်း သိနေရလေသည်။ ကလေးသူငယ်မှာ အပြစ်ကင်းသည် မှန်သော်လည်း ရဟန္တာ သူတော်စင်များနှင့် မတူကြောင်း ယေဘူယျသဘော အများနားလည်စေရန် ရှင်းပြပါဦးမည်။ ရဟန္တာ အရှင်သူမြတ်များ အပြစ် အကုသိုလ် မကျူးလွန်တော့သည်မှာ အကုသိုလ် လုပ်လိုသော စိတ်များ မပေါ်ပေါက်တော့သောကြောင့်ဖြစ်သည်။ နောက်နောင် အခါများ၌လည်း ဘယ်သော အခါမှ ပေါ်ပေါက်တော့မည် မဟုတ်သောကြောင့်ဖြစ်သည်။ ရဟန္တာများ၌ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်များရှိသည်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

မြတ်ပန်းမွှေးလှိုင်ကြူ -14

မြတ်ပန်းမွှေးလှိုင်ကြူ   ဤလောက၌ အတွင်းကမ္ဘာကို နိုင်သောသူသည်အရာရာကို နိုင်သောသူ ဖြစ်မည်တကား(အဆက်) ည (၁၁) နာရီထိုးပြီ။ (၁၂) နာရီဆိုလျှင် သုံးပုံ နှစ်ပုံ အောင်တော့မည်။ ကျန်တစ်ပုံမှာ ဘာမှ ခက်ခဲတော့မည် မဟုတ်။ မိမိကိုယ်မိမိ တည်တည်ငြိမ်ငြိမ် အားပေးထားသည်။ နောက်ထပ် (၅) နာရီသာ ကျန်တော့သည် မဟုတ်ပါလော။ ရင်ထဲမှာလည်း ငြိမ်မြဲငြိမ်နေ၏။ မောဟ၏ အရိပ်အယောင်မလာ။ ပူလောင်မှု ချောက်ခြားမှုလည်း မကပ်၊ အေးမြတ်ရာသို့ ဉာဏ်သက်ဝင် နေပုံရသည်။ ရဟန္တာ သူတော်စင်တို့၏ ငြိမ်းအေးရာအမှန် … Continue reading

Posted in Buddhism | Tagged , , , , , , | Leave a comment

NIBBANA -12

နိဗ္ဗာန် အပိုင်း(၁၂) နန်း     ပညာသားပါပါ ပြောချင်တယ်ဆိုတာ အဲ့ဒါလား။ ငယ်    ဟုတ်တယ်။ နန်း     ပြောဗျာ။ ငယ်    အရိယာဆိုတာ နိဗ္ဗာန်ကို မြင်ဘူးတယ်ဗျ။ နန်း     နိဗ္ဗာန်ဆိုတာ အရိယာတွေ အတွက်ဘဲလား။ ကျွန်တော်တို့အတွက် မပါဘူးလား။ ငယ်    နိဗ္ဗာန်ဆိုတာကတော့ အမြဲရှိနေတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့က အရိယာဉာဏ် မရှိလျှင် နိဗ္ဗာန်ကို တိုက်ရို က် ဘယ်မြင်နိုင်ပါ့မလဲ။ အဲ ကျွန်တော်တို့ အရိယာဖြစ်ပြီဆိုလျှင် နိဗ္ဗာန်ဟာ ကျွန်တော်တို့ အတွက်လည်း ဖြစ်မှာပေါ့။ နန်း     နိဗ္ဗာန်က … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment