Tag Archives: ရဟန္တာ

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ

Share

ဗုဒ္ဓဘာသာ၏မြင့်မြတ်ပုံ ဗုဒ္ဓဘာသာသည် မြင့်မြတ်သော အကျင့်၌ တည်သည် .. .. ထို့ကြောင့် မြတ်စွာဘုရားကို မြတ်စွာဘုရားဟု ကြည်ညိုပူဇော်ရသည်၊ အမြတ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌  ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆရာမြတ်စသော မြင့်မြတ်သော ကျင့်စဉ် ကျင့်ကြံအောင်မြင် အားထုတ်ကြသူများကို ပူဇော်ကြသည်။ မြတ်စွာဘုရား၏ တရားသည် သက်ရှိသတ္တ၀ါ အားလုံးအား ချမ်းသာစေသည်။ သမုဒ္ဒရာရေသည် ငန်သောအရသာ ရှိသကဲ့သို့ မြတ်စွာဘုရား တရားသည် နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ခြင်းသို့ ပို့ဆောင်သည်။ နိဗ္ဗာန်သည် လွတ်မြောက်သည်၊ ချမ်းသာသည် – … Continue reading

Posted in Buddhism | Tagged , , , , , , , , | Leave a comment

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 28

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ အခန်း(၂၀) ( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ ) ပုဂ္ဂိုလ်ထူးတိုင်း ရဟန္တာမဟုတ်ပါ ရဟန္တာဆိုတာ … (၁) ဒီဘ၀ နောက်ဆုံးဘ၀ ဖြစ်တယ်။ (၂) ကိလေသာကို ကုန်အောင်သတ်နိုင် တဲ့ ဉာဏ်ရှိတယ်။ (၃) နောက်ဘ၀မရှိပေမယ့် ကောင်းတာပဲလုပ်တော့တယ်။ နောက်ဘ၀ကောင်းကျိုး ခံစားစရာ ရုပ်နာမ်မဖြစ်နိုင်တော့ပေမယ့် ကောင်းတာပဲလုပ်တယ်။ (ဥပမာ) ရဟန္တာများသည် ဆွမ်းကြွင်း ဆွမ်းကျန်ကို သပိတ်ထဲကနေ အရမ်းလွှင့်မပစ်ဘူး။ ကျေးငှတ်စားဖို့ ကျွေးတယ်။ ဒါနပြုတာပေါ့။ နောက်ဘ၀ကောင်းဖို့ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

မျက်မှောက်ခေတ်ကို လေးစားခြင်း

Share

မျက်မှောက်ခေတ်ကို လေးစားခြင်း ဤခေတ်သည် လက်တွေ့ခေတ်ဖြစ်သည်၊ ဤခေတ်သည် အမှန်ဖော်ဆောင်အပ်သော ခေတ်ဖြစ်သည်၊ ဤခေတ်သည် သတင်းအမှန်ကို ဖြန့်ဖြူးပေးရသော ခေတ်ဖြစ်သည်၊ ဤခေတ်သည် ရရှိသော သတင်းများအား ပြန်လည်စိစစ် စစ်တမ်းထုတ်၍ အတွေ့အကြုံဖြင့် စမ်းသပ်ရသော ခေတ်ဖြစ်သည် – ဤအခြေအနေကို သဘောပေါက် နားလည်နိုင်ရမည်။ အမှန်အကန်ဖြစ်သော ဤခေတ်၌ လုပ်ကြံဖန်တီးမှုများသည် ခဏတာမျှသာ ဖြစ်၍ ကောက်ရိုးမီးကဲ့သို့ မကြာမီ ရပ်ဆိုင်း ချုပ်ငြိမ်းသွားပေလိမ့်မည်။ အမှန်အကန်နှင့် လက်တွေ့စမ်းသပ်၍ ရသော ခေတ်ဖြစ်သဖြင့် စိတ်ကူးယဉ်မှုများ အမှန်တရားနှင့် မနီးစပ်သော လုပ်ဆောင်ချက်များသည် … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

သောတာပန်အလောင်းအလျာအသင်း

Share

သောတာပန်အလောင်းအလျာအသင်း သောတာပန်အလောင်းအလျာ အသင်း – ဒီအသင်းဟာ တော်တော်လေး လှုပ်ရှားနေတယ် .. .. ဟိုတစ်လောက MRTV – 4 ကတောင်မှ အဗျူးခံရတယ်။ ဗုဒ္ဓဘာသာမှာ စတန့်ထွင်ချင်တဲ့ သဘောတွေ ပေါ်ထွန်းလာတာ မူလဘူတ ဗုဒ္ဓဘာသာကို မလေးစားရာကျတယ် .. .. ဒီအသင်းက သောတာပန် အလောင်းအလျာတွေနဲ့ သောတာပန်ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို စစ်ပေးမယ် ပြောတယ် – စစ်တဲ့သူကို မေးချင်ပါတယ် — စစ်နိုင်တဲ့ အရည်အချင်း တကယ်ရှိသလား?  .. .. … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment

သောတာပန်အလောင်းအလျာအသင်း .. ဘာလုပ်တာလဲ?

Share

သောတာပန်အလောင်းအလျာအသင်း .. ဘာလုပ်တာလဲ?   ယခုအချိန်တွင် သောတာပန်အလောင်းအလျာအသင်း ဟုပေါ်လာသည်။ သူတို့၏ကြွေးကြော်ချက်မှာ — သောတာပန်ဖြစ်ကြောင်း ကြေငြာလျှင် ဓမ္မအန္တရာယ်ဖြစ်၍၊ သောတပန် အလောင်းအလျာဖြစ်ကြောင်း ကြွေးကြော်လျှင် စည်းကမ်းဘောင်နှင့်ညီညွတ်သည်ဟု သတ်မှတ်သည်။ သောတာပန်ဖြစ်ကြောင်း ကြေငြာလျှင် ဓမ္မအန္တရာယ်ဟု သူ့ကို မည်သူက သင်ထားသနည်း? မည်သည့်စာအုပ်မှာ တိုက်ရိုက်သိနားလည်သဖြင့် ထိုသို့ကြွေးကြော်ရခြင်း ဖြစ်သနည်း? စာပေ နှံ့နှံ့စပ်စပ်မလေ့လာပဲ ရမ်းတုပ် မှန်းတုပ်နှင့် လူစုလိုသောသဘောနှင့် သောတာပန်အလောင်း အလျာများကို ချော့မြူသွေးဆောင် ဖြားယောင်း၍ အသင်းဖွဲ့လိုသောသဘောသည် ဘာသဘောနည်း? မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုစော်ကားခြင်း၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ဥစ္ဆေဒဒိဌိရှင်းတန်းအဆက် .. ..

Share

ဥစ္ဆေဒဒိဌိရှင်းတန်းအဆက် .. ..   သဿတဒိဌိဆိုတာ ဘ၀တဏှာနဲ့ ဆက်နွယ်တဲ့ သဘောပါပဲ။ ဘ၀ ဘ၀တွေမှာ တဏှာရှိတော့၊ ဘ၀ ဘ၀တွေ ဆက်ဖြစ်ချင်တယ် – ဒီတော့ နောက်ဆုံးဘ၀ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်စံခန်း ဆိုတာကို နားမလည်ဘူး၊ မယုံဘူးပေါ့ .. .. ဘ၀တွေ ဘ၀တွေ ဆက်ဆက်ဖြစ်နေမှာပဲလို့ ယူပြီးတဲ့နောက် အဲဒီဘ၀ဆက်တွေမှာ ‘ငါပဲ’ ‘ငါပဲ’ လို့ ယူတဲ့အယူက ဘ၀တဏှာနဲ့လည်း နွှယ်ပြီးတဲ့နောက် သဿတဒိဌိ ဖြစ်သွားတာပါ။ ဥစ္ဆေဒဒိဌိကတော့ ၀ိဘ၀တဏှာနဲ့ နွှယ်တယ်။ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ဘာသာ သာသနာနှင့်အမှန်တရား

Share

ဘာသာ သာသနာနှင့်အမှန်တရား ဗုဒ္ဓဘာသာသည် အမှန်တရားကို ရှာဖွေသည် .. .. ဗုဒ္ဓဘာသာများသည် အမှန်တရားကို ကျင့်သုံးဆောက်တည်ကြသည် .. .. ကျင့်သုံးဆောက်တည်သဖြင့် လက်တွေ့ သိရှိလာသော အမြတ်အစွန်းများအား အချင်းချင်း တရားသဖြင့် ဆွေးနွေးကြသည် တင်ပြကြသည်၊ ကိုယ့်အဆင့်နှင့်ကိုယ် ဆွေးနွေးတင်ပြကြသည်။ ဗုဒ္ဓဘာသာ၌ စည်းကမ်းရှိသည်။ သောတပန် အလောင်းအလျာသည် ရဟန္တာအကြောင်း အထူးပြောနေစရာ မလိုအပ်ချေ။ သောတပန် အလောင်းအလျာသည် သောတပန် အလောင်းအလျာစကားသာလျှင် ပြောရမည်။ အမှန်တကယ် ၀ိပဿနာတရား ကျင့်သုံးဆောက်တည်၍ ရင့်ကျက်လာသောအခါ ရဟန္တာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၄)

Share

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၄)   ရဟန္တာတွေကတော့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်ထူးတိုင်းတော့ ရဟန္တာ မဟုတ်ဘူးလို့ ပြောဖူးသားပဲ .. .. ဒီလိုပါပဲ – ရဟန္တာတွေကြွင်းကျန်ရင် ဓာတ်တော်ပဲ၊ ရဟန္တာလို့ အများယုံပေမယ်လို့ သူကြွင်းကျန်လို့ရှိရင် သံသရာကို လည်စေတတ်တဲ့ ဓာတ်ကို သတ်နိုင်တဲ့ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ် ခန္ဒာကို ဖြတ်သန်းမှုမရှိလျှင် ဒါ ဓာတ်တော် မဟုတ်ဘူး။ သိုပေမယ့် ထူးခြားချက်ကတော့ ထူးခြားချက် ဖြစ်နိုင်ပါတယ်။ ဓာတ်တော်ကျတယ်ဆိုတာက အဲဒီ သံသရာ လည်စေတတ်တဲ့ဓာတ်ကို … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ရ​ဟႏ​ာၱမ်ား ခႏ​ၶာ​၀န္ခ်ေ​သာ​အခါ .. ..(၃)

Share

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၃)   အကြောင်းအရာက နက်နဲလို့ ဆက်ပြောဦးမယ် .. .. တကယ်တော့ ရဟန္တာ ဟုတ်မဟုတ်ဆိုတာ – သံသရာလည်စေတတ်တဲ့ ဓာတ်ကို ဖြတ်နိုင်တဲ့ စွမ်းရည် ရှိမရှိပေါ်မှာပဲ မူတည်တယ်။ – သံသရာလည်စေတတ်တဲ့ ဓာတ်ကို ဖြတ်နိုင်ရင် ရဟန္တာပါပဲ။ ရဟန္တာမှန်ရင် ကြွင်းကျန်တာ မှန်သမျှဟာ ဓာတ်တော်ပဲ – ဘယ်လိုပဲ ကြွင်းကြွင်းနော် .. ဓာတ်တော်တွေက ပုံသဏ္ဍန်အမျိုးမျိုး ရှိတော့၊ ရဟန္တာတွေကလည်း ဓိဌာန်တာ အမျိုးမျိုးရှိနိုင်တယ်။ မပုပ်မသိုးနဲ့ဆိုရင်တော့ … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၂)

Share

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၂)   “ရဟန္တာတွေရဲ့ အရိုးတော်ဟာ ချိတ်ဆက် ဟုတ်ပါသလား? “ ဆိုတာ ဒီသဘောကတော့ တင်စားသုံးတဲ့ဘက်က ပိုများပါတယ်။ ဒါပေမယ့် နိဗ္ဗာန်သွားဖို့ ခိုင်မာတယ်ဆိုတဲ့ သဘော တင်စားသုံးရင်တော့ သုံးလို့ရတယ်။ ချိတ်ဆက်နဲ့ ကွင်းဆက်ပေါ့နော် .. .. မြတ်စွာဘုရားကတော့ ပွင့်တော်မူမယ်ဆို ပွင့်တော်မူမှာပဲ အဲဒီဘ၀ – ရဟန္တာတွေဟာလည်း ဒီဘ၀မှာ ရဟန္တာဖြစ်မယ်ဆို ဖြစ်မှာပဲ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေက မသေချာဘူး၊ အရိယာ ဖြစ်မလား မဖြစ်ဘူးလား? မသေချာဘူး။ … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၁)

Share

ရဟန္တာများ ခန္ဓာဝန်ချသောအခါ .. ..(၁) “ရဟန္တာများ ခန္ဓာဝန်ချလျှင် ဓာတ်တော်များ ကြွင်းတယ်” ဆိုတဲ့ သိတဲ့အသိဟာ အမှန်ပါပဲ .. .. ရဟန္တာအားလုံး ဓာတ်တော်ကြွင်းတယ် ဆိုတာကတော့ – ရဟန္တာအားလုံးရဲ့ အကြွင်းဟာ ဓာတ်တော်ဖြစ်တယ်။ ဒါလေးကို သတိထားပါ။ ရဟန္တာဆိုတာက သံသရာ လည်စေတတ်တဲ့ဓာတ်ကို ဖြတ်နိုင်တဲ့ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာ ရှိတယ်၊ အဲဒီ အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်က ခန္ဓာကို ကျက်စားနေတာပေါ့နော် .. .. အဲဒီ ရဟန္တာကိုယ်တော် … Continue reading

Posted in Buddhism | Tagged , , | Leave a comment

တရားအားထုတ်မည့်ပုဂ္ဂိုလ်များ သတိထားသင့်သောအချက်အလက်များ

Share

တရားအားထုတ်မည့်ပုဂ္ဂိုလ်များ သတိထားသင့်သောအချက်အလက်များ   ဗုဒ္ဓဘာသာအရ ၀ိပဿနာ တရားအားထုတ်သော ပုဂ္ဂိုလ်များသည် အောက်ပါ အကြောင်းအချက်များကို သတိထားသင့်သည် – ၁) ဗုဒ္ဓဘာသာအရ ၀ိပဿနာ တရားအားထုတ်သူသည် မိမိကိုယ်တိုင် မိမိဖာသာ အားထုတ်မည်ဟူ၍ မယူအပ်။ နားလည်ပြီးဖြစ်သော (သို့) အောင်မြင်ပေါက်မြောက်ပြီး ဖြစ်သော (သို့) အရိယာ သူတော်စင် ဖြစ်သော (သို့) တရားဓမ္မသစ္စာ၌ ပေါက်မြောက် အောင်မြင်ပြီးဖြစ်သော ဆရာသမား၏ အသွန်အသင် အညွှန်အကြား အဆုံးအမ စကားများကို နာခံ၍ အရိယာတို့၏ အသိပညာ ပေးအပ်ခြင်းကို … Continue reading

Posted in Buddhism | Tagged , , , , | Leave a comment

ရဟန္တာတိုင်းဟာ ပုဂ္ဂိုလ်ထူး

Share

ရဟန္တာတိုင်းဟာ ပုဂ္ဂိုလ်ထူး စာဖတ်ပရိသတ်များအတွက် စိတ်ဝင်စားသူများအတွက် ဖော်ပြပေးလိုက်ပါတယ် – စောညီရေ .. .. ရဟန္တာတွေအကြောင်းက နက်နဲတယ်ဗျာ .. .. ခင်ဗျားမေးတဲ့ အကြောင်းအရာတွေကလည်း အင်မတန် နက်နဲတယ်၊ ကျွန်တော်က သိတာပေါ့ဗျာ ဒါပေမယ့် ခင်ဗျား နှလုံးသွင်းတစ် ချက်မှားတာနဲ့ ခင်ဗျား မဂ်တား ဖိုလ်တား ဖြစ်သွားမှာ ဒါကြောင့် ကျွန်တော် မဖြေတာပါ။ ဒီဘက် အကြောင်းအရာတွေက အရမ်းနက်နဲတယ်။ ကျွန်တော်တို့ကတော့ ဘ၀ပေး လေ့လာလိုက်စားလို့ အမှန်အကန် သိရတာ။ အပေါ်ယံ ဗဟုသုတနဲ့လောက်က … Continue reading

Posted in Buddhism | Tagged , , , | Leave a comment

စိတ်ကို အသေးစိပ် သိမြင်သလား?

Share

စိတ်ကို အသေးစိပ် သိမြင်သလား? တရားရှုတဲ့အခါ ရှုမှတ်တယ်လို့ ပြောတာထက် – ရှုသတ်တယ်လို့ ပြောတာကတော့ ပိုကောင်းတယ် .. .. ၀ိပဿနာရောက်လာရင် ‘မှတ်တာ’ ထက် ‘သတ်တာ’ ဖြစ်လာတယ်။ ကိလေသာကို သတ်တဲ့ သဘောပါပဲ။ ဒါမှ “ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ဆိုတဲ့ စာနဲ့လည်း ကိုက်တယ်။ ‘မှတ်တယ်’ ဆိုတော့ ကြက်တူရွေးမှတ် မှတ်နေရင် ၀ိပဿနာအဆင့် မရောက်ဘူးပေါ့နော် .. .. ဒီတော့ တရားက ရှုသတ်တယ်လို့ … Continue reading

Posted in Buddhism | Tagged , , , , , | Leave a comment

တရားရအောင်ကျင့်လျှင် .. ..

Share

တရားရအောင်ကျင့်လျှင် .. .. သစ္စာဝါဒီများ – တရားရနိုင်ခြင်း ကိစ္စနဲ့ ပတ်သက်လို့တော့ အမျိုးသမီးနဲ့ အမျိုးသား  ခွဲခြားမှု ရှိသည်ဟု မိမိမယူပါ။ အမျိုးသားသည်လည်းကောင်း၊ အမျိုးသမီးသည်လည်းကောင်း တရားရအောင် ကျင့်လျှင် ရနိုင်ပါသည်။ သာသနာတော် အတွင်းဖြစ်၍ မည်သူမဆို ရသင့်ရထိုက်သော ဂုဏ်ရည်ရှိက ရနိုင်ပါသည်ဟု နားလည်ပါသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား မရှိတော့သော်လည်း မြတ်စွာဘုရား၏ အဆိုအဆုံးမတည်သော မည်သည့်အမျိုးသမီး မည်သည့်အမျိုးသား မဆို အရိယာ ဖြစ်နိုင်ပါသည်၊ ရဟန္တာ ဖြစ်နိုင်ပါသည်။ ယခုခေတ်တွင် အမျိုးသမီးများ အရိယာ … Continue reading

Posted in Buddhism | Tagged , , , , , , , | Leave a comment